#မောက်မာခြင်း၊ သံသယ#
Vol. 39 Ch. 554
ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေဖွင့်ရန်အတွက် ၂၈ရက်လိုသေးသည်။
ဟောင်းကျန်ဟန်က ထိုအချိန်က အဖိုးအိုတဖြစ်လဲ ကြယ်တာယာကောင်းကင်ဗိမာန်၏ ခန်းမသခင်ဖြစ်သည့် ဟွန်အိုနှင့်အတူရှိနေခဲ့သည်။
ဖလှယ်ရေးကိစ္စတချို့ကိုဆွေးနွေးပြီးနောက် သူကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းသို့ပြန်သွားခဲ့သည်။
သူက ဒီနေရာတွင် ယဲ့ချိုးပိုင်နှင့်ကျန်နှစ်ယောက်၏ လုံခြုံရေးကိုစိုးရိမ်နေစရာမလိုပေ။
မည်သို့ပင်ဆိုစေကာမူ ကြယ်တာယာကောင်းကင်ဗိမာန်၏ခွန်အားက ကောင်းကင်ဘုံဓားတောထိပ်ဂိုဏ်းနှင့်တူသည်။
ဒါ့အပြင် ဟွန်အို ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းနှင့် ဆက်ဆံရေးကောင်းများရှိချင်ပြီး ကောင်းကင်ဘုံဓားလျှို့ဝှက်နယ်မြေသို့ ၀င်ရန်အတွက် အခွင့်အရေးတခုရချင်သည်။
ထို့ကြောင့် သူ့ဘ၀နှင့်သက်ဆိုင်လာသည့် အဓိကအရာတခုခုဖြစ်ပျက်ခဲ့မည်ဆိုပါက ဟွန်အို ဒါကိုလျစ်လျုမရှုနိုင်သလို ပြဿာနာကိုလည်း ကိုယ်တိုင်ကိုယ်ကျဖြေရှင်းမည်သာ။
ကြယ်တာယာကောင်းကင်မြို့တခုလုံးက ကြယ်တာယာကောင်းကင်ဗိမာန်နှင့်သက်ဆိုင်သည်။
အပြင်ပကနေ အတွင်းထိ သူတို့ပို၀င်လေလေ၊ တပည့်သားများ၏ အဆင့်အတန်းက ပိုမြင့်မားလေလေဖြစ်သည်။
အတွင်းဂိုဏ်းကမူ အကြီးအကဲများနေထိုင်ရာနေရာဖြစ်ပြီး ဒုတိယအတွင်းဂိုဏ်းက ကိုယ်ပိုင်တပည့်များနေထိုင်ရာဖြစ်သည်။
ယဲ့ချိုးပိုင်နှင့်ကျန်သောနှစ်ယောက်ကို ဒုတိယအတွင်းဂိုဏ်းခြံ၀င်းထဲတွင် နေထိုင်ရန်အတွက် စီစဉ်ပေးခဲ့သည်။
တချိန်တည်းမှာပင် အကြောင်းရင်းတချို့ကြောင့် ယဲ့ချိုးပိုင်နှင့် ကျန်သောနှစ်ယောက် ကြယ်တာယာကောင်းလျှို့ဝှက်နယ်မြေသို့၀င်တော့မည့်သတင်းက ကြယ်တာာာကောင်းကင်ဒေသတခုလုံးအတွင်း ပျံ့သွားသည်။
ကြယ်တာယာကောင်းကင်ဗီမာန်ကတပည့်သားများက အခြေခံအားဖြင့် အတော်လေးမောက်မာကြသူများပင်။
ရှေးခေတ်တုန်းက သူတို့က အလယ်အလတ်အဆင့်ကြယ်နယ်မြေတခုလုံးတွင် ထိပ်တန်းတည်ရှိမှုများဖြစ်ကြသလို တချိန်တည်းမှာပင် တခါက ကြယ်စွမ်းအားကို ပိုင်ဆိုင်ဖူးသည့် ဂိုဏ်းတစ်ဂိုဏ်းလည်းဖြစ်သည်။
ဒါက ကြယ်တာယာဗိမာန်ကတပည့်များကို အပြင်ပလူများထံ အတော်လေးမောက်မာပြီး မာနကြီးသွားစေသည်။
ထို့ကြောင့် ယဲ့ချိုးပိုင်နှင့်တခြားအပြင်လူနှစ်ယောက်က ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေသို့ သူတို့နှင့်အတူ ၀င်ချင်တယ်ဆိုတာကိုကြားရသောအခါ အဆုံးမဲ့သံသယများနှင့် မကျေမနပ်မှုများက ပေါက်ကွဲသွားကြ၏။
တတိယအတွင်းဂိုဏ်းနေရာက အတွင်းဂိုဏ်းတပည့်များနေထိုင်ရာဖြစ်သည်။
"ယဲ့ချိုးပိုင်နဲ့တခြားနှစ်ယောက်က ဘယ်သူတွေလဲ၊ ခန်းမသခင်က တကယ်ပဲသူတို့ကို ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေကို ၀င်ဖို့အတွက် တကယ်သဘောတူလိုက်တာလား"
"သူက နဂါးထိနှိပ်ဒေသက ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းရဲ့တပည့်တယောက်လို့ကြားတယ်"
"ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်း၊ ငါလည်းကြားဖူးပါတယ်၊ သူတို့ရဲ့လက်ရှိခွန်အားက ငါတို့ကြယ်တာယာကောင်းကင်ဗိမာန်နဲ့သိပ်မကွာခြားဘူးဆိုပေမယ့် အခြေခံအုတ်မြစ်အရဆိုရင် သူတို့က ငါတို့ရဲ့ကြယ်တာယာကောင်းကင်ဗိမာန်ကို မယှဉ်နိုင်ဘူးလေ၊ ဟုတ်တယ်မလား"
ထိုအချိန်တွင် ထိုအတွင်းဂိုဏ်းတပည့်များက မျက်လုံးပိတ်ထားသည့်လူအား ကြည့်လိုက်ကြ၏။
"စီနီယာအစ်ကိုဇောင်၊ ဘယ်လိုထင်လဲ"
ဇောင်ယန်ပြုံးရင်း လက်ထဲက ငှက်မွှေးယပ်တောင်နှင့်ဆော့ကစားလိုက်သည်။
"ငါဘယ်လိုထင်လဲတဲ့လား၊ ခန်းမသခင်က ဆုံးဖြတ်ချက်ချပြီးပြီဆိုမှတော့ ငါတို့တပည့်တွေကဘာပြောလို့ရသေးလို့လဲ"
အတွင်းဂိုဏ်းတပည့်များက မျက်မှောင်ကြုတ်လိုက်ကြသည်။
"ဒါပေမယ့် အပြင်ပလူတွေကို ကျွန်တော်တို့ ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေကို ၀င်ခွင့်မပြုနိုင်ဘူး၊ ဒါတွေက ထိုက်တန်လို့လား"
ထိုစကားကိုကြားသောအခါ ဇောင်ယန်ခေါင်းခါယမ်းသည်။
"သေချာပေါက်မဟုတ်ဘူးပေါ့၊ သူကဓားသမားတစ်ယောက်ပဲလေ၊ ကြယ်စွမ်းအားကို သူဘယ်လိုအာရုံခံနိုင်မှာတဲ့လဲ"
"ဒါပေမယ့် လျှို့ဝှက်နယ်မြေအတွက် သဘောတူထားတယ်ဆိုမှတော့...."
ထိုနေရာတွင် ဇောင်ယန် ငှက်မွှေးယပ်တောင်ကို ထိန်းကာမျက်လုံးများကိုဖွင့်သည်။ ထို့နောက်ထရပ်ပြီး အေးစက်သောအမူအရာဖြင့်ပြောသည်။
"ငါတို့သူတို့ကို နောက်ဆုတ်သွားအောင် လုပ်လို့ရတယ်"
ထို့နောက် ဇောင်ယန် ဒုတိယအတွင်းဂိုဏ်းရှိရာသို့၀င်သွားသည်။
အတွင်းဂိုဏ်းတပည့်များက ဒါကိုမြင်သောအခါ သူတို့အတော်လေးပျော်သွားကြသည်။
ကြည့်ရတာ စီနီယာအစ်ကိုဇောင်က ဒီအပြင်လူသုံးယောက်ကို လှုပ်ရှားဖို့အတွက် စီစဉ်ထားပုံပဲ!
ဇောင်ယန်က အတွင်းဂိုဏ်းတပည့်များအတွင်း နံပါတ်တစ်ဖြစ်ပြီး သူ့ခွန်အားက တာအိုနယ်ပယ်အလယ်အလတ်အဆင့်ကိုပင် ရောက်နေလေပြီ။
သူကကြယ်ဆန္ဒအမျှင်စများကိုပင်သုံးနိုင်ခဲ့သည်။
ဒီတကြိမ် ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေတွင် သူကောင်းကောင်းလုပ်ဆောင်သရွေ့ အကြီးအကဲများ၏ ကိုယ်ပိုင်တပည့်အဖြစ် လက်ခံခြင်းကိုခံရပြီး ဒုတိယအတွင်းဂိုဏ်းတွင် နေလာနိုင်ပေလိမ့်မည်။
ထိုအချိန်တွင် ယဲ့ချိုးပိုင်က ဒုတိယအတွင်းဂိုဏ်းတွင် ကြမ်းပြင်ပေါ်၌ တင်ပလ္လင်ခွေထိုင်နေသည်။ သူကကျင့်ကြံနေခြင်းမဟုတ်သော်လည်း အရင်တိုက်ပွဲများအကြောင်းကို တွေးတောနေခြင်းပင်။
ရိုးရိုးရှင်းရှင်းပြောရပါက ဒါကသုံးသပ်ခြင်းတခုပင်။
တိုက်ပွဲများစွာကို ထပ်ခါတလဲလဲဆင်နွှဲပြီးနောက် သူတိုက်ပွဲမှ အမှားအယွင်းများ၊ အားနည်းချက်များကိုသတိရလာသည်။
ဒီအရာအားလုံးကိုပြင်လိုက်ပါက ယဲ့ချိုးပိုင်၏ တကယ့်တိုက်ခိုက်ရေးခွန်အားက အကြီးအမားတိုးတက်လာပေလိမ့်မည်။
ဒါ့အပြင်ဒါက သူ့ကျင့်ကြံမှုကိုလည်း တည်ငြိမ်စေနိုင်သည်။
တခြားတဘက်တွင် ရှောင်ဟိုင်ကလက်သီးပညာရပ်ကိုလေ့ကျင့်နေသည်။ သူ့လက်မောင်းနှင့်ခြေထောက်များပေါ်၌ ဧရာမပင်လယ်နက်အနှစ်သာရသံနက်တခုရှိသည်။
ဒီပစ္စည်းကအတော်လေးလေးလံသည့်အပြင် ကိုယ်ထဲက ဝိဉာဉ်ချီကို ဖိနှိပ်နိုင်သည့်သက်ရောက်မှုရှိသည်။
သွေးပြောင်းလဲခြင်းနယ်ပယ်ကျင့်ကြံသူတစ်ယောက်ပင်လျှင် ဒါကိုမနိုင်မည်မဟုတ်။
ရှောင်ဟိုင်ကမူ ချည်ထားရင်း လက်သီးနှင့်ခြေထောက်များကို အဆက်မပြတ်လှုပ်ယမ်းနေသည်။
တခြားတဘက်တွင် မူဖူရှန်းက လက်တစ်ဖက်ကို ခေါင်းနောက်တွင်ထားပြီး အိပ်ရာပေါ်တွင်လဲရင်း တခြားတဘက်ကမူ စည်းတံဆိပ်စာအုပ်ကိုကိုင်ထားသည်။
ထိုအချိန်မှာပင် ရုတ်တရက်အပြင်ကနေ အော်ရာလှိုင်းများစွာထွက်လာပြီး ဆူပူမှုတခုကိုဖြစ်သွားစေသည်။
မုဖူရှန်းလက်ထဲက စည်းတံဆိပ်စာအုပ်ကို ချပင်မချဘဲ မူလအနေအထားအတိုင်း ထိန်းသိမ်းထားရှိပြီး ပြုံးရင်းပြောသည်။
"အစ်ကိုကြီး၊ အစ်ကိုကြီးပြောတာမှန်တယ်"
ယဲ့ချိုးပိုင်ပြုံးသည်။
ဟောင်ကျန်းဟန်က သူ့ကို ကြယ်တာယာကောင်းကင်ဗိမာန်က မောက်မာသည့် တပည့်သားများအကြောင်းပြောခဲ့သည်။
ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေတွင် သူတို့သုံးယောက်ပါ၀င်မှု၌ ထိုတပည့်သားများက သေချာပေါက်မကျေမနပ်ဖြစ်ကြလိမ့်မည်ဟု သူထင်ထားခဲ့သည်။
ဒါကပုံမှန်သာ။
ထိုအချိန်တွင် ခြံ၀င်းတံခါးက တံခါးမခေါက်ဘဲပွင့်သွားသည်။
ဇောင်ယန်က အတွင်းဂိုဏ်းတပည့်ဒါဇင်ကျော်ကို ဦးဆောင်ရင်း ၀င်လာသည်။
"မင်းတို့ကကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေကိုဝင်ဖို့အတွက် အရည်အချင်းမရှိဘူး၊ ကိုယ့်ဘာသာကိုယ် ထွက်သွားကြပါ"
"ကြယ်စွမ်းအားကိုတောင် အာရုံမခံနိုင်ဘူးဆိုရင် မင်းတို့က ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေကို ဘယ်လို၀င်နိုင်မှာတဲ့လဲ"
"ကြယ်စွမ်းအားကိုတောင် အာရုံမခံနိုင်ဘူးဆိုရင် ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေထဲ၀င်တာကနေ ဘာများရနိုင်မှာမို့လဲ"
ယဲ့ချိုးပိုင်တင်ပလ္လင်ခွေထိုင်နေဆဲပင်။ ဇောင်ယန်၏စကားလုံးများကို ကြားသည့်တိုင် မျက်လုံးပင်မဖွင့်ပေ။
"ငါတို့တခုခုရတာဖြစ်စေ၊ မရတာဖြစ်စေ အဲဒါကမင်းနဲ့ဆိုင်လို့လား"
ဇောင်ယန်မျက်မှောင်ကြုတ်လိုက်ပြီး သူ့မျက်လုံးများက အေးစက်မှုနှင့် ဖြည်းဖြည်းချင်း ပြည့်နှက်သွား၏။
"ဒီတော့ မင်းတို့က ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေကို၀င်ဖို့အတွက် စိတ်ဆုံးဖြတ်ထားကြပြီပေါ့"
"ငါတို့ရှင်းရှင်းလင်းလင်းမပြောခဲ့လို့လား"
မုဖူရှန်းအကူအညီမဲ့စွာခေါင်းခါယမ်းရင်း သူ့အစ်ကိုကြီး တဘက်လူနှင့် ပဋိပက္ခဖြစ်ပျက်နေတာကိုသာ ကြည့်ရှုနေသည်။
သူကတကယ်ပဲ အရိုက်ခံရဖို့တောင်းဆိုနေတာပဲ! အစ်ကိုကြီးက အမုန်းတရားတွေကို ဆွဲဆောင်တဲ့နေရာမှာ အရမ်းတော်တယ်!
သို့စေကာမူ မုဖူရှန်းထပ်ပြီးစိတ်မ၀င်စားတော့ပါ။
မည်သို့ပင်ဆိုစေကာမူ စံအိမ်တော်တွင် သူကကျောက်တုံးလေးထက်သာ အနည်းငယ်ပိုမြင့်ပြီး စီနီယာကျသည်။
ဇောင်ယန်နှာခေါင်းရှုံ့သည်။
"ဒီလိုဆိုမှတော့ ငါတို့တိုက်ခိုက်ကြရအောင်"
နောက်က အတွင်းဂိုဏ်းတပည့်များကလည်း လှောင်ပြောင်ကြသည်။
"စီနီယာအစ်ကိုဇောင်၊ ဒီအပြင်လူတွေကို သူတို့နဲ့ကျွန်တော်တို့ရဲ့ ကြယ်တာယာဗိမာန်ကြားခြားနားချက်ကိုသိခွင့်ပေးလိုက်ပါဦး"
"သူတို့က ကောင်းကင်နဲ့မြေကြီးရဲ့ကျယ်ပြန့်မှုကိုမသိတဲ့ ရေတွင်းထဲက ဖားသူငယ်တွေလိုမျိုးမဖြစ်နေစေချင်ဘူး"
ယဲ့ချိုးပိုင်ပြုံးကာထရပ်ရန်ပြင်လိုက်စဉ် ဘေးကရှောင်ဟိုင်က လေ့ကျင့်နေတာကိုရပ်ပြီး နဖူးကချွေးများအား သုတ်လိုက်၏။ သူက ပင်ဘယ်နက်အနှစ်သာရသံနက်ကိုမဖယ်ရှားဘဲပြောလိုက်သည်။
"အစ်ကိုကြီး၊ ကျွန်တော်လုပ်ပါရစေ"
ယဲ့ချိုးပိုင်ပြုံးရင်းခေါင်းညိတ်သည်။
"အရမ်းမကြမ်းနဲ့၊ ဘယ်လိုပဲဆိုဆို ငါတို့က ဧည့်သည်တွေပဲလေ၊ မျက်နှာသာတချို့တော့ပေးရမှာပေါ့"
မုဖူရှန်းမျက်နှာကိုဖုံးလိုက်မိသည်။
စီနီယာအစ်ကိုရှောင်ဟိုင်ကို လှုပ်ရှားခွင့်ပေးလိုက်ရင်မကြမ်းရဘူးဆိုတာက ဘာကိုဆိုလိုသလဲဆိုတာကို သူသိမှာမို့လို့လား!
ဇောင်ယန်ထိုစကားလုံးများကို ကြားသောအခါ သူ့မျက်နှာကမဲ့ရွဲ့သွား၏။
သူကအတော်လေးမာနကြီးသူဖြစ်သည်။
သူကအတွင်းဂိုဏ်းတပည့်များအကြား နံပါတ်တစ်တပည့်ဖြစ်သည်။
"ဒီလိုဆိုမှတော့..... ဇောင်ယန် မည်းမှောင်သည့်အမူအရာဖြင့် ငှက်မွှေးယပ်တောင်ကို ဖယ်ကာ ရှေ့တလှမ်းတိုးလာသည်။
"မင်းတို့ရှုံးရင် ကြယ်ဗိမာန်ကနေ ကိုယ်တိုင်ထွက်သွားရမယ်"
ယဲ့ချိုးပိုင်ပြုံးသည်။
"မင်းတို့သာရှုံးမယ်ဆိုရင် ဒီကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေကနေ ထွက်သွားရမယ်၊ ဘယ်လိုလဲ"
အလောင်းအထပ်နှင့်ပတ်သက်လာပါက မျှရန်လိုအပ်သည်။
ဇောင်ယန်တခဏမျှတုံ့ဆိုင်းနေသည်။
သို့စေကာမူ သူကသူ့နောက်က အတွင်းဂိုဏ်းတပည့်များ၏ အားပေးသံများကိုကြားရသောအခါ ခေါင်းညိတ်လိုက်လေသည်။
"သေချာတာပေါ့၊ ဒါပေမယ့်မင်းမှာ အခွင့်အရေးရှိမှာမဟုတ်ဘူး"
ထို့နောက် ဇောင်ယန် ရှောင်ဟိုင်ဆီသို့ ပြေး၀င်သွားလေတော့သည်။
အပိုင်း(555) coming။