ဝမ်းတွင်းမည်း
Vol. 132 Ch. 4.1491
လုရွှမ်နဲ့ ရှန်းရှန်းက ခေါင်းညိတ်လိုက်ပြီး အနောက်ဘက်သို့ ဦးစွာ ပျံသန်းသွားကြသည်။
နင်ရွှီနဲ့ လျန်းဟွားတို့သည် ၎င်းတို့၏ ခွန်အားကို မြင်တွေ့ခဲ့ကြပြီးပြီ။ သေရေးရှင်ရေး ပြဿနာကို အတူဖြတ်ကျော်ခဲ့ကြတာကြောင့် အခြားသူများထက် ၎င်းတို့ကို ပိုယုံကြည်ကြသည်။
သူတို့နှစ်ယောက်ဟာ အရင်က သူတို့ကို မစွန့်ပစ်ခဲ့တာကြောင့် နောက်လည်း ဘယ်တော့မှ စွန့်ပစ်လိမ့်မည် မဟုတ်ချေ။ တချို့လူတွေက စိတ်ထဲမှာ နာကြည်းမှုတွေ ရှိခဲ့ပေမဲ့ လုရွှမ်နဲ့ ရှန်းရှန်းက အဝေးကို ပြေးသွားခဲ့ပြီးမလို့ သူတို့နောက်ကို ဆက်လိုက်သွားရုံသာ ရှိတော့လေသည်။
အချိန်အတော်ကြာ ပျံသန်းပြီးနောက် သူတို့နောက်ကလူများနှင့် ဝေးကွာသွားခဲ့ပြီး နောက်ဆုံးတွင် ထိုလူများ၏ ဒေါသကလည်း မလွဲမသွေ လွတ်ထွက်လာခဲ့သည်။
"သခင်လေးလုရွှမ်.. အဲဒီလူတွေက ကျွန်မတို့ကို ရှင်းရှင်းလင်းလင်း ညှစ်ထုတ်နေတာ.. ဟမ့် တကယ် မထင်ရဘူး... အမြဲတမ်း သန့်ရှင်းသပ်ရပ်တဲ့ ပုံစံတွေ လုပ်နေပေမယ့် အရေးကြီးတဲ့ အခိုက်အတန့်မှာ သခင်လေးက လမ်းကြောင်းကို ညွှန်ပြခဲ့တာ အသိသာကြီး... အသက်ရှင်ကျန်ရစ်သူတွေကို ကယ်ခဲ့တာလည်း သခင်လေးပဲ... ဒီအခွင့်အရေးအတွက် ကျေးဇူးမတင်ဘဲ အခွင့်ကောင်း ယူချင်ကြတဲ့လူက များနေတယ်..."
လျန်းဟွားက မကျေမနပ်နဲ့ အော်သည်။
လုရွှမ် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး :"လျန်းဟွား... စိတ်မပူပါနဲ့ လူတွေက အလုပ်လုပ်နေချိန် ကောင်းကင်က စောင့်ကြည့်နေတာ... သူတို့လိုချင်တာကို အမြဲတမ်း ရနေမှာ မဟုတ်ဘူး...."
ရှန်းရှန်းက ပြုံးလိုက်ပြီး :"မမလျန်းဟွား... နောက်ဆုံး ပို့ဆောင်ခြင်း ယဇ်ပုလ္လင်ရှိတဲ့ အကြောင်း သူတို့ကို ဘယ်သူပြောခဲ့တာလဲ မှတ်မိသေးလား"
လျန်းဟွားလည်း နည်းနည်းတော့ ထိတ်လန့်သွားသည်။
"မင်းပဲလေ... ညီမလေး အဲဒီပို့ဆောင်ခြင်း ယဇ်ပုလ္လင် ရှိတာကို မင်းဖြစ်သလို ပြောလိုက်တာတော့ မဟုတ်ဘူးမလား... ပို့ဆောင်ခြင်း ယဇ်ပုလ္လင် ဘယ်မှာလဲဆိုတာ မင်းမသိဘူးဆို! အာ..."
သူမက ပါးစပ်ကို အုပ်ပြီး တိုးတိုးလေး အော်ဟစ်ရင်း စိတ်လှုပ်ရှားမှုတွေနဲ့ ရယ်မောလိုက်သည်။
"မင်းသူတို့ကို လိမ်နေတာပေါ့?"
ရှန်းရှန်းက သူမ၏ ဖြောင့်စင်းသော နှာတံလေးကို ဂုဏ်ယူစွာ လှုပ်လိုက်ပြီး။
"ကိုကိုက ညီမကို တိတ်တိတ်လေး အသံပို့ပြီး အဲဒီနေရာက ဘယ်မှာလဲဆိုတာ မသိဘူးလို့ ပြောခိုင်းတာ.. ဟဲဟဲ...အစကတော့ ကိုကိုလုရွှမ်က ဘာကိုဆိုလိုတယ်ဆိုတာ ညီမလည်း နားမလည်လိုက်ဘူး အခုမှပဲ အဲဒီလူတွေရဲ့ အကြံအစည်ကို သိပြီးသား ဆိုတာ သဘောပေါက်တော့တယ်..."
လူတစ်စုသည် ပို့ဆောင်ခြင်း ယဇ်ပုလ္လင်ကို ရှာတွေ့နိုင်လျှင် ၎င်းတို့ကသာ သဘာဝအတိုင်း အဝေးသို့ လွှဲပို့ရန် ပထမဆုံး စဥ်းစားမိလိမ့်မည်။ မြန်မြန်ထွက်သွားလေ ပိုလုံခြုံလေပဲ မဟုတ်ပါလား။ ဘိုးဘေးသားရဲက အရှိန်အဟုန်ဖြင့် ကျော်တက်သွားပါက ယဇ်ပုလ္လင် မရှိတော့ဘဲ ဒုက္ခရောက်ပြီး သေလုနီးပါး ဖြစ်သွားမယ် ဆိုတဲ့ အမှန်တရားကို လူတိုင်းနားလည်တဲ့အတွက် ကြောက်ကြပါ၏။
လုရွှမ်: "လူတိုင်း နားထောင်ကြပါ... ငါတို့ တခြားသူတွေကို အန္တရာယ်မပေးဘူး ဒါပေမဲ့ ငါတို့က ခံစစ်လည်း မဖြစ်ရဘူး ရိုးရိုးသားသားပြောရရင် ပို့ဆောင်ခြင်း ယဇ်ပုလ္လင်နဲ့ ပတ်သက်ပြီး ကျွန်တော့်မှာ ရိုးရှင်းတဲ့ ခံယူချက်တစ်ခုရှိတယ်... အဲဒါက တိကျတဲ့ ဦးတည်ရာတစ်ခုကို ရောက်နေတယ်လို့ မဆုံးဖြတ်နိုင်သေးဘူး နေရာအတိအကျ သိရဖို့တဲ့အတွက် သေသေချာချာ စစ်ဆေးဖို့ လိုတယ်”
"အဲဒီလူတွေက စိတ်ကြီးဝင်လွန်းတယ် ဉာဏ်ကောင်းတယ် ဘယ်လိုပေးရမှန်းကို မသိဘဲ ဘယ်လို ယူရမယ်ဆိုတာပဲ သိတာ သနားစရာပဲ... ငါတို့က ကျိုးကြောင်း ဆီလျော်အောင် လုပ်ပြီး သူတို့ကို ကူညီဖို့၊ ကယ်တင်ဖို့၊ ငါတို့ကိုယ်တိုင် အသက်စွန့်ရမှာလား... ငါတို့ရဲ့ ရှင်သန်ခွင့်ကို စွန့်လွှတ်လိုက်မှာလား"
"မဟုတ်ဘူး!"
"မဖြစ်နိုင်ဘူး"
"သူများတွေ မသနားရင် ငါတို့ကလည်း တရားမျှတနေစရာ မလိုဘူး..."
"ဒါ့အပြင် သခင်ငယ်လေးနဲ့ မင်းသမီးလေးကလည်း လွန်လွန်ကဲကဲ လုပ်ထားပြီးသား... မင်းတို့နှစ်ယောက်လုံးက ကြိုးကြိုးစားစား လုပ်ခဲ့တာ... ဒါကိုဘာလို့ ဆက်ပြီး ပေးဆပ်ခိုင်းဖို့ ကြံစည်နေရတာလဲ... အဲဒါ သူတို့နဲ့ ထိုက်တန်တယ် ကျေးဇူးမသိတတ်ရင် ကိုယ့်အပြစ်နဲ့ ကိုယ်ပဲ!”
"မင်းပြောတာ မှန်တယ်... သူတို့ကိုယ်တိုင် လုပ်တာ သူတို့ဘာသာသေပါစေ"
"ငါတို့နဲ့ ဘာမှမဆိုင်ဘူး"
လုရွှမ် သူ့လက်ဖဝါးကို မြှောက်လိုက်တော့ အားလုံးက သဘာဝအတိုင်း ပါးစပ်ပိတ်ကာ စကားမပြောဘဲ လုရွှမ်ကို ကြည့်ကာ ဘာဆက်ပြောမလဲ စောင့်ဆိုင်းနေကြသည်။
"ကောင်းပြီ အားလုံးက ကျွန်တော်တို့ကို ယုံကြည်နေပြီဆိုတော့ လှေတစ်စင်းတည်းနဲ့ အတူတူ ထွက်လမ်းရှာကြမယ်.... အားလုံးပဲ ကျွန်တော်တို့နဲ့အတူ လိုက်လာခဲ့"
ရှန်းရှန်းက မျက်စောင်းတစ်ချက် ထိုးကာ သူတို့နှစ်ယောက် ရှေ့သို့ဆက်ကာ မြောက်ဘက်သို့ ဦးတည်သွားကြသည်။
"ကိုကို... ညီမကို ပြောတော့ ပို့ဆောင်ခြင်း ယဇ်ပုလ္လင်က မြောက်ဘက်မှာရှိတာ မဟုတ်ဘူးလား... ဘာလို့ အနောက်ကိုသွားရမှာတုန်း"
လုရွှမ် ခပ်ဖွဖွလေး ပြုံးလိုက်သည်။
"ရှန်းရှန်း ဒီလူတွေထဲက ဘယ်သူကို ယုံကြည်နိုင်တယ် ဘယ်သူက ယုံကြည်လို့ မရဘူးဆိုတာ မင်းသိလား... ငါတို့ လုံးဝမသိနိုင်ဘူး ဒါပေမဲ့ ငါသေချာတာတစ်ခုကတော့ တခြားလူတွေထဲမှာ မယုံကြည်ရသူတွေ အများကြီးရှိရမယ် အဲဒီလူတွေက သစ္စာဖောက်တွေလို သူတို့ဘက်က လူတွေကို အသံပို့နေမလား မသိနိုင်ဘူး...."
"အခု ဒီလူတွေက အသံပို့ပြီးတာလည်း ဖြစ်နိုင်တယ်... အဲတော့ ငါတို့ဘက်က အနောက်ဘက်ကို ပျံသန်းနေရမယ်...ပြီးမှ တခြားလမ်းကြောင်းကို လှည့်သွားမယ်... ဒါတွေကို ငါမင်းကို မသိစေချင်ခဲ့ပေမယ့် လူတွေရဲ့ နှလုံးသားက တကယ်ကို ကြောင်သူတော်တွေပဲ ဆိုတာတော့ မှတ်ထား!"
ရှန်းရှန်းက သူမခေါင်းကို ခါယမ်းလိုက်သည်။
"ဒါပေမဲ့ ကိုကိုလုရွှမ် လုပ်တာမှန်တယ် ဆိုတာတော့ ညီမ သိတယ်"
လုရွှမ် ပြုံးပြီး "လူသားတစ်ယောက် ဖြစ်လာအောင် ပြတ်ပြတ်သားသား ကြံ့ကြံ့ခံရမယ်... ဒါပေါ့ ပို့ဆောင်ခြင်း ယဇ်ပုလ္လင်ရဲ့ တည်နေရာကို တခြားသူတွေကို အကြောင်းကြားပေးမှာပါ ဒါပေမဲ့ အဲ့နေရာကို ငါတို့ ကြိုရောက်ပြီးမှ ဖြစ်ရမယ်... မဟုတ်ရင် အဲဒီလူတွေက အပြေးအလွှား ရောက်လာပြီး လုယက်နေရင် ငါတို့ရဲ့အစွမ်းသတ္တိနဲ့ အခက်တွေ့ကုန်လိမ့်မယ်”
"သူတို့မှာ အခု ဘာအကျိုးအမြတ်မှ မရှိတော့ဘူး ဒါမှမဟုတ် ကြီးမားတဲ့ဒုက္ခတွေ ဖြစ်လာတာတောင် တခြားသူတွေကို ထိခိုက်စေပြီး ကိုယ့်အတွက် အကျိုးမရှိတဲ့ အရာတွေကို လုပ်နေကြတုန်းပဲ... ဒါကြောင့် သူတို့ကို ငါတို့ သတိထားရမယ်"
ရှန်းရှန်း လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။
"ကိုကို ပြောတာကို နားထောင်မယ်"
လုရွှမ်ရဲ့ သံသယအတိုင်း အစောကစကားတွေကို လူများစွာက သတင်းထုတ်ထားပြီးသား ဖြစ်သည်။
"ဟမ့်....အဲ့ပိန်ပိန်သေးသေးလေးမှာ ကြိုတင် ကြံစည်ထားတာ ရှိနေမယ်ဆိုတာ ငါထင်ထားပြီးသား... ပို့ဆောင်ခြင်း ယဇ်ပုလ္လင်ရဲ့ တည်နေရာကို ရှင်းရှင်းလင်းလင်း သိထားတာကို မပြောခဲ့ဘူး... သူက ငါတို့ကို အပြစ်ပေးချင်နေတာ...သူ့အတွက် ဘိုးဘေးသားရဲကို တားထားစေချင်တာ... ”
"ငါ့အကြံအစည်ကြောင့်သာ မဟုတ်ရင် အဲ့ကလေးရဲ့လက်ထဲမှာ တကယ် ဒုက္ခရောက်သွားလိမ့်မယ်... ကောင်စုတ်လေး မင်းကိုယ်မင်း ဘယ်လောက်ပဲ ဉာဏ်ကောင်းတယ်လို့ ထင်နေပါစေ ငါ့ရဲ့အကြံအစည်ကို ဘယ်လိုမှ အနိုင်ယူနိုင်မှာ မဟုတ်ဘူး...သွားရအောင် အနောက်ဘက်ကို လမ်းကြောင်းပြောင်းမယ်"
အဖိုးအိုပိုင်ရွှမ်က အော်ပြောသည်။
"ဒီကလေးက တကယ် လိမ္မာပါးနပ်တာပဲ... နဂါးတွေနဲ့ ပေါင်းစားတဲ့ လူတွေဆီက ယုံကြည်မှုနဲ့ မထိုက်တန်မှန်း ထင်ထားပြီးသား... မင်းငါ့ကို လုပ်ကြံချင်ရင် မင်းအိမ်မက်ထဲမှာပဲ ရမယ်... ငါက လူတွေ သတ်နေတုန်းက မင်း မမွေးသေးဘူးကွ!"
"ကောင်လေး... မင်းမှာ အစီအစဉ်ကောင်း ရှိတယ်ပေါ့... အားလုံး ငါ့နောက်ကလိုက်ခဲ့! အနောက်ကို သွားရအောင်"
သုံးဖွဲ့စလုံးက လူတွေက အနောက်ဘက်ကို အပြေးအလွှား ပြေးလာကြပြီး အရှိန်က လွန်ကဲလာပြီ။
လုရွှမ်နဲ့ ရှန်းရှန်းတို့သည် ရှေ့တန်းတွင် ရှိနေသော်လည်း လုရွှမ်ရဲ့ စိတ်ဝိညာဉ်စွမ်းအားက လူတိုင်း၏ စိတ်စွမ်းအား အတက်အကျများကို သိရှိနိုင်သည်။ သူသည် လူတိုင်း၏ လှုပ်ရှားမှုများကို အာရုံမခံစားနိုင်သော်လည်း အနည်းဆုံးတော့ သူတို့ရဲ့ အထွေထွေ အမူအရာ လှုပ်ရှားမှုများကို ခံစားနိုင်သည်။
လုရွှမ်က လှည့်ပြီး "ငါတို့ မြောက်ဘက်ကို ဦးတည်သွားရအောင်... ပြဿနာတချို့ ရှိနေတယ်လို့ ငါခံစားရတယ် အရှိန်မြှင့်ဖို့ လိုတယ်... ဘိုးဘေးသားရဲ အနောက်က လိုက်လာနေသလိုပဲ..."
လုရွှမ် စကားဆုံးတာနဲ့ နင်ရွှီကို ဆွဲကိုင်လိုက်သည်။ အကြီးအကဲ နင်ရွှီမှာ ဒဏ်ရာကြောင့် အမြန်မပြေးနိုင်ချေ။ ရှန်းရှန်းကလည်း လျန်းဟွားကို သူမနှင့်အတူ ခေါ်သွားကာ သူတို့လေးယောက် ရှေ့သို့ အလျင်အမြန် ပြေးသွားသည်။ ကျန်တဲ့လူတွေကလည်း ဘိုးဘေးသားရဲ လာနေပြီဟုထင်ကာ မြန်မြန် လိုက်ကြလေ၏။