#နတ်ဘုရားကိုဆင့်ခေါ်ခြင်း#
Vol. 39 Ch. 547
ပြိုင်ဘက်ကင်းမီးအန္တိမအမွေအနှစ်တွင် သူ့ကျင့်ကြံခြင်းနည်းစနစ်၏အမွေအနှစ်သုမက ကိုယ်ထဲက တစ္ဆေသွေးကြောကိုပါ အကြီးအကျယ်လှုံ့ဆော်နိုင်စွမ်းရှိသည်။
တချိန်တည်းမှာပင် လူသတ်သမား၏ လှုပ်ရှားမှုက တစ္ဆေကလန်၏သွေးကြောကို အချိန်တိုအတွင်း ပြိုင်ဘက်ကင်းမီးအန္တိမနတ်အသိကိုဆင့်ခေါ်ရန်အတွက် အကူအပစ္စည်းအဖြစ်အသုံးပြုခြင်းပင်။
သို့စေကာမူ နတိအသိကိုဆင့်ခေါ်ခြင်း၏တန်ဖိုးက အတော်လေးမြင့်မားသည်။
ဒါက သွေးအဆီအနှစ်များစွာကို ကုန်ဆုံးစေသည်သာမက ဝိဉာဉ်စွမ်းအားများစွာကိုလည်းကုန်ခမ်းစေသည်။
အသုံးပြုပြီးနောက် ရှီနန်အတွက် နှစ်အနည်းငယ်အတွင်းပြန်ကောင်းလာရန်ဟူသည် မဖြစ်နိုင်တော့သလို သူ့ကျင့်ကြံခြင်းအဆင့်ပင် ကျသွားကောင်းကျသွားနိုင်သည်။
သို့သော်လက်ရှိတွင် ရှီနန်ကတခြားဘာကိုမှ မတွေးတောနိုင်တော့ပါ။
သူဘယ်သောအခါမှစိတ်ကူးပင်မယဉ်ဖူးသည့် ဒီဝှက်ဖဲကိုမထုတ်ဖော်ပါက အင်မော်တယ်တပိုင်းနယ်ပယ်ကိုပင် မတက်လှမ်းကြသေးသည့် ယဲ့ချိုးပိုင်နှင့်ကျန်သုံးယောက်လက်ထဲတွင် အမှန်တကယ်သေဆုံးရပေတော့မည်။
ထိုအချိန်တွင် မိစ္ဆာနယ်မြေတွင် အခြေအနေကိုပြောင်းရန်အတွက် အခွင့်အလမ်းရှိတော့မည်မဟုတ်ာ
ထို့ကြောင့် သူ့ကျင့်ကြံခြင်းအဆင့်က ကျသွားပြီး သူ့ဝိဉာဉ်ကအားနည်းသွားမည်ဆိုလျှင်ပင် ဘယ်လောက်ပဲကုန်ကျပါစေ ရှီနန်ဒီလှုပ်ရှားမှုကိုသုံးရမည်သာ။
ထိုအချိန်တွင် လူတိုင်းအထိတ်တလန့်မော့ကြည့်လိုက်ကြ၏။
ရှီနန်ခေါင်းပေါ်၌ မရေမတွက်နိုင်လောက်သည့်တစ္ဆေနက်များထံမှဖြစ်ပေါ်လာသည့် ဧရာမပုံရိပ်ယောင်က ပကတိမျက်စိနှင့် မြင်နိုင်သည့်အမြန်နှုန်းဖြင့် စတင်ပုံပေါ်လာသည်။
လေးစားခံအကြီးအကဲကောင်း၊ အကြီးအကဲရှီ၊ ကောင်းကင်ဘုံဓားတောင်ထိပ်သခင်နှင့် တခြားကောင်းကင်အင်မော်တယ်များက ထိုနေရာသို့အထိတ်တလန့်ကြည့်လိုက်မိကြသည်။
ထိုပုံရိပ်ယောင်က ထုတ်လွှတ်သည့်မိစ္ဆာဝိဉာဉ်အော်ရာက သူတို့အားလုံးက သေခြင်းတရား၏ အလွန်အမင်းကြီးမားသည့် အန္တရာယ်ကို ခံစားရစေသည်။
သူတို့ကအလယ်အလတ်အဆင့်ကြယ်မြေတွင် ထိပ်တန်းတည်ရှိမှုများဖြစ်ကြပြီး အထွတ်အထိပ်အဆင့်တွင် ရပ်တည်နေကြသူများလည်းဖြစ်သည်။
ယုတ္တိတန်စွာပြောရမည်ဆိုပါက သူတို့နယ်ပယ်၌ ဒီလိုခံစားချက်မျိုးရှိလာရန်ဟူသည် လုံး၀မဖြစ်နိုင်ပေ။
သို့စေကာမူ ယခုတွင် အင်မော်တယ်တပိုင်းအဆင့်က ဂျူနီယာလေးတစ်ယောက်ထံ၌ ပေါ်လာခဲ့လေပြီ။
သူကအင်မော်တယ်အဆင့်ရဲ့အတားအဆီးများကို ချိုးဖျက်ခဲ့တာလား!
အင်မော်တယ်များ၏အထက်တွင် နတ်ဘုရားများရှိသည်။
ထိုအချိန်တွင် ရှီနန်၏မျက်နှာက အလွန်အမင်းဖြူဖျော့နေပြီး သူ့အော်ရာက အလွန်ပင်အားနည်းနေသည်။
သို့သော်ထိုမျက်လုံးများမှ အစိမ်းနှင့်အဖြူတစ္ဆေမီးတောက်များက ဆက်လက်ထုတ်လွှတ်နေသေးသည်။
"ဝိဉာဉ်ကို လမ်းညွှန်အဖြစ်သုံးရင် သွေးကြောက သိပ်သည်းလာလိမ့်မယ်"
ရှီနန်အဆက်မပြတ်တီးတိုးရေရွတ်နေသည်။ သူပြင်းထန်လွန်းသည့် အားနည်းမှုကို အတင်းသည်းခံရင်း လက်ကိုအလျင်အမြန်ပင် ဝှေ့ယမ်းကာ စည်းတံဆိပ်များအား အဆက်မပြတ်ပြောင်းလဲပစ်သည်။
"နတ်ဘုရားဆင်းသက်ခြင်း"
မြည်ဟီးနေသည့်ဝိဉာဉ်က တချိန်တည်းမှာပင် အမိန့်တခုရသွားပုံရပြီး ပော်ဟစ်နေခြင်းကိုရပ်တန့်လိုက်၏။
ထိုအချိန်တွင် မုန်တိုင်းတစ်စင်းက ဧရာမပုံရိပ်ယောင်ကို၀န်းရံသွားသည်။
အင်မော်တယ်များထက်ပင် အများကြီးပို၍နက်ရှိုင်းပြင်းထန်သည့်အော်ရာတခုက ပုံရိပ်ယောင်ထဲတွင် သိပ်သည်းလာသည်။
အစိမ်းနှင့်အဖြူမီးတောက်များနှင့် တန်ဆာဆင်ထားသည့် မျက်လုံးများက ဖြည်းဖြည်းချင်းပွင့်လာခဲ့သည်။
ဂျုန်း.....ဂျုန်း.....ဂျုန်း....!
တခဏအကြာတွင် မိစ္ဆာနယ်မြေတခုလုံးက ဧရာမမြေငလျင်တခုကို တွေ့ကြုံခံစားနေရပုံရသည်။ ကောင်းကင်နှင့်မြေကြီးသာမက လေဟာနယ်ပင်လျှင် အပြင်းအထန်တုန်ခါနေသည်။
ပတ်ပတ်လည်က အဆောက်အအုံများက ကမ္ဘာကြီး၏အဆုံးသတ်ကိုရောက်လာသည့်အလား ချက်ချင်းပြိုလဲကျသွားကြ၏။
ဒါကိုမြင်သောအခါ ယဲ့ချိုးပိုင်နှင့် ကျန်သောသူများ၏အမူအရာများက အနည်းငယ်ပြောင်းလဲသွားကြသည်။
ဒီအော်ရာက သူတို့မျှော်လင့်ထားတာထက် အများကြီးကျော်လွန်နေလေပြီ။
"တိုက်ကြ၊ သူ့ကိုနှောက်ယှက်ကြ"
ယဲ့ချိုးပိုင်ရုတ်တရက်ဆိုသလို လက်နှစ်ဖက်ကိုရိုက်ချသည်။ ထိုအချိန်တွင် ယင်ယန်ကမ္ဘာ့သုတ်သင်မိုးကြိုးအခင်းအကျင်းအစီအရင်က စတင်ပေါက်ကွဲလာသည်။
ရှောင်ဟိုင်ကဟင်းလင်းပြင်ထဲ တက်လှမ်းလိုက်သောအခါ ဟင်းလင်းပြင်ကတုန်ခါသွားသည်။ သူရှေ့သို့အော်ဟစ်လိုက်စဉ် နတ်ဆိုးချပ်၀တ်က နတ်ဆိုးဘုရင်ပုံရိပ်ယောင်က စတင်ပေါ်လာသည်။
မိစ္ဆာမျိုးနွယ်က မြေအင်မော်တယ်အထွတ်အထိပ်တစ်ဦးနှင့်တိုက်ခိုက်နေသည့် ယွမ်ချောင်ကလည်း အဝေးကနေ ဒါကိုမြင်သည်။
သူ့အမူအရာကအနည်းငယ်ပြောင်းလဲသွား၏။
အကယ်၍ရှောင်ဟိုင်သာ နတ်ဆိုးဘုရင်သွေးကြောကို ယခုလိုအသက်သွင်းပါက တဘက်လူကသူ့ကိုသေချာပေါက် အာရုံခံမိပေလိမ့်မည်။
သို့စေကာမူ ယခုအချိန်တွင်တားဆီးရန်အတွက် တခြားနည်းလမ်းမရှိတော့သည်မှာ သိသာထင်ရှားနေသည်။
မုဇီရှင်း သူမ၏ရေခဲသွေးကြောကို လုံး၀အသက်သွင်းလိုက်သည်။
သူမ၏ဆံပင်ဖြူများက ကဝေစုန်းမများပမာ နေရာအနှံ့မြောလွင့်နေကြပြီး သူမ၏ မူလနှင်းနို့ရောင်အသားအရေက ပို၍ ကြည်လင်လာသည်။
ထို့နောက်လက်အစုံကိုဖွင့်လိုက်စဥ် ရေခဲသလင်းလေးတစ်လက်က လက်ထဲတွင် ပေါ်လာသည်။
ရေခဲတောင်ကသိပ်သည်းကာ အအေးဆန္ဒများကအရူးအမူးစုစည်းလာကြပြီး ရေခဲသလင်းမြှားတစင်းအဖြစ် ပြောင်းလဲသွား၏။
သူမလေးကိုဆွဲကာ မြှားကိုကောင်းကင်သို့ ပစ်လွှတ်လိုက်စဉ် မြှားကရှီနန်ထံ ၀င်ရောက်သွားသည်။
မုဖူရှန်း၏အမူအရာကလည်း လေးနက်နေပြီး အဆောင်ကိုးခုက လျှပ်စီးဖြင့် ပေါက်ကွဲနေသည်။
သူခွန်အားအပြည့်ဖြင့် ခရမ်းတိမ်ကမ္ဘာ့သုတ်သင်မိုးကြိုးအခင်းအကျင်းအဆောင်ကို အသက်သွင်းလိုက်၏။
တာအိုနယ်ပယ်ထက်အများကြီးသာလွန်နေသည့် တိုက်ချက်လေးချက်က သူ့ထံ၀င်လာတာကိုမြင်သောအခါ ရှီနန်အရိုင်းဆန်စွာပြုံးသည်။
သူ့၏ရူးသွပ်စွာရယ်မောသံက မည်းမှောင်နေသည့်ကောင်းကင်အတွင်း ပျံ့သွားသည်။
"မင်းတို့ရဲ့ပါရမီက ငါမြင်ခဲ့သမျှလူတွေထဲမှာ ကြောက်စရာအကောင်းဆုံးဆိုတာ ငါ၀န်ခံပါတယ်၊ ဒါကငါ့ထက်တောင် အများကြီးသာလွန်နေတယ်"
"ဒါပေမယ့်မင်းတို့နယ်ပယ်က အရမ်းနိမ့်ကျနေတာ၀မ်းနည်းစရာပဲ၊ ငါနတ်ဘုရားကို ဖိတ်ခေါ်ပြီးတဲ့အခါကျရင် ကောင်းကင်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူတောင် ငါ့တိုက်ချက်ကိုခံနိုင်မှာမဟုတ်ဘူး"
ထို့နောက် သူ့အားနည်းမှုကြောင့် အနည်းငယ်ကိုင်းလာသည့် ကိုယ်ခန္ဓာကို ရှီနန်အားသုံးထောက်မှီရင်းအော်ဟစ်သည်။
"ပြိုင်ဘက်ကင်းမီး၊ တစ္ဆေနတ်ဘုရားအမျက်"
သူစကားပြောပြီးသည်နှင့်တပြိုင်နက် သူ့ခေါင်းပေါ်က ဧရာမပုံရိပ်ယောင်က အစိမ်းနှင့်အလင်းမီးတောက်များဖြင့် မျက်လုံးတစုံကို ဖန်တီးသည်။
ရုတ်တရက် စိမ်းဖြူရောင်မီးတောက်လေဆင်နှာမောင်းတခုပေါက်ကွဲသွားပြီး နေရာအနှံ့လွင့်ပျံ့သွားသည်။
ယဲ့ချိုးပိုင်၏ ယင်ယန်ကမ္ဘာ့သုတ်သင်မိုးကြိုးနည်းစနစ်ဖြစ်စေ၊ ရှောင်ဟိုင်၏ လက်သီးချက်ဖြစ်စေ၊ မုဇီရှင်း၏ ရေခဲသလင်းမြှားဖြစ်စေ၊ မုဖူရှန်း၏ ခရမ်းတိမ်ကမ္ဘာ့သုတ်သင်မိုးကြိုးအခင်းအကျင်းအဆောင်ဖြစ်စေ ထိုအခိုက်အတန့်၌ စိမ်းဖြူရောင်မီးလေဆင်နှာမောင်း၏ ဝါးမြိုခြင်းကိုခံရပြီး ချက်ချင်းပြိုကွဲသွားကြသည်။
မီးလေဆင်နှာမောင်းက လုံး၀ရပ်သွားခြင်းမရှိဘဲ သူတို့လေးယောက်ထံ ထပ်မံတိုး၀င်သွားသည်။
ဒီမြင်ကွင်းကိုရင်ဆိုင်နေရသည့်တိုင် မုဖူရှန်းကလုံး၀မစိုးရိမ်ဘဲ ယင်းအစား အေးစက်စွာပြုံးသည်။
"မင်းမှာပဲ ဝှက်ဖဲရှိတယ်ထင်တာလား"
အရင်က ခရမ်းတိမ်ကမ္ဘာ့သုတ်သင်မိုးကြိုးအခင်းအကျင်းအဆောင်ကို ရေးထွင်းစဉ်က ဒီအဆောင်က ရှီနန်ကိုသတ်နိုင်လိမ့်မည်မဟုတ်ဟု သူအရင်ကတည်းက တွေးတောထားပြီးဖြစ်သည်။
မုဖူရှန်း၏စရိုက်အရ သူ့တွင် အရန်အစီအစဉ်မရှိဘဲ မည်သို့နေမည်နည်း။
"နတ်ဘုရားကိုဖိတ်ခေါ်တာလား"
မုဖူရှန်းကျောက်စိမ်းဆွဲသီးကိုထုတ်ယူကာ နှလုံးသားထဲကနေ နှာခေါင်းရှုံ့သည်။
"မင်းနဲ့ငါတို့ဆရာကြားမှာ ဘယ်လောက်တောင် ခြားနားချက်ရှိသလဲဆိုတာ ငါသိချင်မိတယ်"
ထိုသို့တွေးမိသွားသည်နှင့်တပြိုင်နက် မုဖူရှန်းသူ့အော်ရာကို ကျောက်စိမ်းဆွဲသီးထဲ ထည့်သွင်းလိုက်၏။
ထိုအချိန်တွင် ကျောက်စိမ်းဆွဲသီးက ကြောက်မက်ဖွယ်ရာအစိမ်းရောင်အလင်းတခုကို ထုတ်လွှတ်လေတော့သည်။
၀တ်စုံဖြူလူတစ်ယောက်၏ပုံရိပ်ယောင်က ဒီကမ္ဘာထဲတွင် ရုတ်တရက်ပေါ်လာခဲ့သည်။
ထိုလူကမျက်လုံးများကိုပွတ်သပ်ရင်း အိပ်ချင်မူတူးဖြင့် ဘေး၀န်းကျင်ကိုကြည့်ပြီး မိန်းမောတွေဝေစွာပြောသည်။
"ဒါဘယ်နေရာလဲ"
သေခြင်းရှင်ခြင်းအခြေအနေတွင်ပင် ယဲ့ချိုးပိုင်နှင့်ကျန်သောသူများက ရယ်လိုက်မိကြ၏။
သူတို့လောင်းကြေးထပ်ခဲ့ကြသည်။
ယခုအချိန်က သူတို့ဆရာအဖို့ မွန်းလွဲပိုင်းတမှေးနားသည့်အချိန်ပေတည်း။
ထိုအချိန်တွင် အစိမ်းနှင့်အဖြူမီးနဂါးက ဝှေ့ယမ်း၀င်ရောက်လာသည်။
လုချန်ရှန်းရှေ့သို့ကြည့်ပြီး ဆူပူကြိမ်းမောင်းလိုက်သည်။
"ပါးစပ်ပိတ်ထားစမ်း၊ မကြာသေးခင်က ငါကောင်းကောင်းမအိပ်ရသေးဘူးဆိုတာ မင်းမသိဘူးလား"
ထို့နောက် လုချန်ရှန်းလူတိုင်း၏ ထိတ်လန့်နေသည့်အကြည့်အောက်တွင် လက်ဖဝါးတချက်ရိုက်ထုတ်လိုက်သည်။
ချက်ချင်းဆိုသလို ကောင်းကင်နှင့်မြေကြီးနိယာမစွမ်းအားကနေ ဖန်တီးထားပုံရသည့် လက်ဖဝါးချက်တစ်ချက်က အစိမ်းနှင့်အဖြူမီးနဂါးအားရိုက်ချပစ်သည်။
ထိုအချိန်တွင် သူကရှီနန်ကိုတုံ့ပြန်ရန်အတွက် မည်သည့်အခွင့်အရေးမှမပေးပေ။
ထိုကြောက်မက်ဖွယ်ရာအကြည့်အောက်တွင် ကောင်းကင်အင်မော်တယ်ကျွမ်းကျင်သူများပင် ဒီတိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ရန်အတွက် ခံနိုင်ရည်မရှိညဲ လက်ဖဝါးချက်ကြောင့် ဒီကမ္ဘာထဲတွင် တခါမှမပေါ်လာခဲ့သည့်အလား နေရာအနှံ့ ပျံ့သွားရပေလိမ့်မည်။
လေးစားခံအကြီးအကဲကောင်းနှင့် ကျန်သောကောင်းကင်အင်မော်တယ်များက ဒီမြင်ကွင်းကိုကြည့်ရင်း အားလုံးထိတ်လန့်နေကြ၏။
ဒီလက်ဖဝါးချက်အား သူတို့ပင်လျှင် ထုတ်လွှတ်နိုင်မည်မဟုတ်။ ဒါ့အပြင် တဖက်လူက ပုံရိပ်ယောင်တခုသာဖြစ်သည်။
သူ့အစစ်အမှန်ကိုယ်ခန္ဓာကသာ ဆင်းသက်လာမည်ဆိုပါက မည်မျှပင် အစွမ်းထက်လိမ့်မည်နည်း။
ရှီနန်၏မျက်နှာကဖြူဖျော့နေပြီး ထိုမြင်ကွင်းအား အကြောက်တလန့်ကြည့်နေမိသည်။
ဒီတိုက်ခိုက်မှုအပြီးတွင် ရှီနန်ခုခံနိုင်စွမ်းမရှိတော့ပါ။
ဒီတိုက်ပွဲပြီးနောက် မိစ္ဆာနယ်မြေက ပျက်စီးခြင်း၏ကံကြမ္မာကို ရှောင်တိမ်းနိုင်တော့မည်မဟုတ်တော့ပေ။
ယခု ရှီနန်ဒါကို စတင်နောင်တရလာမိသည်။
အပိုင်း(548) coming။