ဦးတည်ချက်ပြောင်း
Vol. 132 Ch. 4.1492
"ဘာ? ဘိုးဘေးသားရဲက သူတို့ကို လိုက်ဖမ်းနေတာလား?"
ပိုင်ရွှမ် မျက်မှောင်ကြုတ်သည်။ ကောင်လေး လုရွှမ်က သူ့ဦးတည်ချက်ကို ပြောင်းလိုက်ပြီ။ သူတို့ရဲ့ လှုပ်ရှားမှုတွေနဲ့ သူတို့ရဲ့ အစီအမံတွေကို သတိထားမိသွားလို့လား၊ ဒါမှမဟုတ် တကယ်ပဲ သူတို့နောက်ကို ဘိုးဘေးသားရဲ လိုက်နေတာလား။
"ပိုင်ရွှမ် အနောက်ဘက်ကတော့ ဘိုးဘွားသားရဲရဲ့ နေရာဟောင်းပဲ... ဘိုးဘွားသားရဲ လိုက်ဖမ်းနေတာကလည်း တကယ်ဖြစ်နိုင်တယ်... ငါတို့ သူတို့နောက်ကို လိုက်ဦးမလား"
"ပြောရခက်တယ်... ဒါပေမယ့် ဒီကလေးက ငါတို့ကို အစောကြီးကတည်းက ကြံစည်နေတယ်ဆိုတာ သံသယဖြစ်စရာ မရှိဘူး... သူက ပါရမီရှင် စာရင်းမှာ နံပါတ်တစ် ဖြစ်လာတဲ့လူ... အသက်မပြည့်သေးပေမယ့် စွမ်းဆောင်နိုင်လွန်းတယ်... "
ပိုင်ရွှမ် အော်ဟစ်ဆဲဆိုလိုက်သည်။
"ဒီကလေးက တကယ်ကို ယုတ်မာတတ်လွန်းတယ်... အနောက်ဘက်ကို ရွေးတုန်းက ဒီအချက်ကို စဉ်းစားခဲ့တာ ဖြစ်မယ်... ဘိုးဘေးသားရဲကို စစ်ဆေးဖို့ပဲ လိုတာဆိုပြီးတော့ အနောက်ကို ရွေးတုန်းကတော့ လုံးဝ မတွန့်ဆုတ်ဘူး..."
လူတိုင်းက ဒီအချက်ကို တွေးမိတဲ့အခါ တစ်ယောက်ပြီး တစ်ယောက် ကျိန်ဆဲကုန်ကြ၏။ လုရွှမ်က ၎င်းတို့ကို ဆန့်ကျင်ကာ ကြံစည်နေကြောင်း ထင်ရှားနေပြီ။
သူတို့အားလုံးသည် လူတစ်စုတည်းက ဖြစ်သည်။ သူတို့ဘာသာ စီစဥ်ထားတယ်လို့ ထင်ခဲ့ပေမယ့် မမျှော်လင့်ဘဲ လုရွှမ်က သူတို့ကို ကြံစည်ကာ အဖွဲ့ခွဲပစ်ခဲ့သည်။ သူတို့မှာလည်း အကြံအစည် ရှိတာကြောင့် လုရွှမ် အကြံပေးတာကို သဘာဝအတိုင်း လျစ်လျူရှုခဲ့သည်။
"အဲ့ဒီကလေးက တွက်ထားပြီးသား ဆိုတော့ အမှားတော့လုပ်မှာ မဟုတ်ဘူး အခု ငါတို့သူ့နောက်ကို လိုက်သွားမယ်ဆိုရင် ဘိုးဘေးသားရဲနဲ့ တွေ့လိမ့်မယ်...ဒါဆို ငါတို့ကံဆိုးလိမ့်မယ်"
"အဟမ်း... ကျွန်မ အမြင်အရတော့ သူက ဒီလောက်လည်း ဆိုးတဲ့ပုံမပေါ်ဘူး ဟုတ်တယ်မလား"
နတ်သမီးတစ်ပါးက လှမ်းအော်ကာ လူတိုင်းကို မဝံ့မရဲနဲ့ ကြည့်နေသည်။ သူမ၏ ထင်မြင်ယူဆချက်အရ လုရွှမ်ဟာ နင်ရွှီ ကယ်တင်နိုင်ခဲ့ပြီး နင်ရွှီဆီကလည်း အသိအမှတ်ပြု ခံခဲ့ရသူမလို့ လူဆိုးတစ်ယောက်နှင့် မတူပေ။
အကြံအစည်အကြောင်း ပြောရရင် ဒီလူတွေကသာ တခြားသူတွေကို လှည့်စားနေသလိုပဲ။
နတ်ခြေလှမ်းနယ်ပယ် သခင်များစွာက လှည့်ကြည့်လာကြရာ ကျောကုန်းတစ်လျှောက် အေးတိအေးစက် ဖြစ်သွားတာမို့ အမြန် စကားပြင်လိုက်သည်။
“ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်တာပါ”
"ဟား ဟား... နတ်သမီးက ကြင်နာတတ်တာပံ ဒါကြောင့် သူတပါးကို လူဆိုးလို့ မထင်တာ သဘာဝပဲ... ဒါပေမဲ့ မင်းမှာ သူတစ်ပါးကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက် မရှိရင်တောင် တခြားသူတွေကို စောင့်ရှောက်ဖို့ ရည်ရွယ်ချက် ရှိထားရမယ်..."
"ဟုတ်ပါတယ်၊ ဆရာကြီးမင်ဟော်က အမြဲတမ်း ဘုန်းကြီးတစ်ပါးပဲ ဖြစ်ခဲ့တာ... ဒါပေမဲ့ လုရွှမ်နဲ့ အပြင်ထွက်ပြီးတဲ့ နောက်မှာတော့ ဘိုးဘေးသားရဲရဲ့ ရုပ်သေးရုပ် ဖြစ်လာတယ်... အတွင်းထဲမှာ ဘာတွေ လျှို့ဝှက်ထားလဲ ဘယ်သူက ရှင်းရှင်းလင်းလင်း ပြောပြနိုင်မှာလဲ"
စကားပြောသူက ထိပ်ပြောင်သူ ဖြစ်ကာ သူပြောပြီးတာနဲ့ လူတိုင်းက အံ့ဩစွာဖြင့် ကြည့်လာကြလေသည်။
"ဘာမှားလို့လဲ... ငါပြောတာ အမှန်ပဲလေ...."
လူတော်တော်များများမှာ ထိပ်ပြောင် အဲဒီလိုပြောဖို့ စိတ်အားထက်သန် နေတာကို တွေ့တော့ အံ့သြနေကြသည်။ မင်ဟော် ဘိုးဘေးသားရဲ၏ ရုပ်သေး ဖြစ်လာကြောင်းကို သိရှိပြီးနောက်မှသာ လူတိုင်း နောက်ဆုံးတွင် သတိဝင်လာ၏။ ၎ယအထူးသဖြင့် ထိုမိန်းကလေးများ ပျောက်ဆုံးသွားတာနဲ့ ပတ်သက်၍ သဲလွန်စ မရှိခဲ့သလို ဘာမှလည်း မရှင်းပြနိုင်ခဲ့။
မင်ဟော် ပေါ်လာပြီးရင် ဒါမှမဟုတ် မင်ဟော်နဲ့ တစ်ခုခုဆက်စပ်ပြီးရင် မိန်းကလေးတွေ ပျောက်သွားခဲ့တာ ပြန်တွေးမိလာသည်။ လူဘယ်နှစ်ယောက်က ဒီကိစ္စကို ကောက်ချက်ချပြီးပြီ မသိပေမယ့် ဒီလို ဆဲဆိုမှုမျိုးက တကယ်ကို လွန်လွန်းတယ်လေ။
လူတိုင်းသည် ထိုထိပ်ပြောင်ကို မျက်လုံးဖြူ ဝံပုလွေတစ်ကောင်လို့ စိတ်ထဲမှာ ထားထားပြီး အနာဂတ်မှာ သူနဲ့ အဆက်အသွယ် မလုပ်တာ ပိုကောင်းလိမ့်မယ်ဟု တွေးထားကြ၏။ မဟုတ်ရင် ဒီကောင်လေးဆီက ဘယ်အချိန် သစ္စာဖောက်ခံရမယ်ဆိုတာ နတ်ဘုရားတွေကပဲ သိလိမ့်မည်။
ပိုင်ရွှမ်: "ဒါပေမဲ့ ငါတို့ ဒီမှာပဲ ဆက်နေမယ်ဆိုရင် ပိုအန္တရာယ်များလာမယ် လူတိုင်းက အရမ်းကြီး မနီးမဝေးကနေ ဂရုတစိုက် လိုက်ခဲ့သင့်တယ်"
"ဟုတ်တယ်.. ဒါက အသင့်တော်ဆုံးပဲ"
လောင်မော်: "ဘာလဲ? ဒီကလေးက သူ့ဦးတည်ချက်ကို ပြောင်းလိုက်ပြီတဲ့... မင်းက ငါ့ကို လုပ်ကြံချင်နေတာပေါ့လေ... ဟမ့် ငါဓားကိုင်တုန်းက မင်းဆံပင်တောင် မပေါက်သေးဘူးကွ!"
"သွားပြီးတော့ ပိုင်ရွှမ်နဲ့ နတ်သမီးဟယ်ကို ဆက်သွယ်မယ်... ဘာဆက်လုပ်ရမလဲဆိုတာ အဖြေရှာကြည့်ရအောင်"
ဆွေးနွေးမှုအချို့ အပြီးတွင် ၎င်းတို့သုံးဦးသည် ပိုမိုအန္တရာယ်များပြီး အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်သော်လည်း မျိုးနွယ်စုများကို အတူတကွ စုဝေးလိုက်ရန်သာ ဆုံးဖြတ်ခဲ့ကြသည်။
သို့သော် ပို့ဆောင်ခြင်း ယဇ်ပုလ္လင်ကို ဆက်လက်ရှာဖွေဖို့က လုရွှမ်နောက်ကို အနီးကပ် လိုက်နေရုံနဲ့ကို နည်းနည်းတော့ စွန့်စားရကျိုးနပ်လောက်ပါ၏။
တခြားလူတွေက ရှင်းရှင်းလင်းလင်း နားမလည်သော်လည်း နတ်ခြေလှမ်းနယ်ပယ်ရှိ လူအားလုံးကတော့ စိတ်နှလုံးထဲတွင် တိတ်တဆိတ် နားလည်ထားကြသည်။ အကယ်၍ သူတို့သည် ဘိုးဘေးသားရဲကို အမှန်တကယ် ကြုံတွေ့ရပါက မျှော်စင်နယ်ပယ်တွေက ဘုံသားကောင်များ ဖြစ်သွားမှာမလို့ ဝန်ထုပ်ဝန်ပိုး ဖြစ်သွားမှာ သေချာသော်လည်း အနည်းဆုံးတော့ ၎င်းတို့ကို ခဏတာ ကြန့်ကြာအောင် ကူညီပေးနိုင်ပါသည်။
ဒါက အကြီးဆုံး အကျိုးသက်ရောက်မှုပါပဲ။ ခေါင်းဆောင် သုံးယောက်၏ အမြင်တွင် တခြားလူတိုင်းက အချည်းနှီးသက်သက်သာ ဖြစ်သည်။
လုရွှမ်ဘက်မှာတော့ နောက်ဆုံး ပို့ဆောင်ခြင်း ယဇ်ပုလ္လင်နဲ့ နီးကပ်လုနီးပါး ဖြစ်နေပြီဟု ခံစားမိသည်။ သို့သော် တစ်ချိန်တည်းမှာပင် ကျင့်ကြံခြင်းအမြုတေထဲရှိ အလွန်ထူးဆန်းသော ရွှေချိုကြီးက ဤအခိုက်အတန့်တွင် ပူလောင်လာ၏။
ဒါက ဘာကိုဆိုလိုတယ်ဆိုတာ လုရွှမ် ကောင်းကောင်းသိ၏။ ယင်းက ဘိုးဘေးသားရဲသည် သူတို့ကို ရှာတွေ့သွားပြီ ဖြစ်ကာ သူတို့နောက်သို့ လိုက်လာနေပြီပဲ ဖြစ်သည်။ အချိန်ကို ရိုးရိုးရှင်းရှင်း တွက်ချက်ပြီးနောက် လုရွှမ် လှည့်အော်လိုက်သည်။
"မြန်မြန် သွားကြရအောင် ဘိုးဘေးသားရဲ လိုက်လာနေပြီ"
လုရွှမ် အရှိန်မြှင့်လိုက်ရာ အားလုံးကလည်း တုန်လှုပ်သွားကာ နောက်ကျကျန်နေမည်ကို စိုးရိမ်သောကြောင့် ရှေ့သို့ အရှိန်ပြင်းစွာ ပြေးထွက်သွားကြလေသည်။ အသံနဲ့ သတင်းပို့တဲ့ လူအနည်းငယ်ကတော့ ထိတ်လန့်တကြား ဖြစ်နေကြပြီ။ အားလုံးက တတ်နိုင်သမျှမြန်မြန် အသံပို့လိုက်မယ်ဆိုရင် အရှိန်လျှော့ပြီး အဆုံးမှာ ရှိနေနိုင်မှ ရလိမ့်မည်။
သို့သော် အဆုံးမှာရှိနေသူက ကံအဆိုးဆုံးသူဖြစ်မှာ သေချာသည်။ ဒါပေမဲ့ သတင်းမပေးမိရင်လည်း အဲဒီလူတွေဆီက လှည့်စားခံရမှာ ကြောက်ရသေးသည်။ ဒီတုံ့ဆိုင်းနေတဲ့ကြားကနေ သူတို့အားလုံး အလုပ်များပြီး ပြေးလွှားနေကြ၏။
ထိုစဥ် လုရွှမ်အသံက သူလျှိုတိုင်း၏နားသို့ တိတ်တဆိတ် ဝင်ရောက်လာသည်။
"မင်းတို့နောက်က လူယုတ်မာတွေကို မြန်မြန်ပြောလိုက်! ဘိုးဘေးသားရဲ တကယ် လိုက်လာနေပြီ... အတူတူစုထားရင်း မြောက်ဘက်ကို မြန်မြန်သွားလိုက်! ဘိုးဘေးသားရဲက အမှီလိုက်လာတော့မယ်.... အမွှေးတိုင်တစ်ဝက် အချိန်ရမယ် အဲ့အချိန်အထိ မရောက်လာသေးရင် ထိုင်သာဆုတောင်းနေတော့လို့!"
လူပေါင်းများစွာရဲ့ မျက်နှာအရောင်များ သိသိသာသာ ပြောင်းလဲသွားကာ လုရွှမ်ကို ထိတ်လန့်စွာ ကြည့်လိုက်ကြသည်။
လုရွှမ်က သူတို့ကို လုံးဝ ဂရုမစိုက်ဘဲ အဝေးကို ပျံသန်းနေပြီ။ လုရွှမ်ရဲ့ လက်ဖဝါးထဲက ကြိုးမျှင်တချို့သာ ကျင့်ကြံသူ ဆယ်ယောက်ကျော်ကို ချည်နှောင်ထားကာ အားလုံးက အတော်လေး အားနည်းနေသူတွေပင်။ သူက မမြန်လောက်အောင်ကို မြန်ဆန်ကာ ထိုလူတွေကို တင်းတင်းကြပ်ကြပ် ဆွဲထုတ်ပြီး ပြေးထွက်သွားကြသည်။
ကျန်တဲ့ ခုနစ်ယောက်ဟာ အလွန်အမင်း ပေါ်လွင်ထင်ရှားသွားသည်။ ဘယ်သူကမှ ငတုံးတွေ မဟုတ်ကြတာကြောင့် လူခုနစ်ယောက်က သတင်းကို ကမန်းကတန်း လွှင့်နေတုန်း အဆုံးမှာ ကျန်နေခဲ့ကြသည်။ လူတိုင်း၏ မထီမဲ့မြင်ပြုသော မျက်လုံးများကို ကြည့်ပြီး အားလုံး အနည်းငယ် ရှက်သွားမိ၏။
လုရွှမ်က နှေးကွေးသော လူအချို့ကို ရိုင်းရိုင်းစိုင်းစိုင်း ပြေးလွှားနိုင်အောင် ကူညီပေးခဲ့သည်။ သို့သော် သူတို့ကတော့ ဘယ်လို ကျေးဇူးတင်ရကောင်းမှန်း မသိဘဲ တိတ်တဆိတ် ကြံစည်နေခဲ့သည်။
ရှေ့ကို လှမ်းကြည့်လိုက်တော့ မြို့ရိုးရဲ့ အပိုင်းတစ်ပိုင်းက လူတိုင်းရဲ့ မြင်ကွင်းရှေ့မှာ ပေါ်လာ၏။
"မင်းတို့ ကိုယ့်ကိုကိုယ် ကောင်းကောင်း ကာကွယ်ကြ!"
လုရွှမ် သူတို့ကို လွှတ်လိုက်ပြီး သူ့ခြေလှမ်းတွေကို ရွှေ့ကာ မြို့ထဲကို အပြေးအလွှားသွားရင်း နေဖြိုခွင်းနတ်လေးထဲက မြှားသုံးစင်းကို ပစ်လွှတ်လိုက်သည်။ ထိုအခိုက် ကောင်းကင်မှာ တိတ်တဆိတ် ဖန်ဆင်းထားတဲ့ ပို့ဆောင်ခြင်း တံခါးပေါက်တစ်ခုကို ထိသွားလေသည်။