← Chapters

#ကြယ်တိမ်ကောင်းကင်အားခွဲပစ်ခြင်း၊ လျှို့ဝှက်နယ်မြေဖွင့်လှစ်သည်#

Vol. 39 Ch. 559

#ကြယ်တိမ်ကောင်းကင်အားခွဲပစ်ခြင်း၊ လျှို့ဝှက်နယ်မြေဖွင့်လှစ်သည်#

Vol. 39 Ch. 559

"အကြီးအကဲ၊ ကျွန်တော်နဲ့ထားခဲ့လိုက်ပါ" နီဂုက ယဲ့ချိုးပိုင်ထွက်သွားတာကိုကြည့်ရင်း လေးနက်သည့်အသံဖြင့် ရုတ်တရက်ပြောလာသည်။

"ဟမ်"

ဥပဒေစိုးမိုးရေးခန်းမအကြီးအကဲက ခေါင်းငုံ့ကာ နီဂုအားကြည့်လိုက်၏။

"မင်းနဲ့ထားခဲ့ရမယ်၊ မင်းသူ့ကိုရှုံးသွားတာမဟုတ်ဘူးလား"

နီဂုကြည့်ရဆိုးသည့်အမူအရာဖြင့်ပြောသည်။

"သူကကျွန်တော့်ကိုအနိုင်ယူဖို့အတွက် အဆောင်စွမ်းအားကိုပဲအသုံးပြုခဲ့တာ"

"ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေမှာ သူပြင်ပအားအင်တွေကို သုံးလို့ရမှာမဟုတ်ဘူး၊ ဆေးလုံးတွေဖြစ်စေ အဆောင်တွေဖြစ်စေ ဘာမှယူလာနိုင်မှာမဟုတ်ဘူးလေ"

"အဲဒီအချိန်ကျရင် ဒီကောင့်မှာအားကိုးစရာဘယ်သူမှရှိမှာမဟုတ်တော့ဘူး၊ သွေးပြောင်းလဲခြင်းနယ်ပယ်ခွန်အားမဲ့ ကျွန်တော် တာအိုနယ်ပယ်ကျင့်ကြံသူတစ်ယောက်ကို ကိုင်တွယ်နိုင်ပါတယ်"

ဥပဒေစိုးမိုးရေးခန်းမအကြီးအကဲက တခဏမျှတွေးတောပြီးနောက်ခေါင်းညိတ်သည်။

"သေချာတာပေါ့၊ ဒါပေမယ့်သူ့ဓားတာအိုက ထူးကဲခြင်းနယ်ပယ်ကို ချိုးဖျက်သွားပြီ.."

"ဘာမှမဖြစ်ပါဘူး၊ ကျွန်တော့်ရဲ့ကြယ်ဆန္ဒကလည်း ချိုးဖျက်တော့မယ့်အစွန်းကိုရောက်နေပြီပဲ၊ ကျန်တဲ့အချိန်တွေမှာ ကျွန်တော်ကျင့်ကြံဖို့အတွက် ဆရာ့နေရာကိုသွားလိုက်ပါမယ်၊ ကျွန်တော်အဆင့်ချိုးဖျက်နိုင်မှာပါ"

နီဂု၏ဆရာက ကြယ်ဗိမာန်တော်၏ မဟာအကြီးအကဲဖြစ်သည်။

ခွန်အားအရ မဟာအကြီးအကဲကသူ့ထက်ပိုအားကောင်းသည်။

ထို့နောက်တွင်သာ ဥပဒေစိုးမိုးရေးခန်းမအကြီးအကဲကပြုံးရင်းခေါင်းညိတ်သည်။

"ဒီလိုဆိုရင်မင်းရဲ့သတင်းကောင်းကို ငါစောင့်နေမယ်"

တကယ်တမ်းတွင် ခန်းမသခင်ပြောတာမှန်သည်။

ယဲ့ချိုးပိုင်နှင့်ကျန်သောသူများကို ဓားသွေးကျောက်များအဖြစ် သုံးခြင်း၏ သက်ရောက်မှုကမဆိုးပေ။

ဒီကိစ္စတွင် သူမျက်နှာအနည်းငယ်ပျက်ရမည်ဆိုလျှင်ပင် ဒါကအပေးအယူကြီးတခုမဟုတ်ပါ။

ခြံ၀င်းထဲသို့ပြန်လာပြီးနောက် ယဲ့ချိုးပိုင် မုဖူရှန်းနှင့်ရှောင်ဟိုင်တို့ကို ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာ ပြောပြလိုက်သည်။

မုဖူရှန်းချက်ချင်းပြောသည်။။

"ကြည့်ရတာ ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေမှာ အမည်မသိလျှို့ဝှက်ချက်တချို့ရှိပုံပဲ"

"ပြီးတော့သူတို့က အပြင်လူတွေကိုလည်း သိခွင့်မပေးချင်ကြဘူး"

ရှောင်ဟိုင်တွေးလိုက်သည်။

"ဒါကဂျူနီယာညီလေးရှီနဲ့ဆက်စပ်နေတာများလား"

ယဲ့ချိုးပိုင်ခေါင်းညိတ်သည်။

"ဒါဖြစ်နိုင်ချေအများဆုံးပဲ၊ အခုအရမ်းကြီးတွေးနေတာကအသုံးမ၀င်ဘူး၊ အရင်ဆုံးကျင့်ကြံကြရ‌အောင်"

ဒီတကြိမ်သူတိုက်ခိုက်ခဲ့ခြင်းက ကြယ်ဗိမာန်ကတပည့်များအား သူတို့အား သံသယမရှိပို၍၌ပင်နားလည်သွားစေသည်။

ဒီတခါသူနိုင်ခဲ့‌သော်လည်း ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေ၌ အားကောင်းသည့်လူတချို့ရှိရပေမည်။

အချိန်များကတ‌ရက်ပြီးတရက်ကုန်ဆုံးသွားပြီး ယဲ့ချိုးပိုင်၏ထူးကဲဓားဆန္ဒကလည်း တဖြည်းဖြည်းတည်ငြိမ်လာကာ သူ့နယ်ပယ်ကလည်း ပို၍တိုးလာခဲ့သည်။

သူကတာအိုနယ်ပယ်အထွတ်အထိပ်အဆင့်ကိုမချိုးဖျက်နိုင်သေးသော်လည်း အရမ်းကြီးမဝေးကွာတော့ပါ။

အဆောင်ကို ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေ၌ သုံး၍မရတာကို မုဖူရှန်းသိရှိသွားပြီးနောက် ကိုးသွယ်ရှေးဦးမိုးကြိုးနည်းစနစ်ကို သုတေသနပြုရန်အတွက် စတင်အာရုံစိုက်ခဲ့သည်။

ဒီလျှပ်စီးနည်းစနစ်ကို ကျင့်ကြံခြင်းကျင့်စဉ်တခုအဖြစ်သာ သုံး၍ရခြင်းမဟုတ်ဘဲ အလားတူပင် အလွန်မြင့်မားသည့် သတ်ဖြတ်ခြင်းစွမ်းအားရှိသော မိုးကြိုးနည်းစနစ်တချို့လည်းရှိသည်။

ဒီကျင့်ကြံခြင်းနည်းစနစ်၏အဆင့်က ယဲ့ချိုးပိုင်၏ရှေးဦးမူလဓားကျမ်းလောက် မနိမ့်ကျဟုဆို၍ရသည်။။

တခြားတဘက်တွင် ရှောင်ဟိုင်က အမြဲအတိုင်းပင် လက်သီးထိုးခြင်းကို လေ့ကျင့်နေသည်။

ကျင့်ကြံခြင်းအချိန်တာက အမြဲလိုလို လျင်မြန်စွာကုန်ဆုံးသွားခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေဖွင့်ရန် အချိန်ကျရောက်လာလေပြီ။

ထိုနေ့တွင် အတွင်းဂိုဏ်းတပည့်အားလုံးနှင့် ကိုယ်ပိုင်တပည့်များက ပင်မခန်းမရှေ့တွင်ရောက်နေကြသည်။

ယဲ့ချိုးပိုင်၊ မုဖူရှန်းနှင့်ရှောင်ဟိုင်တို့လည်းရောက်လာကြသည်။

တပည့်အားလုံးက ယဲ့ချိုးပိုင်နှင့်ကျန်နှစ်ယောက်ကိုရန်လိုစွာကြည့်နေကြသည်။

တုံ့ကြန်သည့်အနေဖြင့် သူတို့သုံးယောက်က ဘာတခုမှမပြောကြဘဲ ထိုအရာကို လေထုတခုပမာသာဆက်ဆံနေကြ၏။

ထိုအချိန်တွင် နီဂုက ယဲ့ချိုးပိုင်ရှေ့သို့ရောက်လာပြီး နှာခေါင်းရှုံ့သည်။

"ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေမှာ မင်းအဆောင်တွေကိုအသုံးပြုလို့မရဘူးမလား၊ အဲဒီအချိန်ကျရင် မင်းတခြားဘယ်အရာတွေကို အားကိုးမလဲဆိုတာငါသိချင်မိပါသေးတယ်"

ထိုစကားကိုကြားသောအခါ ယဲ့ချိုးပိုင်ပြုံးရင်းဒေါသမထွက်ဘဲ တည်ငြိမ်စွာပြောသည်။

"စောင့်ကြည့်ကြတာပေါ့"

ရုတ်တရက် ကြယ်ဗိမာန်၏ပင်မခန်းမတံခါးကပွင့်လာပြီး ကြီးကျယ်ခမ်းနားသည့်အော်ရာတခုထွက်လာသည်။

ယဲ့ချိုးပိုင်တို့သုံးယောက်က ဒီအော်ရာကို အတော်လေးရင်းနှီးကြပါသည်။

ကောင်းကင်အင်မော်တယ်တစ်ဦးသာလျှင် ယခုလိုကြီးမားသည့်အော်ရာမျိုးကို ပိုင်ဆိုင်နိုင်ပေသည်။

ဒါကအားလုံးက ရပ်နေရုံမျှနှင့် အသက်ရှူကျပ်သလိုခံစားရစေသည်။

အဖိုးအိုတစ်ဦးဖြည်းညင်းစွာလျှောက်လာသည်။

တပည့်သားများကမြင်သောအခါ ချက်ချင်းလက်နှစ်ဖက်ဆုပ်လိုက်ကြပြီး လေးစားစွာပြောလိုက်ကြ၏။

"နှုတ်ဆက်ပါတယ်၊ ခန်းမခေါင်းဆောင်"

ထိုအဖိုးအိုက ဗိမာန်တော်၏သခင်၊ ကောင်းကင်အင်မော်တယ်နယ်ပယ်ကျင့်ကြံသူဟွမ်အိုပေတည်း။

ဟွမ်အိုမည်သည့်စကားမှမဆိုဘဲ လက်ကို အသာအယာမြှောက်လိုက်၏။ ရှိနေသည့် တပည့်အားလုံးက မမြင်ရသည့်အားတခုကြောင့် မတင်ခံလိုက်ရသည်။

"ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေကို သုံးနှစ်တခါဖွင့်လေ့ရှိတယ်၊ တိုက်ရိုက်တပည့်တွေနဲ့ အတွင်းတပည့်တွေပဲ၀င်လို့ရမယ်"

"၀င်ဖို့အတွက်တခုတည်းသောရည်ရွယ်ချက်က ကြယ်တာယာကောင်းကင်ဆီကို တက်လှမ်းနိုင်ဖို့အတွက် အကောင်းဆုံးကြိုးစားဖို့ပဲ"

"တက်နိုင်စွမ်းအမြင့်က ပိုမြင့်မားလေလေ၊ ကြယ်ဆန္ဒက ပိုသိပ်သည်းလေလေပဲ"

"ကြယ်တွေရဲ့အနက်ရှိုင်းဆုံးအပိုင်းကို ရောက်မှသာလျှင် ကြယ်စွမ်းအားကိုရနိုင်မယ်၊ အခုမင်းတို့လုပ်ဖို့လိုတာက အထဲကို၀င်ပြီး ကြယ်တွေရဲ့ ဆန်းကြယ်မှုတွေကို နားလည်အောင်လုပ်ဖို့ပဲ၊ နားလည်လား"

ကြယ်ဗိမာန်တွင် ရှေးခေတ်၏ ဂုဏ်ယူဖွယ်ရာကာလအပြီးတွင် မည်သည့်တပည့်ကမှ ကြယ်စွမ်းအားကိုနားမလည်နိုင်ခဲ့ကြပေ။

ရလဒ်အနေဖြင့် ကြယ်ဗိမာန်က အလယ်အလတ်အဆင့်ကြယ်နယ်မြေ၌ ထိပ်တန်းအဆင့်ကနေ ဒုတိယတန်းစားအဆင့်အဖြစ်ကျသွားခဲ့သည်။

ထို့နောက် အရင်ကြယ်ဗိမာန်ခန်းမသခင်များ၏တာ၀န်က ကြယ်စွမ်းအားကို နားလည်နိုင်သည့် ပါရမီရှင်များကို ပျိုးထောင်ရန်ပင်ဖြစ်သည်။

ထို့နောက်တွင်သာ သူတို့ဂုဏ်ကျက်သရေကို ပြန်လည်တည်ဆောက်နိုင်ရန်အတွက် အခွင့်အရေးရလာပေလိမ့်မည်။

"အချိန်ကျပြီ"

ဟွမ်အိုခေါင်းအနည်းငယ်မော့လိုက်စဉ် သူ့လက်ထဲတွင် လက်ကိုင်တုတ်တစ်ချောင်း ရုတ်တရက်ပေါ်လာသည်။

ထိုလက်ကိုင်တုတ်ထိပ်တွင် ခရမ်းရောင်သလင်းတခုရှိသည်။

ထိုသလင်းထဲတွင် မရေမတွက်နိုင်လောက်သည့်ကြယ်များရှိသည်။ ဒါက ကြယ်တာယာကောင်းကင်တခုလုံးက ခရမ်းရောင်သလင်းထဲတွင် ရှိနေသည့်အလားပင်။

ဟွမ်အို စကြာ၀ဠာလက်ကိုင်တုတ်ကို မြှောက်ကာ ပင်မခန်းမအထက်က ကောင်းကင်ပေါ်သို့ ညွှန်ပြလိုက်သည်။

အဆုံးမဲ့ကြယ်တာယာကောင်းကင်၏ ဆန္ဒပါ၀င်သည့်ခရမ်းရောင်အလင်းတန်းတခုက ကောင်းကင်ပေါ်ထိုးတက်သွား၏။

တချိန်တည်းမှာပင် ဒါက ဆင့်ခေါ်ခံလိုက်ရပုံရသည်။

ပင်မခန်းမထိပ်တွင် မရေမတွက်နိုင်လောက်သည့် ဆန်းကြယ်သောရှေးဟောင်းစာလုံးများက လေထဲတွင် ပေါ်လာသည်။

ရှေးဟောင်းအက္ခရာများက တချိန်တည်းတွင် ကြောက်ခမန်းလိလိစွမ်းအားကို ထုတ်လွှတ်ရင်း ခရမ်းရောင်အလင်းတန်းနှင့်အတူ ကောင်းကင်အားရိုက်ခတ်ပစ်သည်။

ဂျုန်း......!

ကောင်းကင်ထဲတွင် တိမ်များကပြန့်ကြဲသွားသည်။ ကောင်းကင်ကပွင့်ထွက်သွားသည့်အလားပင်ထင်ရသည်။

တိမ်များပျံ့သွားပြီးနောက် ထို့ထဲတွင် သီးခြားလေဟာနယ်တခုရှိခဲ့သည်။ ထိုသီးခြားလေဟာနယ်က ကြယ်တာယာကောင်းကင်ပင်ဖြစ်သည်။

"လျှို့ဝှက်နယ်မြေကို ဖွင့်လှစ်ပါပြီ၊ ရက်၃၀အတွင်းမှာ လျှို့ဝှက်နယ်မြေက အလိုလိုပိတ်သွားလိမ့်မယ်၊ လူတိုင်း၊ ၀င်လို့ရပါပြီ"

သူစကားပြောပြီးသည်နှင့် ကြယ်ဗိမာန်က တပည့်များက ကြယ်တာယာကောင်းကင်ထဲသို့ပြေး၀င်သွားကြ၏။

မထွက်သွားသေးခင် နီဂုက ယဲ့ချိုးပိုင်အား စိတ်ဆွပေးသည့်အသွင်ကြည့်လိုက်သည်။

ယဲ့ချိုးပိုင် သူ့အားလျစ်လျူရှုရင်း ရှောင်ဟိုင်နှင့် မုဖူရှန်းတို့အားကြည့်လိုက်၏။

"ဆရာပြောစကားအရဆိုရင် ဂျူနီယာညီလေးရ ရဲတိုက်ထဲမှာရှိလိမ့်မယ်"

"အဲဒီရဲတိုက်က ကြယ်တာယာကောင်းကင်ရဲ့ အနက်ရှိုင်းဆုံးနေရာမှာဖြစ်ဖို့များတယ်"

"သွားကြရအောင်"

ရှောင်ဟိုင်နှင့်မုဖူရှန်းတို့ခေါင်းညိတ်လိုက်ကြသည်။

သူတို့သုံးယောက်ကလည်း ကြယ်တာယာကောင်းကင်သို့ တစ်ယောက်ပြီးတစ်ယောက် ၀င်သွားကြ၏။

လူတိုင်း၀င်သွားပြီးနောက် ဥပဒေစိုးမိုးရေးခန်းမအကြီးအကဲက မျက်မှောင်ကြုတ်ကာမေးသည်။

"ခန်းမခေါင်းဆောင်၊ သူတို့ကို၀င်ခွင့်ပေးတာက တကယ်အဆင်ပြေရဲ့လား"

ဟွမ်အိုမပြောနိုင်သေးခင်မှာပင် ဘေးက မုတ်ဆိတ်ရှည်အဖိုးအိုက ထူးမခြားနားစွာပြောသည်။

"သူတို့ကို၀င်ခွင့်ပေးတာကဘာမှားလို့လဲ"

"သူတို့က ကြယ်ဆန္ဒကိုတောင်နားမလည်ကြဘူး၊ သူတို့ဘယ်လောက်ဝေးဝေးသွားနိုင်မယ်လို့ မင်းထင်ထားတာလဲ"

ဥပဒေစိုးမိုးရေးခန်းမအကြီးအကဲက ထိုစကားကိုကြားပြီးနောက် စိတ်သက်သာရာရသွားကာပြုံးသည်။

"မဟာအကြီးအကဲ၊ ခင်ဗျားမှန်ပါတယ်"

ဒီမုတ်ဆိတ်ရှည်အဖိုးအိုက နီဂု၏ဆရာတဖြစ်လဲ ကြယ်ဗိမာန်၏အဟာအကြီးအကဲပေတည်း။

အလားတူပင် သူကကြယ်ဗိမာန်၌ ခန်းမသခင်ဟွမ်အိုပြီး ဒုတိယဖြစ်သည်။

ဟွမ်အိုပြန်မဖြေပါ။

အကြောင်းရင်းတချို့ကြောင့် ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေသို့ ဒီတကြိမ်ခရီးစဉ်က အရမ်းငြိမ်းချမ်းမည်မဟုတ်ဟု သူခံစားချက်တခုရနေသည်။

သူ့အဆင့်အရ သူကအရာတချို့ကိုခံစားနိုင်သည်။ ထို့ထဲတွင် နောက်ဘာဖြစ်လာမလဲဆိုသည့်အပေါ် အရိပ်အမြွက်တခုခုတော့ အမြဲပါရှိသည်။

ထိုသို့တွေးမိသောအခါ ဟွမ်အို အနည်းငယ်သက်ပြင်းချသည်။

"အရာအားလုံးကို ချောချောမွေ့မွေ့ဖြစ်နေလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်...."

အပိုင်း(560) coming။

All Chapters