← Chapters

မြှူ

Vol. 132 Ch. 4.1489

မြှူ

Vol. 132 Ch. 4.1489

ရှန်းရှန်း ခေါင်းတညိတ်ညိတ်နဲ့ နားထောင်နေသည်။ သူမ အာရုံက စိတ်ဝိညာဉ်ထဲ နစ်မြုပ်နေပြီး သူမရဲ့ ခန္ဓာကိုယ်တွင်းက ပြောင်းလဲမှုတွေကို ခံစားလိုက်ရ၏။ လုရွှမ် အပြင်ဘက်သို့ တစ်ချက်ကြည့်လိုက်ရာ ထိုရေခဲအလွှာများက သူ့ကို အချိန်အတိုင်းအတာ တစ်ခုအထိ အကာအကွယ် ပေးနိုင်ခဲ့တာ သိလိုက်သည်။

ရှန်းရှန်းက မျက်လုံးများကို ဖွင့်လိုက်စဥ် သူမမျက်လုံးများက စိတ်ကြွစေတဲ့ တစ်ခုခုကို စားလိုက်ရသလိုမျိုး စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်နေသည်။

"အစ်ကိုကြီးလုရွှမ်... အစ်ကို ဘာလုပ်လိုက်တာလဲ ညီမခန္ဓာကိုယ်ရဲ့ ဖုံးကွယ်ထားတဲ့ အန္တရာယ်တွေကို လုံးလုံးလျားလျား မျိုသိပ်ထားပြီး ဘိုးဘေးတွေဆီ ပြန်ရလာတဲ့ သွေးတွေကလည်း ညီမခန္ဓာကိုယ်ထဲကို ပေါင်းစည်းသွားပြီ"

၎င်းတို့က မတူညီသော အင်အားစုနှစ်ခု ဖြစ်လေသည်။ ဘိုးဘွားအနွယ်နဲ့ သူမရဲ့ လက်ရှိအသွေးအသားတို့က သူမခန္ဓာကိုယ်ကို ပိုင်ဆိုင်ရဖို့ ပြိုင်ဆိုင်နေခဲ့တာ အသိသာကြီး။

သွေးကြောနှစ်ခု ကွဲလွဲပြီးသည်နှင့် သဘာဝအလျောက် အန္တရာယ်ကြီးကို ဖြစ်စေနိုင်သည်။ သူမ တစ်ခါမှ မကြုံဖူးပေမယ့် လုရွှမ်ကတော့ ဒီလိုမျိုး အတွေ့အကြုံရဲ့ နာကျင်မှုကို နားလည်နေခဲ့သည်။

လုရွှမ် လျှို့ဝှက်စွာပြုံးကာ ပြောလိုက်သည်။

"ငါ့ခန္ဓာကိုယ်ထဲမှာ နတ်နဂါးသွေး တစ်မျိုးရှိတယ် ဆိုတာ မမေ့နဲ့ဦး... အမှန်အတိုင်း ပြောရရင် ငါ့မှာ လက်သည်းငါးချောင်း ရွှေနဂါးရဲ့အသွေးလည်း ရှိတယ်... မင်းရဲ့ ဘိုးဘေးသွေးကြောက ရေခဲနဂါး ဖြစ်မယ်... အဲဒါက မင်းရဲ့အသွေးအသားနဲ့ ပေါင်းစပ်သွားနိုင်ရင် သာလွန်မြင့်မြတ်တဲ့ နတ်နဂါးနှစ်ကောင်ရဲ့ အသွေးကို မြှင့်တင်နိုင်တယ်..."

"အင်း.... သွေးကြောနှစ်ခုကို ပေါင်းစည်းနိုင်သရွေ့ ညီမ ဘာကိုမှ စိတ်ပူစရာ မလိုတော့ဘူး"

ရှန်းရှန်း စိတ်လှုပ်ရှားစွာ အော်ပြောသော်လည်း ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် မျက်ရည်များက စီးကျလာသည်။ လုရွှမ် သူ့လက်ဖဝါးနှင့် စွမ်းအင်အားလုံးကို ပြန်ယူကာ သူမလက်ကို လှမ်းဆွဲလိုက်သည်။

"ကောင်းပြီ... ငါတို့တာဝန်ပြီးသွားပြီ သွားကြရအောင်"

ရှန်းရှန်းကလည်း လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ သူမ လက်ဖဝါးကို ​ဝေ့ယမ်းလိုက်သောအခါတွင် လေထုထဲတွင် ရေခဲဖုံးနေသော ရေခဲတုံးများက တဆက်ဆက် တုန်ကာ မီးတောင်ကြီး ပေါက်ကွဲသွားသလို တဟုန်ထိုး ခုန်တက်သွားသည်။

လုရွှမ် သူ့လက်ထဲက ကောင်းကင်ဓားကို ဝှေ့ယမ်းကာ သူတို့ခန္ဓာကိုယ်ကို ကာကွယ်ရန် ဓားစွမ်းအင်များကို ထုတ်လွှတ်လိုက်သည်။

ရေခဲလွှာအတွင်းမှ လုရွှမ်ရဲ့ ဝိညာဉ်စွမ်းအားကို အပြင်ဘက်ရှိ လူအုပ်ကြီးခမျာ ကောင်းကောင်း ခံစားနိုင်သော်လည်း မျက်လုံးဖြင့် မြင်လိုက်ရသောအခါ ပို၍ပင် တုန်လှုပ်သွားခဲ့သည်။

သူတို့အားလုံးသည် အဖြူရောင်ကို သန့်သန့်ပြန့်ပြန့် ၀တ်ဆင်ထားကြပြီး လေထုအားလုံးကို ဖျက်ဆီးပစ်သည့် ၎င်းတို့၏နဖူးတွင် အမည်း​ရောင် အမှတ်မှလွဲ၍ ကျန်အမျိုးသမီး အားလုံးက ကြောက်စရာကောင်းပြီး ထူးဆန်းသည့် ရုပ်သေးများ အဖြစ်သို့ ပြောင်းလဲသွားကြပါပြီ။

လုရွှမ်နဲ့ ရှန်းရှန်း ပြေးထွက်လာတာကို မြင်လိုက်တာနဲ့ ထောင်ပေါင်းများစွာသော အမျိုးသမီးတွေဟာ ရှေ့သို့ ပြေးတက်လာကာ သူတို့၏ သွေးနီရောင် လက်ချောင်းများဖြင့် ကုတ်ဖြဲရန် ပြင်ကြသည်။

လုရွှမ်လည်း လက်ထဲက ကောင်းကင်လက်နက်ဖြင့် ဓားစွမ်းအင်က လမ်းကြောင်းတစ်ခုကို တိုက်ရိုက် လွှင့်ထုတ်လိုက်သည်။ ဒီလူများကို ဖျက်စီးပစ်ဖို့ မလိုပေ။ နောက်ဆုံးတွင် သူမတို့ဟာ တခြားသူများကို အန္တရာယ်ပြုနိုင်စွမ်း မရှိတော့ချေ။

ဘိုးဘေးသားရဲ လက်မောင်း ထွက်သွားတာနဲ့ ဒီရုပ်သေးများရဲ့ ကံကြမ္မာက သေခြင်းပင် ဖြစ်သည်။ လုရွှမ် ရှန်းရှန်းကို ဆွဲထုတ်လိုက်သာ်။ သူ့အရှိန်က အရမ်းမြန်နေတာကြောင့် ချက်ချင်း အဝေးကို ပြေးထွက်သွားနိုင်၏။

နောက်ကြောင်း ပြန်ကြည့်တော့ ရုပ်​သေးတွေက အဝေးမှာ ကျန်ရစ်ခဲ့ပြီး မြင်တောင် မမြင်နိုင်တော့ချေ။

"အစ်ကိုလုရွှမ်... အနာဂတ်မှာ သူတို့ ဘာဖြစ်သွားမှာလဲ"

လုရွှမ် သူ့ခေါင်းကို ခါယမ်းလိုက်ပြီး "သူတို့က သူတို့ရဲ့ ဝိညာဉ်တွေ ဆုံးရှုံးသွားလို့ ရုပ်သေးရုပ်တွေ ဖြစ်ကုန်ကြတာ... ဘိုးဘေးသားရဲ သူတို့ထဲကို သွန်းလောင်းထားတဲ့ အရိပ်အာဝါသကို ပြန်မယူနိုင်သရွေ့တော့ သူတို့ မသေသလို အသက်လည်း ရှင်မှာ မဟုတ်ဘူး"

ရှန်းရှန်း သက်ပြင်းသာ ချလိုက်ရသည်။ ထိုမိန်းကလေးများအတွက် စိတ်မကောင်း ဖြစ်မိသော်လည်း သူတို့မှာ ကယ်ပေးနိုင်တဲ့ အစွမ်းအစမရှိမှန်း သိပါသည်။

နှစ်ယောက်သား ပြေးထွက်လာရာ လမ်းကြောင်း၌ အဝေးကလူတွေ စောင့်မျှော်နေကြတာ တွေ့လိုက်ရ၏။ သူတို့က ထိတ်လန့်တကြား ကြည့်နေကြ၏။ သူတို့နှစ်ယောက် ပြန်လာတာကို မြင်တော့ နင်ရွှီက ပထမဆုံး လာနှုတ်ဆက်ခဲ့ပြီး လျန်းဟွားလည်း ရှန်းရှန်းရဲ့လက်ကို စိုးရိမ်မှုအပြည့်နဲ့ အမြန် လာကိုင်သည်။

"စိတ်မပူပါနဲ့ အားလုံး... ကျွန်​တော်တို့မှာ အနည်းဆုံးတော့ ဘိုးဘေးသားရဲကို မောင်းထုတ်ဖို့ ခွန်အားတွေ ရှိလာပြီ... အခု အရေးတကြီးဆုံး အလုပ်က မြို့ထဲမှာ ကျန်နေတဲ့ ပို့ဆောင်ခြင်း ယဇ်ပလ္လင် တယ်လီပို့တင်ခင်းကျင်းကို ရှာပြီး တတ်နိုင်သမျှ အမြန်ဆုံး ထွက်သွားဖို့ပဲ..."

"ဘိုးဘေးသားရဲကရော.. ငါတို့က ဘိုး​ဘေးသားရဲကို ဒီမှာ ထားခဲ့မှာလား.. မြို့ထဲမှာ ယဇ်ပလ္လင်တွေ ခင်းကျင်းထားတဲ့ နေရာတိုင်းကို ဘိုး​ဘေးသားရဲက ဖျက်ဆီးပစ်လိုက်ပြီလေ"

နတ်ခြေလှမ်းနယ်ပယ် သခင်တစ်ဦးက ဝင်မေးလာသည်။

ဤလူများသည် ဘိုး​ဘေးသားရဲ အကြောင်းကို နားမလည်သလောက်ပင်။ ၎င်းတို့သည် ဘိုးဘေးသားရဲ၏ မူလဇစ်မြစ်အကြောင်း အလွန်အကျွံ သိထားတယ်လို့လည်း မဆိုလိုနိုင်ချေ။

သို့နှင့် လုရွှမ်က ဘိုးဘေးသားရဲအကြောင်း ဒဏ္ဍာရီကို တစ်ဖန်ပြန်ရှင်းပြရသည်။ ခဏလောက် စဉ်းစားပြီးနောက် ဘိုး​ဘေးသားရဲကို နှိမ်နှင်းဖို့ အသုံးပြုနိုင်သည့် လက်နက်ဆယ့်ရှစ်ခု ရှိတာကိုလည်း ပြောပြခဲ့သည်။ ထို့နောက် နတ်လေးကို ထုတ်ယူလိုက်သည်။

လူတိုင်းရဲ့ မျက်လုံးများလည်း တစ်မဟုတ်ချင်း တောက်ပလာသည်။ ဒီလက်နက်က အလွန်ပြင်းထန်ပုံ မပေါ်သော်လည်း ရတနာများကို အကဲဖြတ်ရာတွင် ကျွမ်းကျင်သူများကတော့ ဤလက်နက်သည် ကောင်းကင်လက်နက်များနှင့် မယှဉ်နိုင်သော်လည်း ၎င်း၏စွမ်းအားသည် နတ်လက်နက်များထက် လုံးဝ မနိမ့်ကျကြောင်း သိပေလိမ့်မည်။

"ကြည့်ထား!"

လုရွှမ် ဆိုရင်း လေးကိုင်းကို ကွေးလိုက်သည်။ သူ့ဝိညာဉ်စွမ်းအင်သည် မြှားတစ်စင်းအဖြစ် အလိုအလျောက် ပေါင်းစပ်သွားပြီးနောက် နေရောင်ခြည်များ ဖြာထွက်နေသော လေး၏ အရှိန်ကို မြှင့်တင်လိုက်သည်။

နတ်လက်နက်၏ ပထမအဆင့် လေးကိုင်း လှုပ်ရှားလိုက်တာ လူတိုင်းအတွက် ခြိမ်းခြောက်မှုလည်း လျင်မြန်စွာ တိုးများလာခဲ့သည်။

လုရွှမ် သတိရှိစွာ ထုတ်ဖော်ပြသနေပြီး ယွမ်ယန်စွမ်းအင်ကလည်း ခွန်အားအပြည့်ဖြင့် လည်ပတ်နေပြီး သူ့အရှိန်ကို အဆက်မပြတ် မြှင့်တင်နေသည်။ နောက်ဆုံးတော့ နေကို ပစ်ခတ်နိုင်တဲ့ နတ်လေးရဲ့ အငွေ့အသက်က နတ်လက်နက်တွေကို တစ်ရှိန်ထိုး ဖြတ်ကျော်ပြီး ကောင်းကင်လက်နက်အဆင့်ကို ရောက်သွားပေ၏။

ဒီမြှားနဲ့ အပစ်ခံရရင် သူတို့အားလုံးအတွက် အန္တရာယ်က ကြီးလိမ့်မယ် ဆိုတာ ထိုလူတွေ ရိပ်မိနေကြပါပြီ။ လုရွှမ် သူ့အရှိန်ကို မြှင့်တင်လိုက်ပြီးတာနဲ့ နတ်ခြေလှမ်းနယ်ပယ်က သခင်တစ်ဦးကို မြှားဖြင့် ချိန်ထားလိုက်သည်။

ထိုလူလည်း အလွန်ထိတ်လန့် တုန်လှုပ်သွားတော့သည်။

“သခင်လေးလုရွှမ်... မနောက်ပြောင်ပါနဲ့”

ယခုမြှားရောင်ဝါက မြှားတစ်စင်းဖြင့် သူ့ကို ချက်ချင်း သတ်ပစ်နိုင်ကြောင်း သိသိသာသာကို ခံစား​နေရသည်။

လုရွှမ် ရယ်လိုက်သည်။ သူ ဒီလူတွေကို မြှားမပစ်ပါဘူး။ ထို့အပြင် ဤမြှားတစ်စင်းသည် သူအရှိန်အားလုံးကို ထည့်ထားရတာကြောင့် ဒုတိယမြှားကို ထပ်ပစ်ဖို့ဆို အနည်းဆုံး အမွှေးတိုင်တစ်ဝက်ခန့် အချိန် ယူရပေမည်။

လုရွှမ် သူ့စွမ်းအားကို ရုပ်သိမ်းလိုက်ရာ နေဖြိုခွင်းနတ်လေးကလည်း နဂိုအရှိန်အဝါသို့ တဖြည်းဖြည်း ပြန်လည် ကျဆင်းသွားသည်။ ကောင်းကင်လက်နက်ကို ကဲ့ရဲ့လုနီးပါး အနေအထားသို့ ပြန်ရောက်ရှိသွားကာ လုရွှမ်ဆီက ပြန်သိမ်းခံလိုက်ရသည်။

“ဘိုးဘေးသားရဲက စုစုပေါင်း တစ်ဆယ့်ရှစ်ပိုင်း ပိုင်းခံထားရတယ်... အစိတ်အပိုင်း တစ်ခုစီကို လက်နက်တစ်ခုနဲ့ ဖိနှိပ်ထားတယ် အဲဒီလက်နက်တွေရဲ့ စွမ်းအားက အားကောင်းနိုင်သလို အားခည်း နည်းနိုင်ပေမယ့် လက်နက်တစ်ခုစီရဲ့ စွမ်းအား ဘယ်လောက် စွမ်းဆောင်နိုင်သလဲ ဆိုတာကတော့ လက်နက်ပေါ်မှာ မူတည်တယ်... အနာဂတ်မှာ ဘိုးဘေးသားရဲကို နောက်တစ်ကြိမ် နှိမ်နင်းချင်တယ်ဆိုရင် အဲ့လက်နက် ၁၈ခုလုံးကို စုဆောင်းရမယ်...."

"ဥပမာ- အခု ဒီမြို့မှာ ရှင်းရှင်းလင်းလင်း ပြောလို့ရတယ်... ဘိုးဘေးသားရဲက ရှားပါးလက်နက်ကို သယ်သွားလို့ မရဘူး။ ကျင့်ကြံသူတစ်ယောက်ယောက်က သိမ်းသွားနိုင်တယ်... အခု အဲ့လက်နက်ကို တစ်ယောက်ယောက်က သိမ်းသွားတာ သေချာတယ်... မဟုတ်ရင် ငါ့ရဲ့ နေဖြိုခွင်းနတ်လေးက တုံ့ပြန်လိမ့်မယ်"

လုရွှမ် ဒီလို ​ပြောပြီး​နောက်​ လူ​တွေအားလုံးရဲ့ မျက်​လုံး​တွေကလည်း ​တောက်​ပလာတော့သည်။ လုရွှမ်လက်ထဲက နတ်လေးကို လိုချင်တပ်မက်ခြင်း မရှိသော်လည်း ထိုလက်နက် ပိုင်ထားသူကိုတော့ အလွန်မနာလို ဖြစ်နေကြသည်။

All Chapters