#ဝိဉာဉ်ဝါးမြိုကြယ်သေတ္တာ#
Vol. 39 Ch. 560
ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေ၌ ထူးဆန်းသည့်ဖြစ်ရပ်များမရှိခဲ့ပါ။
ကျန်ရှိခဲ့သောအရာများဟူ၍ ကြယ်တာယာကောင်းကင်သာဖြစ်သည်။
မော့ကြည့်လိုက်ပါက ကြယ်တာယာကောင်းကင်၌ မရေမတွက်နိုင်လောက်သည့်ကြယ်များရှိပြီး သိမ်မွေ့သည့်ကြယ်ရောင်အလင်းက လူတိုင်းအပေါ် လင်း၀င်းနေသည်။
ကြယ်တိုင်းက လက်နှင့်ထိတွေ့နိုင်သည့်ပမာပင်ခံစားရစေသည်။
သို့စေကာမူ ဆက်လုပ်ချင်ပါက အဲဒါက မိုထောင်ချီဝေးပြီး အရမ်းနီးစပ်သော်လည်း အရမ်းဝေးလွန်းသည်။ ဒါကိုဘယ်အရာကမှ မကျော်လွှားနိုင်ပေ။
ကြယ်ဗိမာန်ကတပည့်များ၀င်ပြီးနောက် သူတို့ကြယ်ဆန္ဒကိုထုတ်လွှတ်ကြပြီး ကြယ်တာယာကောင်းကင်သို့ပျံသန်းသွားကြ၏။
သူတို့အတွက် ကြယ်တာယာကောင်းကင်၏ အနက်ရှိုင်းဆုံးတွင် ကြယ်တာယာကောင်းကင်ဗိမာန်၏ အန္တိမအမြင့်ဆုံးအမွေအနှစ်ရှိသည်။
သူတို့ထိုအဆင့်ကိုရောက်နိုင်သရွေ့ ကြယ်စွမ်းအားကိုနားလည်နိုင်မည်ဖြစ်သည်။
နီဂုနှင့်ဇောင်ယန်တို့ကလည်း ခြွင်းချက်မဟုတ်ပေ။ သူတို့လည်းပြေး၀င်သွားကြပြီး ယဲ့ချိုးပိုင်တို့အား လျစ်လျူရှုလိုက်ကြသည်။
ယဲ့ချိုးပိုင်တို့သုံးယောက်ကအလျင်မလိုပေ။
သူတို့က ကြယ်ဗိမာန်၏ အမွေအနှစ်ကို လုံး၀စိတ်မ၀င်စားပါ။ ဒီနေရာသို့လာရသည့် သူတို့၏အဓိကရည်ရွယ်ချက်က ရှီရှန်းကို ရှာရန်ဖြစ်သည်။
"ဘယ်လိုလဲအစ်ကိုကြီး၊ ဂျူနီယာညီလေးရဲ့အော်ရာကိုခံစားရလား"
ယဲ့ချိုးပိုင် ကျောက်စိမ်းဆွဲသီးကို ထုတ်လိုက်တာကိုမြင်သောအခါ ရှောင်ဟိုင်မေးလိုက်သည်။
ယဲ့ချိုးပိုင်လေးနက်သည့်အမူအရာဖြင့် ခေါင်းခါယမ်းသည်။
"ငါအာရုံခံလို့မရနိုင်သေးဘူး"
"ငါတို့ကြယ်တာယာကောင်းကင်ရဲ့ အနက်ရှိုင်းဆုံးနေရာကိုရောက်မှပဲ ဂျူနီယာညီလေးရဲ့တည်နေရာကို အတည်ပြုနိုင်လောက်တယ်"
မုဖူရှန်းအကူအညီမဲ့သည့်အမူအရာဖြင့် ကြယ်တာယာကောင်းကင်အားကြည့်လိုက်၏။
"ဒီနေရာကကြယ်တိုင်းမှာ ချိပ်ပိတ်ထားတဲ့အော်ရာတခုစီရှိတယ်၊ အစ်ကိုကြီးအာရုံခံလို့မရနိုင်တာက ပုံမှန်ပါပဲ"
ဒီချိပ်ပိတ်ထားသည့်အော်ရာများ၏ ဖိနှိပ်မှုအောက်တွင် သူ့အဆောင်ကိုပင်လျှင် သုံး၍မရပေ။
"ကောင်းပြီ၊ ဒီနေရာမှာ ငါတို့ဘာမှမလုပ်နိုင်တော့ဘူး၊ အနက်ရှိုင်းဆုံးအပိုင်းကို အရင်သွားကြရအောင်"
ရှောင်ဟိုင်နှင့်မုဖူရှန်းတို့ကခေါင်းညိတ်ကာ ထိုတပည့်သားများနောက်မှ လိုက်သွားကြသည်။
ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေ၌ နတ်ဗိမာန်အမွေအနှစ်မရှိပါက ကြယ်စွမ်းအားကိုရရှိရန်ဟူသည် မလွယ်ကူပေ။
အကယ်၍ဒါသာလုံးဝမခက်ခဲပါက ယနေ့ကြယ်တာယာကောင်းကင်ဗိမာန်က ယခုအထိ ကျဆင်းလာရမည်နည်း။
ယဲ့ချိုးပိုင်တို့သုံးယောက် ပေတစ်ရာခန့်ထိတက်လိုက်ကြစဉ် ဖိနှိပ်ခြင်းအော်ရာတခုက သူတို့အပေါ်ဖိနှိပ်လာတာကို ခံစားလိုက်ကြရသည်။
ဒီကြယ်စွမ်းအားတွင် ဖိနှိပ်ခြင်းဆန္ဒတခုရှိသည်သာမက ယဲ့ချိုးပိုင်တို့သုံးယောက်၏ ဝိဉာဉ်ချီပေါ်တွင်လည်း ချိပ်ပိတ်ခြင်းစွမ်းအားတခုရှိသည်။
ထုံးစံအတိုင်းပင် ဒီနေရာက သူတို့သုံးယောက်အတွက် ကျင့်ကြံရန် အကောင်းဆုံးနေရာတခုပေတည်း။
သို့စေကာမူ ရှီရှန်း၏လက်ရှိအခြေအနေက တကယ့်ကိုစိုးရိမ်စရာဖြစ်နေသည်။
စက္ကန့်တိုင်းတွင် မတော်တဆခုခုဖြစ်လာနိုင်ရန်အတွက် အခွင့်အရေးပိုများလာလေလေပင်။ ထို့ကြောင့် သူတို့သုံးယောက် အလွန်မြန်ဆန်သည့်နှုန်းဖြင့် ရှေ့ဆက်လာကြ၏။
မကြာမီ ကြယ်ဗိမာန်၏အတွင်းဂိုဏ်းတပည့်များက နောက်တွင်ကျန်နေခဲ့ကြသည်။
ဒီမြင်ကွင်းကိုမြင်သောအခါ ကျော်လွှားခံလိုက်ရသည့် တပည့်များ၏အမူအရာများက ကြည့်ရဆိုးသွားကြသည်။
သူတို့က သူတို့၏ကိုယ်ပိုင်လျှို့ဝှက်နယ်မြေ၌ အပြင်လူများ၏ကျော်တက်ခြင်းကို တကယ်ခံလိုက်ရသည်လား။
သို့စေကာမူ သူတို့ပို၍ရှေ့ဆက်လေလေ၊ ထိုသူတို့ကလည်း ပို၍ပင် ရှေ့ဆက်နေသည်ဟု ပိုခံစားရလေလေဖြစ်သည်။
ယဲ့ချိုးပိုင်တို့သုံးယောက်၏ အမူအရာများကပို၍ပင် လေးနက်လာကြ၏။
ဒါက ကြယ်စွမ်းအားဖိနှိပ်ခြင်းက အားကောင်းသထက်ပို၍အားကောင်းလာသည့်အတွက်ကြောင့်မဟုတ်ဘဲ ယင်းအစား သူတို့ဝိဉာဉ်စွမ်းအားက တဖြည်းဖြည်း စီးဆင်းသွားသည့်ပမာခံစားလိုက်ရသောကြောင့်ပင်။
ကြယ်တာယာကောင်းကင်က တစ်စုံတစ်ရာက ဆွဲယူနေသည့်အလားပင်။ မုဖူရှန်းက ဝိဉာဉ်နှင့်ပတ်သက်ပါက အထိခိုက်အလွယ်ဆုံးဖြစ်သည်။
သူကချက်ချင်းပင်လေးနက်သည့်အမူအရာဖြင့်ပြောသည်။
"တခုခုထူးဆန်းနေတယ်"
ယဲ့ချိုးပိုင်ကလည်း လေးနက်သည့်အမူအရာဖြင့်ခေါင်းညိတ်သည်။
"ဝိဉာဉ်စွမ်းအားကစီးဆင်းနေတယ်၊ အမြန်နှုန်းက အရမ်းနှေးတယ်ဆိုပေမယ့် ရေရှည်ဆိုရင် ဒါက ဝိဉာဉ်ကိုသေချာပေါက် ထိခိုက်စေလိမ့်မယ်"
ထို့နောက်ယဲ့ချိုးပိုင်၏ အမူအရာက အေးခဲသွား၏။
"အရင်က ရှီရှန်းရဲ့နတ်ဝိဉာဉ်အော်ရာက အရမ်းအားနည်းတယ်လို့ဆရာပြောခဲ့တယ်၊ ဒါကြောင့်များလား"
"ဒီဖြစ်နိုင်ချေကိုကျွန်တော်တို့ပယ်ချလို့မရဘူး" မုဖူရှန်းတွေးနေသည်။
"ဒါပေမယ့်အစ်ကိုရှီရှန်းရဲ့ကြယ်စွမ်းအားကို ကျွန်တော်အရင်ကမြင်ဖူးတယ်၊ အဲဒါမှာ ဝိဉာဉ်စွမ်းအားကို စုပ်ယူနိုင်တဲ့ သက်ရောက်မှုမရှိပါဘူး...."
တခြားအရာတခုခုကများ ပြဿာနာဖြစ်စေတာလား!
ရုတ်တရက် ယဲ့ချိုးပိုင်တစုံတစ်ရာကို တွေးမိသွားသည့်အလားရပ်လိုက်သည်။
သူ နီဂု၏တည်နေရာကိုတွေ့ခဲ့ပြီး သူတို့အား ဘာကြောင့်တိုက်ခိုက်ချင်ရသလဲဆိုတာ မေးခဲ့သည်။
နီဂု၏စကားလုံးများက သူကသူတို့ကို ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေသို့၀င်ခြင်းကနေ တားဆီးရန်ကြိုးစားနေတယ်ဆိုတာ ဖော်ပြနေသည်။
ထိုအချိန်ကတည်းက သူ့တွင်သံသယရှိလာခဲ့သည်။
ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေမှာ သူတို့ရဲ့လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားတာများလား!
ဒီအကြောင်းကိုတွေးမိသောအခါ ယဲ့ချိုးပိုင်၏အမူအရာကအနည်းငယ်ပြောင်းလဲသွားပြီး ချက်ချင်းဆိုသလို ဇောင်ယန်နှင့် နီဂုတို့နောက်မှ လိုက်သွားလေတော့သည်။
"မြန်မြန်ငါ့နောက်လိုက်ခဲ့ကြ"
ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေ၌ ကြယ်များကဝန်းရံထားသည်။
ယခုလိုနေရာမျိုးတွင် လမ်းညွှန် သို့မဟုတ် ညွှန်ကြားချက်တခုအဖြစ် သုံးလို့ရမည့်အရာဟူ၍ ဘာမှမရှိပေ။
ဇောင်ယန်၊ နီဂုနှင့် တခြားထွားကြိုင်သည့်လူတစ်ယောက်စုဝေးနေသည့်နေရာတခုရှိသည်။
အနီးအနားတွင်မည်သူမှမရှိပါ။
သူတို့အလယ်တွင် စတုရန်းပုံသေတ္တာလေးတစ်လုံးရှိပြီး သေတ္တာက လုံး၀အနက်ရောင်အဆင်းရှိသည်။
အထဲတွင်ထူးခြားတာဘာမှမရှိပေ။
သို့သော် သေတ္တာ၏ပါးစပ်ပေါက်နားတွင် တစ္ဆေမျက်နှာတခုရှိသည်။ တစ္ဆေမျက်နှာကပါးစပ်ကို ကျယ်ပြန့်စွာဖွင့်ထားပြီး ကြည်လင်နေသည့်အော်ရာအမျှင်တန်းများက နေရာအနှံ့ကနေ ထိုတစ္ဆေမျက်နှာ၏ စုပ်ယူခြင်းကိုခံရသည်။
မည်သည့်ကျင့်ကြံသူမဆို ဒီကြည်လင်နေသည့်အော်ရာက ဝိဉာဉ်စွမ်းအားဆိုတာ အာရုံခံနိုင်ပါသည်။
ထိုအချိန်တွင် လူထွားကြီးကပြောသည်။
"မင်းတို့ပြောခဲ့တဲ့အပြင်လူသုံးယောက်ကလည်း ၀င်လာကြတယ်မလား"
နီဂုခေါင်းညိတ်သည်။
"သူတို့၀င်လာကြတယ်၊ သူတို့က ဗိမာန်တော်မှာ နောက်ခံရှိပုံရတယ်၊ ဥပဒေစိုးမိုးရေးခန်းမအကြီးအကဲကတောင် သူတို့ကို မထိရဲဘူး"
"သူတို့ခွန်အားကရော"
နီဂုနှာခေါင်းရှုံ့သည်။
"အပြင်မှာသူတို့မှာအဆောင်တွေရှိတယ်လေ၊ ငါသူတို့ကိုမနိုင်ပေမယ့် ဒီကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေမှာတော့ အဆောင်မရှိဘူးဆိုရင် သူတို့က ပုရွက်ဆိတ်တွေလိုပဲ"
"ရန်သူကိုအထင်မသေးနဲ့" လူထွားကြီးက တည်ငြိမ်စွာပြောသည်။
"ဒါပေမယ့် အခုဒီသုံးယောက်ကို ဂရုစိုက်နေစရာမလိုသေးဘူး"
ဇောင်ယန်စိတ်လှုပ်ရှားတကြီးပြောသည်။
"စီနီယာအစ်ကိုချန်း၊ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေအတွင်းမှာ ကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေကို အကြိမ်ပေါင်းများစွာ ဖွင့်ခဲ့တယ်၊ စီနီယာအစ်ကို လုံလောက်တဲ့ ဝိဉာဉ်စွမ်းအားတွေကိုစုစည်းပြီးပြီလား"
ချန်းယီ၊ သူက ကြယ်တာယာကောင်းကင်ဗိမာန်တော်သခင်ဟွမ်အို၏ ကိုယ်ပိုင်တပည့်ဖြစ်ပြီး နတ်ခန်းမ၏ တပည့်များအကြား အဆင့်တစ်ဖြစ်သည်။
ချန်းယီက ဇောင်ယန်ကိုစိုက်ကြည့်သည်။
"အချိန်တခုလိုရုံပါပဲ၊ ပြီးတော့ ငါတို့က ဒီကြယ်တာယာကောင်းကင်လျှို့ဝှက်နယ်မြေက ကြယ်ဆန္ဒကိုစုပ်ယူဖို့ပဲလိုတယ်"
ထိုသေတ္တာက ဝိဉာဉ်ဝါးမြိုကြယ်သေတ္တာဖြစ်သည်။
ဒါက ချန်းယီနှင့် ကျန်းနှစ်ယောက် ခရီးသွားနေစဉ် အမှတ်မထင်ရလာခဲ့သည့် အရာတစ်ခုဖြစ်ပြီး လုပ်ဆောင်ချက်က ကြယ်ဆန္ဒပမာဏအများအပြားကို စုပ်ယူခြင်းပင်။
သို့သော် လိုအပ်ချက်တခုလည်းရှိသည်။ နာမည်အတိုင်းပင် ဝိဉာဉ်ဝါးမြိုကြယ်သေတ္တာက မဖွင့်သေးခင် လုံလောက်သည့် ဝိဉာဉ်စွမ်းအားကိုစုပ်ယူရန်လိုအပ်သည်။
သို့စေကာမူ ကြယ်ဆန္ဒများစွာကိုစုစည်းနိုင်သည်နှင့်တပြိုင်နက် သူတို့သုံးယောက်အတွက် ကျင့်ကြံရန်လုံလောက်မည်ဖြစ်သည်။
သူ့ခွန်အားကလည်း အကြီးအမားတိုးတက်လာမည်ဖြစ်ကာ ထိုထဲကနေ ကြယ်စွမ်းအားကိုပင် ကျင့်ကြံနိုင်ကောင်း ကျင့်ကြံနိုင်ပေသည်။
နီဂုပြုံးသည်။
"အရမ်းကြာနေပြီဆိုတော့ ဘယ်သူမှသတိမထားမိလောက်ပါဘူး၊ ဘာပဲဆိုဆို ငါတို့က ဝိဉာဉ်ဝါးမြိုသေတ္တာရဲ့ ဝိဉာဉ်စွမ်းအားစုပ်ယူတဲ့အရှိန်ကို ဖိနှိပ်ထားတာပဲလေ"
ချန်းယီ၏မျက်နှာပေါ်၌ ဆိုးယုတ်သည့်အပြုံးတခုပေါ်လာသည်။
"ငါအခုပြီးခါနီးပါပြီ၊ ငါအောင်မြင်တာနဲ့ အဖိုးကြီးက ကြယ်ရတနာစာအုပ်ကို ငါ့ကိုလက်ဆင့်ကမ်းပေးမယ်ဆိုတာ သေချာတယ်"
"ကောင်းပြီ၊ နောက်ဆုံးအဆင့်ကို စလိုက်ကြရအောင်"
တခြားတဘက်တွင် ယဲ့ချိုးပိုင် နီဂုနှင့်ကျန်သောသူများ၏ ယေဘုယျဦးတည်ချက်ကို မှတ်မိသော်လည်း ယခုလိုအကန့်အသတ်မဲ့ကြယ်တာယာကောင်းကင်တွင် တယောက်ယောက်ကိုရှာရန် မည်မျှပင်ခက်ခဲမည်နည်း။
သူတို့သုံးယောက်စိတ်ပူနေကြစဉ် မုဖူရှန်းရုတ်တရက်ပြောလာသည်။
"ကျွန်တော်တို့ ဝိဉာဉ်စွမ်းအားဆုံးရှုံးမှုလမ်းကြောင်းအတိုင်း လိုက်သွားနိုင်တာပဲလေ"
မုဖူရှန်း၏ဝိဉာဉ်က အင်မော်တယ်ဝိဉာဉ်သခင်နယ်ပယ်ဖြစ်သည်။ ယဲ့ချိုးပိုင်နှင့် ရှောင်ဟိုင်တို့နှင့်ယှဉ်ပါက သူက ဝိဉာဉ်စွမ်းအားဦးတည်ရာကို အာရုံခံနိုင်သည်။
အပိုင်း(561) coming။