#တခြားနည်းလမ်းမရှိဘူးဆိုရင် မင်းရဲ့စီနီယာအစ်မကို မင်းကိုပေးဖို့အတွက် ငါပြောပေးလို့ရတယ်#
Vol. 39 Ch. 551
ညတာကမှောင်မိုက်ပြီးလေပြင်းများတိုက်ခတ်နေသည်။
ထိုအချိန်တွင် နယ်နိမိတ်မဲ့အင်ပါယာမြို့က ပုံမှန်အတိုင်းစည်ကားမနေဘဲ တိတ်ဆိတ်နေပုံရသည်။
ဂုဏ်သရေရှိမိသားစုအားလုံးက သူခိုးများပေါ်ပေါက်လာမည့်အပေါ် သတိကြီးကြီးထားနေကြသည်။
အလည်အပတ်မရောက်လာသေးသည့်ဂိုဏ်းများဖြစ်စေ အဆိပ်သင့်ပြီးဂိုဏ်းများဖြစ်စေ သူတို့အားလုံးကဒီလူကို ဖမ်းရန်အတွက် အကောင်းဆုံးကြိုးစားနေကြ၏။
မိစ္ဆာမျိုးနွယ်များ၏ကျူးကျော်မှုအပြင် နယ်နိမိတ်မဲ့အင်ပါယာမြို့က အင်အားစုများက ဒီလိုအဓိပ္ပာယ်မရှိသည့် ခိုးယူမှုကိစ္စကြောင့်လည်း စည်းလုံးလာကြသည်။
ထိုအချိန်တွင် နယ်နိမိတ်မဲ့အင်ပါယာမြို့အရှေ့ဘက်က ပင်းမိသားစုတွင်ဖြစ်သည်။
ပင်းမိသားစုက နယ်နိမိတ်မဲ့အင်ပါယာမြို့တခုလုံးတွင် အင်အားအရရော အခြေခံအုတ်မြစ်ပါ ထိပ်ဆုံးသုံးနေရာတွင် နေရာယူထားသည်။
ခြံ၀င်းထဲတွင် တခြားမိသားစုများနှင့်ဂိုဏ်းများကဲ့သို့ပင် အမှောင်ထဲတွင် သူလျှိုများစွာပုန်းနေကြ၏။
ပင်းမိသားစုသမီးကြီး၏ခြံ၀င်းထဲတွင် ပင်းမိသားစုသမီးကြီးက စိုးရိမ်နေသည့်အမူအရာဖြင့် ကျောက်ခုံတခုပေါ်တွင် ထိုင်နေသည်။
သူမဘေးတွင် ပန်းထိုးထားသော၀တ်စုံ၀တ်ဆင်ထားသည့်လူတစ်ယောက်က နှာခေါင်းရှုံ့ရင်းပြောသည်။
"အစ်မ၊ မစိုးရိမ်ပါနဲ့၊ သူကသူခိုးလေးတယောက်ပဲမလား"
"အရင်ကဒီသူခိုးအောင်မြင်ခဲ့တာက ပင်းမိသားစုကိုအာရုံမစိုက်ခဲ့လို့ပါ"
"ဒါ့အပြင် အရင်ကသူခိုးခဲ့တဲ့ကလန်တွေမှာ ဘယ်လိုလူတွေရှိသလဲဆိုတာ မသိဘူးလား"
"သူပင်းမိသားစုကိုလာရဲသရွေ့ကျွန်တော်တို့သူ့ကိုအလွယ်တကူဖမ်းပြီး ပြန်မသွားနိုင်အောင်လုပ်ပစ်လို့ရတယ်"
သူမရှေ့က ထိုလူ၏ယုံကြည်မှုအပြည့်အမူအရာကိုကြည့်ရင်း ပင်းမိသားစုသမီးကြီးက အားတင်းပြုံးလိုက်၏။
သူမလည်းဒီလိုတွေးမိသော်လည်း စိတ်မသက်မသာခံစားနေရဆဲပင်။
အရာအားလုံးကဒီလောက်ချောမွေ့စွာ ဖြစ်လာမည်မဟုတ်ဟု သူမခံစားနေရသည်။
"အိုက်ယား၊ မစိုးရိမ်ပါနဲ့အစ်မရယ်၊ မလွတ်မြောက်နိုင်တဲ့ ထောင်ချောက်တခုတည်ဆောက်ဖို့အတွက် လူအများကြီးနဲ့ ကျွန်တော်စီစဉ်ထားပြီးပါပြီ"
"သူကကိုယ့်ကိုကိုယ်အရမ်းအထင်ကြီးမိရင်တော့ သူအောင်မြင်မှာမဟုတ်တာက သူ့ကံကြမ္မာပဲ"
ရုတ်တရက် ခြံ၀င်းထဲ၌ လေဟာနယ်က ဝဲဂယက်တခုပမာ ဖြည်းဖြည်းချင်းစတင်ပုံပျက်သွား၏။
အနက်ရောင်၀တ်ရုံ၀တ်ဆင်ထားသည့် လူရှည်တစ်ယောက်က သူတို့ရှေ့တွင်ပေါ်လာသည်။
ပန်းထိုးထားသည့်၀တ်စုံရှင်လူနှင့် ပင်းမိသားစုသမီးကြီးတို့၏အမူအရာတို့က ပြောင်းလဲသွားကြ၏။
"ရဲတင်းလိုက်တာ၊ မင်းကတကယ်ပဲငါတို့ပင်းမိသားစုကိုလာရဲတာလား၊ အစောင့်တွေ"
ပန်းထိုးထားသည့်၀တ်စုံရှင်အော်ပြီး အသက်ရှူကြိမ်သုံးကြိမ်ခန့်ကြာသည့်တိုင် ပင်းမိသားစုမှကျွမ်းကျင်သူများက သူ့အော်သံကိုမကြားသည့်အလား ကူညီရန်အတွက် မလာရောက်ကြပေ။
ပန်းထိုးထားသည့်၀တ်စုံရှင်က အနည်းငယ်ကြက်သေသေသွားပြီး အ၀တ်နက်လူကိုကြည့်ကာ ဒေါသတကြီးအော်ဟစ်သည်။
"မင်းဘာလုပ်လိုက်တာလဲ"
အနက်ရောင်၀တ်ရုံထဲကနေ ထူးဆန်းသည့်အသံတစ်သံထွက်လာသည်။
"ငါဘာမှမလုပ်ခဲ့ပါဘူး၊ ငါကလေဟာနယ်ကို ချိပ်ပိတ်ထားရုံပဲ"
"မစိုးရိမ်ပါနဲ့၊ ငါ့ပစ္စည်းတွေယူပြီးရင် ငါထွက်သွားမှာပါ၊ မင်းကိုမထိခိုက်စေရပါဘူး"
အနက်၀တ်လူပြောသည့်စကားကိုကြားရသောအခါ ပင်းမိသားစုသခင်မလေး၏ မျက်မှာက အကြီးအကျယ်ပြောင်းလဲသွား၏။ သူမ၏လှပသည့်မျက်နှာလေးက နီရဲသွားပြီး မျက်လုံးများက ဒေါသဖြင့် ပြည့်နှက်သွားသည်။
သူမအနက်၀တ်လူထံသို့ပြေးသွားပြီး နူးညံ့သည့်အောါသံတစ်ချက်နှင့်အတူ လက်ဖဝါးချက်တစ်ချက်ရိုက်ထုတ်လိုက်သည်။
နတ်ဘုရားတ၀က်နယ်ပယ်အစောပိုင်းအဆင့်!
နယ်နိမိတ်မဲ့အင်ပါယာ၏ လူငယ်များအကြား ဒီလိုပါရမီမျိုးက ထိပ်တန်းအဆင့်ဟု မှတ်ယူ၍ရသည်။
သို့စေကာမူ အနက်၀တ်လူကမလှုပ်ရှားဘဲ သူ့ရှေ့ကလေဟာနယ်က စတင်ပုံပျက်လာ၏။ ပင်းမိသားစု၏သမီးကြီးက ပုံပျက်နေသည့်လေဟာနယ်ကို ရိုက်မိသည်။
သို့စေကာမူ ဒါကလှိုင်းတခုလေးကိုတောင်မဖြစ်စေဘဲ လုံး၀ရှေ့တိုးနိုင်စွမ်းမရှိတော့ဘဲ ရပ်တန့်သွားရသည်။
ဒါကိုမြင်သောအခါ နောက်က ပန်းထိုးထားသည့်၀တ်စုံရှင်၏အမူအရာကလည်း အကြီးအကျယ်ပြောင်းလဲသွားခဲ့သည်။
အာကာသလေဟာနယ်စွမ်းအားလား!
နယ်နိမိတ်မဲ့အင်ပါယာတခုလုံးတွင်ပင်လျှင် အာကာသစွမ်းအားကို ယခုလိုပြီးပြည့်စုံသည့်အဆင့်အထိ သုံးနိုင်သူမရှိပေ။
"အရမ်းဒေါသမထွက်ပါနဲ့၊ ငါမင်းကိုတကယ်ထိခိုက်အောင်မလုပ်ပါဘူး၊ မစိုးရိမ်ပါနဲ့"
ထို့နောက် ပင်းမိသားစုသမီးကြီး၏ မနှစ်မြို့ဖွယ်ရာအကြည့်အောက်တွင် အနက်၀တ်လူ တဘက်လှည့်ကာ နောက်က အခန်းသို့လျှောက်သွားရန် အသင့်ပြင်လိုက်သည်။
ထိုစဉ် နတ်ဝိဉာဉ်စွမ်းအားတခုက ကောင်းကင်ကနေ ဆင်းသက်လာပြီး ချိပ်ပိတ်ထားသည့်လေဟာနယ်ကိုဖြတ်ကာ အနက်၀တ်လူရှေ့တွင်ရပ်ပြီး သူ့အား ပိတ်ဆို့လိုက်၏။
အနက်၀တ်လူက ချက်ချင်းပင်ထိတ်လန့်သွားသည်။
တယောက်ယောက်က ငါ့ရဲ့အာကာသချိပ်စည်းကို တကယ်ချိုးဖျက်နိုင်တာလား!
မကြာခင်မှာပင် အ၀တ်နက်လူ၏ မတူညီသည့်နေရာသုံးနေရာကနေ နောက်ထပ်သုံးယောက်ပေါ်လာကြပြီး သူ့အား၀န်းရံလိုက်ကြသည်။
ဘယ်ဘက်ကလူက အသက်ရှုထုတ်ရင်းပြောသည်။
"ငါတို့ရဲ့အဆင့်နိမ့်ကြယ်နယ်မြေမှာ လေဟာနယ်ဆန္ဒနယ်ပယ်အပေါ် နက်နက်ရှိုင်းရှိုင်းနားလည်ထားတဲ့ လူတစ်ယောက်ရှိလိမ့်မယ်လို့ ငါတကယ်မထင်ထားခဲ့ဘူး"
"ငါ့ဝိဉာဉ်စွမ်းအားက မထိုးဖောက်နိုင်လုနီးပါးပဲ"
တခြားတယောက်က မေ့စေ့ကိုပွတ်ရင်းပြောသည်။
"တကယ်တော့ အရင်ကဒီလိုလူအကြောင်းကို ငါတခါမှမကြားခဲ့ဖူးဘူး"
မည်းနက်သည့်အသားအရေနှင့်လူက လက်သီးများကိုပွတ်သပ်သည်။
"သူ့အကြောင်းကိုမကြားဖူးဘူးဆိုမှတော့ သူ့ကိုမသန်မစွန်းဖြစ်အောင်လုပ်ပြီး မေးဖို့အတွက် ဖမ်းကြရအောင်"
ပင်းမိသားစုသမီးကြီးနှင့် ပန်းထိုး၀တ်စုံရှင်တို့က ထိုသုံးယောက်ကိုမြင်သောအခါ အလွန်အမင်းအံ့ဩသင့်သွားကြ၏။
သူတို့ရှေ့ကလူသုံးယောက်က နယ်နိမိတ်မဲ့နယ်မြေကဖြစ်သည်။ မည်သည့်အတွက်ကြောင့် သူတို့မသိဘဲနေမည်နည်း။
ဒါက နယ်နိမိတ်မဲ့နယ်မြေ၏သူရဲကောင်းများဖြစ်သည့် ယဲ့ချိုးပိုင်၊ မုဖူရှန်းနှင့် ရှောင်ဟိုင်တို့ပေတည်း။
အနက်၀တ်လူက ရှေ့ရှိ ယဲ့ချိုးပိုင်နှင့်ကျန်သောသူများကို မြင်သောအခါ ချက်ချင်းတောင့်တင်းသွား၏။
"အာ....ဆရာ....အမ်၊ မဟုတ်ဘူး၊ ဘာလို့ဒီမှာရှိနေရတာလဲ"
ဟမ်!
သုံးယောက်စလုံးပဟေဠ်ဖြစ်သွားကြ၏။
"အိုး၊ မင်းကငါတို့ကိုသိတာလား"
အနက်၀တ်လူကတွေးလိုက်မိသည်။
ဘယ်လိုလုပ်မသိဘဲနေမှာလဲ!
"အမ်....အဲ... ကျွန်တော့်ကိုသွားခွင့်ပေးလို့ရမလား"
ယဲ့ချိုးပိုင်ပြုံးရင်း လက်ထဲက ကြယ်ကြွေဓားကိုမြှောက်လိုက်၏။
"မင်းဘယ်လိုထင်လဲ"
ထိုအနက်၀တ်လူ၏အသံ၌ အကြောက်တရားများပင် ကပ်ပါလာပုံရသည်။
"ဒီလိုဆိုရင်.... ဒီလိုဆိုရင် ကျွန်တော်အဲဒါတွေပြန်ပေးမယ်လေ၊ အဆင်ပြေလား"
ရှောင်ဟိုင်လက်သီးမြှောက်ကာ နောက်စကားမဆိုတော့ဘဲ အနက်၀တ်လူထံ ပြေးသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူကအနက်၀တ်လူရှေ့တွင် ပေါ်လာပြီး လက်သီးချက်တစ်ချက် ပစ်လွှတ်လိုက်၏။
ဒါကိုမြင်သောအခါ အနက်၀တ်လူက အထိတ်တလန့်ပင် လျင်မြန်စွာလက်ကို မြှောက်လိုက်ရသည်။
ရုတ်ချည်းဆိုသလို ရှောင်ဟိုင်အနီးက လေဟာနယ်က ပုံပျက်လာပြီး ရှောင်ဟိုင်၏ကိုယ်အား ဖျစ်ညှစ်ပစ်ချင်သည်။
သို့စေကာမူ ရှောင်ဟိုင်ကတချက်သာအော်ဟစ်သည်။ သူကိုယ်ခန္ဓာက တုန်ခါသွားပြီး စွမ်းအင်များက နေရာအနှံ့ပေါက်ကွဲသွားသည်။
ချက်ချင်းပင် သူကထိုလေဟာနယ်အတားအဆီးကိုချိုးဖျက်ကာ အနက်၀တ်လူ၏ရင်ဘတ်အား ထိုးနှက်လိုက်၏။
လက်သီးချက်က အနက်၀တ်လူ၏ရင်ဘတ်ပေါ်ကျရန်ပြင်နေစဉ်မှာပင် အနက်၀တ်လူက ချက်ချင်းအော်ဟစ်လေတော့သည်။
"ကျွန်တော့်ကိုမထိုးပါနဲ့"
ထိုဟာကကလေးတစ်ယောက်၏အသံပေတည်း။
အသံကိုကြားသောအခါ ယဲ့ချိုးပိုင်ရော မုဖူရှန်းရောကြက်သေသေသွားကြ၏။
ရှောင်ဟိုင်၏လက်သီးကလည်း အနက်၀တ်လူ၏ရင်ဘတ်နှင့် စင်တီမီတာအနည်းငယ်အကွာ၌ရပ်သွားသည်။
ဒီအသံက!
ယဲ့ချိုးပိုင်အသံပို့လွှတ်ကာအတည်ပြုကြည့်သည်။
"ဂျုနီယာညီငယ်လေးလား"
အနက်၀တ်လူက အလျင်အမြန်ခေါင်းညိတ်ပြသည်။
ချက်ချင်းဆိုသလို ယဲ့ချိုးပိုင်နှင့်ကျန်နှစ်ယောက်က ဆွံအသွားလေတော့သည်။
ဒါတင်မကဘဲ ရှောင်ဟိုင်၏မျက်နှာ၌ အနက်ရောင်လိုင်းများပင်ပေါ်နေသည်။ ဒါကပြောရန်ပင်ခက်ခဲသည်။
သောက်ကျိုးနည်း၊ ဒီဟာလေးက ဘာလို့ဒီလောက်စိတ်၀င်စားဖို့ကောင်းနေရတာလဲ!
ယဲ့ချိုးပိုင်မျက်နှာကိုဖုံးကာ အနက်၀တ်ရုံထဲက လူကိုဆုပ်ကိုင်ရင်း ထိုနေရာကနေ ပျောက်ကွယ်သွား၏။
ပန်းထိုး၀တ်စုံရှင်က ဒီမြင်ကွင်းကိုမြင်သောအခါ ခံစားချက်အပြည့်ဖြင့်သက်ပြင်းချသည်။
"ယဲ့ချိုးပိုင်နဲ့တခြားသူတွေက တကယ်ပဲ ထင်ထားသလို အရမ်းအားကောင်းနေတုန်းပဲ...."
"မိသားစုနဲ့ဂိုဏ်းတွေအများအပြားက ဒီလူကိုဘာမှမလုပ်နိုင်ခဲ့ကြဘူး၊ ဒါပေမယ့် ယဲ့ချိုးပိုင်တို့ကတော့ သူ့ကိုအလွယ်တကူ အနိုင်ယူနိုင်ခဲ့ကြတယ်"
ထိုအချိန်တွင် နယ်နိမိတ်မဲ့နန်းတော်၌ ယဲ့ချိုးပိုင်၊ ဟုန်ရင်၊ မုဖူရှန်းနှင့် ရှောင်ဟိုင်တို့က နာခံတတ်သည့်ကလေးငယ်တစ်ဦးပမာထိုင်ရင်း သူတို့အား သနားချင်စဖွယ်ကြည့်နေသည့် ကျောက်တုံးလေးအား ကြည့်လိုက်ကြသည်။ သူတို့၏မျက်နှာများက အကူအညီမဲ့မှုများဖြင့် ပြည့်နှက်နေကြ၏။
မကြာသေးခင်က နယ်နိမိတ်မဲ့အင်ပါယာမြို့မှာ ပရမ်းပတာဖြစ်စေခဲ့တဲ့ အတွင်းခံသူခိုးက ငါတို့ရဲ့ဂျူနီယာညီငယ်လေး ဖြစ်လိမ့်မယ်လို့ တကယ်မထင်ထားခဲ့ဘူး!
ထိုအချိန်တွက် ယဲ့ချိုးပိုင်ကပြောသည်။
"ဂျူနီယာညီငယ်လေး...ငါ့ကိုပြော၊ မင်းဘယ်အချိန်ကစပြီး ဒါတွေကိုစိတ်၀င်စားလာရတာလဲ"
"တကယ်လို့ဒါကတကယ်အလုပ်မဖြစ်ရင်တောင် မင်းစီနီယာအစ်မကို မင်းကို ပေးခိုင်းလို့ရတယ်လေ"
ဟုန်ရင် "????"
အပိုင်း(552) coming။