Chapters

ဒုတိယမြောက်တပည့်

Vol. 55 Ch. 849

ဒုတိယမြောက်တပည့်

Vol. 55 Ch. 849

ရွှယ်လုပြည်ဘုရင်မှာ ဖေးကို စိတ်ရှုပ်ထွေးနေသော မျက်နှာဖြင့် ကြည့်နေသည်။

သူ့သားအသက်ရှင်စဉ်က ချမ်းဘောဒ့်ဘုရင်ကို ရန်သူပြိုင်ဘက်အဖြစ် သဘောထားခဲ့၏။ လွန်ခဲ့သည့်တစ်နှစ်ခွဲ စိန့်ပီတာဘတ်မြို့တော်ပြိုင်ပွဲ၌ ရှုံးနိမ့်ခဲ့ပြီးကထဲက ဓားတစ်လက်မှာ သရဲဝင်ပူးခံရသကဲ့သို့ မရပ်မနားလေ့ကျင့်ခဲ့သည်။ သူက အဆင့်တက်နိုင်ရန် ဦးတည်ကျင့်ခဲ့၏။ သို့မှသာ ချမ်းဘောဒ့်ဘုရင် အလက်ဇန္ဒားကိုအနိုင်ယူနိုင်မည်ဟု အထင်ရှိနေသည်။

“ ခု ငါ့သားတော်ဆုံးပြီး နာမည်ပျက်တော့ လာရှင်းပေးတဲ့သူကလည်း သူ့ရန်သူပဲ ကံကြမ္မာက တွက်ဆရတယ်ခက်သကို “ ရွှယ်လုဘုရင် ထိုသို့တွေးနေမိသည်။

“ ကျွန်တော်တို့သခင်ရဲ့ ဂုဏ်သိက္ခာကို ပြန်ထိန်းပေးခဲ့လို့ ကျေးဇူးတင်ပါတယ် “ ဓားတစ်လက်၏ ရဲရင့်သောအစေခံများက ဒူးထောက်အရိုအသေပြုကြ၏။

ဖေး ဘာမျှမပြောပေ။ သူ၏ လက်ချောင်းကို ဝှေ့ယမ်းရုံမျှနှင့် အနာကိုလုံးဝမထိခိုက်စေဘဲ သံခြေချင်း၊ သံကွင်းများကို အမှုန့်များဖြစ်သွားစေလိုက်သည်။ ထို့နောက်ဖေးမှာ အလင်းသူရဲကောင်း(ပလာဒင်) ပုံစံပြောင်း၍ ထိုလူများကိုကုသပေးလိုက်၏။ ကုသချိန်တိုးတောင်ခြင်းနှင့် ဖေး၏ အလင်းသူရဲကောင်းပုံစံမြင့်မားမှုမရှိခြင်းကောင် ဒဏ်ရာအများစုပျောက်ကင်းသော်လည်း အလုံးစုံပျောက်ကင်းရန်တော့ အချိန်လအနည်းငယ် အနားယူရမည်ဖြစ်သည်။

ထိုလူများက သစ္စာရှိပြီး သတ္တိကောင်းသူများဖြစ်ရာ ၎င်းတို့အပေါ်ဖေးအထင်တကြီးရှိထား၏။

“ လူဖီ မြန်မြန်လေး သိုင်းသူတော်စင်ကိုကျေးဇူးတင်လိုက်လေ “ လှပသော အမျိုးသမီးမှာမူ ရွှယ်လုဘုရင်ကဲ့သို့များစွာ မတွေးပေ။ သူက အမြန်ပင် ဒူးထောက်၍ ကျေးဇူးတင်စကားဆို၏။ ဓားတစ်လက်၏ မျိုးဆက် လူဖီလေးဆက်လက်ရှင်သန်ရသည်ကပင် ဖေးကိုနတ်ဘုရားအဖြစ်သူမြင်နေပြီဖြစ်သည်။

ဖေး သူ့လက်ကိုဝှေ့ယမ်းလိုက်ပြီး စွမ်းအင်ဖြင့် အမျိုးသမီးကို ပြန်ထစေလိုက်၏။

“ ဦးလေးအလက်ဇန္ဒား ဖိုးဖိုး ဘွားဘွား မေမေနဲ့ ဦးဦးတွေကိုကယ်တင်ပေးလို့ ကျေးဇူးပါခင်ဗျ “ လူဖီလေးမှာ ပိန်ပိန်ပါးရှိပြီး အသားအရေမှာ နေလောင်ထား၍ ခပ်ညိုညိုဖြစ်နေသည်။ သူ၏ အသံလေးက ကလေးဆန်နေပြီး လူကြီးသဖွယ်ပြုမူနေသည်ဖြစ်ရာ အလွန်ချစ်စရာကောင်းနေ၏။

လူဖီလေးမှာ လူစိမ်းများကိုကြောက်ရွံ့နေပုံမရပေ။ သူက ဖေးအနားတိုးလာပြီး အင်္ကျီကိုဆွဲ၍ ပြော၏။ “ ဖေဖေက သားကို ဦးလေးအလက်ဇန္ဒာက အသန်မာဆုံးသူပဲလို့ တိုးတိုးပြောဖူးတယ် သူအနိုင်ယူချင်ဆုံးက ဦးလေးဖြစ်သလို အားအကျရဆုံးကလည်း ဦးဦးပဲတဲ့ ခု ဖေဖေဘယ်သွားတာလဲဟင် ဦးဦးသားကို တိုက်ခိုက်ရေးသင်ပေးပါ့လား ဦးဦးနဲ့ ဖေဖေတို့လို သူရဲကောင်းသားဖြစ်ချင်တယ် “

“ ဟမ် “ ဓားတစ်လက်က ကွယ်ရာတွင် သူကို ဤသို့ချီးကျူးမည်ဟုမထင်မိပေ။ ပြိုင်ဘက်ထံမှ ထိုသို့ချီးကျူးမှုကိုရရန် အလွန်ခက်ခဲလှ၏။

အလက်ဇန္ဒားလည်း မျှော်လင့်ချက်အပြည့်နှင့် ကြည့်နေသော ကလေးလေးကို ပြုံးကာပြောလိုက်သည်။ “ ကောင်းပြီလေ မင်းငါကို ဆရာတင်ဖို့ စိတ်အားထက်သန်နေတယ်ဆိုတော့လည်း ငါလက်ခံလိုက်မယ် ဒီနေ့ကစပြီး မင်းကငါ့ရဲ့ဒုတိယမြောက်တပည့်ပဲ “

ဖေးထိုစကားကို ခပ်လွယ်လွယ်ပြောလိုက်ခြင်းမဟုတ်ပေ။

ဓားတစ်လက် ယခုသေဆုံးသွားခဲ့ပြီး ရွှယ်လုပြည်၏ စစ်သူရဲအများစုမှာ လွန်ခဲ့သည့်တစ်နှစ်က စပါးတပ်စစ်ပွဲတွင် အာရှဗန်နှင့်အတူတိုက်ခိုက်ရင်း ကျ‌ဆုံးခဲ့ကြရ၏။ ထို့ပြင် ရွှယ်လုပြည်မှာ ဇင်းနစ်အင်ပါယာ၏ အပြစ်ပေးမှုကိုခံရသည်ဖြစ်ရာ အင်အားရောဂုဏ်သိက္ခာပါ ကျဆင်းနေပြီဖြစ်သည်။ ၎င်းတို့အနေနှင့် ၎င်းတို့၏ အဆင့်၁ သစ္စာရှိတိုင်းပြည် အဆင့်အတန်းကိုထိန်သိမ်းရန်မဖြစ်နိုင်ပေ။ အဆင့် ၄ အဆင့် ၅ သစ္စာရှိတိုင်းပြည်အဆင့်ပင် ထိန်းသိမ်းနိုင်ရန်မသေချာပေ။

ဓားတစ်လက်အသက်ရှိစဉ်က အထီးတကျန်နေခဲ့ပြီး မြင့်မြတ်မိသားစုများနှင့် အင်ပါယာ၏ အင်အားစုတစ်ချို့ကို အသက်ရှင်စဉ်တစ်လျှောက်လုံး ထိပါးမိခဲ့၏။ ယနေ့ဖေး ရွှယ်လုပြည်၏ တော်ဝင်မိသားစုကို ကယ်တင်ခဲ့သော်လည်း အခြားသူများက သူတို့အတွက်ပြဿနာများဖန်တီးက သူတို့၏ ဘဝကိုခက်ခဲစေနိုင်ပေသည်။

End