← Chapters

#ထူးကဲခြင်းနယ်ပယ်ဓားတာအို#

Vol. 39 Ch. 558

#ထူးကဲခြင်းနယ်ပယ်ဓားတာအို#

Vol. 39 Ch. 558

ဥပဒေစိုးမိုးရေးခန်းမအကြီးအကဲတွင် ကြယ်ဗိမာန်၌ အလွန်မြင့်မားသည့်ပုံရိပ်ရှိသလို တချိန်တည်းမှာပင် အတော်လေးအားကောင်းပြီး မြေအင်မော်တယ်ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည်။

သူ့တွင်အားကောင်းသည့်ခွန်အားသာမရှိပါက သူက‌ဥပဒေစိုးမိုးရေးအကြီးအကဲတစ်ယောက် မည်သို့ဖြစ်လာနိုင်မည်နည်း။

ဥပဒေစိုးမိုးရေးခန်းမအကြီးအကဲ သူ့ထံ ပြစ်ချက်တင်လာတာကိုမြင်သောအခါ ယဲ့ချိုးပိုင်မှိန်ဖျော့စွာပြုံးရင်း လက်အစုံကို ဆန့်လိုက်သည်။

"ခင်ဗျားက ဥပဒေစိုးမိုးရေးခန်းမက အကြီးအကဲတစ်ယောက်ဖြစ်နေမှတော့ ပြဿာနာကိုမကြည့်ခင် ဒီကိစ္စကိုအရင် ကြိုတင်နားလည်သင့်တယ်မလား"

ဥပဒေစိုးမိုးရေးခန်းမအကြီးအကဲက မျက်ခုံးအနည်းငယ်ပင့်လိုက်မိသည်။

မူလကသူက ယဲ့ချိုးပိုင်အား သူ့အတွက် အရာများကို ခက်ခဲအောင်မလုပ်စေရန်အတွက် သူ့၏မောက်မာမှုကိုဖိနှိပ်ချင်ရုံမျှသာဖြစ်သည်။

ခန်းမသခင်က သူ့ကိုဒီကိစ္စများကို ဂရုမစိုက်ရန်အတွက် ကိုယ်တိုင်ကိုယ်ကျပြောခဲ့သည်။

သို့စေကာမူ ယဲ့ချိုးပိုင်က အနည်းငယ်မောက်မာသည်။

သူ့လို ဥပဒေစိုးမိုးရေးခန်းမအကြီးအကဲတစ်ဦးကို ရင်ဆိုင်နေရသည့်တိုင် သူကလုံး၀နောက်မဆုတ်ပေ။

"ဒါက ကြယ်ဗိမာန်ဆိုတာမင်းသိသင့်တယ်၊ ကောင်းကင်ဘုံဓားတောင်ထိပ်မဟုတ်ဘူး"

"ငါမင်းကိုကြယ်ဗိမာန်ထဲသတ်ပစ်ရမလား"

ယဲ့ချိုးပိုင်ပခုံးတချက်တွန့်ရင်း သူ့အမူအရာကအေးစက်လာသည်။

"ကျုပ်က လွတ်လပ်မှုနဲ့အသက်ရှည်ဖို့အတွက်ကျင့်ကြံထားတာ၊ အနိုင်ကျင့်ခံရဖို့အတွက်မဟုတ်ဘူး"

ထိုစကားကိုကြားသောအခါ ဥပဒေစိုးမိုးရေးခန်းမအကြီးအကဲက နှာခေါင်းရှုံ့သည်။ သူရှေ့တလှမ်းတိုးပြီး ရုတ်တရက်လက်ကို ဆန့်ထုတ်ကာ ယဲ့ချိုးပိုင်ရှိရာဘက်သို့ လက်ဖဝါးဖြင့် ဖိချလိုက်သည်။

ကြယ်ဆန္ဒက ယဲ့ချိုးပိုင်ပေါ်သို့ မယှဉ်နိုင်လောက်အောင်လေးလံသည့်အလေးချိန်ဖြင့်ဆင်းသက်လာသည်။

မထိနိုင်လျှင်တောင် တဘက်လူကို သင်ခန်းစာတခုပေးတာက ပြဿာနာတော့မဟုတ်ဘူးလေ!

ဒီကြောက်မက်ဖွယ်ရာဖိအားကိုခံစားမိသောအခါ ယဲ့ချိုးပိုင်၏မျက်သူငယ်အိမ်များကကျုံ့သွားပြီး သူ့၏မြောလွင့်နေသည့်ပုံရိပ်က ချက်ချင်းဆိုသလို မြေပေါ်သို့ ဖိနှိပ်ခံရသည်။

အားကောင်းသည့်တံဆိပ်တခုက သူ့ကိုယ်ပေါ်သို့ဖိလာသောအခါ ယဲ့ချိုးပိုင် အနည်းငယ်ကိုင်းညွတ်သွား၏။

ဒီမြင်ကွင်းကိုမြင်သောအခါ ဥပဒေစိုးမိုးရေးခန်းမအကြီးအကဲက ထူးမခြားနားစွာပြောသည်။

"ငါအားနည်းသူတွေကိုအနိုင်ကျင့်တယ်လို့ မင်းပြောမှာဆိုးလို့ ကျင့်ကြံခြင်းကိုမသုံးထားဘူး၊ ငါကြယ်ဆန္ဒကိုပဲသုံးမှာ"

"မင်းဒီအကွာအဝေးကနေ ထွက်နိုင်ရင်တော့ ငါဒီကိစ္စကို ထပ်၀င်မစွက်ဖက်တော့ဘူး"

ယဲ့ချိုးပိုင်အံကြိတ်သည်။ သူ့ကိုယ်ပေါ်က ကြယ်ဆန္ဒက တောင်တစ်လုံးပမာလေးလံသည်။

သူဆက်လက်ရုန်းကန်နေပြီး သွားအကြားကနေ ဒေါသတကြီးညည်းသံတချက်ကို ထုတ်ကာ မြေပေါ်တက်လှမ်းရင်း ခေါင်းကိုမော့လိုက်သည်။

ထိုအခိုက်အတန့်၌ အန္တိမနယ်ပယ်ဓားဆန္ဒက ပေါက်ကွဲထွက်လာသည်။

လေးလံသည့်ကြယ်ဆန္ဒကိုခုခံရန်အတွက် ယဲ့ချိုးပိုင် ဓားပိုင်နက်တခုကိုသိပ်သည်းစေသည်။

သို့စေကာမူ မြေအင်မော်တယ်တစ်ယောက်က ကျင့်ကြံခြင်းကိုမထုတ်လွှတ်ထားလျှင်ပင် လမ်းတစ်လျှောက်၌ သူ့၏ကျင့်ကြံခြင်းနှင့် ဆန္ဒနယ်ပယ်အပေါ်နားလည်မှုက ယဲ့ချိုးပိုင်ထက် အများကြီးသာလွန်နေလေပြီ။

သူကကြယ်ဆန္ဒကိုသာအသုံးပြုထားသော်လည်း ဒါကယဲ့ချိုးပိုင်ကို အသက်ရှုကျပ်စေပြီး ခုခံရန်အတွက် နည်းလမ်းမရှိသည့်အလားပင်။

ဘေးကနေ ဇောင်ယန်နှာခေါင်းရှုံ့သည်။

"အကြီးအကဲကလှုပ်ရှားမှုကိုလုပ်လိုက်ပြီ၊ မင်းခုခံချင်နေသေးတယ်ဆိုရင်တော့ တတ်နိုင်သမျှမြန်မြန်လက်လျှော့လိုက်ပါ"

နီဂုစကားမပြောသော်လည်း သူ့မျက်လုံးထဲက မထီမဲ့မြင်အမူအရာက သူ့သဘောထားကို ကိုယ်စားပြုနေသည်။

လက်လျှော့ရမှာလား!

ငါလက်လျှော့သင့်လား!

ယဲ့ချိုးပိုင်လက်လျှော့မည့်အကြောင်းကို တခါမှမတွေးတောခဲ့ဖူးပါ။

အကယ်၍သူသာအလွယ်တကူလက်လျှော့ပါက ဓားတာအိုလမ်းစဉ်၌ မည်သို့မည်ပုံ အဝေးကြီးသွားနိုင်တော့မည်နည်း။

ဓားသမားတစ်ဦး၊ လူတစ်ယောက်နှင့် ဓားတစ်လက်ကအားကောင်းသည်ဖြစ်စေ အားနည်းသည်ဖြစ်စေ ရန်သူဆိုပါက ရှေ့သို့ ဖိနှိပ်ရင်း လက်ထဲကဓားဖြင့် ပိုင်းဖြတ်ရမည်ဖြစ်သည်။

ဒီအကြောင်းကိုတွေးမိသောအခါ ယဲ့ချိုးပိုင်၏စိတ်အခြေအနေက ပြောင်းလဲသွားပုံရသည်။

သူမျက်လုံးများကိုမှိတ်လိုက်၏။

သူ့ကိုယ်ထဲက ဓားဆန္ဒကစုမဆုံဘဲ ယင်းအစား အလွန်အမင်းဆန်းကြယ်သည့် အခြေအနေတခု၌ ပေါက်ကွဲသွားကြပြီး အရင်က အန္တိမဓားဆန္ဒထက် ပို၍ပင်ထက်ရှလာသည်။

ဥပဒေစိုးမိုးရေးခန်းမအကြီးအကဲက ဒီမြင်ကွင်းကိုမြင်သောအခါ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။

ဓားဆန္ဒချိုးဖျက်တာလား!

ထိုအဆင့်က အန္တိမနယ်ပယ်ဓားဆန္ဒအဆင့်ပင်ရောက်နေလေပြီ။

သူ့ဓားဆန္ဒက ယခုလိုငယ်ရွယ်သည့်အရွယ်တွင်ပင် ဒီနယ်ပယ်ထိရောက်နေပြီဟုဆို၍ရသည်။

အလယ်အလတ်အဆင့်ကြယ်နယ်မြေတခုလုံးတွင် သူ့ကိုထိပ်တန်းဓားသမားတစ်ယောက်အဖြစ်သတ်မှတ်၍ရပေသည်။

အကယ်၍သူသာထပ်မံချိုးဖျက်မည်ဆိုပါက ထူးကဲခြင်းနယ်ပယ်ကို အမှန်တကယ်ရောက်သွားပေလိမ့်မည်။

ဓားတာအိုအတွက် အန္တိမနယ်ပယ်အထက်တွင် ထူးကဲခြင်းနယ်ပယ်တည်ရှိပြီး ဒါကို ကျော်လွန်ပါက ဓားအင်မော်တယ်တစ်ဦးဖြစ်လာနိုင်သည်။

နီဂုအနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။

ထိုအချိန်တွင် ယဲ့ချိုးပိုင် ထိုသုံးယောက်၏ ထိတ်လန့်နေသည့်အကြည့်အောက်တွင် ဖြည်းညင်းစွာထရပ်လာပြီး သူ့ညာခြေထောက်ကိုမကာ ရှေ့တလှမ်းလှမ်းလိုက်သည်။

ဒါကဖြည်းဖြည်းချင်းပင်ကျဆင်းသည်။

တချိန်တည်းမှာပင် ယဲ့ချိုးပိုင်၏ကိုယ်၌ မြည်ဟီးနေသည့်ဓားဆန္ဒက ရုပ်လုံးစတင်ပေါ်လာသည့်အလား အမှန်တကယ်ပို၍ပင် သိပ်သည်းလာသည်။

ဓားဆန္ဒပြောင်းလဲသွားသောအခါ ယဲ့ချိုးပိုင်၏မျက်လုံးများက မှိတ်နေဆဲပင်။

အံကြိတ်ထားမှုကြောင့် သူ့မျက်နှာပေါ်မှ ခက်ထန်နေသည့်အမူအရာက ထိုအခိုက်အတန့်၌ ပြေလျော့သွား၏။

တချိန်တည်းမှာပင် သူဘယ်ခြေဖြင့် နောက်တစ်လှမ်းထပ်လှမ်းပြီး ခြေချစဉ် ဓားဆန္ဒက ထပ်မံမြည်ဟီးလာပြန်သည်။

ထို့နောက်ဧရာမဟင်းလင်းပြင်ဓားများအဖြစ်ပြောင်းလဲသွားပြီး ကောင်းကင်အား ဖုံးလွှမ်းနေသည့် သိပ်သည်းသောကြယ်ဆန္ဒအား ပိုင်းဖြတ်လိုက်သည်။

၎င်းကအဆက်မပြတ်ချိုးဖျက်ခံနေရသော်လည်း ဟင်းလင်းပြင်ဓားက အဆုံးမဲ့ပုံရသည်။

ကြယ်ဆန္ဒများကကျိုးပဲ့ကာ အဆုံးမဲ့စက်၀န်းတခုထဲတွင် သိပ်သည်းသွား၏။

ဥပဒေစိုးမိုးရေးခန်းမအကြီးအကဲ၏ အမူအရာကကြည့်ရဆိုးသွားသည်။။

သူ့ကြောင့်ငါတကယ်ဒီအနေအထားထိ သွားရတော့မှာလား!

ထို့နောက်သူအေးစက်စွာနှာခေါင်းရှုံ့သည်။

ထိုအချိန်မှာပင် ဥပဒေစိုးမိုးရေးခန်းမအကြီးအကဲက ထပ်မံဖိနှိပ်လိုက်ပြန်သည်။

မူလက ယှဉ်၍မရနိုင်လောက်အောင်လေးလံသည့်ကြယ်ဆန္ဒက ကောင်းကင်နှင့်မြေကြီးအား ထိုးခွဲပစ်ပုံရပြီး ယဲ့ချိုးပိုင်ပေါ်သို့ ထပ်မံဖိကျလာသည်။

တခြားတဘက်တွင် ယဲ့ချိုးပိုင်က ဗလာနယ်မြေတခု၌ ကျရောက်နေသည့်အလား မျက်လုံးကိုမှိတ်ထားသည်။

သူ့အသိစိတ်ပင်လယ်ထဲတွင် ဓားတစ်လက်၏တည်ရှိမှုသာရှိသည်။

ထို့နောက် အန္တရာယ်ကိုခံစားမိသည့်အလား ယဲ့ချိုးပိုင်မသိစိတ်က ကောင်းကင်ပေါ် ညွှန်လိုက်မိသည်။

အလွန်အမင်းသိပ်သည်းသည့်အဖြူရောင်အလင်းတခုက သူ့လက်ချောင်း၌ ပေါ်လာပြီး ထိုအဖြူရောင်အလင်းတွင် အဆုံးမဲ့ဓားဆန္ဒတခုရှိသည်။

ထို့နောက်သူလက်ချောင်းအားညွှန်လိုက်သည်။

အဖြူရောင်အလင်းက ရုပ်၀တ္ထုအသွင်ဓားတစ်လက်အဖြစ်ပြောင်းလဲသွားပြီး ဥပဒေစိုးမိုးရေးခန်းမအကြီးအကဲအား ပိုင်းဖြတ်လိုက်သည်။

ဓားဆန္ဒအနှစ်သာရက ထူးကဲသည်။

သူကအင်မော်တယ်နယ်ပယ်ကိုမရောက်သေးခင်မှာပင် သူ့ဓားဆန္ဒက ထူးကဲခြင်းနယ်ပယ်ကိုရောက်နှင့်နေပြီလား။

အလယ်အလတ်အဆင့်ကြယ်နယ်မြေတခုလုံးတွင် ထူးကဲခြင်းနယ်ပယ်ကိုရောက်နေသည့် ဓားသမားတိုင်းနီးပါးက အင်မော်တယ်တပိုင်းနယ်ပယ်များဖြစ်ကြသလို တချို့ဆိုလျှင် ‌မြေအင်မော်တယ်များပင် ဖြစ်နေကြပြီဖြစ်သည်။

သွေးပြောင်းလဲခြင်းနယ်ပယ်နှင့် ရောက်သောသူဟူ၍ မရှိသလောက်နီးပါးပင်။

တာအိုနယ်ပယ်အတွက်မူ ကြားပင်မကြားဖူးပါ။

ဇောင်ယန် ဒီမြင်ကွင်းကိုမြင်သောအခါ သူ့အမူအရာကကြည့်ရဆိုးသွားသည်။

တဘက်လူကဒီလောက်တောင်အားကောင်းတာလား!

သူတို့နှစ်ဦးကြားက ကွာဟချက်က အရမ်းကြီးမားသည်။

တချိန်တည်းမှာပင် ရုပ်၀တ္ထုဓားဆန္ဓဓားချင်က ဥပဒေစိုးမိုးရေးခန်းမအကြီးအကဲဆီသို့ ပိုင်းချလိုက်သည်။

ယဲ့ချိုးပိုင်ရှေ့သို့ နောက်တစ်လှမ်းလှမ်းပြီးဥပဒေစိုးမိုးရေးခန်းမအကြီးအကဲကြယ်ဆန္ဒ၏ ဖိနှိပ်ခြင်းအကွာအဝေးကနေ တိုက်ရိုက်ထွကလာသည်။

ဥပဒေစိုးမိုးရေးခန်းမအကြီးအကဲက အေးစက်စွာနှာခေါင်းရှုံ့ရင်း လက်ကောက်၀တ်ကိုခါယမ်းလိုက်စဉ် ဓားဆန္ဒဓားကို ချိုးပျက်သွားစေသည်။

ယဲ့ချိုးပိုင်က ထူးကဲခြင်းနယ်ပယ်သို့ရောက်နေပြီဖြစ်သော်လည်း မြေအင်မော်တယ်တစ်ဦးဖြစ်သည့် ဥပဒေစိုးမိုးရေးခန်းမအကြီးအကဲကိုရင်ဆိုင်ရန်အတွက် မလုံလောက်ပါ။

ထိုအချိန်တွင် ယဲ့ချိုးပိုင်မျက်လုံးများကိုဖွင့်ကာ ကောင်းကင်ပေါ်က ဥပဒေစိုးမိုးရေးခန်းမအကြီးအကဲကိုကြည့်လိုက်၏။ ထို့နောက်ပြုံးကာ လက်နှစ်ဖက်ဆုပ်သည်။

"အဆင့်ချိုးဖျက်ရာမှာ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ စီနီယာ"

ယဲ့ချိုးပိုင်၏စကားလုံးများက စော်ကားနေသည်နှင့်မတူသော်လည်း ဥပဒေစိုးမိုးရေးခန်းမအကြီးအကဲအတွက်မူ ဒါက သူ့မျက်နှာကို တကြိမ်ပြီးတကြိမ် ဖြတ်ရိုက်နေခြင်းနှင့်တူနေသည်မှာ သံသယမရှိပေ။

"စီနီယာပြောခဲ့မှတော့ ခင်ဗျားကတိအတိုင်းလုပ်မယ်လို့ ကျုပ်ယုံကြည်ပါတယ်၊ ဟုတ်တယ်မလား"

"ဘာပဲဆိုဆို စီနီယာက ကြယ်ဗိမာန်က ဥပဒေစိုးမိုးရေးခန်းမရဲ့အကြီးအကဲတစ်ယောက်ပဲလေ"

ယဲ့ချိုးပိုင်စကားပြောနေစဉ် ကြယ်ဗိမာန်မှဥပဒေစိုးမိုးရေးခန်းမ၏အကြီးအကဲဟူသော အသံကို အထူးအလေးပေးပြောခဲ့သည်။

ထိုစကားကိုကြားသောအခါ ဥပဒေစိုးမိုးရေးခန်းမအကြီးအကဲက အေးစက်စွာ နှာခေါင်းရှုံ့သည်။

"သေချာတာပေါ့"

ယဲ့ချိုးပိုင်ရယ်မောသည်။

"ဒီလိုဆိုရင်ကျုပ်ကိုအရင်သွားခွင့်ပြုပါဦး"

ထို့နောက်သူတဘက်လှည့်ကာထွက်သွားလေတော့သည်။

ဤသို့ဆိုပါက နီဂုကရော!

ဥပဒေစိုးမိုးရေးခန်းမအကြီးအကဲက ဒီမှာရှိနေသည့်တိုင် သူတို့လိုချင်လျှင်ပင် လှုပ်ရှား၍မရနိုင်။

အတင်းအင်အားသုံးတိုက်ခိုက်ခြင်းက တဘက်လူကို တိုက်ခိုက်ရန်အတွက် အကြောင်းပြချက်တခုပေးသလိုသာဖြစ်သွားပေလိမ့်မည်။

အပိုင်း(559) coming။

All Chapters