← Chapters

#နီဂုအားတိုက်ခိုက်ခြင်း#

Vol. 39 Ch. 557

#နီဂုအားတိုက်ခိုက်ခြင်း#

Vol. 39 Ch. 557

နီဂုတွင် ထူးဆန်းသည့်စိတ်ရှိသည်။

ဒါက ကြယ်ဗိမာန်တခုလုံး၏သဘောတူညီချက်ပင်။

သူကငါးမျှားရတာကို ကြိုက်သလို ငါးမျှားနေစဉ် မည်သူမှသူ့ကိုနှောက်ယှက်၍မရပေ။

တပည့်သားများထဲတွင် ဒုတိယအဆင့်၀င်သည့် တိုင်ယိကုန်းပင်လျှင် ငါးမျှားတာကို နှောက်ယှက်မိသည့်အပေါ် နီဂု၏ နှစ်ပေါင်းများစွာ ခြောက်လှန့်ခြင်းကိုခံရသည်။

ဒီနှစ်များအတွင်း တိုင်ယိကုန်းက နီဂု၏ ရူးသွပ်စွာစိန်ခေါ်ခြင်းကိုခံရသည်သာမက သူက ငြိမ်းချမ်းစွာပင် ကျင့်ကြံ၍မရခဲ့ပေ။

ကြယ်ဗိမာန်က အထက်လူကြီးများက ရှေးတိုးလာသောအခါမှသာ နီဂုတည်ငြိမ်လာခဲ့သည်။

ထို့ကြောင့် ကြယ်ဗိမာန်တခုလုံးတွင် မည်သူကမှ နီဂုငါးမျှားနေစဉ် သူ့ကို အနှောက်အယှက်မပေးရဲပါ။

သို့သော်ယခုတွင်မူ နီဂုငါးမျှားနေစဉ် ငါးက မျှားစာထဲတွင်ချိတ်တော့အံ့ဆဲဆဲက တစ်စုံတစ်ယောက်က ငါးတွေကို ခြောက်လှန့်ပစ်ရဲလေပြီ။

ဇောင်ယန်၏အမူအရာကပြောင်း‌လဲသွားပြီး ချွေးအေးများက သူ့မျက်နှာပေါ်၌ပင် စီးကျလာသည်။

မကောင်းတော့ဘူး!

ဒီစိတ္တဇကောင်က ထပ်ပြီးရူးသွပ်ပြန်တော့မယ်ထင်တယ်!

မျှော်လင့်ထားသည့်အတိုင်းပင် နီဂု၏အပြုံးကတဖြည်းဖြည်းမည်းမှောင်လာခဲ့ပြီး သူ့၏မူလအနက်ရောင်မျက်သူငယ်အိမ်များက သွေးဖြင့်စတင်လင်း၀င်းလာပြီး သတ်ဖြတ်ခြင်းဆန္ဒက ကောင်းကင်ပေါ်ထိုးတက်သွား၏။

သူရုတ်တရက်လှည့်ကြည့်လိုက်သောအခါ လေပေါ်၌ လွင့်မြောရင်း သူ့ကိုမထီမဲ့မြင်ကြည့်နေသည့် ဓားကျင့်ကြံသူတစ်ယောက်ကို တွေ့လိုက်ရသည်။

ထိုလူကယဲ့ချိုးပိုင်ပေတည်း။

နီဂုတဘက်လှည့်ပြီး ဇောင်ယန်အားကြည့်လိုက်၏။ သွေးအလင်းတချက်နှင့်အတူ သူကဇောင်ယန်ရှေ့တွင် ပေါ်လာကာ ညာလက်ကို ရုတ်တရက်ဆန့်ထုတ်လိုက်သည်။

ဇောင်ယန်၏အမူအရာကအကြီးအကျယ်ပြောင်းလဲသွား၏။ သူနောက်ဆုတ်ရန် ပြင်နေစဉ်မှာပင် နီဂု သူ့လည်ကုတ်ကိုဖမ်းကိုင်ကာ လေပေါ်မလိုက်သည်။ သူ့ခြေထောက်များက မြေနှင့်ကင်းကွာသွားသည်။

နီဂု၏မျက်နှာက သတ်ဖြတ်လိုသည့်ဆန္ဒများဖြင့်ပြည့်နှက်နေသည်။

"မင်းသူ့ကိုခေါ်လာတာလား"

ဇောင်ယန်၏မျက်နှာကဖြူဖျော့နေပြီး နာကျင်စွာခေါင်းခါယမ်းရင်း တလုံးချင်းပြောသည်။

"မ...မဟုတ်ပါဘူး...ကျွန်တော်.... ကျွန်တော်ကလည်း...ဗိမ....ဗိမာန်တော်ရဲ့..တပည့်တယောက်ပါ.... ဒီလို.... ဒီလိုအရာမျိုး ..ကျွန်တော်ဘယ်လို.... လုပ်...လုပ်နိုင်မှာလဲ"

"မင်းမှန်တယ်"

နီဂုနှာခေါင်းရှုံ့ရင်း ဇောင်ယန်အား မြေပေါ်သို့ပစ်ချလိုက်သည်။

သူခေါင်းမော့ကာ ယဲ့ချိုးပိုင်အားကြည့်သည်။

"ကြည့်ရတာ မင်းနည်းစနစ်တွေက ငါထင်ထားတာထက် ပိုကောင်းနေပုံပဲ"

ယဲ့ချိုးပိုင်မှိန်ဖျော့စွာပြုံးသည်။

"လှည့်ကွက်သေးသေးလေးပါပဲ၊ ပြောရမယ်ဆိုရင် ငါမင်းကိုမြင်ဖူးလား"

နီဂုခေါင်းခါယမ်းသည်။

"ငါမင်းကိုတနည်းနည်းနဲ့သွယ်ဝိုက်ပြီး စော်ကားမိလား"

နီဂုခေါင်းခါယမ်းပြန်သည်။

ဒါကိုမြင်သောအခါ ယဲ့ချိုးပိုင်ကြယ်ကြွေဓားကိုမြှောက်လိုက်ပြီး ဓားဆန္ဒက သူ့ကိုယ်ကနေ ပေါက်ကွဲထွက်လာသည်။

ထို့နောက် သူ နီဂုအား ထူးမခြားနားစွာကြည့်ရင်း သူ့အသံကအေးစက်မှုဖြင့် ပြည့်နှက်နေပြီး မေးလိုက်သည်။

"ဒီလိုဆိုရင်မင်းဘာလို့ငါတို့နဲ့ယှဉ်ပြိုင်နေရတာလဲ"

နီဂုရယ်မောလိုက်သည်။

"ယှဉ်ပြိုင်တာလား၊ မင်းလိုအပြင်လူတစ်ယောက်က ကိုယ့်ကိုကိုယ်အရမ်းအမြင့်တွေးထားတာပဲ"

"ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေက ငါတို့ကြယ်တာယာကောင်းကင်ဗိမာန်ရဲ့အမွေအနှစ်တခုပဲ၊ မင်းအတွက် အမွေအနှစ်ကိုရဖို့ဆိုတာ မဖြစ်နိုင်ဘူးဆိုပေမယ့် ငါတို့ကဘာလို့အပြင်လူတွေကို ငါတို့ရဲ့အထွတ်အမြတ်မြေထဲ ခြေချခွင့်ပေးရမှာလဲ"

ထိုစကားကိုကြားသောအခါ ယဲ့ချိုးပိုင်ညင်သာစွာခေါင်းညိတ်သည်။

"ကြည့်ရတာ လျှို့ဝှက်နယ်မြေထဲမှာ ငါတို့မသိန်ုင်တဲ့ လျှို့ဝှက်ချက်တချို့ရှိပုံပဲ"

ဒါပေမယ့် ဘာလို့ဗိမာန်သခင်က ငါတို့ရဲ့တောင်းဆိုချက်ကိုမပယ်ချဘဲ ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေထဲကို ၀င်ခွင့်ပေးခဲ့ရတာလဲ!

ဒါမှမဟုတ် နီဂုက အရမ်းစိတ်ကျဉ်းမြောင်းတဲ့သူဖြစ်နေလို့များလား!

နီဂုအေးစက်စွာနှာခေါင်းရှုံ့သည်။

"ဒီအကြောင်းပြောနေတာက အဓိပ္ပာယ်မရှိတော့ဘူး၊ အရင်က ငါ့မှာမင်းနဲ့ပုဂ္ဂိုလ်ရေးဆိုင်ရာအရ ဆက်ဆံဖို့အတွက်အကြောင်းရင်းမရှိပေမယ့် အခုတော့ ဆက်ဆံရတော့မယ်"

အကြောင်းရင်းက သူငါးမျှားနေတာကို နှောက်ယှက်ခဲ့သည့်အတွက်ကြောင့်ပင်။

ထို့နောက် နီဂုရှေ့တလှမ်းတိုးလိုက်သည်။

သူ့မျက်လုံးများက သွေးရောင်သတ်ဖြတ်ခြင်းဆန္ဒဖြင့်ပြည့်နှက်နေပြီး မြွေလျှာတခုပမာ ထွေးထုတ်လိုက်စဉ် လှံရှည်တလက်က နီဂုလက်ထဲတွင် ပေါ်လာသည်။

သူကလှံကိုလက်နှစ်ဖက်နှင့်ကိုင်ကာ ယဲ့ချိုးပိုင်အားထိုးနှက်သည်။ ကြယ်ဆန္ဒများက လှံအား ကြယ်ရောင်များပမာဖုံးလွှမ်းသွားပြီး အလွန်အမင်းလေးလံစေကာ ဖိနှိပ်ခြင်းခံစားချက်တခုကိုရစေသည်။

ထိုအခိုက်အတန့်မှာပင် သွေးပြောင်းလဲခြင်းနယ်ပယ်အစောပိုင်းအဆင့်ခွန်အားက အပြည့်အ၀ပေါက်ကွဲသွား၏။

နီဂုက လျှပ်စီးလိုအမြန်နှုန်းဖြင့် ဒီနေရာတွင် ယဲ့ချိုးပိုင်ကိုသတ်ပစ်ချင်နေသည်မှာ သိသာထင်ရှားနေသည်။

သို့စေကာမူ ယဲ့ချိုးပိုင်က မည်သည့်ဓားနည်းစနစ် ဓားကျင့်စဉ်ကိုမှမသုံးသလို လက်ထဲက ကြယ်ကြွေဓားကိုပင် မမြှောက်ပေ။

သူဒီလိုလက်လျှော့လိုက်တာလား!

နီဂုနှာခေါင်းရှုံ့ကာ လက်ထဲကလှံဖြင့် ယဲ့ချိုးပိုင်၏မျက်ခုံးသို့ထိုးလိုက်သည်။

ဒါကလေဟာနယ်ကိုထိုးဖောက်ပြီး ယဲ့ချိုးပိုင်ဆီသို့ အဆုံးစွန်အထိ တိုးကပ်သွားပုံရသည်။

ထိုအချိန်တွင် ကြောက်ခမန်းလိလိလျှပ်စီးပါဝင်သည့်အဆောင်တခုက ယဲ့ချိုးပိုင် လက်တစ်ဖက်တွင် ပေါ်လာသည်။

သူကညင်သာစွာပြုံးရင်း အဆောင်ကို ခါယမ်းလိုက်သည်။

ဒါကိုမြင်သောအခါ နီဂု၏အမူအရာက အကြီးအကျယ်ပြောင်းလဲသွား၏။

ဒီအဆောင်ကသူ့ကို အသက်နှင့်သေခြင်းတရားအတွက် အန္တရယ်ရှိသည့်ခံစားချက်တခုကို ခံစားရစေသည်။

ဒါကဝိဉာဉ်အဆင့်အဆောင်ပေတည်း။

ထိုအဆောင်အား အာရုံခံစားမိပြီးနောက် နီဂုလက်ထဲကလှံက တိုက်ခိုက်မှုကနေ ကာကွယ်မှုအဖြစ်ပြောင်းသွားရသည်။

သူရှေ့သို့ထိုးရန်ပြင်နေစဉ် ရုတ်တရက် လက်အစုံက ခွန်အားကို သိမ်းဆည်းရင်း အတင်းနောက်ဆုတ်ကာ ရင်ဘတ်ရှေ့တွင် ပိတ်ဆို့ကာကွယ်လိုက်ရသည်။

ကြယ်ဆန္ဒအမျှင်တန်းများက နီဂုကိုယ်တဝိုက်တွင်စုဝေးလာကြပြီး ကြယ်ချပ်၀တ်တခုအဖြစ်ပြောင်းလဲသွားသည်။

နီဂု၏ကြယ်ဆန္ဒကိုအသုံးပြုခြင်းက ဇောင်ယန်နှင့်ယှဉ်ပါက အများကြီးပိုအားကောင်းသည်ဟုဆို၍ရသည်။

ဒီအဆောင်သာမရှိပါက ယဲ့ချိုးပိုင်အတွက် ကိုယ်တိုင်တိုက်ခိုက်ရန် အချိန်အနည်းငယ်ယူရပေလိမ့်မည်။

မည်သို့ပင်ဆိုစေကာမူ တဘက်လူက သွေးပြောင်းလဲခြင်းနယ်ပယ်မဟုတ်ပေလော။

ဒါ့အပြင် သူကကြယ်ဗိမာန်၏ ပါရမီရှင်တစ်ဦးလည်းဖြစ်သေးသည်။ သူ့နယ်ပယ်ကို ကျော်လွတ်နေသည့်လူတစ်ယောက်ကို ယဲ့ချိုးပိုင်ဘယ်လိုလုပ်ချက်ချင်းသတ်နိုင်မည်နည်း။

မုဖူရှန်းနှင့်သူ့ဆရာပြောခဲ့သည့်အတိုင်းပင် သူကခွန်အားကိုကောင်းကောင်းဖုံးကွယ်ထားရမည်။

ဒါအပြင် အ‌ဆောင်နှင့်ပြဿာနာကို အလွယ်တကူဖြေရှင်းနိုင်လေရာ ဘာလို့ အပင်ပန်းခံနေစရာလိုတော့မည်နည်း။

ထိုအချိန်တွင် ယဲ့ချိုးပိုင်ထွေးထုတ်သည်။

"ပြိုင်ဘက်ကင်းမိုးသက်မုန်တိုင်းအဆောင်၊ ပေါက်ကွဲစမ်း"

ပြိုင်ဘက်ကင်းမိုးသက်မုန်တိုင်းအဆောင်!

ဒါက မုဖူရှန်းကောင်းကင်အဆင့်အဆောင်အထွတ်အထိပ်အခြေခံကို အောင်မြင်စွာ တိုးမြှင့်ပြီးနောက် မိုးသက်မုန်တိုင်းအဆောင်ကို သတ်ဖြတ်ခြင်းအဆောင်အဖြစ်ကနေ ဝိဉာဉ်အဆောင်အဖြစ်သို့ တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။

၎င်း၏စွမ်းအားက မူလမိုးသက်မုန်တိုင်းအဆောင်ထက်အများကြီးပိုအားကောင်းသည်။

ဂျုန်း.....!

မိုးကြိုးများကလိမ့်ဆင်းလာသည်။

မရေမတွက်နိုင်လောက်သည့်လျှပ်စီးကြောင်းများက ပြိုင်ဘက်ကင်းမိုးသက်မုန်တိုင်းအဆောင်ကနေ လေဟာနယ်ကို ဆုတ်ဖြဲပစ်တော့မည့်အလား ပေါက်ကွဲလာကြပြီး နီဂုထံ ပြေး၀င်သွားကြ၏။

ကြယ်ချပ်၀တ်ဖြင့်ဖုံးထားသည့်နီဂုက အနက်မိုးကြိုးဖြင့် တိုက်ခိုက်ခံရသည်။

အက်ကြောင်းများက ချပ်၀တ်ပေါ်၌ ချက်ချင်းပေါ်လာသည်။

သူ့မျက်နှာက ပကတိမျက်စိဖြင့်မြင်နိုင်သည့် အမြန်နှုန်းဖြင့် ဖြူရော်သွားပြီး သွေးများက နီဂု၏ပါးစပ်ထောင့်စွန်းကနေ ဖြည်းညင်းစွာ စီးကျလာသည်။

ဇောင်ယန်၏အမူအရာက အကြီးအကျယ်ပြောင်းလဲသွား၏။

ကြယ်ဗိမာန်၏ တတိယအဆင့်ကိုယ်ပိုင်တပည့်ဖြစ်သည့် နီဂုတွင်ပင်လျှင် ယဲ့ချိုးပိုင်အား ခုခံရန်အတွက်စွမ်းရည်မရှိပေ။

နီဂု၏တိုးပွားလာသည့် အားငယ်နေသောအော်ရာကိုကြည့်ရင်း ဇောင်ယန်အော်ဟစ်လိုက်သည်။

"ယဲ့ချိုးပိုင်၊ မင်းကြယ်ဗိမာန်က ကိုယ်ပိုင်တပည့်တယောက်ကိုသတ်ချင်တာလား"

ယဲ့ချိုးပိုင်ပြုံးသည်။

"ဘာလို့မရရမှာလဲ"

သူစကားပြောပြီးသည်နှင့် လက်သီးဆုပ်လိုက်၏။ လျှပ်စီးနက်က ထိန်းချုပ်ခံလိုက်ရပုံရပြီး နီဂု၏ကြယ်ချပ်၀တ်ထဲသို့ ပြင်းထန်စွာ ထိုး၀င်သွား၏။

"ငါသာမင်းနေရာမှာဆိုရင် ဘာလို့ငါတို့တိုက်ခိုက်နေသလဲဆိုတာ ပြောချင်ပြောမိမှာ"

ထိုအချိန်တွင် နီဂုရူးမိုက်စွာပြုံးသည်။

"မင်းငါ့ကိုအရှုံးပေးစေချင်တာလား"

နီဂုတကိုယ်လုံးကရုတ်တရက်အနီရောင်ပြောင်းသွား၏။ သူ့အရေပြားပေါ်က ဆံချည်မျှင်သွေးကြောများ ပေါက်ကွဲသွားသည့်အလား သွေးများက အရေပြားအောက်ကနေ စီးထွက်လာကြသည်။

ထို့နောက် သူ့အရေပြားက သွေးဆန္ဒထိုးထွက်မှုကို မခံနိုင်တော့သည့်အလား ချွေးပေါက်များကနေ စိမ့်ထွက်ကာ လှံထဲသို့ စီး၀င်သွား၏။

ထိုအချိန်တွင် လှံက သွေးဖြင့်ဖုံးလွှမ်းသွားပြီး သူ့အော်ရာက ထိုးတက်လာသည်။

နီဂုဒေါသတကြီးအော်ဟစ်ကာ လှံကို ဝှေ့ယမ်းသည်။ ကြယ်ဆန္ဒက ထပ်မိသွားစဉ် သွေးရောင်လှံဆန္ဒလေဆင်နှာမောင်းတခုက ၀န်းရံနေသည့် လျှပ်စီးနက်ကို ဖြတ်သန်းသွား၏။

ယဲ့ချိုးပိုင်မျက်ခုံးအနည်းငယ်ပင့်လိုက်မိသည်။

ကြယ်ဗိမာန်ကပါရမီရှင်များတွင် သူတို့၏ကိုယ်ပိုင်ဝှက်ဖဲကိုယ်စီရှိကြပါသည်။

နီဂု ယဲ့ချိုးပိုင်ထံသို့ဆက်လက်ပြေး၀င်သွားရန်ပြင်နေစဉ် ကောင်းကင်၌ အဖိုးအိုတစ်ဦးပေါ်လာသည်။

"ကြယ်တာယာကောင်းကင်လျို့ဝှက်နယ်မြေကိုဖွင့်လှစ်တော့မှာ၊ ဒီလိုတားမြစ်နည်းစနစ်တွေကိုမသုံးကြပါနဲ့"

သူစကားပြောပြီးသည်နှင့်တပြိုင်နက် ဖိနှိပ်ခြင်းအားတခုက နီဂုပေါ်ကျဆင်းလာပြီး သွေးရောင်သတ်ဖြတ်ခြင်းဆန္ဒက အလျင်အမြန် ဖိနှိပ်ခံလိုက်ရသည်။

ဒါကိုမြင်သောအခါ နီဂုအေးစက်စွာနှာခေါင်းရှုံ့ရင်း တိုက်ခိုက်နေတာကို ရပ်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ တဘက်လူက ဥပဒေစိုးမိုးရေးခန်းမ၏အကြီးအကဲဖြစ်လေရာ သူအရမ်းကြီးအရိုအသေမဲ့၍မရပေ။

ထိုအရာများကိုလုပ်ဆောင်ပြီးနောက် အကြီးအကဲက ယဲ့ချိုးပိုင်အားကြည့်သည်။

"အပြင်လူတယောက်အနေနဲ့ မင်းကဒီမှာ အရမ်းရိုင်းပျနေတယ်၊ ငါ့တို့ရဲ့ဗိမာန်ထဲမှာ ဘယ်သူမှမရှိတော့ဘူးလို့ မင်းထင်နေတာလား"

အပိုင်း(558) coming။

All Chapters