#အဆင့်သုံး၊ ကိုယ်ပိုင်တပည့်နီဂု#
Vol. 39 Ch. 556
ကြယ်တာယာဗိမာန်ကတပည့်များက ရှေးယခင်ကသူတို့ကြယ်စွမ်းအားကိုကျင့်ကြံနိုင်သည့်အတွက်ကြောင့် အတော်လေးမောက်မာပြီး မာနကြီးကြသည်။
သို့စေသည့်တိုင် ကြယ်ဗိမာန်က အလယ်အလတ်အဆင့်ကြယ်နယ်မြေတွင် ထိပ်တန်းဂိုဏ်းတစ်ဂိုဏ်းဖြစ်နေဆဲပင်။
၎င်းက ကျဆင်းသွားသည့်တိုင် ဒုတိယတန်းစားအင်အားစုတခုဖြစ်ပြီး ကောင်းကင်ဘုံဓားတောင်ထိပ်နှင့် အဆင့်တူတည်ရှိမှုမျိုးဖြစ်သည်။
သူတို့တပည့်များ၏ဦးနှောက်ထဲတွင် ပြဿာနာတခုခုရှိလောက်သည်။
သို့သော် အတွင်းဂိုဏ်းတပည့်များမှ အဓိကတပည့်ဖြစ်သည့်ဇောင်ယန်က မာနကြောင့် ဦးဆောင်လာမည့်လူမျိုးမဟုတ်ပေ။
ငါတို့အပြင်ပလူတွေအဖြစ် ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေကို ၀င်ချင်တာကို သူတို့မကျေနပ်ကြတာမို့ သူတို့ ငါတို့ကိုအရှက်ခွဲပြီး နားချဖို့အတွက် တံခါး၀ထိ ရောက်လာကြတာလား!
ဒီနည်းလမ်းက အရမ်းအဆင့်နိမ့်လွန်းပြီး အရမ်းအားမာန်တက်ကြွလွန်းသည်။
ဒါကအမှားများနှင့်ပြည့်နေသည်ဟုဆို၍ရသည်။
ထို့ကြောင့် တစ်ယောက်ယောက်က ဇောင်ယန်ကို ဒီလိုနိမ့်ကျသည့်အရာမျိုး လုပ်ရန်အတွက် သွေးထိုးပေးလိမ့်မည်ဟု ယဲ့ချိုးပိုင်ရော မုဖူရှန်းပါယုံကြည်သည်။
သို့မဟုတ် ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေသို့ ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ၏၀င်ခြင်းက သူတို့အကျိုးစီးပွားကိုပျက်စီးစေပြီး သူတို့အစီအစဉ်များကို ထိခိုက်စေတာဖြစ်ရမည်။
အတွင်းဂိုဏ်းတပည့်များ၏ စုပေါင်းအဓိကရုဏ်းကိုပါပေါင်းလိုက်မည်ဆိုပါက စနက်ကြိုးကို မီးညှိုရန်ရည်ရွယ်ချက်နှင့် လူတချို့သေချာပေါက်ရှိရပေမည်။
သို့စေကာမူ ဒီအကြောင်းအရာများကို တွေးပူနေစရာမလို။
ဇောင်ယန်ဆီကနေ ဘယ်သူကသူတို့ကို တိုက်ခိုက်ရန်အတွက် လျှို့ဝှက်ညွှန်ကြားနေသလဲဆိုတာကိုသာ သူတို့ရှာဖွေရန်လိုအပ်သည်။
ယဲ့ချိုးပိုင်၏စကားလုံးများကိုကြားသောအခါ ဇောင်ယန်၏နှလုံးသားက အနည်းငယ်တုန်ယင်သွားသော်လည်း သူ့မျက်လုံးများနှင့်မျက်နှာက လုံး၀ပုံပျက်သွားခြင်းမရှိပေ။
ယင်းအစား သူကမျက်မှောင်ကြုတ်လိုက်၏။
"မင်းဘာပြောနေသလဲဆိုတာငါမသိဘူး"
အကယ်၍ဦးနှောက်မရှိသည့်သူဆိုပါက ဇောင်ယန်၏အပြစ်ကင်းစင်ပြီး ပဟေဠိဖြစ်နေသည့်အမူအရာက သူတို့အား လှည့်စားသွားစေနိုင်သည်။
သို့စေကာမူ ဇောင်ယန်က ယဲ့ချိုးပိုင်နှင့် မုဖူရှန်းတို့၏ဉာဏ်ရည်ဉာဏ်သွေးကို ဘယ်လိုလုပ်ဆန့်ကျင်နိုင်မည်နည်း။
ဒါမှမဟုတ် မုဖူရှန်း၏ဝိဉာဉ်စွမ်းအားအရ ထိုစကားလုံးများကိုပြောနေစဉ် ဇောင်ယန်၏ဝိဉာဉ်မှ တုန်ယင်မှုကို သူဘယ်လိုလုပ် မခံစားဘဲနေမည်နည်း။
"ငါဒီမေးခွန်းကိုမေးကတည်းက တချို့အရာတွေကိုနားလည်ထားတယ်ဆိုတာ မင်းသိသင့်တယ်"
ယဲ့ချိုးပိုင်ရယ်မောကာ ဆောင့်ကြောင့်ထိုင်ရင်း ဇောင်ယန်၏ဖြူဖျော့သည့်မျက်နှာအား အနီးကပ်စိုက်ကြည့်ရင်းပြောသည်။
"ဒီတော့ မသိသလိုဟန်ဆောင်နေတာထက် အမြန်၀န်ခံလိုက်တာက ပိုကောင်းတယ်"
ထိုစကားကိုကြားသောအခါ ဇောင်ယန်ဟန်ဆောင်နေတာကိုရပ်ပြီး နှာခေါင်းရှုံ့လိုက်သည်။
"မင်းပြောတာမှန်တယ်ဆိုရင်တောင် ငါမင်းကိုဘာလို့ပြောပြရမှာလဲ"
"ဘာလဲ၊ မင်းငါ့ကို ကြယ်ဗိမာန်မှာ နှိပ်စက်နိုင်လို့လား၊ ဥပဒေစိုးမိုးရေးခန်းမက မင်းကို ဒီလိုရက်စက်မှုမျိုးလုပ်ခွင့်မပေးလောက်ဘူး"
နှိပ်စက်ရမယ်!
ယဲ့ချိုးပိုင်ခေါင်းခါယမ်းသည်။
ဒါကတဘက်လူ၏နယ်မြေဖြစ်ပါသည်။
"ဒါပေမယ့် မင်းပြောမယ်ဆိုရင် လောင်းကြေးကိုထပ်ပြီးထည့်မတွက်တော့ဘူး၊ မင်းကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေမှာ ပါ၀င်နိုင်သေးတယ်၊ ဘယ်လိုသဘောရလဲ"
ထိုစကားပြောရင်း ယဲ့ချိုးပိုင် ဇောင်ယန်၏ပခုံးကိုပုတ်လိုက်၏။
ဤသည်ကိုကြားသောအခါ ဇောင်ယန်၏ အမူအရာက အနည်းငယ်ပြောင်းလဲသွားသည်။
တကယ်တမ်းတွင် ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေကိုအသုံးပြုပြီး ဆွဲဆောင်သောအခါ သူခုခံနိုင်စွမ်းမရှိချေ။
သို့စေကာမူ ထိုလူကမည်မျှထိ ကြောက်စရာကောင်းသည်ကို တွေးမိသွားစဉ် ဇောင်ယန်၏မျက်လုံးများက တုန်ယင်သွား၏။
ယဲ့ချိုးပိုင်ဒါကိုသတိထားမိသဖြင့် အနည်းငယ်အံ့ဩသင့်သွားရသည်။
အတွင်းဂိုဏ်းအဓိကတပည့်တစ်ယောက်ကိုတောင် ကြောက်စိတ်ဖြစ်စေတာက ဘယ်သူများလဲ!
များမကြာခင်မှာပင် ဇောင်ယန်ထရပ်ပြီး ခေါင်းခါယမ်းသည်။
"ငါအရှုံးကို၀န်ခံပါတယ်"
ထို့နောက် ဒဏ်ရာရနေသည့်ကိုယ်ခန္ဓာနှင့်အတူ သူတဖြည်းဖြည်းထွက်သွားလေတော့သည်။
ဒါကိုမြင်သောအခါ အတွင်းဂိုဏ်းတပည့်များကလည်း ကြည့်ရဆိုးသည့်အမူအရာများဖြင့် ထွက်သွားကြ၏။
ရှောင်ဟိုင် ဇောင်ယန်ထွက်ခွာသွားသည်ကိုကြည့်ရင်း မေးလိုက်သည်။
"အစ်ကိုကြီး၊ သူ့ကိုဒီလိုလွှတ်ပေးလိုက်တော့မှာလား"
ယဲ့ချိုးပိုင်၏အဖြေကိုပင်စောင့်မနေတော့ဘဲ မုဖူရှန်းကအပြုံးဖြင့်လျှောက်လာသည်။
"မစိုးရိမ်ပါနဲ့၊ အစ်ကိုကြီးက မိုင်တသောင်းခြေရာခံအဆောင်တခုကို အဲဒီလူအပေါ်မှာ ကပ်ထားခဲ့တယ်"
"မကြာခင်အချိန်ကျလာရင် ဘယ်သူသွေးထိုးပေးသလဲဆိုတာ သိရတော့မှာပါ"
မှန်ပေသည်။ ယဲ့ချိုးပိုင်က ယခုလေးတင် ဇောင်ယန်၏ပခုံးကို ပုတ်ခဲ့သည်မဟုတ်ပေလော။
ထိုအချိန်က မိုင်တသောင်းခြေရာခံအဆောင်ကို ဇောင်ယန်ကိုယ်ပေါ်၌ ကပ်ထားလိုက်ပြီဖြစ်သည်။
ဒါ့အပြင် သူ့ဝိဉာဉ်က မုဖူရှန်းဝိဉာဉ်ထက်အများကြီးသာလွန်အားမကောင်းပါက သူက မိုင်တသောင်းခြေရာခံအဆောင်၏ တည်ရှိမှုကို ရှာတွေ့မည်မဟုတ်ပေ။
သို့စေကာမူ မုဖူရှန်း၏နတ်ဝိဉာဉ်နယ်ပယ်က ကောင်းကင်ဘုံအဆောင်သခင်တစ်ဦးနှင့်ပင် ယှဉ်၍ရနေလေပြီ။
ကြယ်ဗိမာန်တွင် လူဘယ်နှစ်ယောက်တွင်များ မုဖူရှန်းထက် ပိုမြင့်မားသည့် နတ်ဝိဉာဉ်အသိရှိနိုင်မည်နည်း။
မကြာမီ ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ၏ လုပ်ရပ်များက ဗိမာန်ကအဆင့်မြင့်လူများနားထဲသို့ရောက်သွားခဲ့သည်။
သို့သော်နတ်ခန်းမ၏တခြားတပည့်များကို အံ့ဩသင့်နေတာက ကြယ်ဗိမာန်သခင်အပါအ၀င် တခြားမည်သူကမှ လှုပ်ရှားမှုမရှိခြင်းပင်။
ထိုအချိန်တွင် ကြယ်ဗိမာန်၏ ပင်မခန်းမတွင် ဥပဒေစိုးမိုးရေးခန်းမအကြီးအကဲထံမှ အစီရင်ခံစာကိုကြားရသည့်တိုင် ခန်းမသခင်ဟွန်အိုက ဘာမှမပြောပါ။
အကြီးအကဲကအနည်းငယ်အံ့ဩသင့်သွား၏။
"ခန်းမခေါင်းဆောင်၊ သူတို့ကိုတားဆီးပြီးဖိနှိပ်ပစ်ရမှာမဟုတ်ဘူးလား၊ ဘာပဲဆိုဆို သူတို့ကအပြင်လူပဲလေ၊ တကယ်လို့ ကျွန်တော်တို့ဘာမှမလုပ်ဘူးဆိုရင် နတ်ခန်းမတပည့်တွေကို စိတ်ပျက်စိသွားစေနိုင်တယ်"
ဟွန်အိုက ရှေးဟောင်းစာအုပ်များကို လှန်လှောနေပြီး မော့၍ပင်မကြည့်ဘဲပြောသည်။
"ဒါကိုစိုးရိမ်နေစရာမလိုဘူး"
အကြီးအကဲကမေးသည်။
"ဘာလို့လဲ"
ဘာလို့လဲ!
ဟွန်အိုကလက်နှစ်ဖက်နှင့် ရှေးဟောင်းစာအုပ်ကိုပိတ်ကာထရပ်ပြီး စာအုပ်အား တောင်လိုမြင့်မားသည့်စာအုပ်စင်ပေါ်၌ သေသပ်စွာတင်လိုက်သည်။
"ရှေးခေတ်တုန်းက ဗိမာန်တော်ရဲ့တပည့်တွေက အတော်လေးမောက်မာပြီး မာနကြီးကြတယ်၊ အဲဒီအချိန်က ဒါကဘာမှမဟုတ်ဘူး၊ ဘာပဲဆိုဆို ငါတို့မှာဒီလိုလုပ်ဖို့ အရည်အချင်းတွေရှိခဲ့ကြတယ်"
"ဒါပေမယ့်အခုတော့ ကြယ်ဗိမာန်က ကျဆင်းသွားပြီ၊ ဘယ်သူမှ ကြယ်စွမ်းအားကို မကျင့်ကြံနိုင်တော့ဘူး၊ ဒီလိုအချိန်မျိုးမှာတောင် မောက်မာပြီး ကမ္ဘာကြီးထဲက သူရဲကောင်းတွေကို မထီမဲ့မြင်ပြုနေဦးမယ်ဆိုရင် ဒါကအလုပ်မဖြစ်ဘူး"
ဥပဒေစိုးမိုးခန်းမကအကြီးအကဲက အနည်းငယ်ခေါင်းငုံ့လိုက်၏။ သူလည်းဒါကိုသိပါသည်။
ကြယ်ဗိမာန်က အလယ်အလတ်အဆင့်ကြယ်နယ်မြေရှိ တခြားဂိုဏ်းများထက် သာလွန်သည်ဟုပင် သူခံစားရသည်။
"ယဲ့ချိုးပိုင်နဲ့ကျန်နှစ်ယောက်က သူတို့ကိုနိုးထစေနိုင်မယ့်သူတွေပဲ"
"သူတို့က သူတို့ထက်ပိုတော်တဲ့သူဆိုတာ အမြဲရှိတယ်ဆိုတာကိုသိခွင့်ပေးလိုက်ပါ၊ တကယ်လို့ သူတို့သာဆက်လက်မောက်မာနေဦးမယ်ဆိုရင် ကြယ်ဗိမာန်က ဧရာမကပ်ဘေးတခုကို သေချာပေါက်ရင်ဆိုင်ရလိမ့်မယ်"
"ဒါကြောင့် ဒီကိစ္စက ငါတို့၀င်စွက်ဖက်စရာမလိုဘူး"
ဥပဒေစိုးမိုးရေးခန်းမမှ အကြီးအကဲကလက်နှစ်ဖက်ဆုပ်ကာ ခေါင်းညိတ်ပြီးနောက် ထွက်သွားလေတော့သည်။
တခြားတဘက်တွင် ဇောင်ယန်က ယဲ့ချိုးပိုင်နှင့်ကျန်သောသူများ၏ခြံ၀င်းထဲကနေ ထွက်လာပြီးနောက် ဒုတိယအတွင်းဂိုဏ်းကနေ တိုက်ရိုက်မထွက်သွားဘဲ ယင်းအစား တခြားတဘက်သို့သွားပြီး ဒုတိယအတွင်းဂိုဏ်း၏ တခြားနေရာတခုသို့ရောက်သွားသည်။
တောင်ငယ်လေးများကအရာရာတိုင်းကို ၀န်းရံထားကြသည်။ တောင်ပေါ်မှ စမ်းချောင်းများစီးတွေနေကြ၏။ ထို့နောက် ကန်တခုအဖြစ်စုစည်းနေသည်။
ဒီခြံ၀င်းက ကန်တစ်လျှောက်တွင် တည်ဆောက်ထားခြင်းပင်။
ခရမ်းရောင်ဆံပင်ရှည်များရှိသည့် ခရမ်းရောင်၀တ်စုံရှင်တစ်ဦးက မျက်နှာ၌ အပြုံးရေးရေးလေးဖြင့် လက်ထဲတွင် ငါးမျှားတံတချောင်းကိုကိုင်ကာ ကန်ဘေးတွင် တိတ်ဆိတ်စွာထိုင်နေသည်။
ဒီလူက ကြယ်ဗိမာန်မဟာမကြီးအကဲ၏ ကိုယ်ပိုင်တပည့်ဖြစ်ဟည့် နီဂုပေတည်း။
သူ့ခွန်အားက ကြယ်တာယာကောင်းကင်ဗိမာန်၏တပည့်များအကြား အဆင့်သုံးဖြစ်ပြီး နယ်ပယ်ကမူ သွေးပြောင်းလဲခြင်းနယ်ပယ်ကိုရောက်နေလေပြီ။
ဇောင်ယန်ရောက်လာသည်။
သူစကားပြောရန်ပြင်လိုက်စဉ်မှာပင် နီဂုက လက်ညိုးကို သူ့ပါးစပ်ရှေ့ထားကာ ညင်သာစွာပြောသည်။
"ဆူဆူညံညံမလုပ်နဲ့၊မဟုတ်ရင် မင်းငါ့ကို လန့်သွားစေလိမ့်မယ်"
ဒါကိုမြင်သောအခါ ဇောင်ယန်ပါးစပ်ပိတ်လိုက်ရုံသာတတ်နိုငိတော့သည်။
အမွေးတိုင်တစ်တိုင်စာခန့်အချိန်ကြာပြီးနောက် ငါးမျှားတံ၏ချိတ်က အနည်းငယ်ကျသွားသည်။
နီဂာလက်ကိုင်ကိုဆွဲပင်မဆွဲဘဲ ယင်းအစား ဆက်လက်စောင့်နေသည်။ သူ့မျက်နှာပေါ်က အပြုံးက တဖြည်းဖြည်းနှင့် ကျားသစ်တကောင်က သူ့သားကောင်ကို မျှားရန်အတွက် စောင့်ဆိုင်းနေသကဲ့သို့ သွေးဆာလောင်လာသည်။
"မင်းကဉာဏ်ကြီးရှင်ဖြစ်ပုံရတယ်"
အသံတစ်သံကရုတ်တရက်ထွက်လာသည်။
နီဂု၏အမူအရာကပြောင်းလဲသွားသည်။
ဒါကသူကအသံကြောင့်ထိတ်လန့်သွားခြင်းလည်းမဟုတ်သလို တဘက်လူ၏ ရှာဖွေသွားခြင်းကြောင့်လည်းမဟုတ်ဘဲ ငါးအမှတ်အသားက ပြန်ပေါ်လောပေါ်လာပြီး နောက်ထပ်လှုပ်ရှားမှုမရှိတော့သည့်အတွက်ကြောင့်ပင်။
အပိုင်း(557) coming။