#ကြယ်တာယာကောင်းကင်ရဲတိုက်#
Vol. 39 Ch. 552
ယဲ့ချိုးပိုင်၏စကားလုံးများကိုကြားသောအခါ လူတိုင်းဆွံအသွားကြ၏။
ဟုန်ရင်မှာ ပြန်လည်မွေးဖွားခြင်းလှံကို ကိုင်ရန် သူ့အားထိုးလုနီးပါးပင်။
သို့စေကာမူ ဂျူနီယာညီငယ်လေးတွေကလည်းဒီနေရာတွင်ရှိနေသဖြင့် အစ်ကိုကြီးအတွက် သူကမျက်နှာသာနည်းနည်းပေးရပေမည်။ မေ့လိုက်တော့!
အချိန်ကျရင် သူမက အစ်ကိုကြီးကိုသာ အပြစ်တင်ရမည်။
အစ်ကိုကြီးက အပြစ်များအတင်းခံရရန်အတွက် အသုံးခံပင်မဟုတ်ပေလော။
ကျောက်တုံးလေးကိုသင်ကြားပေးနေသည့် ယဲ့ချိုးပိုင်မှာ ရုတ်တရက်တကိုယ်လုံး တုန်ယင်သွားသလိုခံစားလိုက်ရသည်။
ဘယ်တစ်ယောက်က ငါ့ကိုထပ်ပြီး ပါးစပ်ပုတ်နဲ့ ပြောနေပြန်တာတုန်း!
ထိုအချိန်တွင် ကျောက်တုံးလေးက ဟုန်ရင်နောက်သို့ပြေးသွားပြီး သူမစကတ်ကိုဆွဲကာ ခေါင်းကို ဟုန်ရင်၏သေးသွယ်သည့် ပေါင်တံထဲတွင် မြှုပ်ထားလိုက်၏။
ဒါကိုမြင်သောအခါ ဟုန်ရင်ထပ်သည်းမခံနိုင်တော့ပေ။ သူမကျောက်တုံးလေး၏ ခေါင်းကိုပွတ်သပ်ရင်း တောင်းဆိုသည်။
"ကောင်းပါပြီ၊ အစ်ကိုကြီး၊ ထပ်မပြောပါနဲ့တော့၊ ကျောက်တုံးလေးက ငယ်ရွယ်ပြီး မခံစားတတ်သေးဘူးလေ"
ကျောက်တုံးလေးက အလျင်အမြန်ခေါင်းညိတ်သည်။
"ဟုတ်တယ်၊ ဟုတ်တယ်၊ ဒါကပျော်စရာကောင်းတယ်လို့ ကျွန်တော်ထင်တယ်"
စကားပြောပြီးနောက် သူ့၏မျက်နှာကို ဟုန်ရင်၏ပေါင်နှင့်ပွတ်သပ်ရင်း သူ့နှာခေါင်းအားကိုင်ကာ ထပ်မံမြှုပ်ထားပြန်သည်။
ယဲ့ချိုးပိုင်အကူအညီကင်းမဲ့နေသည်။
"ငယ်ငယ်ကတည်းက မင်းကအရမ်းဥပဒေမဲ့နေပြီ၊ မင်းကြီးလာတဲ့အခါကျရင် လူယောင်ဆောင်ထားတဲ့မိစ္ဆာတကောင်ဖြစ်လာမှာမလား"
ဘေးကမုဖူရှန်းကတီးတိုးပြောသည်။
"အစ်ကိုကြီးက ဆရာ့နှလုံးသားထဲက နတ်ဆိုးပဲလေ...."
ယဲ့ချိုးပိုင် "....မုဖူရှန်း၊ မင်းဘယ်ဘက်ကလဲ"
"ကောင်းပြီ၊ ကောင်းပြီ၊ ကျောက်တုံးလေးကိုအရင်ပြန်ပို့ကြရအောင်"
ထာ၀ရသက်တမ်းကမ္ဘာတွင် ယဲ့ချိုးပိုင်နှင့်ကျန်သောသူများက ကျောက်တုံးလေးကို စံအိမ်တော်သို့ ပြန်ခေါ်လာကြသည်။
တချိန်တည်းမှာပင် လုချန်ရှန်းက ဟင်းသီးဟင်းရွက်ဥယျာဉ်ကို ရေလောင်းနေသည်။
ထာ၀ရသက်တမ်းကမ္ဘာကိုတည်ထောင်စဉ်ကတည်းကပင် လုချန်ရှန်း၏ ဟင်းသီးဟင်းရွက်ဥယျာဉ်လေးက ကြီးသထက်ပိုမိုကြီးလာခဲ့သည်။
၎င်းကဟင်းသီးဟင်းရွက်ဥယျာဉ်အဖြစ်ကနေ လယ်ယာတခုအဖြစ်ပင် ပြောင်းလဲသွားလေပြီ။
ထို့ထဲတွင် ဝိဉာဉ်ချီက အလွန်အမင်းသိပ်သည်းနေပြီး လေထဲတွင် ပျံ့နေသည်။ အသက်တချက်မျှရှူခြင်းကပင် ကျင့်ကြံသူတစ်ယောက်ကို အဆင့်ချိုးဖျက်နိုင်စေသည့်အလားပင်။
ဝိဉာဉ်ချီများရှိသည်သာမက ဆန္ဒနယ်ပယ်အသီးသီးနှင့် ဥပဒေသစွမ်းအားလည်းရှိသည်။
ဒါကတာအိုတောင်တန်းထက်ပင် ကျော်လွန်နေလေပြီ။
ထိုအချိန်တွင် လုချန်ရှန်းလှည့်ကြည့်ကာပြောလိုက်လေသည်။
"ငြိမ်းချမ်းမှုမရှိပြန်တော့ဘူး"
သူတို့ပြန်လာသည့်အခါတိုင်း တခုခုဖြစ်ပျက်မည်သာ။ လုချန်ရှန်းဒါကိုကျင့်သားရနေပါပြီ။
"ပြောပါ၊ အခုဘာဖြစ်ခဲ့တာလဲ"
လုချန်ရှန်း၏စကားလုံးများကိုကြားသောအခါ ယဲ့ချိုးပိုင်နှင့်ကျန်သောသူများက သူဘာကိုဆိုလိုသလဲဆိုတာ နားလည်ကြသဖြင့် ကိုးရိုးကားယားရယ်မောရင်း ပြောသည်။
"ဆရာ၊ ဒီတကြိမ်ကျွန်တော်တို့ပြဿာနာမရှာခဲ့ပါဘူး၊ အဲဒါကျောက်တုံးလေးပါ"
ကျောက်တုံးလေးလား!
လုချန်ရှန်းလှည့်လာပြီး ဟုန်ရင်နောက်တွင် ပုန်းနေသည့်ကျောက်တုံးလေးကိုကြည့်လိုက်၏။
သူ့ကိုဘယ်လိုသတိကြီးကြီးထားရမလဲဆိုတာ သင်ပေးလိုက်လို့မရဘူးလား!
ဒါ့အပြင်သူက အစကတည်းက သူကထွက်သွားပြီး လေ့ကျင့်ရန်အတွက် ဆန္ဒပြုခဲ့ပြီး လုချန်ရှန်းသဘောတူခဲ့သည်။
ဘာတွေဖြစ်ပျက်သွားတာလဲ! ရက်နည်းနည်းလေးပဲရှိသေးတယ်၊ သူပြဿာနာရှာထားပြီလား!
လုချန်ရှန်း ကျောက်တုံးလေးကိုဆွဲကာ လေထဲတွင် မတင်ထားပြီးနောက်မေးသည်။
"မင်းဘာလုပ်ခဲ့တာလဲ"
ကျောက်တုံးလေးက ငိုတော့မည့်အလား အမူအရာတစ်ခုကိုလုပ်ပြပြီး အသံတိုးတိုးလေးဖြင့်ပြောသည်။
"အဲဒါက...အဲဒါက ကျွန်တော် မမလှလှလေးတချို့ရဲ့အ၀တ်တွေကိုယူခဲ့တာပါ..."
အ၀တ်တွေကို ယူခဲ့တာလား!
လုချန်ရှန်းကြက်သေသေသွားသည်။ ထို့နောက်သူ ယဲ့ချိုးပိုင်အားကြည့်ရင်း မေးလိုက်သည်။
"ဘာလို့ကျောက်တုံးလေးက တခြားတယောက်ရဲ့အ၀တ်တွေကိုယူရတာလဲ"
ယဲ့ချိုးပိုင်မျက်နှာအားဖုံးလိုက်၏။
"လွန်ခဲ့တဲ့ရက်အနည်းငယ်က နယ်နိမိတ်မဲ့အင်ပါယာမြို့က ဂုဏ်သရေရှိမိသားစုတွေဆီက အတွင်းခံတ၀က်ကျော်က ဒီကလေးခိုးတာကိုခံလိုက်ရတယ်"
"အဲဒီမမတွေရဲ့အ၀တ်တွေက အနံ့က အရမ်းမွှေးပြီးကောင်းတယ်လေ"
ထိုစကားကိုကြားသောအခါ လုချန်ရှန်း၏မျက်နှာက မည်းမှောင်သွား၏။
မျှော်လင့်မထားစွာပဲ ဒီကလေးက LSP ဖြစ်လာဖို့အတွက် တကယ်အလားအလာရှိနေတာလား!
မဟုတ်သေးဘူး!
ဒါကအပေးအယူကြီးတခုမဟုတ်လျှင်တောင်မှ သူ့ကိုမကြာသေးခင်ကမှ သင်ကြားခဲ့ပြီးသလို ယခုလို အလွန်ငယ်ရွယ်သည့်တိုင် သူက ဒီလိုအရာမျိုးကို လုပ်ခဲ့သေးသည်။
သူကြီးထွားလာပါက မည်သို့ဖြစ်လာတော့မည်နည်း။
လုချန်ရှန်း၏မျက်နှာက အိုးအောက်ခြေကဲ့သို့ပင် မည်းမှောင်နေပြီး ကျောက်တုံးလေးကိုစိုက်ကြည့်ရင်း ဘေးဘီဝဲယာကို ကြည့်လိုက်သည်။
"လျိုကျိယုဘယ်မှာလဲ"
"ငါသူ့ကို ကျောက်တုံးလေးနောက်ကနေ ကာကွယ်ပေးဖို့တင်မဟုတ်ဘဲ ပြဿာနာတွေမဖန်တီးမိအောင် သေချာစေဖို့ လိုက်ခိုင်းခဲ့တယ်"
"အဆုံးသတ်မှာတော့ တခြားသူတွေကို ဝေဖန်အပြစ်နိုင်အောင်အတွက် သူငါ့ကို ဒီလိုကူညီလိုက်တာပေါ့"
ဟုန်ရင်ကခေါင်းခါယမ်းသည်။
"အစကနေအဆုံးထိ ကျွန်မတို့စီနီယာလျိုကို မတွေ့ခဲ့ပါဘူး"
ကျောက်တုံးလေးကပြောသည်။
"ဦးလေးလျိုတခုခုပြောခဲ့ပုံပဲ၊ သူအပြင်သွားချင်ပြီး အေးအေးဆေးဆေးလှဲနေချင်တယ်ဆိုလားပဲ"
လုချန်ရှန်းနှာခေါင်းရှုံ့သည်။
"အေးအေးဆေးဆေးလှဲနေချင်တာလား"
ထို့နောက်သူမျက်လုံးများကိုမှိတ်လိုက်သည်။ သူ့နတ်အသိက တိုက်ရိုက်ထိုးထွက်လာပြီး ကောင်းကင်ပေါ်ထိုးတက်ကာ လေဟာနယ်အား တိုက်ရိုက်ထိုးဖောက်ရင်း နယ်နိမိတ်မဲ့နယ်မြေအား လွှမ်းခြုံပစ်သည်။
ယဲ့ချိုးပိုင်နှင့်ကျန်သောသူများက တစ်ဦးကိုတစ်ဦးကြည့်လိုက်ကြသည်။
ဆရာ့၏ဝိဉာဉ်စွမ်းအားက အတော်လေးအစွမ်းထက်သည်။
မုဖူရှန်းခါးသီးစွာပြုံးသည်။ သူဒါကိုအရင်ကတခါမှမကြားခဲ့ဖူးပေ။
လူတစ်ယောက်၏ ဝိဉာဉ်စွမ်းအားက အရမ်းအားကောင်းလွန်းသဖြင့် လေဟာနယ်ကိုပင်ဖြတ်သန်းကာ ယခုလိုဝေးကွာသည့်နေရာတခုပင် ရှာဖွေနိုင်သည်။
လူရိုင်းနယ်မြေနှင့် နယ်နိမိတ်မဲ့နယ်မြေအကြားက အကွာအဝေးက သိပင်မသိနိုင်လောက်အောင် ဝေးကွာသည်။
များမကြာခင်မှာပင် လုချန်ရှန်းနှာခေါင်းရှုံ့သည်။
"ဟမ့်၊ မင်းပုန်းချင်သေးတာလား"
ထို့နောက်သူချက်ချင်းပျောက်ကွယ်သွားပြီး စံအိမ်တော်သို့ တစ်မိနစ် နှစ်မိနစ်အတွင်း ပြန်ရောက်လာသည်။ တချိန်တည်းမှာပင် လူတစ်ယောက်အား ကော်လံကနေ ဖမ်းကိုင်လာသည်။
ထိုလူကလက်နှစ်ဖက်ခွက်ကိုကိုင်ထားပြီး သူ့မျက်နှာက ရှုပ်ထွေးမှုများဖြင့်ပြည့်နှက်နေကာ သူ့မျက်လုံးများက တွေဝေနေပြီး ပြောနေသည်။
ငါဘယ်သူလဲ! အခုငါဘယ်မှာလဲ! ဘာတွေဖြစ်ပျက်ခဲ့တာလဲ!
ထိုလူက လျိုကျိယုပေတည်း။
လျိုကျိယုဘေးကနေ နှာခေါင်းရှုံ့သံကိုကြားသောအခါ လှည့်ကြည့်လိုက်စဉ် သူ့မျက်နှာက ချက်ချင်း သွေးဆုတ်ဖြူလျော်သွား၏။
"လျိုကျိယု၊ လာပါဦး၊ နှလုံးသားချင်း ဖလှယ်ကြရအောင်"
နှလုံးသားချင်းဖလှယ်ရမယ်!
လျိုကျိယုအားတင်းပြုံးလိုက်သည်။
"ကောင်းပြီ.....ကောင်းပြီ...."
လုချန်ရှန်းခေါင်းညိတ်ကာ သူ့နှလုံးရှိရာသို့ ညွှန်ပြလိုက်သည်။ လျိုကျိယု၏အမူအရာက ပြောင်းလဲသွားပြီး သူလွင့်စင်သွားရသည်။
ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ၏ မျက်နှာများက ချွေးအေးများဖြင့် ဖုံးနေသည်။ သူတို့ကဘေးတွင်ရပ်နေကြပြီး အသံကျယ်ကျယ်ပင် အသက်မရှုရဲကြပေ။
သူတို့ဆရာပြောဆိုသည့် နှလုံးသားချင်းဆိုတာက အမှန်တကယ်နှလုံးသားချင်းဖြစ်နေသည်။
ထို့နောက်လုချန်ရှန်းလက်နှစ်ဖက်ကိုသပ်ရင်း ကျောက်တုံးလေးအားစိုက်ကြည့်သည်။
"နံရံကိုမျက်နှာမူပြီး ကိုယ့်ကိုကိုယ်သွားသုံးသပ်လိုက်၊ မင်းစိတ်ထဲမှာ ငါမင်းကို သင်ကြားပေးထားတဲ့ မာတိကာတွေကို အကြိမ်တသောင်းသတိရအောင်လုပ်"
ထို့နောက် သူကယဲ့ချိုးပိုင်နှင့်ကျန်သောသူများအားကြည့်ကာ သစ်သားခုံပေါ်တွင် ထိုင်ရင်းမေးသည်။
"ရှီရှန်းဘယ်မှာလဲ၊ သူကမင်းတို့နဲ့ အလယ်အလတ်အဆင့်ကြယ်နယ်မြေကို မသွားခဲ့တာလား"
ထိုစကားကိုကြားသောအခါ ယဲ့ချိုးပိုင်ခေါင်းခါယမ်းသည်။
"ကျွန်တော်တို့လည်းမသိဘူး၊ ဂျူနီယာညီလေးရှီက ကျွန်တော်တို့နဲ့မတွေ့ခဲ့သလို သူ့တည်နေရာကိုလည်း ကျွန်တော်တို့ရှာလို့်မရဘူး"
"ဒီတော့ ဆရာကပဲ ဂျူနီယာညီလေးရှီ အန္တရာယ်ရှိနေလား၊ မရှိဘူးလားဆိုတာ ကြည့်ပေးပါဦး"
လုချန်ရှန်းခေါင်းခါယမ်းသည်။
"အန္တရာယ်တော့ရှိမှာမဟုတ်ဘူး၊ သူ့အသက်သာအန္တရာယ်ရှိလာရင် ငါအရင်ဆုံးသိမှာပေါ့"
သို့စေကာမူ ဘေးကင်းစေရန်အတွက် လုချန်ရှန်းကျောက်စိမ်းဆွဲသီးတခုကို ထုတ်ယူလိုက်၏။
ဒီကျောက်စိမ်းဆွဲသီးထဲတွင် သူ့တပည့်များ၏ ဝိဉာဉ်စွမ်းအားတမျှင်စီပါ၀င်သည်။
ဒါကိုကြည့်နေသရွေ့ သူ့တပည့်များ၏ တည်နေရာကို သူအာရုံခံနိုင်ပါသည်။
လုချန်ရှန်းဝိဉာဉ်စွမ်းအားကို ထုတ်လွှတ်လိုက်စဉ် ရှီရှန်းဖြတ်လျှောက်သွားသည့်နေရာအား ခံစားလိုက်ရသည်။
ထို့နောက် လုချန်ရှန်းသူ့အသိတမျှင်ကို ကြယ်တာယာကောင်းကင်ဆီသို့ပို့လိုက်ပြန်သည်။
ပတ်ပတ်လည်၌ မရေမတွက်နိုင်လောက်သည့်ကြယ်များရှိပြီး ကြယ်စွမ်းအားက အလွန်အမင်းသိပ်သည်းနေသည်။
တချိန်တည်းမှာပင် ကြယ်များစွာ၏အလယ်ဗဟိုတွင် မှိန်ဖျော့စွာ မသိမသာရှိနေသည့် ကြယ်ရဲတိုက်တခုရှိသည်။
ဒါဘယ်နေရာလဲ!
လုချန်ရှန်းမျက်မှောင်ကြုတ်လိုက်မိသည်။
ရှီရှန်းကလက်ရှိတွင် ထိုကြယ်တာယာရဲတိုက်တွင်ရှိနေတာကိုသူခံစားနိုင်သော်လည်း လုချန်ရှန်းတွင် ဝိဉာဉ်စွမ်းအားအမျှင်စတခုသာရှိသည်။
ဒါက ကိုယ်ပွားတခု၏ စိတ်အသိမဟုတ်ပေ။
အလယ်အလတ်အဆင့်ကြယ်နယ်မြေနှင့် လူရိုင်းနယ်မြေအကြား ကြယ်နယ်မြေအတားအဆီးတခုရှိသဖြင့် ကြယ်ရဲတိုက်၏ ဖိနှိပ်မှုအောက်တွင် လုချန်ရှန်း၏ဝိဉာဉ်က မ၀င်ရောက်နိုင်ခြင်းဖြစ်သည်။
သူမျက်လုံးများကိုဖွင့်လိုက်၏။
"သူ့အသက်ကပြဿာနာတော့မရှိဘူး၊ ကြည့်ရတာ သူလျှို့ဝှက်နယ်မြေတခုထဲကို မတော်တဆ၀င်ရောက်သွားပုံပဲ"
"ဒါကအလယ်အလတ်အဆင့်ကြယ်နယ်မြေအရှေ့ပိုင်းက ကြယ်တာယာကောင်းကင်တခုထဲမှာဖြစ်ရမယ်"
"ဒါပေမယ့် ရှီရှန်းအသက်ဓာတ်က တည်ငြိမ်နေတယ်ဆိုရင်တောင် သူ့ဝိဉာဉ်က မတည်ငြိမ်တဲ့အခြေအနေတခုမှာရှိတယ်၊ သွားရှာကြည့်လိုက်ကြ....."
အပိုင်း(553) coming။