ဓားတစ်လက်က အပြစ်ကင်းတယ်
Vol. 55 Ch. 847
စစ်ခုံရုံးအရာရှိ၏ ခြေအောက်ကျလာသော အမှတ်တံဆိပ်မှာ သိုင်းသူေတာ်စင်ကို ကိုယ်စားပြုသော အင်ပါရီယန်သိုင်းသူေတာ်စင်တံဆိပ်ဖြစ်သည်။
ထိုတံဆိပ်က လက်တစ်ဝါးသာပဲရှိပြီး အဖိုးကြီးမားသော ရှားပါးပစ္စည်းများနှင့် ပြုလုပ်ထားခြင်းမရှိသော်လည်း ၎င်းတန်ဖိုးက အင်ပါယာတစ်ခုလုံးကိုတုန်လှုပ်စေနိုင်၏။
ယခင် သိုင်းသူတော်စင် ကရာစစ်မှာ လအဆင့်လက်ရွေးစင်သာဖြစ်သော်လည်း ဩဇာအာဏာကြီးမားကာ ပြည်သူတိုင်းရိုသေလေးစားရသူဖြစ်သည်။ ယခု ချမမးဘောဒ့်ဘုရင်အလက်ဇန္ဒားမှာ နေအဆင့်သို့ရောက်နေရုံသာမက တိုင်းပြည်ကိုလည်း ရန်သူ့လက်မကျစေရန် ကယ်တင်သူဖြစ်ရာ သူ၏ဩဇာအာဏာမှာ ယခင်ဧကရာဇ်ရက်ဆင်အထွတ်အထိပ်တွင်ရှိနေချိန်နှင့်ပင် နှိုင်းယှဉ်နိုင်၏။
သိုင်းသူတော်စင် အမှတ်တံဆိပ်ရောက်ရှိလာခြင်းက သိုင်းသူတော်စင်ကိုယ်တိုင်ရောက်ရှိလာခြင်း ထပ်တူဖြစ်သည်။ သိုင်းတော်စင်က ဓားတစ်လက်အပြစ်ကင်းသည်ဟုဆုံးဖြတ်သည်ဖြစ်ရာ စစ်ခုံရုံးအရာရှိအနေနှင့် အဆတစ်ရာပိုသတ္တိကောင်းလျှင်ပင် ငြင်းဆန်ရဲမည်မဟုတ်ပေ။
စစ်ခုံရုံးအရာရှိ၏ ရွှယ်လုအင်ပါယာကိုမည်သူမျှမကယ်နိုင်ဆိုသည်က မှားယွင်းသည်တော့မဟုတ်ပေ။ တော်ဝင်စစ်ဌာနချုပ်နှင့် တော်ဝင်မိသားစုပင် ရွှယ်လုအင်ပါယာကိုကယ်တင်လိုပါက လူထုအမြင်ကို တွေးရမည်ဖြစ်သည်။ သို့သော်လည်း စစ်ခုံရုံးအရာရှိက သိုင်းသူတော်စင် အလက်ဇန္ဒားကို ထည့်မတွေးမိချင်းဖြစ်၏။
" မင်းက သိုင်းသူတော်စင် အလက်ဇန္ဒားလား "
အလက်ဇန္ဒားမှာ သူ၏ ကောင်းခြင်း ဆိုးခြင်းများကြောင့် စိန့်ပီတာဘတ်မြို့တွင်နာမည်ကြီးသည်။ သူနာမည်ကိုလူတိုင်းသိကြသော်လည်း သူ့ကိုမြင်တွေ့ဖူးသူကအများအပြားမရှိပေ။
ကောလဟာလများအရ အလက်ဇန္ဒားမှာ မီတာများစွာရှည်ပြီး ခန္တာကိုယ်တစ်ခုလုံးကြွက်သားအပြည့်ရှိကာ ကိုယ်မှနတ်ဘုရားအလင်းတန်းများထွက်နေသည်ဟုဆိုကြ၏။
လူတစ်ချို့က ဖေးကိုမြင်ဖူးသော်လည်း ခပ်လှမ်းလှမ်းမှ ဖြစ်၍ မသေမချာဖြစ်နေကြသည်။ သိုင်းသူတော်စင်အသစ်က ငယ်ရွယ်လွန်းသည်ဖြစ်ရာ ရင့်ကျက်နေသည့်ပုံပင်မရှိပေ။
စစ်ခုံရုံးအရာရှိမှာ သိုင်းသူတော်စင်တံဆိပ်ကို မျက်မြင်ကိုယ်တွေ့မြင်ထားရခြင်းမရှိပါက ဤ ငယ်ရွယ်ခန့်ညားသောလူငယ်လေးက လက်ရှိသိုင်းသူတော်စင်ဖြစ်သည်ကို လုံးဝယုံကြည်မည်မဟုတ်ပေ။
အတွေးထောင်ပေါင်းများစွာ စစ်ခုံရုံးအရာရှိ၏ ခေါင်းထဲဖြစ်ပေါ်သွားပြီးနောက် သူက သိုင်းသူတော်စင်တံဆိပ်ကို ကောက်ယူပြီး ဖေးကို ဒူးထောကါလျက်ပြန်ပေးလိုက်၏။ " သိုင်းသူတော်စင်ခင်ဗျ ဓားတစ်လက်ရဲ့ သစ္စာဖောက်မှုဟု သက်သေသာဓက အထင်အရှားရှိပါတယ် ထောင်သောင်းသိန်းသော စစ်သည်များလည်း မြင်ထားကြပါတယ် တော်ဝင်မိသားစုရော တော်ဝင်စစ်ရုံးချုပ်ပါ ရွှယ်လုပြည်မိသားစုကို သုတ်သင်ဖယ်ရှားဖို့ ဆုံးဖြတ်ပြီးသားပါ ဘာ့ကြောင့်အရှင်က ရွှယ်လုမိသားစုကို ကယ်တင်လိုရပါသလဲ အရှင့်ရဲ့ သိက္ခာတော်ကျဆင်းညှိုးနွမ်းသွားနိုင်ပါကြောင်းပါ "
" ဓားတစ်လက်က အပြစ်ကင်းတယ် ငါ့စကားကိုအင်ပါယာတစ်ဝှမ်းကြေငြာလိုက်ပြီး ရွှယ်လုပြည်ရဲ့ ဂုဏ်သိက္ခာကိုရှင်းလင်းလိုက် ဖြေရှင်းချက်လိုချင်ရင်တော့ သိုင်းသူတော်စင်တောင်ကိုလာတောင်း. . . " ဖေးခနမျှစဉ်းစားပြီး အခိုင်အမာဆိုလိုက်သည်။
ဓားတစ်လက် အင်ပါယာကို သစ္စာဖောက်ခြင်းမရှိခဲ့ပေ။ ကံဆိုးစွာဖြင့် သူက ပြိုင်ဆိုင်လိုစိတ်ပြင်းထန်ကာ စွမ်အားကိုအလွန်အမင်ကြိုးစားခဲ့၏။ ထို့ကြောင့် စိတ်မရှင်းလင်းဖြစ်ကာ နတ်ဆိုးပူးခံရပြီး ခန္တာကိုထိန်းချုပ်နိုင်မှုလွတ်သွားသောကြောင့် ရန်သူများကို ဇင်းနစ်မြေအတွင်းခေါ်သွင်းသကဲ့သို့ဖြစ်သွားခြင်းဖြစ်၏။
သို့သော်လည်း သူက နောက်ဆုံးအင်အားကိုသုံးကာ အော်မွန်အင်ပါယာ၏ လအဆင့်များစွာကိုရှင်းလင်းခဲ့ပြီး ရန်သူ့မင်းသား ရှန်းချွာကိုပင်သုတ်သင်နိုင်ခဲ့ကာ အော်မွန်စစ်သူကြီး ပါတ့်သ်ကိုဒဏ်ရာအပြင်းအထန်ရစေခဲ့သည်။ ထို့အချက်နှင့်ပင် သူ့အမှားအတွက်ကြေသလို သူရဲကောင်းအဖြစ်အသိအမှတ်ပြုခံသင့်သူဖြစ်၏။
ဓားတစ်လက် ဤစစ်ပွဲကိုစသည်ဟူသော တွေးခေါ်မှုကအလွန်မှားသည်။ ဖရိုဖရဲခေတ်ရောက်ပြီဖြစ်ရာ အဇိုရာတိုက်ကြီးရှိ အင်ပါယာများအကြားစစ်ပွဲများက သာမန်သာဖြစ်လာပေလိမ့်မည်။ အင်ပါယာဆယ်ခုတပ်ပေါင်းစုမှာ ဓားတစ်လက်မရှိလျှင်လည်း ဇင်းနစ်ပြည်ကို လွှတ်ပေးမည်မဟုတ်ပေ။
ပါရမီရှင် ဓားတစ်လက်မှာ ကံကြမ္မာ၏ ကစားခြင်းကိုခံလိုက်ရခြင်းသာဖြစ်၏။
ကွယ်လွန်သူဓားတစ်လက်၏ ဆန္ဒအရ ဖေး ဤအကြောင်းကို လူထုသို့ရှင်းပြခြင်းမပြုတော့ပဲ လူဖီနှင့် ရွှယ်လုမိသားစုကိုသာကယ်တင်ခဲ့ခြင်းဖြစ်သည်။ လူဖီက ဇင်းနစ်အင်ပါယာ၏ သစ္စာရှင် ဓားတစ်လက်၏ သားဖြစ်ရာ ကွပ်မျက်ခြင်းမခံရသင့်ပေ။
End