← Chapters

သိုင်းသူတော်စင်အမှတ်တံဆိပ် ၁

Vol. 55 Ch. 845

သိုင်းသူတော်စင်အမှတ်တံဆိပ် ၁

Vol. 55 Ch. 845

ပြည်သူများ၏ ကျိန်‌ဆဲမှုအောက်၌ပင် ရွှယ်လုတော်ဝင်မိသားစုမှာ

ကွပ်မျက်နေရာသို့တရွေ့ရွေ့ပို့ဆောင်ခံနေရ၏။

ထိပ်ဆုံးမှာ ဦးဆောင်နေသော အဖိုးကြီးမှာ လက်ရှိ ရွှယ်လုပြည်ဘုရင်၏ ဖခင်ဖြစ်ပေသည်။

ယခုတော့ ဘုရင်ဟောင်းကြီးမှာ တော်ဝင်ဝတ်စုံအချွတ်ခံထားရပြီး

အကျဉ်းသားဝတ်စုံနှင့်ဖြစ်၏။ သူ၏ မျက်နှာပေါ်တွင်တော့ လက်ဝါးရာများရှိနေသည်။ သူ၏

ဆံပင်များက ရှုပ်ပွနေသော်လည်း မျက်လုံးများတွင်တော့

ဩဇာကြီးမားသည့်အရှိန်အဝါများရှိနေ၏။ သူက ဝမ်းနည်းစိတ်ပျက်နေပုံရသည်။

သူ၏ နောက်မှ လိုက်လာသူက ရွှယ်လုပြည်ဘုရင်‌ေဟာင်း၏ မိဖုရားခေါင်းကြီးဖြစ်၏။

သူ(မ)က အသက်၅၀ကျော်ပြီဖြစ်သော်လည်း ရုပ်ရည်ကိုထိန်းထားနိုင်တုန်းဖြစ်သည်။

သူ(မ)သည်လည်း အကျဉ်းသားဝတ်စုံကိုဝတ်ဆင်ထားပြီး သံ‌ခြေချင်း လက်ထိပ်များ

ခတ်ထားခံရ၏။ သူက စိတ်ဓာတ်ပြိုလဲကျနေပြီဖြစ်ကာ လမ်းလျှောက်ရန်ပင်

အနိုင်နိုင်ဖြစ်နေသည်။ ဘုရင်အိုကြီးနှင့် နှစ်ဆယ့်ငါးနှစ်အရွယ်ခန့် မိန်းမပျိုလေးတို့

ဖေးကူခြင်းမရှိပါက ပြိုလဲကျနေပြီဖြစ်သည်။

အသက်နှစ်ဆယ့်ငါးနှစ်အရွယ်ခန့် မိန်းမပျိုလေးမှာ ကလေးငယ်လေးကို လက်မှဆွဲထား၏။

သူသည်လည်း အကျဉ်းသားဝတ်ဆုံကို ဝတ်ဆင်ထား‌သည့်တိုင် စိတ်ပိုင်းဆိုင်ရာ

ခိုင်မာနေဆဲဖြစ်သည်။ ကလေးငယ်က မိခင်လက်ကိုဆွဲက လိုက်ပါနေ၏။ ထိုကလေးငယ်မှာ

ရွယ်လုဘုရင်နှင့်ဆင်သည်ဖြစ်ရာ ဘုရင့်သားတော်မှန်းသိရှိနိုင်သည်။

၎င်းတို့၏ နောက်တွင် ရွှယ်လုပြည်တော်ဝင်မိသားစု၏ အမျိုးအဆွေများ

အစောင့်အကြပ်များလိုက်ပါလာ၏။ ၎င်းတို့က တော်ဝင်မိသားစုလောက် ကောင်းမွန်စွာ

ဆက်ဆံခံရခြင်းမရှိပေ။ ၎င်းတို့၏ စစ်သည်တော်စွမ်းအင်များ ပိတ်ဆို့ခံထားရပြီး ပုခုံးများကို

သံကွင်းများဖြင့် ထိုးဖောက်ထားခြင်းခံထားရသည်။ ရင်ညွှန့်ရိုးများလည်း ကြိုနေ၏။

သို့သော်လည်း ထိုလူများက ရဲရင့်သန်မာလှသည်။ ထိုသို ကျိုးကြေနေသော်လည်း

အော်ဟစ်ခြင်း မျက်နှာရွံ့သွားခြင်းမရှိဘဲ နာကျင်မှုကို သည်းခံနိုင်ကြပေသည်။

" သတ် ရွှယ်လုပြည်က လူယုတ်မာတွေကိုသတ် " ပြည်သူလူထုက ထိုသို့အော်ဟစ်ရင်း

အမှိုက်များ အသီးပုတ်များ ကြက်ဥ ပုတ်များနှင့် ပစ်ပေါက်ကြ၏။ ဇင်းနစ်ပြည်သူများ၏

သစ္စာဖောက်များအပေါ်မုန်းတီးမှုက နောက်တစ်ဆင့်ရောက်သွားပြီဖြစ်သည်။ ပြည်သူလုထု၏

အမြင်ညီညွှတ်မှုက အင်အားကြီးလှ၏။ ရန်သူများကို အမြစ်ဖြုတ်ချေမှုန်းနိုင်ပေ၏။

ယခု ပြည်သူများ၏ မျက်လုံးများ နီရဲနေကာ ဒေါသထွက်နေကြပြီဖြစ်သည်။ သူတို့က

ဘာကိုမျှ မကြောက်တော့ပေ။ လေးငါးခြောက်နှစ်အရွယ်သာရှိသေးသော

ရွှယ်လုမင်းသားလေးမှာ ပစ်ပေါက်ခံရခြင်းကြောင့် ထိပ်တွင်ဖူးယောင်‌ေန၏။ သို့သော်လည်း

လုံးဝ အော်ဟစ်ငိုကြွေးခြင်းလုံးဝမရှိပေ။

မိခင်မှာ သားငယ်ကို ခန္တာကိုယ်ဖြင့် ကာကွယ်ပေးသော်လည်း သူမတွင်

စစ်သည်စွမ်းအင်မရှိရာ မကြာခင်မှာပင် ပြည်သူလူထု၏ ပစ်ပေါက်ခြင်းကိုခံရ၍ တစ်ကိုယ်လုံး

ဒဏ်ရာများနှင့် ပြည့်နှင်လာ၏။ မကြာခင်မှာပင် ရွှယ်လုပြည်မှလူအားလုံး

ကွပ်မျက်စင်ပေါ်သို့အတင်ခံလိုက်ရသည်။

" ရွှယ်လုပြည်မင်းသားဟာ ရန်သူနဲ့ပူးပေါင်းပြီး မဟာမိတ်ဆယ်နိုင်ငံတပ်တွေကို

ဇင်းနစ်နယ်မြေထဲ ဝင်ရောက်စေခဲ့တယ် ဒါကြောင့် အင်ပါယာရဲ့နယ်မြေခြောက်ခုက

ရန်သူလက်အောက်ကို ကျရောက်သွားခဲ့တယ် " စီရင်သူက တော်ဝင်စစ်ရုံးချုပ်၏

ဆုံးဖြတ်ချက်ကိုကြေငြာပြီး ပြည်သူများကလည်း ထောက်ခံကြသည်။ အမျိုးသမီး၊

အမျိုးသားများ ကလေးသူငယ်ပါအပါအဝင် ရွှယ်လုပြည်လူ၃၁ဦးလုံး ကွပ်မျက်ခံရမည်ဖြစ်၏။

ပြည်သူများထံမှ ထောပနာပြုသံများထွက်ပေါ်လာသည်။

" မဟုတ်ဘူး ကျွန်မတို့ အစွပ်စွဲခံရတာ ဒီလို တိုက်ရိုက်အမိန့်ချတာမျိုးလက်မခံနိုင်ဘူး "

အမျိုးသမီးက အော်ဟစ်ကန့်ကွက်၏။ " အရှင် သစ္စာဖောက်တာကိုလည်း ကျွန်မတို့မသိခဲ့ရဘူး

ရွှယ်လုပြည်က လုံးဝ သစ္စာမဖောက်ခဲ့ဘူး စပါးတပ်အင်ပါယာနဲ့စစ်ပွဲမှာ အရှင်ကိုယ်တိုင်

တောင်ပိုင်းကိုသွားပြီး ဇင်းနစ်အင်ပါယာအတွက်သစ္စာရှိရှိတိုက်ခဲ့တယ်

စစ်သည်ခြောက်ထောင်ကိုဦးဆောင်ခဲ့ပြီး စပါးတပ်အင်ပါယာရဲ့ အရှင်သခင်

ဒါဇင်နဲ့ကိုချီပြီးသတ်ခဲ့တာ အရှင်ကိုယ်တိုင်လည်း အကြိမ် ၂၀လောက်ဒဏ်ရာရခဲ့တာ

ရွှယ်လုပြည်စစ်သည်၆၀၀၀မှာ ၃၇၈၁ယောက်သေပြီး အယောက် ၅၄၀ဒုက္ခိတဖြစ်ခဲ့ရ. . . . "

ထိုအမျိုးသမီးက ရွှယ်လုမင်းသားဓားတစ်လက်၏ တစ်ဦးထဲသောဇနီးဖြစ်ပြီး

ကလေးငယ်က သားဖြစ်သူလူဖီဖြစ်၏။ မင်းသမီး၏ တောင်းပန်မှုက ပြည်သူလူထုကို

ပို၍ပင်‌ဒေါသထွက်စေသည်။ ယခုအချိန်၌ မည်သူမျှ တည်တည်ငြိမ်ငြိမ်မစဉ်းစားနိုင်တော့ပါ။

အမှန်တော့ မင်းသားဓားတစ်လက်၏ သစ္စာဖောက်မှုကို အားလုံးမြင်တွေ့ခဲ့ရသည်။

မင်းသားဓားတစ်လက်က ဇင်းနစ်ပြည်ဆရာသခင်တစ်ဦးအား ရင်ဆိုင်တိုက်ခိုက်ခဲ့သည်ကို

စစ်သည်အားလုံးမြင်တွေ့ခဲ့ရ၏။

" တောင်းပန်ပါတယ် ကျွန်မတို့ သေဆိုသေလို့ရပါတယ် လူဖီလေးက

ကလေးပဲရှိသေးတာလေ သူဘာမှမသိသေးဘူးလေ. . . "

ပြီး

All Chapters