← Chapters

ဓားတစ်လက်က အပြစ်ကင်းတယ် ၂

Vol. 55 Ch. 848

ဓားတစ်လက်က အပြစ်ကင်းတယ် ၂

Vol. 55 Ch. 848

“ ဒါက .... “ စစ်ခုံရုံးအရာရှိမှာ စောဒကတတ်လိုသော်လည်း မပြောရဲဘဲ ပါးစပ်ပြန်ပိတ်သွား၏။

“ သိုင်းသူတော်စင်က အပြစ်သားတွေကို လွတ်စေချင်တယ်ဆိုတော့ ငါ့လို့ ငယ်သား မဆုံးဖြတ်နိုင်ပါဘူး တော်ဝင်မိသားစုနဲ့ တော်ဝင်စစ်ရုံးချုပ်ကို အရင်သတင်းပို့လိုက်မယ် သူတို့အနေနဲ့ ငါ့ကိုအပြစ်တင်နိုင်မှာမဟုတ်ဘူး “ စစ်ခုံရုံးအရာရှိလည်း ထိုသို့တွေးလိုက်သည်။

ယခုတော့ လူအုပ်ကြီးလည်း အဖြစ်အပျက်ကိုသိကာ အမြင်ပြောင်းသွားပြီဖြစ်၏။ ချမ်းဘော့ဒ်ဘုရင် အလက်ဇန္ဒား၏ အမည်ကိုကြားသည်နှင့် ဒေါသများပျောက်ကာ စိတ်လှုပ်ရှားလာပြီး ဖေးကိုဝိုင်းကြည့်ကြတော့သည်။

အခြေအနေက လုံးဝပြောင်းလဲသွားသည်။ စိတ်လှုပ်ရှားမှုမှလွဲ၍ အားလုံးသော ခံစားချက်များပျောက်သွားကြပြီဖြစ်၏။ သူတို့အားလုံး အကျော်ဒေယျ စစ်နတ်ဘုရား ပြိုင်ဘက်ကင်းသန်မာသူ ဇင်းနစ်၏ ကယ်တင်ရှင်ကို မြင်လိုက်ရခြင်းက အားလုံးကို ပျော်ရွှင်စေသည်။

လူတိုင်းကောင်းချီးပေးခံရသလို ခံစားနေရသည်။ စစ်နတ်ဘုရားကို မြင်ရဖို့ရ သူတို့အတွက် မလွယ်ကူလှပေ။ လူအများအပြား အိပ်မက်မက်နေသည်ဟုပင်ထင်ကာ မျက်လုံးကိုပွတ်သပ်နေကြ၏။

မျက်လုံးများမှ အပျော်မျက်ရည်များပင် ကျနေကြသည်။

“ ဒီလို ဆံရှည်နဲ့ ချောမောခန့်ငြားတဲ့သူက သိုင်းသူတော်စင် အလက်ဇန္ဒားပေါ့ “ လူတစ်ယောက်က ထအော်သည်။

ထိုအော်သံထွက်လာပြီးနောက်တွင်တော့ အဆက်မပြတ်သက်ရောက်မှုများဖြစ်လာကာ အားလုံးဒူးထောက်ပြီး အော်ဟစ်ကြတော့၏။

“ သိုင်းသူတော်စင်ကို အရိုအသေပေးကြတော့ “

သတ်ဖြတ်ခြင်းအရှိန်အဝါများ ထုတ်လွှတ်နေသည် သံနက်သွေးစစ်သည်များပင် တစ်ယောက်ကိုတစ်ယောက်ကြည့်ပြီး စစ်လက်နက်များပစ်ချကာ ဒူထောက်အရိုအသေပေးကြတော့၏။ ထို့နောက် သံပြိုင်ဟစ်ကြွေးကြတော့သည်။

“ သိုင်းသူတော်စင် အလက်ဇန္ဒားက ဓားတစ်လက်အပြစ်ကင်းတယ်ဆိုမှတော့ သူတကယ်အပြစ်ကင်းတာပဲဖြစ်ရမယ် ငါတို့တစ်ခုခုနားလည်မှုလွဲသွားတာနေမှာ “

“ မစ္စတာ အလက်ဇန္ဒားက ငါတို့ရဲ့ကာကွယ်သူပဲ ငါတို့သူ့ကိုယုံကြည်ရမယ် သူလိမ်မှာမဟုတ်ဘူး “

“ ငါသိပြီ ဓားတစ်လက်က သိုင်းတော်စင်လွှတ်ထားတဲ့ စပိုင်ပဲဖြစ်ရမယ် ငါတို့ရူးသွပ်မိသွားတာ သူရဲခေါင်းတစ်ယောက်ရဲ့မိသားစုကိုမှားအပြစ်တင်တာ မင်းတို့မှတ်မိသေးလား အော်မွန်ရဲ့ ရွှမ်ကော် ခုနှစ်ယောက်မှာ အကြီးဆုံးတစ်ယောက်ပျောက်သွားတာမှတ်မိသေးလား အဲ့တာ ဓားတစ်လက်ရဲ့ အကျိုးဆောင်မှုပဲနေမယ် သူက သူရဲကောင်းတစ်ယောက်ပဲ “

“ မင်းပြောမှပဲ ငါသတိရတယ် ငါ့အကိုက သွေးသံတပ်ဖွဲ့ဝင်ပဲ သူက ဓားတစ်လက်က ရန်သူ့ရွှမ်ကော်နဲ့အတူ တိုက်ခိုက်ရင်းထွက်ခွာသွားတာကိုမြင်လိုက်တယ်ပြောတယ် “

“ သေစမ်း ငါတို့ဘာတွေလုပ်မိနေတာလဲ သိုင်းသူတော်စင်ကြောင့်သာမဟုတ်ရင် ငါတို့ သူရဲကောင်းတစ်ဦးရဲ့မိသားစုကိုမှား သတ်ဖြတ်မိတော့မလို့ “

ဖေး၏ ဇင်းနစ်အင်ပါယာအပေါ် သက်ရောက်နိုင်မှုက အဆင့်တစ်ခုရောက်သွားပြီဖြစ်၏။ သူ၏ စကားတစ်ခွန်းက အင်ပါယာ၏ ပြည်သူများ စစ်သည်များ ဓားတစ်လက်အပေါ်အမြင်ကို ပြောင်းပြန်လှန်ပစ်နိုင်သည်။ ဖြေရှင်းချက်တစ်ခုမျှမထုတ်ဘဲ ဖေးက လူထု၏အမြင်ကို ပြောင်းလဲပြီး ဟာကွက်များကိုမြင်စေနိုင်သည်။

၎င်းကိုဖေး မျှော်မှန်းထားခြင်းပင် မရှိပေ။

ကွပ်မျက်စင်ပေါ်ရှိ ရွှယ်လုမိသားစုမှာ ယခုမှ ဘာဖြစ်ပျက်သည်ကို နားလည်ကြ၏။ သူတို့အနေနှင့် ဇင်းနစ်အင်ပါယာ၌ အင်အားအကြီးဆုံး အသန်မာဆုံး ဩဇာအရှိဆုံး သိုင်းသူတော်စင် အလက်ဇန္ဒားက ကယ်တင်မည်ဟုထင်မထားကြပေ။

ရွှယ်လုတော်ဝင်မိသားစုဝင်များမှာ သေရမည်ကိုမကြောက်သော်လည်း မှားယွင်းစွတ်စွဲခံရပြီး သမိုင်းထဲ၌ သစ္စာဖောက်အဖြစ် တွင်သွားမည်ကိုတော့မလိုလားပေ။

ဤနေရာရှိ လူများအားလုံးမှာ ရွှယ်လုပြည်၏ ထိပ်ခေါင်များဖြစ်ကြပြီး ဓားတစ်လက်နှင့် အရင်းနှီးဆုံးသူများဖြစ်ကြသည်။ ဓားတစ်လက်နာမည်ကျော်ချိန်မှစ၍ ဓားဆစ်လက်မှာ ရွှယ်လုပြည်နှင့် တသားထဲဖြစ်လာပြီး အားလုံးက ဓားတစ်လက်ကိုဂုဏ်ယူကြသည်။

ရွှယ်လုပြည်သမိုင်း၌ ဓားတစ်လက်လောက် လွှမ်းမိုးနိုင်သူမရှိပေ။ သူက ရွှယ်လုပြည်၏ လူငယ်တိုင်းအတွက် ရှေ့ဆောင်ဖြစ်ပြီး ကလေးငယ်တိုင်းအတွက်လည်း စံနမူနာဖြစ်သည်။

ထို့ကြောင့် ရွှယ်လုလက်ရွေးစင်များအဖို့ ဓားတစ်လက် ဇင်းနစ်အင်ပါယာကို သစ္စာဖောက်ခြင်းအား မယုံကြည်ပေ။ ထို့ပြင် ဓားတစ်လက်၏ ဂုဏ်သိက္ခာကိုလည်း ရှင်းလင်းပေးလိုသည်။

ထို့ကြောင့် ဒဏ်ရာအပြည့်နှင့် သံကွင်းများထွင်းဖောက်ခံရသည်တိုင်မငိုကြသော်လည်း ဖေး က ဓားတစ်လက်အပြစ်ကင်းသည်ဟု ပြောသည့်အခါတွင် ငိုကြွေးကြခြင်းဖြစ်၏။ သူတို့၏ ဝိညာဉ်များ အနှောင်အဖွဲ့မှ လွတ်သလိုခံစားသွားကြရခြင်းဖြစ်သည်။

End

All Chapters