အခန်း (၅)
Vol. 1 Ch. 5
အလွန်တည်ငြိမ်ပြီး ငြိမ်းချမ်းသော စိတ်အခြေအနေကြောင့် မုန့်ချီ၏ ခန္ဓာကိုယ်ထဲတွင် ချီစွမ်းအင်များ တဖြည်းဖြည်း ထွက်ပေါ်လာနေသည်ကို ခံစားမိနေခဲ့သည်။ ထိုချီစွမ်းအင်များက သွေးကြောများကို ဖြတ်ကျော်ပြီး သူ၏နဖူးနှင့် ဗိုက်အောက်ပိုင်းတွင် စုစည်း၍ စမ်းရေချိုများအဖြစ် ဖွဲ့စည်းသွားခဲ့သည်။
ထိုစမ်းရေချိုများက တဖြည်းဖြည်းနှင့် သွေးကြောများထဲတွင် ပြည့်နှက်လာပြီး မုန့်ချီ၏ လမ်းညွှန်မှုနှင့် သင့်တော်သော သွေးကြောမှတ်များထဲတွင် ပြည့်နှက်လာခဲ့၏။ အကယ်၍ သူ၏ခန္ဓာကိုယ်ထဲ၌ ပြဿနာတစ်ခု ရှိနေမည်ဆိုလျှင် စမ်းရေချိုက အရသာချိုတော့မည် မဟုတ်ဘဲ သူ၏ခန္ဓာကိုယ်ကို ချီစွမ်းအင်များ လေ့ကျင့်ရာမှတဆင့် မြှင့်တင်ပေးရန် လိုအပ်သည်။
မုန့်ချီ၏ လက်ရှိအခြေအနေကြောင့် သူ၏ခန္ဓာကိုယ်က အသင့်တော်ဆုံး အခြေအနေ ရှိနေသည်ဟု ဆိုလိုနေသည်။ ကြည့်ရသည်မှာ ထိုခန္ဓာကိုယ်က ရက်(၁၀၀) အခြေခံကျင့်စဉ်အတွက် လိုအပ်ချက်များ ပြည့်နေခြင်းပေလော။
မုန့်ချီကတော့ ဗုဒ္ဓဝါဒကို ချစ်မြတ်နိုးခြင်း မရှိဘဲ မျက်လုံးဖွင့်လိုက်ပြီး ဖြစ်စဉ်များကို ပြန်လည်စဉ်းစားနေခဲ့သည်။ ဦးလေးရွှမ်အန်၏ ပြောဆိုမှုများအရ သူကတော့ သိုင်းပညာသင်ယူရန် ပထမအဆင့်ကို အောင်မြင်နေသည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် သူက နောက်တစ်ဆင့် ဖြစ်သော ချီစွမ်းအင်သိုလှောင်ခြင်းကို ဆက်လက် တက်လှမ်းနိုင်တော့မည်ဖြစ်၏။
သို့သော် မုန့်ချီက စိတ်ထဲတွင် အကြိမ်ကြိမ် အခါခါ စဉ်းစားခဲ့သည်။ အတိတ်တုန်းက ပြီးဆုံးခဲ့သော အဆင့်များက အတိတ်တွင်သာ ကျန်နေသင့်သည်။ အကယ်၍ သူသာ သိုင်းပညာကို ဆက်လက်သင်ကြားလိုသည်ဆိုလျှင် တစ်ဆင့်ချင်းကို ကိုယ်တိုင်လေ့လာရန် လိုအပ်၏။ အဆင့်ကျော်သွားခြင်းက သူ၏တိုးတက်မှုလမ်းကြောင်းကို ဖျက်ဆီးနိုင်သည်။
(၁၅)မိနစ်ခန့် ကြာသွားပြီးနောက် ရွှမ်အန်က သစ်သားပေတံကို ခေါက်လိုက်ပြီး လူတိုင်းကို သတိပေးလိုက်သည်။ ထို့နောက် သူက ကိုရင်လေးတစ်ပါးဆီကို သူတို့၏ သမာဓိနှင့် စမ်းရေချို အရည်အသွေးအကြောင်းကို မေးမြန်းစူးစမ်းနေခဲ့၏။ ထို့နောက် တစ်ယောက်ချင်းဆီကို ညွှန်ကြားပေးနေခဲ့၏။
အဆုံးတွင်တော့ သူက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“မင်းတို့က ပြန်သွားရင် နောက်တစ်ကြိမ် ကြိုးစားကြည့်ပါ။ အခုတော့ စကားလုံးတွေကို စပြီးသင်ကြတာပေါ့…”
သူ့ရှေ့တွင် ရှိနေသော စာအုပ်ကို ဖွင့်လိုက်ပြီးနောက် မုန့်ချီက သူသိထားသည့် အရာများကို တွေ့လိုက်ရသည်။ သူက ထိုစာအုပ်ထဲတွင် ရှိနေသော စကားလုံးအများစုကို သိနေပြီးသား ဖြစ်၏။
ထို့ကြောင့် သူလည်း အလွန်ဝမ်းသာသွားခဲ့သည်။ အနည်းဆုံးတော့ သူက နားမလည်မှာကို စိုးရိမ်စရာမလိုတော့သလို အရာအားလုံးကို သင်ယူရန်လည်း မလိုတော့ချေ။ လက်ရှိအချိန်တွင် သူ့ဆီ၌ ကျမ်းစာခန်းမကြီးတစ်ခုလုံးရှိ ကိုရင်များအားလုံးကို လွှမ်းမိုးနိုင်သည့် အစွမ်းမျိုး ရှိနေသည်။
“မင်းတို့ရဲ့စုတ်တံကိုယူပြီး ဒီစကားလုံးတွေကို အရေးကျင့်ရမယ် …”
ရွှမ်အန်က ညွှန်ကြားလိုက်သည် ။
ထိုအချိန်တွင် မုန့်ချီ၏ပျော်ရွှင်မှု၊ ဝမ်းသာမှုများက ချက်ချင်းကို ပျောက်ကွယ်သွားခဲ့သည်။ သူက နောက်ဆုံးတစ်ကြိမ် စုတ်တံသုံးခဲ့သည်မှာ မူလတန်းကျောင်းသားဘဝတွင် ဖြစ်သည်။ ထို့ကြောင့် သူရေးလိုက်သော စကားလုံးက အလွန်အမင်းကို ရုပ်ဆိုးလှ၏။
“မင်းက ပိုပြီးတော့ သေချာလေ့ကျင့်ဖို့လိုတယ် ..”
ရွှမ်အန်က မုန့်ချီ၏ အနောက်မှဖြတ်သွား၍ မုန့်ချီကို ပြောလိုက်သည်။
မုန့်ချီက စိတ်ပျက်လက်ပျက်နှင့် ခေါင်းညိတ်ပြသည်။ ထို့နောက် သူ့စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့၏။ ရွှမ်အန်က သူ၏လက်ရေးကို မြင်သွားခဲ့သော်လည်း မည်သည့်အရာကိုမျှသံသယမဝင်ခြင်းပေလော။
မုန့်ချီ၏ ခန္ဓာကိုယ်ပိုင်ရှင်က အထက်တန်းလွှာ မိသားစုတစ်ခုထဲတွင် မွေးဖွားလာခြင်း ဖြစ်နိုင်သည်။ ထို့ကြောင့် ရက် (၁၀၀) အခြေခံကျင့်စဉ်ကို ပြီးဆုံးထားနိုင်ခြင်း ဖြစ်ပုံရ၏။ သို့သော် အသက်ငယ်ငယ်လေးနှင့် စာပေသင်ကြားခြင်းကိုတော့ စတင်လုပ်ဆောင်ရန် လုံးဝမဖြစ်နိုင်သေးပေ ။
မုန့်ချီက အိုးတို့အမ်းတမ်း ပြန်ဖြေလိုက်ပြီးနောက် ရွှမ်အန်ကို ရှင်းပြခြင်းကလည်း အသုံးမဝင်ကြောင်း နားလည်သွားခဲ့သည်။ ထိုအစား သူကတော့ လက်ရေးကို အချိန်ယူပြီး မြန်မြန်ရေးနိုင်ရန် ဆုံးဖြတ်လိုက်သည်။
အကယ်၍ ရွှမ်အန်က ထိုအကြောင်းကို လာမေးမည်ဆိုလျှင်လည်း သူက ယခုဝေယျာဝစ္စကျောင်းကို ပူးပေါင်းခဲ့သည့်အတွက် ပင်ပင်ပန်းပန်း အလုပ်မလုပ်ရသေးကြောင်း ပြော၍ရသည်။ ထို့ကြောင့် သူက စကားလုံးများကို ကောင်းမွန်စွာ ရေးနိုင်သည်ဟု ဆင်ခြေပေး၍ ရနိုင်သည်။
နေ့လယ်ခင်းတွင် သူတို့အားလုံး ထွက်သွားနိုင်သည်ဟု ရွှမ်အန်က ကြေညာခဲ့သည်။ မုန့်ချီက သူ၏စာရွက်ကို သက်သေမကျန်စေရန် တိတ်တဆိတ် ဖျက်ဆီးလိုက်၏။ နေ့လည်စာစားပြီးချိန်တွင် မုန့်ချီ ၊ကျန်းဟွေနှင့် တခြားလူငယ်များကို ကျောင်းဆောင်ထဲ၌ တံမြက်စည်းလှဲရန် တာဝန်ပေးလိုက်သည်။
တစ်နေ့လုံး အလုပ်လုပ်နေပြီးနောက် သူတို့ကို ရွှမ်ရှင်းက ခေါ်လိုက်ပြီး သူ၏သိုင်းလောက အတွေ့အကြုံများကို ဆက်လက်ပြောပြနေခဲ့သည်။
“ဒါကတော့ ရွှေယွဲ့သီလရှင်ကျောင်းနှင့် ပတ်သက်တာ အကုန်ပဲ။ တကယ်လို့ မင်းတို့က တစ်နေ့နေ့မှာ အဲဒီသီလရှင်တွေကို တွေ့မယ်ဆိုရင် သူတို့ကို တလေးတစား ဆက်ဆံရမယ်။ ဒါပေမယ့် ကျင်းကန်ကျောင်းတော်ကတော့ တော်တော်လေး ကွဲပြားတယ်။ ငါတို့က အချင်းချင်းမတည့်ကြဘူး မင်းတို့က သူတို့ကိုတော့ စောင့်ကြည့်ဖို့ လိုလိမ့်မယ်…”
“ဟမ် …”
သန့်ရှင်းရေးကိုယ်တော်များက သိုင်းလောကသတင်းများနှင့် အတိတ်တုန်းက ပုံပြင်ဒဏ္ဍာရီပုံပြင်များကို ကြားဖူးကြသော်လည်း ရှောင်လင်နှင့် ကျင်းကန်တို့၏ အမုန်းတရားများကိုတော့ မည်သူမျှမသိကြပေ။ သူတို့က ဗုဒ္ဓကျောင်းဆောင် (၄)ခုထဲတွင် ပါဝင်နေသော်လည်း ဘာကြောင့် အချင်းချင်း စောင့်ကြည့်ရန် လိုအပ်နေသနည်း။
သူတို့က မျက်လုံးပြူးနေသည်ကိုမြင်သည့်အခါ ရွှမ်ရှင်းက ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်၏ ။
“သူတို့ရဲ့ကျောင်းထိုင်က မှန်ကန်တဲ့ဗုဒ္ဓလမ်းစဉ်ကို မလိုက်တဲ့ မြေခွေးအိုကြီးပဲ။ ဒါပေမယ့် သူက ကံကောင်းပြီး ဗုဒ္ဓလက်ဝါးရဲ့ပဉ္စမသိုင်းကွက်ကို ရှာတွေ့သွားခဲ့တယ်။ သူက အဲဒါကို အခြေခံပြီး အစွမ်းထက်တဲ့သိုင်းပညာတွေ ဖန်တီးနိုင်ခဲ့တယ်။ ဒါကြောင့်လည်း သူက ကျင်းကန်ကျောင်းတော်ကို တည်ထောင်နိုင်ခဲ့တာ။ အဲဒါကြောင့် သူက ငါတို့ရှောင်လင်ကျောင်းတော်ကနေ ဗုဒ္ဓလက်ဝါး တတိယသိုင်းကွက်ကို အမြဲတမ်း ခိုးယူချင်နေခဲ့တယ်။ အဲဒါမှပဲ သူတို့ကလည်း ဗုဒ္ဓရွှေခန္ဓာကို ဘယ်လိုရမလဲဆိုတာကို နားလည်နိုင်မှာလေ …”
“ဗုဒ္ဓရွှေခန္ဓာ ..”
မုန့်ချီက နောက်တစ်ကြိမ် စိတ်လှုပ်ရှားသွားမိပြန်သည်။ ဤအရာက သူ့အတွက်တော့ အလွန်မှော်ဆန်ပြီး အံ့သြစရာကောင်းလွန်းလှ၏။
ထိုအချိန်တွင် တစုံတယောက်က တံခါးကို လာခေါက်နေခဲ့သည်။ ထို့ကြောင့် ရွှမ်ရှင်းက ကြောက်လန့်သွားပြီး တံခါးကို ကြောက်လန့်တကြား လှည့်ကြည့်လိုက်သည်။ သူက ကျယ်လောင်စွာ ပြောလိုက်၏။
“ညီလေးရွှမ်ကူ …
အစ်ကိုက ဘယ်စည်းမျဉ်းကိုမှ မချိုးဖောက်ခဲ့ …”
သို့သော် စကားမဆုံးသေးခင် သူ၏အမူအရာက လုံးဝပြောင်းလဲသွားခဲ့၏။
“တူလေးတို့….
ဘာလို့ဒီကိုရောက်လာတာလဲ ….”
မုန့်ချီက လှည့်ကြည့်လိုက်ရာ ရင်းနှီးနေသော မျက်နှာတချို့ကို မြင်လိုက်ရသည်။ သူတို့က ကျန်းဟွေ ၊ ကျန်းတိတို့နှင့်အတူ ရှောင်လင်ကို တစ်ချိန်တည်း ရောက်လာခဲ့သော ကလေးငယ်များဖြစ်ကြ၏။
သူတို့ထဲတွင် တစ်ယောက်ကတော့ အသက်အကြီးဆုံးဖြစ်သည်။ သူက အသက် (၁၅)နှစ် ဝန်းကျင်ရှိနေခဲ့ပြီး ယနေ့ကျမ်းစာခန်းမထဲတွင်လည်း အတူတူလေ့လာခဲ့သည်။ သူက သန့်ရှင်းရေးကိုရင်လေးများနှင့်လည်း စကားပြောဆိုနေခဲ့ပြီး သူတို့ကို ပြဿနာရှာနေခဲ့ခြင်းမရှိချေ။
“သူ့နာမည်က ကျန်းရုံ မဟုတ်လား …”
မုန့်ချီက သူ့ကိုသေချာကြည့်နေသည်။ ကျန်းရုံက ပိန်ပိန်ပါးပါးနှင့် သာမန်ပုံစံသာ ရှိသော်လည်း အလွန်လှပသော အပြုံးနှင့် ဖြူဖွေးသောသွားများ ရှိနေသည်။
သူက ပြောလိုက်သည် ။
“ဦးလေးရွှမ်ရှင်း…
ဦးလေးက သိုင်းလောကနဲ့ ပတ်သက်တဲ့အတွေ့အကြုံတွေ ပြောပြနေတယ်ဆိုတာ ကျွန်တော့်ရဲ့ညီအစ်ကိုတွေဆီကနေ ကြားခဲ့ရတယ်။ ကျွန်တော်က အဲဒီလိုပုံပြင်တွေကို နားထောင်ချင်တဲ့အတွက် ဒီကိုလာခဲ့တာပါ။ ကျွန်တော်က ပြဿနာရှာမိတယ်ဆိုရင် တောင်းပန်ပါတယ်။ ကျွန်တော်ရော နားထောင်လို့ရမလား …”
တိုက်ခိုက်ရေးခြံဝန်းထဲတွင်တော့ ယခုအချိန်က သမာဓိထူထောင်ရမည့် အချိန်ဖြစ်သည်။ ကျန်းရုံ၏စကားကို ကြားသည့်အခါ ရွှမ်ရှင်းက ကိုယ့်ကိုယ်ကို ဂုဏ်ယူသွားသည်။ သူက အပြုံးနှင့် ပြောလိုက်၏။
“ပြဿနာမရှိပါဘူး ။ မင်းကြိုက်တဲ့နေရာမှာ ထိုင်လို့ရပါတယ်။ သိုင်းလောကအကြောင်း သိထားတယ်ဆိုရင် ဘာမှမမှားဘူးလေ။ အနာဂတ်မှာ ဒီအရာတွေက မင်းတို့တွေကို လှည့်စားခံရမယ့် အခြေအနေတွေကနေ ကာကွယ်နိုင်တယ်…”
ကျန်းရုံက ပတ်ပတ်လည်ကိုလှည့်ကြည့်ပြီး မုန့်ချီ၏အနားတွင် ထိုင်လိုက်သည်။
“ညီလေးကျန်းတင် …
မင်းအနားမှာ လူမကြပ်ဘူး မဟုတ်ဘူးလား ..”
မုန့်ချီက ခေါင်းခါပြလိုက်သည်။ သူကလည်း အလားတူ တွေးနေခဲ့၏။ ကျန်းရုံက အရွယ်ရောက်သူ တစ်ယောက်ကဲ့သို့ စကားပြောနေသည့်အတွက် သာမန်ကောင်လေးများထက် ပို၍ရင့်ကျက်ကြောင်း သိသာနေသည်။
“ညီလေးကျန်းတင် …
မနက်တုန်းက ကျမ်းစာခြံဝန်းထဲမှာ မင်းက ကောင်းကောင်းရေးနိုင် ဖတ်နိုင်တယ်ဆိုတာ ငါမြင်ခဲ့တယ်။ နောက်ပိုင်းကျရင် ငါလည်း မင်းရဲ့အကူအညီကို လိုနိုင်တယ်။ ဒါကြောင့် ငါက မင်းနဲ့ရင်းနှီးချင်တာ။ တကယ်လို့ ငါ ကူညီပေးနိုင်တာ တစ်ခုခုရှိတယ်ဆိုရင်လည်း ငါ့ကိုပြောပါ …”
ကျန်းရုံက အပြုံးနှင့်ပြောလိုက်သည်။
ကျန်းရုံက တိုက်ခိုက်ရေးကိုရင် တစ်ပါးဖြစ်နေသည်ကို သိနေသည့်အတွက် မုန့်ချီကလည်း အပြုံးနှင့် ပြန်ဖြေလိုက်သည်။
“အစ်ကိုတော် …
ဒီလောက်အသေးအဖွဲ့လေးအတွက် အားနာနေစရာ မလိုပါဘူး…”
သူတို့နှစ်ယောက်က သိကျွမ်းထားဖူးသော အပေါင်းအဖော်များအလား ဆက်ဆံနေကြသည်။ထိုအရာကို မြင်သည့်အခါ ရွှမ်ရှင်းက ချောင်းဟန့်ပြီး လူတိုင်းကို တိတ်တိတ်နေရန် အချက်ပြလိုက်သည်။ ထို့နောက် သူက ဆက်ပြောလိုက်၏။
“ကျင်းကန်ကျောင်းတော်မှာ အခြေခံသိုင်းပညာနှစ်မျိုးအပြင် မင်းတို့သတိထားရမဲ့ အရာတစ်ခုရှိတယ်။ အဲဒါက သူတို့ရဲ့ဓားသိုင်းပညာတွေပဲ။ သူတို့ရဲ့ သွေးဓားဘုန်းတော်ကြီးက ဓားသိုင်းပညာကို ကျွမ်းကျင်တဲ့ဓားဂိုဏ်းတစ်ခုကနေ ရောက်လာတာ။ ပြီးတော့ သူကိုယ်တိုင်ကလည်း ဗုဒ္ဓလက်ဝါးရဲ့ ပဉ္စမသိုင်းကွက်ထဲမှာရှိတဲ့ လျို့ဝှက်ဆန်းကြယ်မှု တစ်ချို့ကို နားလည်ထားတယ်။ ဒါကြောင့် သူက ဓမ္မကာရ စောင့်ရှောက်ရေးစစ်သည်တော်အဖြစ်ကို ရောက်ပြီးတဲ့အချိန်မှာ သူဖန်တီးထားခဲ့တဲ့ ဓားသိုင်းပညာ(၃)ခုက ဓားသိုင်းပညာတွေထဲမှာ အကောင်းဆုံးလို့ သတ်မှတ်နိုင်တယ်။ သူနဲ့ယှဉ်နိုင်တဲ့ ဓားသိုင်းပညာတွေကိုတောင် ရှာတွေ့ဖို့ တော်တော်လေးခက်တယ်..”
သူ၏စကားများကြောင့် သန့်ရှင်းရေးကိုယ်တော်များက အတော်လေး စိတ်လှုပ်ရှားသွားကြသည်။ သို့သော် ထိုစိတ်လှုပ်ရှားမှုများက ဝမ်းနည်းမှုများအဖြစ် ပြောင်းလဲသွားခဲ့ကြသည်။
ကျန်းရုံက လက်ထောင်ပြီး မေးလိုက်၏။
“ဦးလေးရွှမ်ရှင်း ..
ကျွန်တော်တို့ဆီမှာရော ကျင်းကန်ကျောင်းတော်နဲ့ယှဉ်နိုင်တဲ့ ဓားသိုင်းပညာတွေ မရှိဘူးလား..”
ရှောင်လင်ဟူသည်မှာ သိုင်းပေါင်းစုံထူးချွန်သော ဂိုဏ်းတစ်ဂိုဏ်းဟု လူသိများသည်။ သန့်ရှင်းရေးကိုရင်များကပင် သူတို့၏ဂိုဏ်းအပေါ် ဂုဏ်ယူဝင့်ကြွားမှုများ ရှိနေကြ၏။
ရွှမ်ရှင်းက နှုတ်ခမ်းကို လျှာနှင့်သပ်လိုက်သည်။
“ငါတို့ဆီမှာ ဓားသိုင်းပညာများများမရှိဘူး ဆိုတာတော့အမှန်ပဲ။ ဒါပေမဲ့
ကျင်းကန်ကျောင်းတော်ကို ယှဉ်နိုင်တဲ့ ဓားပညာတစ်ခုတော့ ရှိနေသေးတယ်။ အဲဒါကတော့ အနန္တဖျက်ဆီးရေးဓားပညာပဲ။ အဲဒါကို ရှောင်လင် ထိပ်သီးသိုင်းပညာ(၇၂)ထဲက တစ်ခုလို့လည်း ပြောလို့ရတယ်။ ဒါပေမဲ့ မင်းတို့က အဲဒီသိုင်းပညာကို အမြင့်ဆုံးအဆင့်ထိ သုံးချင်တယ်ဆိုရင် ဝေ့ကျင်းအဆင့်ကို ရောက်ဖို့တော့ လိုတယ်…”
အလွန်ကြောက်စရာကောင်းသော သိုင်းပညာကို ရှင်းပြနေသည့်အတွက် ကိုရင်များက နောက်တစ်ကြိမ် စိတ်လှုပ်ရှားလာကြပြန်သည်။
“ကောင်းပြီ..။ အခုတော့ တော်တော်လေး နောက်ကျနေပြီ…။ မင်းတို့အခန်းကိုပြန်ပြီး ကြိုးကြိုးစားစား လေ့ကျင့်ကြတော့…”
ရွှမ်ရှင်းက ပြောလိုက်ပြီး သူကိုယ်တိုင်ကတော့ မည်သည့်အရာကိုမျှ ဂရုမစိုက်သလို ဟန်ဆောင်လိုက်သည်။
“မင်းတို့လည်း သိပါတယ်။ အမှန်အတိုင်းပြောရရင် ငါက ညီလေး ရွှမ်ကူကို
မကြောက်ပါဘူး ။ ငါက သူမျက်နှာရအောင် ကူညီပေးရုံပါပဲ။ အထွေထွေခြံဝန်းက ဝေယျာဝစ္စခြံဝန်းကို အုပ်ချုပ်ရတယ်လေ။ သူက ကျန်းရုံဝင်လာသည့်အချိန်တွင် သူ၏တုန့်ပြန်မှုအပေါ် ဖြေရှင်းပေးနေခြင်းဖြစ်ကြောင်း သိသာနေသည်။
“ဟုတ်လား …။ အဲဒါအမှန်ပဲလား…”
ထိုအချိန်တွင် တံခါးဝမှနေ၍ အလွန်လေးနက်သော အသံတစ်ခု ထွက်ပေါ်လာသည်။
ထိုအသံကြောင့် ရွှမ်ရှင်း၏မျက်နှာအမူအရာက ချက်ချင်းပင် ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့သည်။ သူက ချက်ချင်းပင် အပြုံးနှင့် ပြောလိုက်၏။
“ညီလေးရွှမ်ကူ … ငါ.. ငါ…”
ရွှမ်ကူက အဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သို့သော် ယခုတစ်ကြိမ်တွင်တော့ သူ့လက်ထဲတွင် ပုတီးတစ်ကုံးကိုသာ ကိုင်ထားခဲ့သည်။
“အစ်ကိုတော်ရွှမ်ရှင်း ..
ကျွန်တော်က အထွေထွေခြံဝန်းက အဖွဲ့ဝင်တစ်ယောက် မဟုတ်တော့ဘူး။ လက်ရှိ ကျွန်တော်က စည်းကမ်းထိန်းသိမ်းရေးခြံဝင်းရဲ့ စီမံရေးကိုယ်တော်တစ်ပါးဖြစ်နေပြီ..”
ရွှမ်ကူက အလေးအနက် ပြောလိုက်သည်။
“ဒါကြောင့်လည်း မင်းက ကင်းလှည့်နေတာပဲ …”
ရွှမ်ရှင်းက ချက်ခြင်းပင် ခေါင်းစဉ်ပြောင်းလိုက်သည်။
“အခုတော့ ပိုပြီးတော့တောင် ကြောက်စရာကောင်းသွားသေးတယ်…”
ဘာကြောင့်များ ကြောက်စရာကောင်းသော ဦးလေးရွှမ်ကူက စည်းကမ်းထိန်းသိမ်းရေးခြံဝန်းသို့ ရောက်သွားရသနည်း။ အကယ်၍ အနာဂတ်တွင် သူသာ အမှားတစ်ခုလုပ်မိပြီး ဦးလေးရွှမ်ကူက တွေ့သွားမည်ဆိုရင်တော့ သူ့ဘဝက မတွေးရဲစရာဖြစ်သည်။
ရွှမ်ကူက ခြံဝန်းထဲကိုကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။
“မင်းတို့တွေက အခန်းကိုပြန်လို့ရပြီ။ လေ့ကျင့်ဖို့ မမေ့ကြနဲ့…”
အခန်းကို ပြန်ရောက်လာပြီးနောက် မုန့်ချီက ကျောက်စိမ်းလည်ဆွဲလေးကို တိတ်တဆိတ် ထုတ်ယူလိုက်ပြီး သူ့ကို ကျောပေးထားသော ကျန်းရင်နဲ့ကျန်းကွမ်တို့ကို စစ်ဆေးကြည့်လိုက်သည်။ ထိုဗုဒ္ဓလည်ဆွဲလေးက အလွန်သက်တောင့်သက်သာရှိပြီး မုန့်ချီရဲ့ခန္ဓာကိုယ်ကို တည်ငြိမ်အေးချမ်းသွားစေနိုင်သည်။
“ဒါက တကယ့်ကို ထူးခြားတဲ့ရတနာတစ်ခုပဲ…”
မုန့်ချီက အလွန်ဝမ်းသာနေပြီး ကျောက်စိမ်းဗုဒ္ဓလည်ဆွဲလေးကို အကြိမ်ကြိမ် ကြည့်နေခဲ့သည်။ သူက လည်ဆွဲထဲတွင် တစ်ခြားသော လျှို့ဝှက်ချက်များကိုတွေ့ရန် မျှော်လင့်နေခဲ့သည်။ သို့သော် မည်သည့်အရာကိုမျှမတွေ့ရသည့်အတွက် သူလည်း လက်လျော့လိုက်သည်။
ထို့နောက် သူက ကျောက်စိမ်းဗုဒ္ဓလည်ဆွဲလေးအကြောင်းကို မစဉ်းစားတော့ပဲ သမာဓိထူထောင်ရန် ကြိုးစားလိုက်၏။ ကျောက်စိမ်းဗုဒ္ဓလည်ဆွဲလေး၏ အကူအညီကြောင့် သမာဓိထူထောင်ရသည်မှာ အလွန်လွယ်ကူလှသည်။
သို့သော် ချီစွမ်းအင်များကို လေ့ကျင့်လိုက်ပြီးနောက် မုန့်ချီက မျက်မှောင်ကြုတ်လိုက်ပြီး သူ၏လည်ပင်းမှ ကျောက်စိမ်းလည်ဆွဲလေးကို ချွတ်လိုက်သည်။ သူက သိုင်းပညာသင်ယူနေသည့် ပထမအဆင့်တွင် ပြင်ပအရာများကို အားမကိုးသင့်ပေ။ အကယ်၍ သူသာ ထိုအရာနှင့် အသားကျသွားမည်ဆိုလျှင် အနာဂတ်က ပျက်စီးသွားနိုင်၏။
ကျောက်စိမ်းလည်ဆွဲလေး မရှိတော့သည့်အတွက် မုန့်ချီ၏စိတ်က စတင်လှုပ်ရှားလာသည်။ သူ့တွင် အောင်မြင်သည့် အတွေ့အကြုံတစ်ခုရှိနေသည်မှာ ကံကောင်းသွား၏။ သို့သော် အတော်လေး နောက်ကျနေပြီ ဖြစ်သည်။
ကောင်းကင်ပေါ်တွင် လမင်းကြီးက တိတ်တဆိတ်တောက်ပနေပြီး အသံများကို မကြားရပေ။ မုန့်ချီသည် အတွေးများကို တဖြည်းဖြည်းထိန်းချုပ်နိုင်ပြီး သူ့စိတ်က တည်ငြိမ်သွားသည့်အချိန်တွင်တော့ ငြိမ်းအေးမှုကို ရနိုင်သည်။ ငြိမ်းအေးမှုကို ရနိုင်မည်ဆိုလျှင် သမာဓိထူထောင်နိုင်မည်ဖြစ်၏။
ထို့နောက် သူ၏ခန္ဓာကိုယ်ထဲတွင် ချီစွမ်းအင်များ အလိုလို ဖြစ်ပေါ်လာခဲ့သည်။ နာရီဝက်ကြာပြီးနောက် မုန့်ချီက မျက်လုံးဖွင့်လိုက်၏။ သူက ဆက်၍ မလေ့ကျင့်လိုခြင်း မဟုတ်ချေ။ သို့သော် သူက အိပ်ရေးဝဝအိပ်ရန်လည်း လိုအပ်၏။ မဟုတ်လျှင် နောက်တစ်နေ့ လုပ်ဆောင်ရမည့် တံမြက်စည်းလှဲခြင်း၊ ရေသယ်ခြင်းအလုပ်များကို လုပ်ဆောင်နိုင်တော့မည် မဟုတ်ချေ။
သူက ကိုယ်တိုင်ကျင့်ကြံခြင်းအဆင့်ကို ပြီးဆုံးသွားသည့်အတွက် လန်းဆန်းတက်ကြွနေခဲ့သည်။ ယခုအချိန်တွင် သူလည်း အိပ်မပျော်ခဲ့ချေ။ ထို့ကြောင့် သူလည်း ဘေးကို လှည့်ကြည့်လိုက်ရာ ကျန်းဟွေကလည်း ယခုမှ လေ့ကျင့်ပြီးသွားသည်ကို တွေ့လိုက်ရသည်။
ကျန်းဟွေကလည်း သူ့ကိုပြန်လှည့်ကြည့်နေခဲ့သည်။
“ညီလေး…မင်း မအိပ်သေးဘူးလား…”
မုန့်ချီက ကျန်းဟွေကို ဘဝသင်ခန်းစာတစ်ခု သင်ကြားပေးရန် အခွင့်အရေးရပြီ ဖြစ်ကြောင်း နားလည်လိုက်သည်။
ကျန်းဟွေက ခေါင်းညိတ်လိုက်ပြီး ပြန်ဖြေလိုက်သည်။
“ခဏနေ အိပ်တော့မှာပါ…”
“ကောင်းပြီ…. ဒါဆိုရင် အစ်ကိုက မင်းကို တစ်ချို့အရာတွေ သင်ပေးမယ်။ နားထောင်ထား…”
မုန့်ချီက ကျန်းဟွေကို သင်ခန်းစာများ သင်ပေးနေပြီး သိပ်မကြာခင် ကျန်းဟွေက မျက်လုံးပိတ်သွားခဲ့သည်။
“ငါက ဘာမှတောင် မပြောရသေးဘူး…”
မုန့်ချီက မျက်မှောင်ကြုတ်လိုက်ပြီး စတင်စဉ်းစားနေခဲ့၏။ သိပ်မကြာခင်သူ့ခေါင်းထဲ၌ အကြံကောင်းတစ်ခုပေါ်လာခဲ့သည်။ ထိုကောင်လေးက သိုင်းလောကပုံပြင်များကို သဘောကျသည့်အတွက် ပုံပြင်ထဲတွင် ဘဝသင်ခန်းစာတစ်ချို့ကို ပေါင်းထည့်၍ ရနိုင်သည်။
အမှန်တိုင်းပြောရလျှင် သူကိုယ်တိုင်က လုံးဝမသိသော ကမ္ဘာကြီးတစ်ခုထဲကို ရောက်နေသော်လည်း မုန့်ချီကတော့ မုန့်ချီက တစ်ခြားလူများနှင့် အသားကျခြင်းရှိမရှိ ဂရုမစိုက်နိုင်တော့ချေ။ သို့သော် ယခုတော့ သူက တစ်ခြားသော စကြဝဠာတစ်ခုဆီကို ရှင်းပြ၍ မရနိုင်သော အခြေအနေနှင့်ရောက်လာခဲ့သည်။ သူ၏လက်ရှိ အခြေအနေများကို ပြင်ဆင်ရန် နည်းလမ်းတစ်ခုလည်း ရှာချင်နေခဲ့၏။
“ညီလေး...
သိုင်းလောက သူရဲကောင်းတစ်ယောက်အကြောင်း ပုံပြင်ပြောပြမယ်။ နားထောင်ချင်လား…”
သူက အပြုံးနှင့် မေးလိုက်သည်။
ကျန်းဟွေက မျက်လုံးပြန်ဖွင့်ပြီး ပြောလိုက်သည်။
“ဟုတ် နားထောင်မယ်…”
“ဒီကောင်လေးကိုတော့ တကယ်မနိုင်ဘူးပဲ…”
မုန့်ချီက ခေါင်းကုတ်လိုက်ပြီး အပြင်ဘက်တွင် ရှိနေသော လမင်းကြီးကို ကြည့်လိုက်သည်။ ထို့နောက် သူက ပုံပြင်ပြောသည့်လေသံနှင့် ပြောလိုက်၏။
“တစ်ချိန်တုန်းက ချိုးချူကျိလို့ခေါ်တဲ့ တာအိုသခင်တစ်ယောက်ရှိတယ်။ တစ်နေ့မှာတော့ သူက နင်ဆိုတဲ့ ရွာလေးတစ်ရွာကို ရောက်သွားခဲ့တယ်…”
ခဏကြာပြီးနောက် မုန့်ချီကိုယ်တိုင်လည်း ပုံပြင်ထဲ၌ လုံးဝနစ်မျောသွားခဲ့သည်။ ထိုအရာက စကြဝဠာတစ်ခုကို ပေါင်းကူးပေးထားသော တံတားတစ်ခုသဖွယ် ဖြစ်နေခဲ့သည်။ သူက ကျန်းဟွေကို ပုံပြင်တစ်ခု ပြောေမေ့သွားခဲ့၏။
သုံးလကြာပြီးနောက် မုန့်ချီက အတော်လေး အရပ်ရှည်လာခဲ့သည်။ သို့သော် သူက ရက်(၁၀၀)အခြေခံကျင့်စဉ်တွင် လုံလောက်သောအချိန်မရှိသည့်အတွက် တစ်ဝက်သာ ပြီးဆုံးခဲ့သေးသည်။ ယခုကျန်းဟွေကတော့ မုန့်ချီကိုအလွန်လေးစားနေပြီး မုန့်ချီပြောသည့် စကားတိုင်းကို အလွန်နားထောင်နေသည်။
အဘယ့်ကြောင့်ဆိုသော် မုန့်ချီပြောပြသော ပုံပြင်များက အလွန်အံ့ဩစရာ ကောင်းနေသောကြောင့်ဖြစ်၏။ သို့သော် မုန့်ချီကတော့ ဝေယျာဝစ္စခြံဝန်းထဲမှ ထွက်သွားပြီး တိုက်ခိုက်ရေးခြံဝန်းထဲသို့ ပူးပေါင်းရန် အခွင့်မရေးမရေသေးပေ။
“ညီလေးကျန်းတင်.. ဘယ်သွားမလို့လဲ..”
ကျန်းရုံက ဝေယျာဝစ္စခြံဝန်းထဲကို ဝင်လာသည့်အချိန်တွင် မုန့်ချီနှင့် ကျန်းဟွေတို့က တံမြက်စည်းများ ယူ၍ ထွက်သွားသည်ကို တွေ့လိုက်ရသည်။ သူတို့က ယခုမှ နေ့လည်စာစားပြီးကြခြင်းဖြစ်၏။
မုန့်ချီက စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်သည်။
“ဦးလေးရွှမ်ရှင်းက ကျမ်းစာတိုက်ကို သန့်ရှင်းရေးလုပ်ဖို့ ကျွန်တော်တို့ကို တာဝန်ပေးလိုက်တယ်…”
ထိုအရာက မုန့်ချီအတွက် အတော်လေး အံ့ဩစရာ ဖြစ်နေခဲ့သည်။ နေ့လည်စာစားပြီးချိန်တွင် ကျမ်းစာတိုက်ကို သန့်ရှင်းရေးလုပ်ရန် ရွှမ်ရှင်းက သူတို့ကို အမိန့်ပေးခဲ့၏။ ယခုမှစပြီး ကျမ်းစာတိုက်က သူတို့သန့်ရှင်းရေးလုပ်ရမည့် နေရာ ဖြစ်လာခဲ့သည်။
သူတို့က သာမန်စာပေကျမ်းဂန်များကို သိမ်းဆည်းထားသော အောက်ဘက်အလွှာနှစ်ခုကိုသာ သန့်ရှင်းရေးလုပ်ရမည် ဖြစ်ကြောင်း ရွှမ်ရှင်းက သေချာပြောပြထားသည်။ အပေါ်ဘက်အလွှာများကိုတော့ အဆင့်မြင့်ကိုယ်တော်များက သန့်ရှင်းရေး လုပ်ကြရမည်ဖြစ်သည်။ သို့သော် မုန့်ချီကတော့ စိတ်လှုတ်ရှားမှုကိုမထိန်းချုပ်နိုင်သေးပေ။
“ကျမ်းစာတိုက်…”
ပြောရမည်ဆိုလျှင် ထိုနေရာက ရှောင်လင်၏ အဆင့်မြင့်ထိပ်သီးသိုင်းပညာ(၇၂)မျိုးကို သိမ်းဆည်းထားသော နေရာဖြစ်သည်။ ထိုနေရာက သိုင်းလောကပုံပြင်များထဲရှိ သူရဲကောင်းများစွာ စတင်ခဲ့သော နေရာလည်း ဖြစ်၏။
“ကျမ်းစာတိုက်ထဲမှာ ဗုဒ္ဓလက်ဝါးသိုင်းကျမ်းတို့၊ မိစ္ဆာခွင်းလက်သီးသိုင်းကျမ်းတို့၊ အကြောပြောင်းကျမ်းတွေရော ရှိမလား မသိဘူး…”
မုန့်ချီကတော့ အိပ်မက်မက်နေခဲ့လေသည်။
Translated by Hein Htet