#ဘယ်သူသွေးထိုးပေးတာလဲ#
Vol. 39 Ch. 555
ကြယ်ဗိမာန်က ရှေးအရင်ခေတ်ကထက် နိမ့်ကျလာပြီဖြစ်သော်လည်း အလယ်အလတ်အဆင့်ကြယ်နယ်မြေ၌ ဒုတိယတန်းစားအင်အားစုတခုဖြစ်နေသေးသည်။ သူတို့ခွန်အားက ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းနှင့် အရမ်းကြီးမကွာခြားပေ။
ထို့ကြောင့် အတွင်းဂိုဏ်းအဓိကတပည့်တစ်ဦးဖြစ်သည့် ဇောင်ယန်ကအားမနည်းပါ။
သူကတာအိုနယ်ပယ်အလယ်အလတ်အဆင့်ကိုရောက်နေပြီဖြစ်သလို ကြယ်ဆန္ဒအရိပ်အယောင်ကိုပင် သုံးနိုင်သည်။
လူတိုင်း၏အကြည့်အောက်တွင် ဇောင်ယန်ရှေ့တလှမ်းတိုးလိုက်သည်။
သူကပထမဆုံးတိုက်ခိုက်လာသူဖြစ်သည်။ သူမြေပေါ်သို့တက်နင်းလိုက်ပြီးနောက် ရှောင်ဟိုင်ထံပြေးလွှားသွားရန်အတွက် တွန်းကန်အားကိုသုံးလိုက်၏။
ထို့နောက်လေထဲတွင်ပင် ရှောင်ဟိုင်ရှိရာသို့ ငှက်မွှေးယပ်တောင်အား ဝှေ့ယမ်းပစ်သည်။
ရုတ်ချည်းဆိုသလို လေဆင်နှာမောင်းတခုက ငှက်မွှေးယပ်တောင်ကနေ ရှောင်ဟိုင်ထံ၀င်ရောက်လာသည်။
ဒါက သာမန်လေဆင်နှာမောင်းမျိုးမဟုတ်သလို လေဆန္ဒတခုတည်းကိုသာ သုံးထားခြင်းမဟုတ်။
ထူးခြားတာက ဒီလေဆင်နှာမောင်းက လေကဲ့သို့မပေါ့ပါးသလို ကြယ်ဥက္ကာခဲတစ်လုံးကဲ့သို့ လေးလံသည်။
ဒါ့အပြင်လေးလံနေသည့်တိုင် အလွန်အမင်းချွန်ထက်ပြီးမြန်ဆန်ပုံပေါ်လေသည်။
ထိုလေဆင်နှာမောင်းထဲတွင် ကြယ်ဆန္ဒအရိပ်အယောင်တစွန်းတစပါရှိသည်မှာ သိသာထင်ရှားနေသည်။
ကြယ်ဗိမာန်၏အတွင်းဂိုဏ်းတပည့်များက ဒါကိုမြင်သောအခါ အနည်းငယ်ထိတ်လန့်သွားကြ၏။
"စီနီယာအစ်ကိုဇောင်၊ ကြယ်ဆန္ဒကို ဒီလိုသုံးလိုက်တာလား"
"တဘက်လူက စီနီယာအစ်ကိုဇောင်ရဲ့ အာရုံစိုက်မှုနဲ့ထိုက်တန်လို့လား"
မျှော်လင့်မထားစွာပင် ဇောင်ယန်က ကြယ်ဗိမာန်၏အတွင်းဂိုဏ်းအဓိကတပည့်တစ်ဦးဖြစ်ရသည့်အပေါ် ဂုဏ်ယူကာ မောက်မာတတ်သော်လည်း သူကတခြားသူများကို မထီမဲ့မြင်မပြုတတ်သလို အထင်လည်း သေးမည်မဟုတ်ပေ။
တဘက်လူက ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းမှဖြစ်သည်။
ကောင်းကင်ဘုံဓားတောင်ထိပ်ဂိုဏ်းက အားမနည်းပါ။
ထို့ကြောင့် ဇောင်ယန် ကြယ်ဆန္ဒကို တိုက်ရိုက်အသုံးပြုခဲ့ခြင်းပင်။
ဒါ့အပြင် တဘက်လူက သူ့ဂျူနီယာညီငယ်လေးများတွေးထားသည့်အတိုင်း တကယ်အားနည်းပြီး ကြယ်ဆန္ဒကို အသုံးပြုခြင်းနှင့်မထိုက်တန်ပါက သူက ထိုလူအား တိုက်ရိုက်ဖျက်ဆီးပစ်နိုင်သည်။
ဒီနည်းလမ်းဖြင့် လူတိုင်း၏အမြင်၌ သူကမျက်နှာသာပိုရပေလိမ့်မည်။
သို့စေကာမူ ရှောင်ဟိုင်က ကြယ်ဆန္ဒနှင့်ရောနေသည့် ဒီလေပြင်းကိုရင်ဆိုင်ရသောအခါတွင်ပင် သက်ရောက်ခံရပုံမပေါ်။
ဒီကြယ်တာယာလေပြင်းက လေဟာနယ်ကို ပုံပျက်စေပြီး ပတ်ပတ်လည်ကအော်ရာကို ဖိနှိပ်ပစ်သော်လည်း သူက ဘာအကြောက်တရားကိုမှ မပြသပေ။
သူ့အမြင်အရ ဇောင်ယန်အသုံးပြုသည့်ကြယ်ဆန္ဒက သူ့ဂျူနီယာညီလေးရှီရှန်ထက် တစ်သောင်းပုံတပုံပင်မရှိ။
ဒီလိုလေးလံမှုနှင့် ဖိနှိပ်မှုခံစားချက်ကို ကြယ်ဆန္ဒလို့တောင်ခေါ်နိုင်သေးတာလား!
ထို့နောက်သူလက်သီးကိုမြှောက်လိုက်သည်။ နတ်ဆိုးနက်ချီအမျှင်စများက သူ့လက်သီးအားရစ်ပတ်သွားသည်။
လုံး၀ကွဲပြားသည့်ပုံစံလှိုင်းငါးခုက ရှောင်ဟိုင်၏ကိုယ်အားဖုံးလွှမ်းသွားပြီး တခဏအကြာတွင် သူ့ရုပ်ခွန်အားက ထိုးတက်သွား၏။
ရှောင်ဟိုင်၏အားပြည့်လာသည့်ကိုယ်က ရုတ်တရက် လေဟာနယ်ထဲတွင် အရှိန်တက်သွားပြီး လေပြင်းအားနှင့်အတူ ၀င်လာသည့် ကြယ်တာယာလေပြင်းကို လေထဲတွင်ပင် ထိုးနှက်လိုက်လေသည်။
ရှောင်ဟိုင်ထိုးလိုက်သောအခါ ဇောင်ယန်၏အမူအရာက အနည်းငယ်လေးနက်သွားသည်။
တဘက်လူ၏ရုပ်ခွန်အားက မည်မျှအထိ အားကောင်းသလဲဆိုတာ သူရှင်းရှင်းလင်းလင်းမြင်နိုင်ပါသည်။
လက်သီးချက်၏လေဖိအားက ကြယ်တာယာလေပြင်းကို အမှန်တကယ် ဖြတ်သန်းကာ နောက်တွင်ရှိသည့်သူ့ကို ၀င်လာသည့်လေဖိအားကို ရှင်းလင်းစွာ ခံစားနေရစေသည်။ သို့စေကာမူ ဒါက ရှောင်ဟိုင်၏ရုပ်ခွန်အားသာဖြစ်သည်။
ရုပ်ခွန်အားသက်သက်ကိုအားကိုးရုံမျှနဲ့ ငါရဲ့ကြယ်တာယာလေပြင်းကို ဘယ်လိုချိုးဖျက်နိုင်တာလဲ!
ဇောင်ဟန်အော်ဟစ်ရင်း လက်ထဲက ငှက်မွှေးယ့်တောင်ကို အပေါ်အောက်လှုပ်ယမ်းလိုက်သည်။
"ဖိနှိပ်စမ်း"
ထိုအချိန်တွင် ရှောင်ဟိုင်၏လက်သီးက ကြယ်တာယာလေပြင်းနှင့် တွေ့ဆုံသွားရသည်။
သို့သော်လူတိုင်း၏အတွေးများက သူတို့ဆန္ဒများနှင့်ဆန့်ကျင်နေခဲ့သည်။
ရှောင်ဟိုင်က ကြယ်တာယာလေကြောင့် တိုက်ရိုက်ဖိနှိပ်မခံရသလို အပြင်းအထန်လည်းဒဏ်ရာမရသွားပေ။
ယင်းအစားသူ့အမူအရာက တည်ငြိမ်နေပြီးလက်သီးချက်က ကြယ်တာယာလေပြင်းကို အပေါက်ဖောက်ပစ်ကာ သူ့ကိုယ်ခန္ဓာက ကြယ်တာယာလေပြင်းကိုဖြတ်သမ်းရင်း ဇောင်ယန်ထံသို့ ပြေး၀င်သွား၏။
ဒါကထောပတ်ကိုဓားနှင့်လှီးသည့်ပမာ သစ်ခြောက်များကို မီးရှို့ပစ်သကဲ့သို့ပင်လွယ်လွန်းသည်။
"သူဒါကိုဘယ်လိုလုပ်ခဲ့တာလဲ"
"သူကရုပ်ခွန်အားတခုတည်းကို အားကိုးရုံမျှနဲ့ စီနီယာအစ်ကိုဇောင်ရဲ့ကြယ်တာယာလေပြင်းကို ချိုးဖျက်နိုင်တာလား"
"နယ်ပယ်တူရင်တောင် အလွယ်တကူချိုးဖျက်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ"
ဇောင်ယန်ကလည်းအတော်လေးအံ့ဩသင့်နေသည်။ သူကြည့်ရဆိုးသည့်အမူအရာဖြင့် လက်ထဲက ငှက်မွှေးယပ်တောင်ကို ဝှေ့ယမ်းလိုက်၏။
ငှက်မွှေးယပ်တောင်ပေါ်၌ ကြယ်ဆန္ဒက စုဝေးလာကြပြီး တချိန်တည်းမှာပင် ဇောင်ယန်၏ကိုယ်မှ ခရမ်းရောင်အလင်းတခု ထုတ်လွှတ်လာသည်။
တဘက်လူ၏ခွန်အားက ဒီလက်သီးချက်အတွင်း ပြတ်သားစွာထင်ဟပ်နေသည်။
ပြီးတော့ကြည့်ရတာ သူကခွန်အားအပြည့်ကိုအသုံးမပြုခဲ့ပုံပဲ!
ဒီလိုဆိုမှတော့......
ဇောင်ယန်၏ကိုယ်မှ ခရမ်းရောင်အလင်းက ငှက်မွှေးယပ်တောင်ပေါ်သို့ ဝှေ့ယမ်းလိုက်သည်နှင့် နတ်သူငယ်တစ်ပါးပမာ စုဝေးလာကြ၏။
ခရမ်းရောင်ကြယ်အလင်းများစုဝေးလာပြီးနောက် ယပ်တောင်ပေါ်က ငှက်မွှေးတိုင်းက ခရမ်းရောင်အလင်းကို ထုတ်လွှတ်သည်။
ထိုအလင်းများက ခရမ်းရောင်ကြယ်စင်ဓားများနှင့်တူပြီး အလွန်အမင်းထက်ရှသည်။
ဒါကစီနီယာအစ်ကိုဇောင်၏ဝှက်ဖဲပေတည်း။
သူ့လက်ထဲက ငှက်မွှေးယပ်တောင်က အင်မော်တယ်ရှေးဟောင်းပစ္စည်းတခုဖြစ်သည်။
ဇောင်ယန်၏ကျင့်ကြံခြင်းနည်းစနစ်နှင့် ပေါင်းစပ်လိုက်ပါက ဒါက ကြယ်ဆန္ဒကို အကြီးမားဆုံးအတိုင်းအတာတခုအထိ ထုတ်လွှတ်ပေးနိုင်သည်။
ဒီလိုဆိုပါက ကိုယ်ခန္ဓာကျင့်ကြံသူဖြစ်သည့် တဘက်လူက မည်သို့ခုခံမည်နည်း။
သူဒါကိုဘယ်လိုကိုင်တွယ်နိုင်မည်နည်း။
အတွင်းပိုင်းတပည့်တချို့က အောင်ပွဲခံသည့်အပြုံးများကိုပြသလိုက်ကြသည်။
သို့စေကာမူ ယဲ့ချိုးပိုင်နှင့်မုဖူရှန်းတို့က သူ့ကိုကြည့်ပင်မကြည့်။
ဒီကြယ်ဆန္ဒအဆင့်က ရှီရှန်းနှင့်ယှဉ်ပါက ထည့်ပြော၍ပင်မထိုက်တန်ပေ။
ရှီရှန်း၏ကြယ်တာအိုက အဆုံးမဲ့သမုဒ္ဒရာတစင်းကဲ့သို့ပင်။
ဇောင်ယန်၏ကြယ်ဆန္ဒကမူ သမုဒ္ဒရာထဲက ရေစက်လေးတစက်ပမာ။
ထိုရေစက်လေးက လှိုင်းများရှိသရွေ့ ပင်လယ်နက်ထဲသို့မျောပါသွားပြီး ဖိအားကြောင့် အပိုင်းပိုင်းအစစဖြစ်သွားပေလိမ့်မည်။
ရှောင်ဟိုင်ကမူ ဒီလူနှင့်ဆိုပါက ထည့်ပြော၍ပင်မရပေ။
ဇောင်ယန်က တာအိုနယ်ပယ်အလယ်အလတ်အဆင့်ကိုရောက်နေပြီဖြစ်သော်လည်း ရှောင်ဟိုင်က နတ်ဆိုးသံချပ်ကာကိုမသုံးခဲ့သလို နတ်ဆိုးဘုရင်ဆင်းသက်ခြင်းကိုလည်းမသုံးခဲ့ပေ။
သူကနတ်ဆိုးတင်းပုတ်ကိုပင်မထုတ်ခဲ့ပါ။
သူ့အတွက်မူ ယခုလိုအဆင့်ရှိသည့်ကျင့်ကြံသူများအပေါ် ထိုနည်းလမ်းများကို အသုံးပြုရန်မထိုက်တန်ပေ။
ရှောင်ဟိုင်၏ကိုယ်မှ ပုံစံငါးခုက မတူညီသည့်အရောင်ငါးမျိုးရှိပြီး အထဲတွင် ဆန္ဒနယ်ပယ်အရည်များစွာစီးဆင်းနေကြ၏။
အရည်များက ရှောင်ဟိုင်၏ကိုယ်ပေါ်သို့ စက်၀န်းတခုပမာစီးဆင်းနေပြီးနောက် လက်သီးချက်တွင် ထပ်မံစုစည်းလာသည်။
ထို့နောက် ရှောင်ဟိုင်ထပ်ပြီးထိုးလိုက်သည်။
ရှောင်လွှဲမနေဘဲ လက်သီးချက်က ခရမ်းရောင်အလင်းများကိုထုတ်လွှတ်နေသည့် ဇောင်ယန်၏ ထက်ရှသည့်ငှက်မွှေးယပ်တောင်ထံတိုး၀င်သွား၏။
ဇောင်ယန်နှာခေါင်းရှုံ့သည်။
ကြယ်ဆန္ဒသိပ်သည်းမှုအောက်တွင် ဒီငှက်မွှေးယပ်တောင်က သံကိုရွှံ့လိုပင် ဖြတ်တောက်နိုင်သည်။
သူ့ငှက်မွှေးယပ်တောင်ပေါ်၌ အပိုင်းပိုင်းအစစဖြတ်တောက်ခံရမည့် ရှောင်ဟိုင်၏လက်သီးချက်ပုံရိပ်ကိုပင် သူပုံဖော်နေပြီဖြစ်သည်။
ဂျုန်း......!
သူစိတ်ကူးယဉ်နေစဉ်မှာပင် ရှောင်ဟိုင်၏လက်သီးက ဇောင်ယန်၏ခရမ်းအခင်းငှက်မွှေးယပ်တောင်နှင့် ထိပ်တိုက်တွေ့ဆုံသွားသည်။
ဇောင်ယန်စိတ်ကူးယဉ်ခဲ့သည့်မြင်ကွင်းက ဖြစ်မလာခဲ့ပေ။
တခြားတဘက်တွင် ရှောင်ဟိုင်၏လက်သီးက ငှက်မွှေးယပ်တောင်ကိုထိသောအခါ ရုတ်ချည်းဆိုသလို မခံမရပ်နိုင်သည့်အားတခုက လက်မောင်းကနေ သူ့တကိုယ်လုံးသို့ ပျံ့နှံ့လာတာကို ဇောင်ယန်ခံစားလိုက်ရသည်။
ထိုအချိန်တွင် သူ့အတွင်းအင်္ဂါများက မရပ်အနားတုန်ယင်နေကြပြီး ဒီ၀န်ထုပ်၀န်ပိုးကို ခံနိုင်ရည်မရှိတော့ပါ။
ဇောင်ယန်၏အမူအရာက လုံး၀ပြောင်းလဲသွားလေတော့သည်။
ထိုအခိုက်အတန့်၌ နတ်ဆိုးနတ်ဘုရားတစ်ပါးက သူ့ကိုစိုက်ကြည့်နေသည့်အသွင်ရှိသည့် ရှောင်ဟိုင်အားသူကြည့်လိုက်မိသည်။
ရုတ်ချည်းဆိုသလို ဇောင်ယန်ပါးစပ်အပြည့်သွေးတစ်လုပ်အန်လိုက်ပြီး သူ့လက်ထဲက ခရမ်းအလင်းငှက်မွှေးယပ်တောင်က လွှင်စင်သွားပြီး လေထဲတွင် အပိုင်းပိုင်းအစစကွဲထွက်သွားသည်။
လက်သီးတချက်တည်းက အင်မော်တယ်ရှေးဟောင်းပစ္စည်းတခုကို ဖျက်ဆီးနိုင်တာလား!
ဇောင်ယန်ကလည်းမြေပေါ်လဲကျသွားသည်။ သူ့မျက်နှာကဖြူဖျော့နေပြီး သူ့အော်ရာကအားနည်းနေသည်။
သူအပြင်းအထန်ဒဏ်ရာရသွားခဲ့လေပြီ။
ထိုအချိန်တွင် ယဲ့ချိုးပိုင်ထရပ်ကာ ဇောင်ယန်ဘေးသို့ရောက်လာပြီး ငုံ့ကြည့်ရင်း ပြုံးပြသည်။
"မင်းရှုံးပြီဆိုမှတော့ လောင်းကြေးရဲ့အခြေအနေတွေကို ဖြည့်ဆည်းတာထက် မင်းကိုဒီကိုလာဖို့အတွက် ဘယ်သူသွေးထိုးပေးခဲ့လဲဆိုတာ ငါ့ကိုပြော၊ ဒါမှမဟုတ် ဒီဂိုဏ်းသားတွေက ဘယ်သူဦးဆောင်ပြီး မင်းကိုသွေးထိုးပေးခဲ့တာလဲ"
အပိုင်း(556) coming။