#အကောင်းဆုံးသရုပ်ဆောင်လုချန်ရှန်း#
Vol. 39 Ch. 548
သတိထားရမယ်၊ သတိထားရမယ်၊ ထပ်ပြီးသတိထားရမယ်!
ဒါကမုဖူရှန်း၏တခုတည်းသောတောင်းဆိုချက်ဖြစ်သည်။
ရန်သူကိုရင်ဆိုင်ရာ၌ လူတစ်ယောက်က ဝှက်ဖဲတခုတည်းကိုသာ မည်သောအခါမှ သိမ်းဆည်းထား၍မရပေ။
တခြားဘက်က သူ့ကိုကိုင်တွယ်နိုင်ရန်အတွက် အလားတူဝှက်ဖဲရှိနေနိုင်သည်။ ဤသို့ဆိုပါက သူသေရပေလိမ့်မည်။
ထို့ကြောင့် သူ့၏မူလဝှက်ဖဲများအပေါ် ပိုအားကောင်းသည့်ဝှက်ဖဲတချို့ကိုလည်း သူမြှုပ်နှံခဲ့ရသည်။
ဒီလိုလုပ်မှသာလျှင် မုဖူရှန်းရင်သူနှင့် တိုက်ခိုက်၍ရပေလိမ့်မည်။
ပထမဆုံးဝှက်ဖဲက သံသယမရှိ နတ်တံဆိပ်ဂိုဏ်း၊ အဆောင်မျှော်စင်နှင့် မြင့်မြတ်အဆောင်ဂိုဏ်းတို့ဖြစ်သည်။
ဒုတိယဝှက်ဖဲက ခရမ်းတိမ်ကမ္ဘာ့သုတ်သင်မိုးကြိုးအခင်းအကျင်းအဆောင်ဖြစ်သည်။
ဒီဝှက်ဖဲနှစ်ခုကိုပစ်လွှတ်လိုက်လျှင်ပင် တဘက်က ခုခံနေဦးမည်ဆိုပါက တတိယဝှက်ဖဲက လုချန်ရှန်း၏ စိတ်အာရုံပုံရိပ်ယောင်ဖြစ်သည်။
အလယ်အလတ်အဆင့်ကြယ်နယ်မြေသို့မလာစဉ်ကတည်းကပင် မုဖူရှန်းကဒီမြင်ကွင်းကိုပုံဖော်ထားပြီးဖြစ်သည်။ ထို့ကြောင့် သူကသူ့ဆရာလုချန်ရှန်းကို တွေ့ဆုံကာ အရေးပေါ်အခြေအနေများအတွက် စိတ်အာရုံအသိတစ်ခုကို တောင်းဆိုခဲ့သည်။
ထို့ကြောင့် ယခုလိုဖြစ်ပျက်လာခဲ့ခြင်းပင်။
ယဲ့ချိုးပိုင်၊ ရှောင်ဟိုင်နှင့်ကျန်သောသူများက တစ်ဦးကိုတစ်ဦးကြည့်ရင်း ရယ်မောလိုက်ကြ၏။
မျှော်လင့်ထားသည့်အတိုင်းပင် ဒီဂျူနီယာညီလေးက အတော်လေးသတိကြီးသည်။
အစက မုကျန်းထင်နှင့်ကျန်သောသူများကို မိစ္ဆာနယ်မြေက ဖမ်းဆီးသွားပြီးနောက် သူ့စရိုက်ကပြောင်းလဲသွားလိမ့်မည်ဟု သူတို့ထင်ခဲ့သည်။ သို့သော်အဆုံးသတ်တွင်ကား ဒီအတိုင်းသာ။
ထိုအချိန်တွင် ရှီနန်၏မျက်နှာက ဖြူဖျော့နေပြီး လုချန်ရှန်းကိုကြည့်ကာမေးသည်။
"ခင်ဗျားကဘယ်သူလဲ"
ကောင်းကင်အင်မော်တယ်အဆင့်ကျွမ်းကျင်သူတစ်ဦးပင်လျှင် မခုခံနိုင်သည့်တိုက်ချက်ကို လုချန်ရှန်းဘယ်လိုလုပ် အလွယ်တကူ ခုခံနိုင်လေသနည်း။
သူ့ခွန်အားက သေချာပေါက် အလယ်အလတ်အဆင့်ကြယ်နယ်မြေ၏ အကန့်အသတ်များကို ကျော်လွန်သွားလောက်သည်။
လုချန်ရှန်းအဖြေမပေးပေ။
ထိုအချိန်တွင် မနီးမဝေးက ကောင်းကင်ဘုံဓားတောင်ထိပ်သခင်ကခါးသီးစွာပြုံးသည်။
"တကယ်လို့ယဲ့ချိုးပိုင်နဲ့ကျန်တဲ့သူတွေရဲ့ဆရာအကြောင်းကိုသာ ငါတို့သိ....."
သို့စေကာမူ သူ့စကားမဆုံးသေးခင်မှာပင် လုချန်ရှန်းသူ့အားစိုက်ကြည့်လိုက်၏။ သူ့မျက်လုံးများက သတိပေးချက်များဖြင့် ပြည့်နှက်နေသည်။
ကောင်းကင်ဘုံဓားတောင်ထိပ်သခင်ကသာ ဆက်လက်ပြောရဲသရွေ့ာလုချန်ရှန်းသူ့ကိုသေချာပေါက်သတ်ပစ်တော့မယ်ဆိုတာ သိသာထင်ရှားနေသည်။
ကောင်းကင်ဘုံဓားတောင်ထိပ်သခင်ကလည်း ဘာဖြစ်ပျက်နေသလဲဆိုတာနားလည်သွား၏။ သူကချက်ချင်းပင် ပါးစပ်ပိတ်ပြီး ရှက်ရှက်နှင့်ခေါင်းကို တဖက်သို့လှည့်လိုက်သည်။
ထို့နောက် လုချန်ရှန်းက ရုတ်တရက် မုဖူရှန်းအားကြည့်သည်။
"မင်းငါ့ရဲ့ကျောက်စိမ်းဆွဲသီးကိုရထားမှတော့ မင်းရဲ့ကံကြမ္မာက ငါနဲ့ဆက်စပ်နေတယ်လို့ဆိုလိုတာပဲ၊ မင်းတခုခုလုပ်ချင်တယ်ဆိုရင် ငါမင်းကိုတကြိမ်ကူညီပေးမယ်"
ရှောင်ဟိုင်ကြက်သေသေသွားသည်။
ငါ့ဆရာဘာတွေပြောနေတာလဲ!
ယဲ့ချိုးပိုင်နှင့်မုဖူရှန်းတို့ကသာ ချက်ချင်းတုံ့ပြန်သည်။
သူ့ဆရာကသူတို့ကိုမသိချင်ယောင်ဆောင်နေခြင်းပင်။
ဒါကတခြားသူများကို သူ့ကို မုဖူရှန်းအမှတ်မထင်ရခဲ့သည့်ကျောက်စိမ်းဆွဲသီးကနေ ဆင့်ခေါ်လိုက်သည်ဟု ထင်သွားစေသည်။
ဒီတည်းလမ်းဖြင့် သူမည်သူမည်ဝါဖြစ်ကြောင်းကို ဖုံးကွယ်နိုင်ပေလိမ့်မည်။
မုဖူရှန်းအံ့ဩသင့်သွားသည်။
ထင်တဲ့အတိုင်းပဲ ဆရာကငါတို့ရဲ့စံနမူနာပဲ!
သူ့ဆရာ၏သတိကြီးမှုအောက်တွင် သူ့၏သတိကြီးမှုက ထည့်ပြော၍ပင် မထိုက်တန်ပါ။
"စီနီယာ၊ မိစ္ဆာနယ်မြေကလူတွေက ကျွန်တော်တို့ရဲ့ဆွေမျိုးတွေကို ဖမ်းထားကြတယ်၊ ကျေးဇူးပြုပြီး ကူညီပေးပါဦး"
လုချန်ရှန်းခေါင်းညိတ်ပြီးနောက် ရှီနန်အားကြည့်ကာမေးသည်။
"မင်းအကုန်ကြားတယ်မလား"
ရှီနန်သရော်လိုက်သည်။
"ခင်ဗျားတို့ကအချင်းချင်းမသိကြတာလား၊ ခင်ဗျားက သူတို့ရဲ့ဆရာမဟုတ်ဘူးလ..."
"ငါတို့ဘယ်လိုလုပ်အချင်းချင်းသိနိုင်မှာလဲ"
လုချန်ရှန်းလက်ကိုဆန့်တန်းကာ ရှီနန်၏ခေါင်းကိုဖမ်းကိုင်လိုက်၏။
ရှီနန်စကားပင်မဆုံးနိုင်ခဲ့ဘဲ မျက်နှာပေါ်၌ အကြောက်တရားဖြင့် ရုန်းကန်နေသည်။
"မင်းငါ့ကိုပြောမယ်မထင်ဘူး၊ ဒီတော့ ငါကိုယ်တိုင်လုပ်ရတာပေါ့"
ထို့နောက် ဝိဉာဉ်ချီစီးကြောင်းများက ရှီနန်၏ခေါင်းထဲသို့၀င်ရောက်သွား၏။
ရှီနန်၏မျက်နှာကတဖြည်းဖြည်းရှုံ့တွကာ ကြမ်းတမ်းခက်ထန်လာပြီး သွေးကြောများက သူ့မျက်နှာပေါ်၌ ကပ်ပါးကောင်များပမာ တွားတွားသွားလာနေကြသည်။
စိတ်ဝိဉာဉ်ရှာဖွေခြင်း!
ရုတ်တရက်လုချန်ရှန်းမျက်ခုံးပင့်လိုက်မိသည်။
ရှီနန်၏နတ်ဝိဉာဉ်ထဲတွင် လုချန်ရှန်း၏ဝိဉာဉ်ချီကို တားဆီးနေသည့် အစိမ်းနှင့်အဖြူမီးတောက်တခုရှိသည်။
ဒါဘာကြီးလဲ!
အော်ရာကအလွန်အားနည်းသဖြင့် ရှီနန်၏ဝိဉာဉ်အား ကပ်တွယ်နေသည့်ဝိဉာဉ်တခုနှင့်ပိုတူသည်။
အခြေအနေတခုကိုရောက်လာသည်နှင့်တပြိုင်နက် ၎င်းကနိုးထပြီး ရှီနန်၏ကိုယ်ကို လွှမ်းမိုးသွားပေလိမ့်မည်။
ဟူးး၊ ကောင်းပြီလေ!
ငါ့ကိုအရမ်းကြင်နာတတ်ဖို့ ဘယ်သူပြောခဲ့လို့လဲ!
လုချန်ရှန်းခေါင်းခါယမ်းကာ သက်ပြင်းချသည်။
"ငါမင်းအတွက် ဒါကိုကူပြီးဖယ်ရှားပေးပါမယ်"
အကယ်၍ရှီနန်နှင့် စိမ်းဖြူရောင်မီးတောက်တို့ကသာ လုချန်ရှန်းတွေးနေတာကို သိမည်ဆိုပါက သူတို့ "ယီးပဲ၊ ငါမင်းကိုသတ်မယ်" ဟုတွေးတောနေလောက်ပေသည်။
သူနည်းနည်းလေးအားထုတ်ရုံနှင့် အစိမ်းနှင့်အဖြူမီးတောက်က လေထဲကဖယောင်းတိုင်ကဲ့သို့ လေပြင်းနှင့်အတူ ငြိမ်းသွားသည်။
ဂျူန်း.....!
စိမ်းဖြူရောင်တစ္ဆေမီးတောက်များပျောက်ကွယ်သွားသည်နှင့်တပြိုင်နက် မိစ္ဆာနယ်မြေအပေါ်၌ ရုတ်တရက် တစ္ဆေမျက်နှာတခု ဆင်းသက်လာသည်။
မရေမတွက်နိုင်လောက်သည့်တစ္ဆေများက စတင်ပေါက်ကွဲသွားကြ၏။
ပြိုင်ဘက်ကင်းမီးအန္တိမရဲ့အကြွင်းအကျန်အသိစိတ်ကို ဖျက်ဆီးပစ်တာလား!
ရှီနန်မော့ကြည့်လိုက်စဉ် အလွန်ပျော်သွားသည်။
ထိုလူက တစ္ဆေနတ်ဘုရားယဇ်ပလ္လင်နှင့်အတူ ဆင့်ခေါ်ခဲ့သည့် တစ္ဆေကလန်က လူပေတည်း။
လုချန်ရှန်းကလည်း မော့ကြည့်စဉ် သူ့မျက်ခုံးများက အနည်းငယ်တွန့်သွားသည်။
ရုတ်တရက်သူထပ်မံနောင်တရလာမိသည်။
ဒါကတခြားသူတွေကိုကူညီတာပဲလေ!
ဘယ်လိုလုပ် တခြားကံတခုနှင့် ဆက်စပ်နေရတာတုန်း!
တစ္ဆေမျက်နှာက လုချန်ရှန်းကိုကြည့်ကာ မေးလိုက်၏။
"မင်းဘယ်သူလဲ၊ မင်းမှာ တာအိုဥပဒေသရှိတာလား"
လုချန်ရှန်းမည်သည့်စကားမှမဆိုဘဲ ကောင်းကင်အား လက်ညိုးထိုးလိုက်သည်။
ဧရာမဓားတလက်က ရုတ်ချည်းသိပ်သည်းကာ တစ္ဆေမျက်နှာအားပိုင်းချပစ်သည်။
သူအချိန်ဆွဲနေ၍မရပေ။ သူပို၍အချိန်ဆွဲလေလေ၊ တဘက်လူက သူ့အချက်အလက်ပိုမှတ်မိလေလေဖြစ်သည်။
တစ္ဆေမျက်နှာက နှာခေါင်းရှုံ့သည်။
"ရဲတင်းလိုက်တာ"
ကောင်းကင်ထဲတွင် တစ္ဆေများက ဧရာမလက်ဖဝါးချက်တခုအဖြစ်ပြောင်းသွားပြီး အဆုံးမဲ့ဟစ်ကြွေးသံများကို ထွက်လာစေကာ ကြီးမားသည့်ဓားကြီးအား ရိုက်ချပစ်သည်။
လုချန်ရှန်း ဓားတာအိုဥပဒေသရှေ့တွင် ထိုလက်ဖဝါးချက်က သေမျိုးလက်ဖဝါးချက်ပမာ။
ဒါကဘယ်လိုလုပ်ဓားသွားကိုဖမ်းနိုင်မည်နည်း။
မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းကဖြတ်သန်းသွားပြီး တစ္ဆေမျက်နှာအား တိုက်ရိုက်ပိုင်းဖြတ်ပစ်သည်။
မရေမတွက်နိုင်လောက်သည့်တစ္ဆေများက ပြန့်ကြဲသွားပြီး တစ္ဆေမျက်နှာဆီကနေ ပျောက်ကွယ်သွား၏။
ပျောက်ကွယ်သွားတော့မည့်အချိန်၌ တစ္ဆေမျက်နှာ၏နက်မှောင်သောမျက်လုံးများက လုချန်ရှန်းအားစိုက်ကြည့်နေဆဲပင်။ ၎င်းက လုချန်ရှန်းကို နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း ထွင်းထုထားချင်နေသည့်ပုံပင်။
"ဓားတာအိုဥပဒေသလား၊ မဆိုးပါဘူး"
"ဒါပေမယ့်၊ တစ္ဆေကလန်နဲ့ရန်သူဖြစ်ဖို့ဆိုတာက ပညာသားပါတဲ့ရွေးချယ်မှုတခုတော့မဟုတ်ဘူး"
"တနေ့နေ့မှာ မင်းနောင်တရလိမ့်မယ်..."
တစ္ဆေမျက်နှာကပျောက်ကွယ်သွားသည်။
ဒါကိုမြင်သောအခါ ရှီနန်၏မျက်နှာက ပို၍ပင်ဖြူဖျော့သွား၏။
သူတို့၏မျှော်လင့်ချက်က လုံး၀ပျောက်ကွယ်သွားလေပြီ။
မမျှော်လင့်ဘဲ ဒီလူက တစ္ဆေကလန်နှင့်ရင်ဆိုင်ရသည့်တိုင် အနည်းငယ်မျှ ယိမ်းယိုင်သွားခဲ့ခြင်းမရှိချေ။
ကောင်းကင်ဘုံဓားတောင်ထိပ်သခင်က ဒီမြင်ကွင်းကိုမြင်သောအခါ သက်ပြင်းချလိုက်မိသည်။
အဆင့်မြင့်ကြယ်နယ်မြေက တစ္ဆေကလန်လည်း ဒီလိုဖြစ်သွားခဲ့ရသည်။
လေးစားခံအကြီးအကဲကောင်းက ဓားတာအိုဥပဒေသကိုမြင်သောအခါ ထိတ်လန့်သွား၏။
ဓားဥပဒေသစွမ်းအားက ဆန္ဒနယ်ပယ်ကိုပင် ကျော်လွန်နေလေပြီ။
သူ့ဓားဆန္ဒက ဒါကိုကျော်လွန်နေပြီဖြစ်သော်လည်း သူနှင့်ဓားဥပဒေသ၏စွမ်းအားအကြား ကြီးမားသည့် ကွာဟချက်တခုရှိနေသေးသည်။
တုံ့ဆိုင်းမနေဘဲ လုချန်ရှန်း ရှီနန်စိတ်က အချက်အလက်များအား ရှာဖွေလိုက်၏။ မကြာမီ မုကျန်းထင်နှင့် ကျန်သောသူများကို အကျဉ်းချထားသည့်နေရာအား သူရှာတွေ့သွားသည်။
ထို့နောက် သူယဲ့ချိုးပိုင်အားကြည့်လိုက်သည်။
"မင်း၊ အဲဒီနန်းတော်အောက်ကိုဆင်းသွားလိုက်"
ယဲ့ချိုးပိုင်တချက်ကြည့်လိုက်၏။
"စီနီယာ....စီနီယာ၊ အဲမှာ အခင်းအကျင်းအစီအရင်တခုခုရှိသင့်တယ်မ......"
သူစကားပြောမပြီးသေးခင်မှာပင် လုချန်ရှန်းတချက်လှမ်းကြည့်သည်။
လျှပ်စီးကြောင်းများက နန်းတော်ထိပ်ကို မုန်တိုင်းတစင်းပမာတိုက်ခတ်သွားပြီး နန်းတော်က ပြိုကျသွားသည်။
"သွားတော့"
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
ရှီနန်အတွက်မူ ဆင့်ခေါ်ခြင်းစွမ်းရည်ကို သုံးပြီးနောက် သူ့ဝိဉာဉ်ကိုယ်ထည်က အလွန်အမင်းအားနည်းနေပြီဖြစ်ကာ စိတ်ဝိဉာဉ်ရှာဖွေခြင်းက နောက်ဆုံးရိုက်ချက်ကို ဖြည့်ဆည်းခဲ့ပြီး သူ့ဝိဉာဉ်က သေဆုံးသွားရသည်။
အရာအားလုံးကိုလုပ်ပြီးနောက် လုချန်ရှန်း မုဖူရှန်းနှင့်တခြားသူများကိုကြည့်လိုက်၏။
"ကောင်းပြီ၊ ဆက်ကျင့်ကြံကြ၊ မင်းတို့ကိုယ့်ကိုကိုယ်အားကိုးရဦးမယ်"
"ငါကအစကတည်းက အကြွင်းအကျန်စိတ်ဝိဉာဉ်တခုပဲ၊ ငါအကြာကြီးမနေနိုင်ဘူး"
ထို့နောက် သူလက်ချောင်းကိုမြှောက်လိုက်စဉ် မုဖူရှန်းလက်ထဲက ကျောက်စိမ်းဆွဲသီးက ကွဲအက်သွားပြီး လုချန်ရှန်း၏အရိပ်ကလည်း ပျောက်ကွယ်သွားခဲ့သည်။
မုဖူရှန်းနှင့်ရှောင်ဟိုင်တို့ကတစ်ဦးကိုတစ်ဦးကြည့်ရင်း သက်ပြင်းချလိုက်မိသည်။
ဆရာကတော့ ဆရာပါပဲ!
ဒီမြင်ကွင်းကလုံး၀ပြီးပြည့်စုံတယ်!
ဇာတ်လမ်းအတွက် လက်ဆောင်ပေးရမလား၊ တခါလောက်စမ်းကြည့်ရင်ရော!
မှတ်ချက် သုည!
မဲပေးခြင်း ၂မဲ!
လက်ဆောင် ၂ခု!
အပိုင်း(549) coming။