#ထူးဆန်းသောသူခိုး#
Vol. 39 Ch. 550
ဂုဏ်သတင်းကြီးမိသားစုတွေဆီက မိန်းမပျိုလေးတွေရဲ့အတွင်းခံတွေကိုခိုးတာလား!
ဒီလိုအရာမျိုးကမကြာခဏဆိုသလို မဖြစ်ပျက်လာတတ်ပေ။
သို့စေကာမူ ဒီလိုအရာမျိုးကိုလုပ်တတ်သည့်လူများက များသောအားဖြင့် အရမ်းကြီးအားမကောင်းကြပါ။
ရှင်းရှင်းပြောရမည်ဆိုပါက အစွမ်းထက်ကျင့်ကြံခြင်းနယ်ပယ်ရှိသည့်လူတစ်ယောက် လက်ဝှေ့ယမ်းလိုက်လျှင်ပင် မိသားစုများစွာက သူတို့၏မိန်းမပျိုလေးများကိုပို့ဆောင်ရန်အတွက် တိုက်ခိုက်ကြပေလိမ့်မည်။
သူခိုးဖို့လိုသေးလို့လား!
သို့စေကာမူ ဟုန်ရင်က သူမသူ့ကို ဖမ်းရန် အကြိမ်များစွာ ကြိုးစားခဲ့သော်လည်း အရာမထင်ခဲ့ဟုပြောခဲ့သည်။
တကယ်တမ်းတွင် သူတို့က နယ်နိမိတ်မဲ့နယ်မြေ၏ အာရုံထွေပြားခြင်းနယ်ပယ်ကျင့်ကြံသူများကို စေလွှတ်မည်ဆိုလျှင်ပင် အကျိုးရှိလာမည်မဟုတ်။
မုကျန်းထင်လည်းဒီအကြောင်းကိုတွေးမိသည်။ သူ့အထင်အရ ဒီလိုလူမျိုးမရှိပေ။
ယဲ့ချိုးပိုင်နှင့်မုဖူရှန်းတို့က တစ်ဦးကိုတစ်ဦးကြည့်ကာ ခါးသီးစွာပြုံးလိုက်ကြ၏။
ဒီလိုထူးဆန်းတဲ့အရာလည်းရှိသေးတာလား!
တကယ်တမ်းတွင် ကမ္ဘာကြီးကကြီးမားလွန်းသဖြင့် ထူးဆန်းသောအရာမျိုးစုံရှိပါသည်။
"ဒီတော့ ဂျူနီယာညီမလေး၊ မင်းငါတို့ကို ကူညီစေချင်တာလား"
ဟုန်ရင်ခေါင်းညိတ်သည်။
"ဦးလေးမုပြန်လာပြီဆိုတော့ ညီမနယ်နိမိတ်မဲ့အင်ပါယာရဲ့ကိစ္စတွေကို သူ့ကိုလက်လွှဲပေးရမယ်လေ၊ ညီမအချိန်နည်းနည်းလိုအပ်သလို ဒါကိုလည်းဒီအတိုင်းမထားချင်ဘူး"
"ဒါကြောင့် အစ်ကိုကြီးထံမှာပဲ ချန်ထားခဲ့လိုက်တော့မယ်နော်"
ယဲ့ချိုးပိုင်ခါးသီးစွာပြုံးသည်။
"ကောင်းပါပြီ၊ မင်းကငါ့ကို အပြစ်တင်ခံရအောင်လုပ်နေတာပဲ၊ ဒီလိုအရာတွေကို မင်းရဲ့အစ်ကိုကြီးဆီတွန်းပို့ပစ်တယ်၊ အစ်ကိုကြီးပင်ပန်းမှာကို မင်းတကယ်မကြောက်ဘူးလား"
ဟုန်ရင်ပြုံးကာ လက်အစုံကိုဆန့်လိုက်၏။
"ဘယ်သူကစီနီယာအစ်ကိုကိုအစ်ကိုကြီးဖြစ်လာဖို့ တောင်းဆိုလို့လဲ၊ လုပ်နိုင်စွမ်းရှိတဲ့သူတွေမှာ လုပ်စရာတွေပိုများရတယ်"
"ကောင်းပါပြီ၊ သဲလွန်စအားလုံးက ဒီကျောက်စိမ်းဆွဲသီးထဲမှာရှိတယ်"
ယဲ့ချိုးပိုင်မည်သို့ငြင်းဆန်နိုင်မည်နည်း။
သူက ရှောင်ဟိုင်နှင့်မုဖူရှန်းတို့ကိုပါဆွဲသွင်းသည်။
ရှောင်ဟိုင်ကမငြင်းဆန်သော်လည်း မုဖူရှန်းကမူပြောလာသည်။
"အစ်ကိုကြီး၊ ကျွန်တော်လည်းအနားယူချင်တယ်"
ယဲ့ချိုးပိုင်ပြန်၍စူးစိုက်ကြည့်သည်။
"ဒါကမင်းမိသားစုကိစ္စပဲ၊ ဒါနဲ့ပတ်သက်ပြီး ကူညီပေးဖို့အတွက် မင်းအပိုင်းကိုမင်းမလုပ်ချင်ဘူးလား၊ ဘာလို့မင်းကိုယ်တိုင် မသွားရတာလဲ"
ထိုစကားကိုကြားသောအခါ မုဖူရှန်းချက်ချင်းဆိုသလို မျက်နှာချိုသွေးသည့် အပြုံးတပွင့်အား ပြသလိုက်၏။
"မဟုတ်ပါဘူး၊ အစ်ကိုကြီးရဲ့၊ ကျွန်တော်မှားပါတယ်၊ ကျွန်တော်သေချာပေါက် အစ်ကိုကြီးကို အစွမ်းကုန်ကူညီပေးပါမယ်"
ဟုန်ရင်ပြောခဲ့သည့် ကျောက်စိမ်းဆွဲသီးထဲက သဲလွန်စများက အရမ်းမများပေ။
အကောင်းဆုံးက ထို့ထဲတွင် ပြစ်မှုအခင်းဖြစ်ပွားခဲ့သည်နှင့်ပတ်သက်၍ သတင်းအချက်အလက်များသာရှိသည်။
ထို့ကြောင့်ယဲ့ချိုးပိုင်နှင့်ကျန်သောသူများက လစ်ဟာနေသည့်သဲလွန်စတခုခုများရှိသလားဆိုတာ တခုပြီးတခုရှာ၍ရသည်။
သို့စေကာမူ သဲလွန်စမရှိသည်မှာ သံသယရှိစရာပင်မလို။
မုဖူရှန်းဝေခွဲမရဖြစ်နေသည်။
"ခြေရာလေးတခုကိုတောင်မချန်ထားခဲ့ဘူး၊ ဒီလူရဲ့ကျင့်ကြံခြင်းနယ်ပယ်နဲ့ လှုပ်ရှားမှုနည်းစနစ်တွေက နည်းနည်းပိုမြင့်လိမ့်မယ်"
ယဲ့ချိုးပိုင်နှင့် ကျန်နှစ်ယောက်တို့၏ ကျင့်ကြံခြင်းနယ်ပယ်နှင့်ဝိဉာဉ်စွမ်းအားအရ အနှီမျက်လုံးနှင့်မမြင်နိုင်သည့် နက်နဲသောသဲလွန်စတချို့ကို ရှာတွေ့ရန်ဟူသည် လွယ်ကူပါသေးသည်။
ဒါ့အပြင် မုဖူရှန်းက စိတ်ဝိဉာဉ်ပျိုးထောင်နည်းကိုကျင့်ကြံထားသလို သူ့ဝိဉာဉ်စွမ်းအားကလည်း အင်မော်တယ်ဝိဉာဉ်သခင်နယ်ပယ်ကိုပင် ရောက်နေလေပြီ။
အဆင့်နိမ့်ကြယ်နယ်မြေတွင် သူ့ဆရာကလွဲပြီး တခြားတယောက်ယောက်၏ ဝိဉာဉ်စွမ်းအားက သူ့ထက်ပိုအားကောင်းနေသည်လား။
သူ့စီနီယာအစ်ကိုနှင့်အစ်မတို့၏ ဝိဉာဉ်စွမ်းအားပင်လျှင် မုဖူရှန်းထက်အနည်းငယ်ပိုအားနည်းသည်။
ထိုအချိန်တွင် ယဲ့ချိုးပိုင်ပြောသည်။
"ငါတို့ဒီလိုဆက်ရှာနေလို့မရတော့ဘူး"
"တစ်ဦးနဲ့တစ်ဦးလှုပ်ရှားမှုတွေကို ငါတို့ကြိုသိထားဖို့လိုတယ်"
ရှောင်ဟိုင်ကခေါင်းကုတ်သည်။
"တဘက်လူရဲ့လမ်းကြောင်းကို ကျွန်တော်တို့ဘယ်လိုသိနိုင်မှာလဲ၊ တဘက်လူက သေချာပေါက်အတော်လေးအားကောင်းရမယ်"
ထိုအချိန်တွင် ယဲ့ချိုးပိုင်နှင့်မုဖူရှန်းတို့က ရယ်မောလိုက်ကြပြီး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ သူတို့ကတစ်ဦးအတွေးကို တစ်ဦးနားလည်သည့်အသွင်။
"အရမ်းရိုးရှင်းတယ်" ယဲ့ချိုးပိုင်ယုံကြည်မှုအပြည့်ဖြင့်ပြုံးလိုက်၏။
"တဘက်လူရဲ့လှုပ်ရှားမှုတွေကို ငါတို့မသိဘူးဆိုပေမယ့် သူ့ရဲ့ဉာဏ်ရည်ဉာဏ်သွေးမျိုးကို ငါတို့သုံးလို့ရတယ်"
မုဖူရှန်းကဆက်ပြောသည်။
"စီနီယာအစ်မက ဒီလူကိုဖမ်းဖို့အတွက် လူအများကြီးစေလွှတ်ခဲ့ပေမယ့် သူကပြစ်မှုတွေကိုကျူးလွန်နေတုန်းပဲ၊ သူက ကိုယ့်ကိုကိုယ်အတော်လေးအထင်ကြီးတာဖြစ်ရမယ်"
"ဒီကိစ္စမှာ သူတို့ရဲ့ကိုယ်ပိုင်ဂိုဏ်းမှာ ကျွန်တော်တို့သူ့ကိုအနိုင်ယူဖို့ပဲလိုတယ်၊ ကျွန်တော်တို့အာရုံခံအဆောင်တွေကို နယ်နိမိတ်မဲ့အင်ပါယာမြို့တော်က ကျန်ရှိနေတဲ့ဂုဏ်သရေရှိမိသားစုတွေရဲ့ နေအိမ်တွေမှာချထားရမယ်၊ တချိန်တည်းမှာပင် ကျွန်တော့်ရဲ့ဝိဉာဉ်စွမ်းအားအကွာအဝေးကိုလည်း တိုးချဲ့ရမယ်"
ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။
"တဘက်လူကဒီဝိဉာဉ်စွမ်းအားကို အာရုံခံမိရင်တောင် သူ့ရဲ့အထင်ကြီးလေဘ၀င်ဟပ်တဲ့စရိုက်အရဆိုရင် ဒါအတွက်နဲ့ သူနောက်ဆုတ်မှာမဟုတ်ဘူး"
"ဒါ့အပြင် ကျောက်စိမ်းဆွဲသီးထဲက အချက်အလက်တွေအရဆိုရင် ဒီလူက သေချာပေါက် အင်အားစုတခုကပဲ ထပ်ခါတလဲလဲခိုးနေတာမဟုတ်ဘူး"
သူတို့ကသူ့ကို သူ့ကိုယ်ပိုင်ဂိမ်းတွင် အနိုင်ယူတာထက် ကြီးမားသည့်လောင်းကစားတခုနှင့်တူသည်။
ဒီလူ၏ခွန်အားက အရမ်းကြီးအားမကောင်းဟု သူတို့လောင်းကြေးထပ်နေခြင်းပင်။
ဒီနည်းလမ်းဖြင့် တဘက်လူပေါ်လာသရွေ့ အဆောင်၏အကူအညီနှင့်အတူ မုဖူရှန်း၏ဝိဉာဉ်စွမ်းအားက ခြေရာများကို အာရုံခံနိုင်ပါသည်။
မုဖူရှန်း ပြောသည့်အတိုင်းပင်လုပ်ဆောင်ကာ အဆောင်ကိုစတင်ရေးထွင်းသည်။
ယဲ့ချိုးပိုင်နှင့်ရှောင်ဟိုင်တို့က သူတို့တွက်ချက်မှုအရ တဘက်လူများသောအားဖြင့်ပေါ်လာတတ်သည့် နေရာများတွင် ပုန်းနေကြသည်။
ညတာကျရောက်လာသောအခါ မုဖူရှန်းသူကိုယ်တိုင်၏အသိအာရုံကို အားကောင်းစေသည့် အဆောင်အားကပ်ထားလိုက်ပြီး တချိန်တည်းမှာပင် ဝိဉာဉ်စွမ်းအားကို ထုတ်လွှတ်လိုက်၏။
အစွမ်းထက်ဝိဉာဉ်စွမ်းအားက နယ်နိမိတ်မဲ့အင်ပါယာမြို့တ၀က်ကျော်ကို တိုက်ရိုက်ပင် ဖုံးလွှမ်းသွား၏။
ကျင့်ကြံသူများက ကောင်းကင်သို့ အထိတ်တလန့်မော့ကြည့်ကြသည်။
ဒီလိုအစွမ်းထက်ဝိဉာဉ်စွမ်းအားမျိုး!
ဒါကအတိအကျဘယ်သူများလဲ....!
ဟုန်ရင်နှင့်အခြေအနေကိစ္စရပ်များကို ဆွေးနွေးနေသည့် မုကျင်းထင်မှာ ဒါကိုမြင်သောအခါ သက်ပြင်းချသည်။
"ဒီကလေးက ပိုပိုပြီးအားကောင်းလာတာပဲ"
ဟုန်ရင်ရယ်မောသည်။
"ဂျူနီယာမောင်လေးရဲ့ ဝိဉာဉ်ပါရမီက အရမ်းအားကောင်းတာ ပုံမှန်ပါပဲ"
"ငါစီနီယာလုကိုကျေးဇူးတင်ရဦးမယ်၊ စီနှယာလုကြောင့်သာမဟုတ်ဘူးဆိုရင် ဒီကလေးက အချိန်တိုအတွင်း ဒီလောက်မြန်မြန်တိုးတက်လာမှာမဟုတ်ဘူး"
ထိုစကားကိုကြားသောအခါ ဟုန်ရင်မှတ်ချက်မပေးပေ။
မည်သို့ပင်ဆိုစေကာမူ ဒါကအမှန်တရားသာ။
လူတစ်ယောက်၏ပါရမီနှင့်ကြိုးစားမှုက အရေးကြီးပြီး ကျင့်ကြံသူတစ်ယောက်အတွက်မူ ကံတရားက အထွတ်အထိပ်အဆင့်ကိုတက်လှမ်းရာ၌ မရှိမဖြစ်လိုအပ်သည့်အပိုင်းတစ်ပိုင်းဖြစ်သည်။
လုချန်ရှန်းသူ့ကို သူ့တပည့်အဖြစ် လက်ခံခဲ့သည်။ ဒါကသူတို့၏အကြီးမားဆုံးကံတရားဟုဆို၍ရသည်။
တခြားဘက်တွင် နယ်နိမိတ်မဲ့အင်ပါယာရှိ ၀င်းတခုထဲ၌ ပုံရိပ်လေးတခုက အမှောင်ထုထဲတွင် ပုန်းနေသည်။
သူက အင်ပါယာမြို့အပေါ်ရှိ လွှမ်းမိုးနေသည့်ဝိဉာဉ်စွမ်းအားကို ခံစားမိသဖြင့် ရယ်မောသံက အမှောင်ထုအား ထိုးခွင်းသွား၏။
"ထပ်ပြီးလား၊ ဟားဟား၊ မင်းတို့ငါ့ကိုဖမ်းနိုင်မလားဆိုတာ ကြည့်တာပေါ့"
ထို့နောက် အနက်ရောင်ပုံရိပ်လေးတခုက ခြံ၀င်းထဲကနေ ရုတ်တရက်တဟုန်ထိုးပြေးသွားသည်။ အမြန်နှုန်းက အလွန်မြန်ဆန်လွန်းသဖြင့် ချက်ချင်းဖြစ်ပျက်သွားသည့်အလား ထင်ရသည်။
လူတစ်ယောက်က သူ့နောက်ကနေလိုက်သွားသည်။
သူကသက်ပြင်းချကာ သူ့မျက်နှာက ခါးသီးမှုများဖြင့် ပြည့်နှက်နေ၏။
"ဒီကလေးက တကယ့်ကို လူယောင်ဆောင်ထားတဲ့ မိစ္ဆာလေးပဲ"
"တကယ်လို့စီနီယာကသာ ငါဒီကလေးကို ဒီလိုလုပ်ဖို့အတွက် ကူညီနေတာသိရင် သူငါ့ကိုတိုက်ရိုက်များသတ်မလားပဲ"
ထိုအတွေး၀င်လာသောအခါ ထိုလူက တုန်ယင်သွားလေတော့သည်။
သို့သော်ယခုလိုအနေအထားထိ ရောက်လာပြီဖြစ်လေရာ သူက ထိုသူ့နောက်မှ လိုက်ရန်သာ တတ်နိုင်တော့သည်။
မဟုတ်ပါက အချိန်ကျရောက်လာတာနှင့် ဒီကလေးစုတ်က စီနီယာကို တိုင်ကြားပေလိမ့်မည်။
ဒီလိုဆိုရင်အခြေအနေက ပိုမဆိုးသွားဘူးလား!
သူခိုး၏တည်ရှိမှုကြောင့် ကြွယ်၀သည့် နယ်နိမိတ်မဲ့အင်ပါယာမြို့တွင် ညတာ၌ နှိုင်းယှဉ်၍ပင်မရလောက်အောင် တိတ်ဆိတ်ငြိမ်သက်လာသည်။
ဂုဏ်သရေရှိမိသားစုတိုင်း၏ နေအိမ်များက အစောင့်များဖြင့် ပြည့်နှက်နေသည်။
အစောင့်များ၏မျက်နှာပေါ်၌ စိုးရိမ်နေသည့်အမူအရာများရှိနေကြပြီး ဘေးဘီဝဲယာသို့ မကြာခဏဆိုသလိုကြည့်နေကြသည်။
သူတို့၏အကာအကွယ်များအောက်တွင် လစ်ဟာနေသည့်နေရာလေးတခုဟူ၍ပင်မရှိချေ။
ဒီအရာကတန်ဖိုးရှိသည့်အရာမဟုတ်သော်လည်း နောက်တနေ့တွင် တဘက်လူ၏ အောင်အောင်မြင်မြင်နှင့် ခိုးယူခြင်းကိုခံရပါက မိသားစုတစု၏မျက်နှာက အကြီးအကျယ်ပျက်စီးရခြင်းပင်။
သူတို့ကတဘက်လူကိုအလွယ်တကူ၀င်ထွက်ခွင့်ပြုထားလေရာ တဘက်က လူမနေထိုင်သည့်အိမ်တစ်အိမ်ကို ၀င်သကဲ့သို့ဖြစ်နေသည်မဟုတ်ပေလော။
ဒီလိုဆိုပါက သူတို့ကတခြားဂိုဏ်းများ၏ လှောင်ရယ်စရာအရာတခုဖြစ်လာပေလိမ့်မည်။
ထို့ကြောင့် ဒီအင်အားစုများက ထိုသူခိုးလေးကို အလွန်အမင်းမုန်းတီးကြသဖြင့် အံပင်ကြိတ်လိုက်မိကြသည်။
အပိုင်း(551) coming။