← Chapters

#ကြယ်တာယာကောင်းကင်ဗိမာန်#

Vol. 39 Ch. 553

#ကြယ်တာယာကောင်းကင်ဗိမာန်#

Vol. 39 Ch. 553

အလယ်အလတ်အဆင့်ကြယ်နယ်မြေအရှေ့ပိုင်းဒေသ!

ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းတည်ရှိသည့် နဂါးဖိနှိပ်နယ်မြေက ဒီနေရာတွင်ဖြစ်သည်။

ယဲ့ချိုးပိုင်၊ မုဖူရှန်း၊ ရှောင်ဟိုင်နှင့် ကျန်သောသူများကရောက်လာကြသည်။

တခြားတဘက်တွင် မုဇီရှင်းက မိစ္ဆာနယ်မြေတွင် သွေးကြောစွမ်းအားကို အသုံးပြုပြီးနောက် အသိတရားတခုရရှိသွားသဖြင့် ကျင့်ကြံရန်အတွက် ရှေးဟောင်းမုမိသားစုတွင် နေကျန်ခဲ့သည်။

ကောင်းကင်ဘုံဓားတောင်ထိပ်သို့ရောက်ပြီးနောက် ဂိုဏ်းချုပ်ဟောင်ကျန်းဟန်နှင့် ချူကွေဒေါင်တို့က သူတို့သုံးယောက်ကို ကိုယ်တိုင်ကိုယ်ကျ ကြိုဆိုရန်အတွက် ရောက်လာကြသည်။

ဟောင်ကျန်းဟန်က ယဲ့ချိုးပိုင်အားကြည့်ရင်းပြုံးသည်။

"မင်းကိစ္စတွေကို ဒီလောက်မြန်မြန် ဖြေရှင်းပြသွားပြီလား"

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။

"ကျွန်တော်နေရာတခုအကြောင်းမေးချင်လို့ ဒီကိုလာခဲ့တာပါ"

"အလယ်အလတ်အဆင့်ကြယ်နယ်မြေရဲ့ အရှေ့ဘက်မှာ ကြယ်တာယာကောင်းကင်နဲ့တူတဲ့ လျှို့ဝှက်နယ်မြေ ဒါမှမဟုတ် တားမြစ်နေရာတခုခုများရှိလား"

ထိုစကားကိုကြားသောအခါ ချူကွေဒေါင်နှင့် ဟောင်ကျန်းဟန်တို့ကတစ်ဦးကိုတစ်ဦးကြည့်လိုက်မိကြ၏။

သူတို့နှစ်ယောက်က တခဏမျှစဉ်းစားနေပြီးနောက် ချူကွေဒေါင်မျက်မှောင်ကြုတ်လိုက်၏။

"အဲဒီနေရာများဖြစ်နိုင်မလား"

ဟောင်ကျန်းဟန်ခေါင်းညိတ်သည်။

"ဖြစ်နိုင်တယ်၊ အလယ်အလတ်အဆင့်ကြယ်နယ်မြေရဲ့အရှေ့ဘက်မှာ ကြယ်တာယာကောင်းကင်ဒေသမှာပဲ ဒီနေရာရှိတာ၊ ဒါ့အပြင် ကြယ်တာယာကောင်းကင်ဒေသမှာ ဒါကအမွေအနှစ်မြေတခုပဲ"

ကြယ်တာယာကောင်းကင်ဒေသ!

သူတို့ကသူ့သံသယများကိုမြင်ပုံရပြီး ချူကွေဒေါင်ရှင်းပြသည်။

"ရှေးခေတ်ကတည်းက ကြယ်တာယာကောင်းကင်ဒေသက ကျင့်ကြံသူအရေအတွက်နည်းနည်းလေးက ကြယ်စွမ်းအားကိုကျင့်ကြံနိုင်ကြတယ်လေ၊ ဒါကြောင့် အဲဒါကို ကြယ်တာယာကောင်းကင်ဒေသလို့ခေါ်ခဲ့တယ်"

"အခုတော့ အကြောင်းရင်းတချို့ကြောင့် ကြယ်စွမ်းအားကျင့်ကြံခြင်းနည်းလမ်းက ပျောက်ဆုံးသွားခဲ့ရတယ်၊ ကြယ်တာယာကောင်းကင်ဒေသရဲ့ အရှင်သခင်ဖြစ်တဲ့ ကြယ်တာာယာကောင်းကင်ဗိမာန်ကတောင် ကြယ်စွမ်းအားကို မကျင့်ကြံရသေးဘူး"

"အများဆုံးပြောရရင် ဒါကမင်းရဲ့ကြွယ်ကြွေဓားနည်းစနစ်နဲ့တူတယ်၊ တိုက်ချက်တွေက ကြယ်တွေရဲ့အော်ရာကို သယ်ဆောင်လာတယ်"

ဟောင်ကျန်းဟန်ခေါင်းညိတ်သည်။

"မင်းပြောစကားအရဆိုရင် အဲဒီနေရာက ကြယ်တာယာကောင်းကင်ဒေသရဲ့ လျှို့ဝှက်နယ်မြေဖြစ်ရမယ်"

ယဲ့ချိုးပိုင်လက်သီးနှစ်ဖက်ဆုပ်ကာ ကျေးဇူးတင်လိုက်သည်။

"စီနီယာတို့၊ ကျွန်တော်တို့အရင်သွားပါတော့မယ်"

"ဟေး၊ ခနလေး"

ဟောင်ကျန်းဟန်သူ့ကိုတားသည်။

"ဘာကိုအလျင်လိုနေတာလဲ၊ မင်းအခုသွားရင်တောင်အသုံးမ၀င်ဘူး၊ မင်းကြယ်တာယာကောင်းကင်ဒေသကို ဘယ်လို၀င်ရမယ်ဆိုတဲ့အကြောင်းကိုမပြောနဲ့၊ အခုက ဖွင့်လှစ်တဲ့အချိန်မကျရောက်သေးဘူး"

"လျှို့ဝှက်နယ်မြေကို တလအတွင်းဖွင့်လိမ့်မယ်၊ တချိန်တည်းမှာပင် ကြယ်တာယာကောင်းကင်ဒေသကို၀င်ဖို့အတွက် မင်းနေရာတနေရာရှာလို့လိုတယ်၊ နေရာတွေအားလုံးက ကြယ်တာယာကောင်းကင်ဗိမာန်လက်ထဲမှာရှိတယ်"

ဒါက သူသာကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေသို့၀င်လိုပါက ကြယ်တာာာကောင်းကင်ဗိမာန်တွင် ပါ၀င်ရန်လိုအပ်သည်ဟု ပြောတာနှင့်ညီမျှသည်။

ကြယ်တာယာကောင်းကင်ဗိမာန်အကြောင်း ယဲ့ချိုးပိုင်တခဏမျှတွေးရင်းမေးလိုက်၏။

ဟောင်ကျန်းဟန်ထိုစကားကိုကြားသောအခါ သူ့အမူအရာကအေးခဲသွားပြီး သတိအပြည့်ဖြင့်ပြောသည်။

"ကြည့်ရပုံအရတော့ အဲဒါက ငါတို့ရဲ့ ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းနဲ့တူတယ်"

ထိုစကားကိုကြားသောအခါ ယဲ့ချိုးပိုင်ပြုံးလိုက်သည်။

"ဒီလိုဆိုရင် ကောင်းကင်ဘုံဓားတာင်ထိပ်မှာလည်း လျှို့ဝှက်နယ်မြေတချို့ ဒါမှမဟုတ် ကျင့်ကြံခြင်းမြင့်မြတ်မြေတွေရှိသင့်တယ်မလား"

ဟောင်ကျန်းဟန်၏အမူအရာက ပို၍ပို၍ပင်လေးနက်လာသည်။

"မင်းဘာပြောချင်တာလဲ"

"စီနီယာ၊ စီနီယာ ကျွန်တော့်ကိုအရင်က ကောင်းကင်ဘုံဓားတောင်ထိပ်ရဲ့သူတော်စင်သားတော်အဖြစ် ခန့်အပ်ခဲ့တယ်မလား၊ ဒီလိုဆိုရင် စီနီယာသွားပြီး ကြယ်တာယာကောင်းကင်ဗိမာန်ကလူတွေနဲ့ ဆွေးနွေးပြီးတော့ လျှို့ဝှက်နယ်မြေချင်း ဖလှယ်ချင်တယ်လို့ပြောလို့ရတယ်လေ၊ ကျွန်တော်တို့သုံးယောက်ကို သူတို့ရဲ့လျှို့ဝှက်နယ်မြေကိုသွားခိုင်းပြီး သူတို့ဆီကသုံးယောက်ကို အပြန်အလှန်အနေနဲ့ ဒီကိုလာခွင့်ပေးလိုက်ရင် အဆင်ပြေပြီပဲလေ"

ဟောင်ကျန်းဟန်၏ပါးစပ်ထောင့်စွန်းက တုန်ယင်နေသည်။

"မင်းတကယ်ဒါကိုတွေးရဲတယ်နော်..... မင်းကြယ်တာယာလျှို့ဝှက်နယ်မြေကို ၀င်နိုင်ရင်တောင် ကြယ်စွမ်းအားနဲ့ အရမ်းနီးစပ်တဲ့အဆင့်တခုရှိတဲ့သူတွေကပဲ အသုံး၀င်လိမ့်မယ်"

"ငါတို့ရဲ့ကောင်းကင်ဘုံဓားတောင်ထိပ်လျှို့ဝှက်နယ်မြေမှာတော့ ဓားသမားတစ်ယောက်ဖြစ်နေသရွေ့ ဓားတာအိုအပေါ် သူတို့ရဲ့နားလည်နိုင်စွမ်းက အကြီးအမား တိုးတက်လာလိမ့်မယ်၊ ဒီနှစ်ခုက လုံး၀မကိုက်ညီဘူး"

"တကယ်လို့စီနီယာသဘောမတူဘူးဆိုရင် ကျွန်တော်သွားလိုက်ပါမယ်"

ထို့နောက်ယဲ့ချိုးပိုင် တဘက်လှည့်ကာ မုဖူရှန်းနှင့်ရှောင်ဟိုင်တို့ကို ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းကနေ ဦးဆောင်သွားသည်။

တဘက်လှည့်လာစဉ် မုဖူရှန်းရယ်ချင်စိတ်ကို အတင်းချုပ်တည်းထားရသည်။ သူကတီးတိုးလေးပြောသည်။

"အစ်ကိုကြီးကအရမ်းဆိုးတာပဲ"

ရှောင်ဟိုင်၏နှုတ်ခမ်းအစုံက တွန့်ကွေးသွား၏။

"ဒါကအသေးအဖွဲ့လေးပါပဲ၊ ငါဒါနဲ့ကျင့်သားရနေပြီ"

မျှော်လင့်ထားသည့်အတိုင်းပင် ဟောင်ကျန်းဟန်အံကြိတ်လိုက်သည်။

"ကောင်းပြီ၊ ငါမင်းကိုကတိပေးတယ်၊ ဟုတ်ပြီလား"

ထိုစကားကိုကြားသောအခါ ယဲ့ချိုးပိုင်၏ခြေလှမ်းများက တုံ့ခနဲရပ်သွားပြီး တဘက်လှည့်လာကာ အပြုံးဖြင့် လက်သီးနှစ်ဖက်ဆုပ်လိုက်၏။

"ကျေးဇူးပါစီနီယာ"

ဟောင်ကျန်းဟန်မျက်မှောင်ကြုတ်လိုက်သည်။

မျက်နှာလား!

ဘာမျက်နှာလဲ!

ယဲ့ချိုးပိုင်ရဲ့ကိုယ်ခန္ဓာနဲ့ပါရမီကြောင့်သာမဟုတ်ရင် ငါ့လိုကောင်းကင်ဘုံဓားတောင်ထိပ်သခင်က ဘယ်လိုလုပ် ထိန်းချုပ်ခံရမှာလဲ!

တခဏမျှအနားယူပြီးနောက် ဟောင်ကျန်းဟန်က ယဲ့ချိုးပိုင်တို့သုံးယောက်ကို ကြယ်တာယာကောင်းကင်ဒေသသို့ ခေါ်လာခဲ့သည်။

ကြယ်တာယာကောင်းကင်ဒေသတွင် ကြယ်တာယာကောင်းကင်ဗိမာန်က ရှေးဟောင်းသမိုင်းတစ်ခုရှိသည့် တည်ရှိမှုတခုလည်းဖြစ်သည်။

ရှေးခေတ်တုန်းက ကြယ်တာယာကောင်းကင်ဗိမာန်တွင် ကြယ်စွမ်းအားကိုကျင့်ကြံနိုင်သည့် လူအနည်းငယ်ရှိခဲ့သည်။

ထို့နောက်ဒီလူအနည်းငယ်ကပင် အလယ်အလတ်အဆင့်ကြယ်နယ်မြေတခုလုံးတွင် အထွတ်အထိပ်၌ရပ်တည်ခဲ့သည်။

ထိုအချိန်က ကြယ်တာယာကောင်းကင်ဗိမာန်က အလယ်အလတ်အဆင့်ကြယ်နယ်မြေက ထိပ်တန်းဂိုဏ်းများနှင့် ယှဉ်နိုင်သည့်တည်ရှိမှုတခုဟု ဆို၍ရသည်။

ဥပမာအားဖြင့် မြင့်မြတ်အဆောင်ဂိုဏ်းပင်။

သို့စေကာမူ အမျိုးအမည်မသိကပ်ဘေးတခုကြောင့် ကြယ်တာယာကောင်းကင်ဗိမာန်မှတပည့်များက ကြယ်စွမ်းအားကို မကျင့်ကြံနိုင်ကြတော့ပါ။

ရလဒ်အဖြစ် ကြယ်တာယာကောင်းကင်ဗိမာန်၏ခမ်းနားကြီးကျယ်သည့်ခေတ်နှင့် ကြယ်တာယာကောင်းကင်ဒေသက အတိတ်ကအရာတခုဖြစ်လာရသည်။

ကြယ်တာယာကောင်းကင်ဒေသ၏ ကောင်းကင်ယံ၌ ထူးဆန်းစွာပင် တိမ်များရှိမနေဘဲ နေ့ဘက်တွင် ကောင်းကင်က ကြည်လင်နေပြီး ညဘက်တွင်ပင် တိမ်မည်းများမရှိပေ။ ကောင်းကင်ထက်တွင် ကြယ်များသာရှိသည်။

ကြယ်တာယာကောင်းကင်ဗိမာန်က ကြယ်တာယာကောင်းကင်ဒေသ၏အလယ်ဗဟိုရှိ ကြယ်များအကြားတွင်တည်ရှိသည်။

ဧရာမမြို့တစ်မြို့ကို ကြယ်များအကြား ဝှက်ထားသည်။

ထိုအချိန်တွင် ဟောင်ကျန်းဟန်တို့က ဘာတခုမှမဆိုဘဲ မြို့အပြင်ဘက်သို့ရောက်လာသည်။

ထိုစဉ်မြို့ထဲကနေ အဖိုးအိုတစ်ဦး၏အသံထွက်လာသည်။

"မင်းရောက်လာပြီဆိုမှတော့ အထဲ၀င်ပြီး စကားပြောကြရအောင်"

ကြယ်တာယာကောင်းကင်ဒေသတခုလုံးထဲတွင် ကြယ်များအောက်တွင်ရှိနေသရွေ့ ဒါက ကြယ်တာယာကောင်းကင်ဗိမာန်၏ မျက်လုံးနှင့်နားများအောက်တွင်ရှိသည်။

ကြယ်တာယာကောင်းကင်‌ဒေသတွင် ကြယ်တာယာကောင်းကင်ဗိမာန်က အကြွင်းမဲ့အရှင်သခင်ဟုဆို၍ရသည်။

ဟောင်ကျန်းဟန်က ဟင်းလင်းပြင်အား လက်နှစ်ဖက်ဆုပ်ပြရင်း ယဲ့ချိုးပိုင်တို့ကို မြို့ထဲသို့ခေါ်သွားသည်။

မြို့၏အမြင့်ဆုံးနေရာတွင် ခြံ၀င်းတခုရှိသည်။ ဒီခြံ၀င်းက ကြယ်တာယာကောင်းကင်နှင့် အနီးဆုံးလည်းဖြစ်သည်။

အဝေးကနေကြည့်မည်ဆိုပါက ဒါက ကြယ်တာယာကောင်းကင်နှင့်ဆက်စပ်နေပုံရသည်။

ခြံ၀င်းထဲတွင် အဖိုးအိုတစ်ဦးက ခြေချင်းချိတ်ထိုင်နေသည်။

"ဘယ်အရာကများ ကောင်းကင်ဘုံတောင်ထိပ်ဂိုဏ်းချုပ်ကို ကြယ်တာယာကောင်းကင်ဗိမာန်ကို ကိုယ်တိုင်ကိုယ်ကျ လာစေရတာလဲ"

ဟောင်ကျန်းဟန်ကပြုံးရင်း တိုက်ရိုက်ပင်ပြောသည်။

"ကောင်းကင်ဘုံဓားတောင်ထိပ်ကိုယ်စား မင်းရဲ့နတ်ခန်းမရဲ့ ငါပူးပေါင်းဆောင်ရွက်မှုတခုခုကို ဆွေးနွေးချင်လို့ပါ"

ဒီအဆင့်နှင့်စွမ်းအားရှိသည့်ကျင့်ကြံသူများအကြား သူတို့ကယဉ်ကျေးနေမှာမဟုတ်သလို လှည့်ပတ်၍လည်းပြောနေမည်မဟုတ်ပေ။

ကိစ္စရပ်များကိုဆွေးနွေးသောအခါ သူတို့ကတည့်တည့်သာပြောကြသည်။ မည်သို့ပင် ဆိုစေကာမူ အချိန်ကအဖိုးတန်ပါသည်။

အဖိုးအိုကအနည်းငယ်အံ့ဩသင့်သွား၏။

"ကြယ်တာယာကောင်းကင်ဗိမာန်က ကောင်းကင်ဘုံဓားတောင်ထိပ်နဲ့ ဘယ်တုန်းကမှမပတ်သက်ခဲ့ဖူးဘူး၊ ငါတို့ ပူးပေါင်းဆောင်ရွက်မှုအကြောင်းကို ဘယ်လိုပြောနိုင်မှာလဲ"

ဟောင်ကျန်းဟန်ပြုံးသည်။

"ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေက ပွင့်တော့မယ်၊ ငါ့ရဲ့ဒီဂျူနီယာလေးသုံးယောက်က မင်းတို့နတ်ခန်းမရဲ့ လျှို့ဝှက်နယ်မြေကို နည်းနည်းစိတ်၀င်စားနေကြတော့ ငါသူတို့ကို၀င်ပြီး စူးစမ်းလေ့လာစေချင်တယ်"

"သေချာတာပေါ့၊ အပြန်အလှန်အနေနဲ့ မင်းကလည်း မင်းရဲ့နတ်ခန်းမက တပည့်သုံးယောက်ကို ငါ့ရဲ့ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းက လျှို့ဝှက်နယ်မြေထဲမှာ ကျင့်ကြံခွင့်ပေးလို့ရပါတယ်"

ထိုစကားကိုကြားသောအခါ အဖိုးအိုက အံ့ဩသင့်သွားပြီးနောက် ဝေခွဲမရဖြစ်သွားသည်။

"ဂိုဏ်းချုပ်ဟောင်၊ ငါ့ရဲ့ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေကို မင်းလည်းသိမှာပါ၊ ကြယ်စွမ်းအားနဲ့ပတ်သက်မှုမရှိတဲ့ ကျင့်ကြံသူတွေအတွက် ဒါကအသုံးမ၀င်ဘူး"

ဟောင်ကျန်းဟန်ခေါင်းခါယမ်းသည်။

"ဒီအကြောင်းကိုစိုးရိမ်နေစရာမလိုပါဘူး၊ ငါ့ရဲ့ဒီဂျူနီယာလေးသုံးယောက်က စိတ်၀င်စားရုံပါပဲ၊ သူတို့က ကြယ်တာယာကောင်းကင်ဗိမာန်ကို ထိခိုက်စေမယ့်အရာမျိုး ဘာမှလုပ်မှာမဟုတ်ပါဘူး"

အဖိုးအိုကတခဏမျှတွေးတောလိုက်ပြီးနောက် ခေါင်းညိတ်သည်။

"ကောင်းပြီလေ၊ ငါဒါကိုအသုံးချရမှာပေါ့"

မည်သို့ပင်ဆိုစေကာမူ ကြယ်တာယာကောင်းကင်ဗိမာန်တွင် ဓားသမားတချို့ရှိသည်။

ဟောင်ကျန်းဟန်နောက်ကလူသုံးယောက်တွင် အလယ်က ကြယ်အော်ရာအနည်းငယ်ရှိသည့်ဓားသမားကလွဲပြီး ကျန်သောနှစ်ယောက်က ဘာမှမပိုင်ဆိုင်ထားလေရာ သူတို့အတွက် အထဲ၀င်တာကအသုံးမ၀င်ပေ။

ထို့ကြောင့် ကြယ်တာယာကောင်းကင်ဗိမာန်က အသာစီးတချို့ရနိုင်သည်ဟုဆို၍ရသည်။

တချိန်တည်းမှာပင် သူတို့က ကောင်းကင်ဘုံဓားတောင်ထိပ်ကဲ့သို့ အစွမ်းထက်ဓားကျင့်ကြံခြင်းဂိုဏ်းတစ်ဂိုဏ်းနှင့် ကောင်းမွန်သည့်ဆက်ဆံရေး‌တွေရှိလာနိုင်သည်။

ဘာလို့ခွင့်မပြုနိုင်ရမှာလဲ!

အပိုင်း(554) coming။

All Chapters