Arc 4 အခန်း (၁၄၉၄)
Vol. 132 Ch. 4.1494
ပိုင်ရွှမ်ရဲ့ အမူအရာ ပြောင်းသွားသည်။
"လုရွှမ် မင်းဘာကိုဆိုလိုတာလဲ?"
လောင်မော်နဲ့ နတ်သမီးဟယ်မှာ အနည်းငယ် ထိတ်လန့်သွားသော်လည်း ၎င်းတို့နှင့် ဘာမှမဆိုင်ကြောင်း သိရမှ သက်သာရာရသွားခဲ့သည်။ သို့သော် သူတို့သည် လုရွှမ်ကို သံသယဖြင့် ကြည့်နေ၏။ ပိုင်ရွှမ်သာ လုရွှမ်ကို အပြစ်လုပ်မိလိုက်လျှင် သူတို့သုံးယောက်စလုံး လုရွှမ်ကို အပြစ်လုပ်မိသလို ဖြစ်သွားလိမ့်မည်။
လုရွှမ် လက်ဖဝါးကို ဝှေ့ယမ်းကာ ပုံရိပ်တစ်ခုကို ပုံဖော်လိုက်သည်။
"ပိုင်ရွှမ်... ခင်ဗျား ဒီလူကို သိသင့်တယ် မဟုတ်လား"
ပိုင်ရွှမ် အဲဒီလူကို ကြည့်လိုက်ချိန် သူ့မျက်လုံးထဲမှာ အံ့သြတကြီး အလင်းရောင်တွေ တောက်ပလာပေမယ့် ခေါင်းခါလေသည်။
"သူ့ကို ငါမသိဘူး"
"ဟားဟား... ခင်ဗျား ဝန်ခံမှာ မဟုတ်ဘူး ဆိုတာ ကျုပ် သိတယ်... ကျုပ်ဒီလူကို တွေ့တော့ တစ်နေရာရာမှာ မြင်ဖူးသလိုပဲလို့ ခံစားနေရတာ... အဲဒီအချိန်တုန်းက အလုပ်ရှုပ်လွန်းနေတော့ ရုတ်တရက် မမှတ်မိတော့တာ အခုခင်ဗျားကိုတွေ့တော့မှ အဲဒီလူက ခင်ဗျားနဲ့ တွေ့ခဲ့ဖူးတယ်... ပြီးတော့ ဘိုးဘွားသားရဲရဲ့ လက်ထဲမှာ သေဆုံးသွားခဲ့တာ..."
"ဒါနဲ့ ဒီလူဆီမှာ ဘာရှိပါလိမ့်... ကျုပ်ရဲ့ နေဖြိုခွင်းနတ်လေးလို ပစ္စည်းကောင်းလေးပဲ... ပိုင်ရွှမ် ခင်ဗျားက ဘုရားကျောင်းထဲက ဘိုးဘွားသားရဲရဲ့ လက်မောင်းကို လွှတ်ပေးလိုက်တဲ့သူပဲ"
ပိုင်ရွှမ်က မျက်မှောင်ကြုတ်ပြီး ကျယ်လောင်စွာ ပြန်အော်၏။
"မင်းလျှောက်ပြောနေတာ!"
"ကျုပ် လျှောက်ပြောနေတာ ဟုတ်လားမဟုတ်လား စမ်းကြည့်ပြီးရင် သိမှာပဲ... ဘိုးဘေးသားရဲကို ချိတ်ပိတ်ထားတာက လက်နက်ဆယ့်ရှစ်ခုထဲက တစ်ခုပဲလို့ ထင်နေတာလား... တခြားအရာတွေ ရှိပေမယ့် ခင်ဗျားက မသိထားဘူးလေ..."
လုရွှမ် သူ့လက်ဖဝါးဖြင့် လေထဲတွင် ပြေးနေသော စာလုံးပေါင်းများစွာကို ခပ်မြန်မြန်ဆွဲထုတ်လိုက်ရာ ၎င်းတို့သည် တစ္ဆေသရဲ သင်္ကေတများကဲ့သို့ ထင်ရသော်လည်း ပိုင်ရွှမ်လက်ချောင်းပေါ်ရှိ သိုလှောင်လက်စွပ်ကတော့ ရုတ်တရက် တောက်ပလာခဲ့သည်။
အထဲမှာ ကောင်းတဲ့အရာတစ်ခု ရှိနေတယ်ဆိုတာ လူတိုင်း မြင်နိုင်ပြီး လုရွှမ် ပြောတဲ့ ထူးဆန်းတဲ့ လက်နက်လည်း ဖြစ်ရမယ်ဆိုတာ သိသာသည်။
လောင်မော်နဲ့ နတ်သမီးဟယ်လည်း ဇတ်ကနဲ သူသည် နောက်ပြန်ဆုတ်ကာ တခြားလူများရဲ့ ဖြတ်သန်းသွားလာခွင့်ကို ဖွင့်ပေးလိုက်သည်။ သူတို့နှစ်ဦးစလုံးသည် အသက်ကြီးပြီး လိမ္မာပါးနပ်သော လူများ ဖြစ်ကြတာကြောင့် လုရွှမ်စကားကို ကြားပြီးနောက်တွင် ပိုင်ရွှမ်ဟာ တစ်မြို့လုံး ပြိုကွဲအောင် ပြုလုပ်ခဲ့သော တရားခံဖြစ်ကြောင်း သိလိုက်သည်။
သူတို့မှာ ပိုင်ရွှမ်နဲ့ ခင်မင်ရင်းနှီးမှု တစ်ချို့ရှိပေမယ့် ဒီသတင်း ပျံ့နှံ့သွားတဲ့အခါ ပိုင်ရွှမ်ဟာ လူထောင်ပေါင်းများစွာရဲ့ ကဲ့ရဲ့ရှုံ့ချတာကို ခံရပြီး မုန်းတီးနေတဲ့ လမ်းဘေး ကြွက်တစ်ကောင်ဖြစ်လာမှာ သေချာပါ၏။
ပိုင်ရွှမ်က ပေါ့ပေါ့ပါးပါး အော်ဟစ်ကာ ရယ်လိုက်သည်။
"ပါရမီရှင်စာရင်းမှာ နံပါတ်တစ် ဖြစ်နေတာ မထူးဆန်းပါဘူး... နံပါတ်တစ်နေရာကို ရောက်တဲ့လူက ငတုံး မဖြစ်နိုင်ဘူးလို့တော့ ထင်ခဲ့သား... အဲဒါကြီးက တစ်ခုနဲ့တစ်ခု ဆက်စပ်နေတာပဲ...ဟုတ်တယ် အဲဒါက ဓားပဲ... ထာဝရအသက်ဓား"
ထာဝရအသက်ဓားသည် သူ့လက်ထဲတွင် အလင်းရောင် အမှုန်အမွှားဖြင့် ထွက်ပေါ်လာ၏။ ရောင်ဝါကို ကြည့်လိုက်ရင် ၎င်းသည် ကောင်းကင်လက်နက် အဆင့်သို့ သဘာဝအတိုင်း တိုးပြီးသားဖြစ်တာကို တွေ့ရသည်။ ပိုင်ရွှမ် ဓားကို သူ့လက်ထဲမှာ ကိုင်ထားရင်ပဲ သူ့အရှိန်က ရုတ်တရက် သုံးဆတိုးသွားလေသည်။
"ဟာဟား... လုရွှမ် မင်းဒီဓားကို လုယူချင်နေတာလား... ဒီဓားက သခင်လေးလုရွှမ်နဲ့တော့ မဆိုင်ဘူး ထင်တယ်နော်"
လုရွှမ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး "ဟုတ်ပါတယ်... ကျုပ်ကလည်း လက်နက် ဆယ့်ရှစ်ခု အားလုံးကို စုဆောင်းဖို့ ရည်ရွယ်ချက် မရှိပါဘူး... လက်နက်တွေ အားလုံးက မှန်ကန်တဲ့လူတွေရဲ့ လက်ထဲမှာ ရှိနေစေတာတော့ အမှန်ပဲ.. ရှင်းရှင်း ပြောရရင် အဲဒီလူက ခင်ဗျားတော့ မဟုတ်ဘူး"
"ဟား ဟား ဟား!"
ပိုင်ရွှမ် ရယ်မောလိုက်သည်။
"ဒါဆို ငါ့လက်ထဲမှာ ထာဝရအသက်ဓား တစ်ချောင်းရှိတယ်....ငါ မင်းကို မနာလို ဖြစ်လိမ့်မယ်ထင်လား မင်းရဲ့ အရည်အချင်း ဘယ်လောက်ပဲ ထူးခြားထူးခြား မင်းမှာ နတ်ကိုယ်ခန္ဓာရှိတယ်... ကောင်းကင်လက်နက်လည်း ရှိတယ် မင်းမှာ နဂါးမင်းသမီး ဒါမှမဟုတ် မင်းကိုကူညီဖို့ နတ်ခြေလှမ်းနယ်ပယ် ရောက်ထားတဲ့ လူနှစ်ယောက်ရှိတယ်.... မင်းငါ့ကိုဘာတွေ ထပ်တားချင်သေးတာလဲ..."
လုရွှမ်က တည်ငြိမ်စွာပဲ ပြန်ပြောသည်။
"ခင်ဗျားကို တားမှာလား... မဟုတ်ဘူး ကျုပ်တားမှာ မဟုတ်ဘူး ဘိုးဘေးသားရဲက တားလိမ့်မယ်"
လုရွှမ် ရယ်မောလိုက်သည်။ သူ့လက်ဖဝါးတွေက တဖျပ်ဖျပ်တောက်ပြီး ရွှေရောင်ဦးချိုက တဖြည်းဖြည်း ပေါ်လာသည်။ ရွှေချိုအစွမ်းကို ပိုင်ရွှမ်ဆီသို့ ဝေ့ယမ်းလိုက်ရာ ပိုင်ရွှမ်မှာ ထာဝရအသက်ဓားကို ဝှေ့ယမ်းရင်း လျင်မြန်စွာ နောက်ပြန် ဆုတ်သွားသော်လည်း ဘာမှ သတိမထားမိပေ။
"အဲဒါဘာလဲ?"
"မသိဘူး... ဒါပေမဲ့ ဘိုးဘေးသားရဲ အတွက်ကတော့ သိပ်အရေးကြီးပုံ ပေါ်တယ်...ဒါကို ကျုပ်လည်း သိပ်မကြာခင်ကပဲ သိလိုက်ရတာ..."
နောက်ဆုံးတော့ အသက်ရှင်နေသေးတဲ့ လူတွေအားလုံး ထွက်သွားကြပြီ။ လုရွှမ်နဲ့ ရှန်းရှန်းက ပို့ဆောင်ခြင်းအစီအရင်ရဲ့ တံခါးဝကို ပိတ်ဆို့ထားကြသည်။ လုရွှမ် လောင်မော်နဲ့ နတ်သမီးဟယ်ဆီကို ကြည့်လိုက်သည်။
"ခင်ဗျားတို့နှစ်ယောက် အရင်သွားချင်လား"
နှစ်ယောက်သား ရှက်သွား၏။ အမှန်ပင် သူတို့ အမြန်ဆုံး ထွက်သွားချင်ကြသည်။ ဒါပေမဲ့ ဒီအချိန်မှာ ရပ်တည်ဖို့ လိုတယ်လေ။ မဟုတ်ရင် ကြံရာပါလို့ တံဆိပ်ကပ်ခံရပြီး ကျန်တဲ့ဘဝတွေက ကုန်ဆုံးသွားလိမ့်မယ်။
"ငါတို့ဒီမှာဆက်နေဖို့ လိုတယ် ပိုင်ရွှမ်က လူသားတွေရဲ့ ရန်သူဖြစ်သွားပြီ... ငါတို့ ဘယ်လိုလုပ် ထွက်သွားနိုင်မှာလဲ"
"ကောင်းပြီ ကျွန်တော်တို့လေးယောက်နဲ့ ဘိုးဘွားသားရဲရဲ့ စွမ်းအင်ကို တားဆီးဖို့ ခံနိုင်ရည်ရှိတယ် ဒါပေမဲ့ တစ်ယောက်ယောက်အတွက်တော့ မြန်မြန် ထွက်ပြေးမသွားဖို့ အကြံပေးချင်တယ်"
ပိုင်ရွှမ်လည်း ဘိုးဘေးသားရဲကို လှမ်းကြည့်လိုက်သည်။ သူ ဘိုးဘွားသားရဲရဲ့ အစွမ်းကို မြင်ဖူးပြီးပြီ။ သူ့လက်ထဲမှာ ဒီဓားရှည်ကို ကိုင်ထားနိုင်ရင်တောင် ဘိုးဘေးသားရဲကို တွန်းလှန်ဖို့ လုံးဝ မဖြစ်နိုင်ဘူးဆိုတာ သိသည်။
လုရွှမ်က နယ်ပယ်အဆင့်နိမ်တာတောင် ခံနိုင်ရည်ရှိသော်လည်း သူက သည်းမခံနိုင်တော့ပေ။
ဒါကမှ စစ်မှန်တဲ့ အရည်အချင်း တစ်ခုလား။
နှလုံးသားထဲက မနာလိုမှုတွေက နာကြည်းမှုတွေ အဖြစ် ပြောင်းသွားပြီး လုရွှမ်ကို ဓားတစ်ထောင်နဲ့ အစိတ်စိတ်အမြွှာမြွှာ ဖြတ်တောက်ပစ်ချင်လာသည်။
"ဟမ့် မင်းထွက်မသွားနဲ့လို့ ပြောတိုင်း ထွက်မသွားရတော့ဘူးလား... ဘိုးဘေးသားရဲ သတ်ချင်တဲ့လူထဲမှာ မင်းလည်း ပါတယ်"
"ဒါဆိုလည်း စောင့်ကြည့်ရအောင်လေ..."
ဘိုးဘေးသားရဲက ဖြည်းညှင်းစွာ ချဉ်းကပ်လာနေသည်။ လုရွှမ် မြှားမပစ်တော့ပေမယ့် ၎င်းက အဝေးကနေသာ တိုက်ခိုက်နေတာကြောင့် အနည်းငယ် အံ့သြသွားသည်။ သာမန် ကောင်းကင်လက်နက်များတွင် ထိုသို့သော စွမ်းအားများ မပါဝင်သော်လည်း မြှားပေါ်တွင် ပေါင်းစပ်ထားသော မှော်အစွမ်းတစ်ခုက ရှိနေပြီမလို့ ကြောက်လန့်မှု အပြည့်ရှိနေသည်။
ဒီအချိန်မှာ မြှားတွေ မရှိတော့ပေ။ နေဖြိုခွင်းနတ်လေးကို ကိုင်ဆောင်ထားသူသည် နတ်မီးနယ်ပယ်က ကောင်လေး တစ်ယောက်မျှသာ ဖြစ်ကြောင်း ဘိုးဘေးသားရဲလည်း အသေအချာ သိထားပြီးသား ဖြစ်သည်။
နီးကပ်လာသည်နှင့်အမျှ ဘိုးဘေးသားရဲသည် ၎င်း၏နှာခေါင်းဖြင့် လေထုကို ရှူရှိုက်လိုက်သည်။ ရုတ်တရက် ၎င်းရဲ့မျက်လုံးများက စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာလေ၏။ သူ့အတွက် အဆုံးစွန်သော ခြိမ်းခြောက်မှု ဖြစ်စေသည့် အရာကို နောက်ဆုံးတော့ သိသွားခဲ့ပြီ။ ၎င်းသည် ဒဏ္ဍာရီထဲက သူ၏ ရှေးဟောင်းဦးချို ဖြစ်နေခဲ့သည်။
သူကြီးပြင်းလာသောအခါတွင် ဦးချိုသည် သူနှင့် ငြိတွယ်နေပြီဟု ခံစားခဲ့ရဖူးသည်။ ၎င်းကို သန့်စင်နိုင်လျှင် ခွန်အားအရင်းအမြစ် အဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။ အဲဒီအခါကျရင် အသက်အန္တရာယ် ခြိမ်းခြောက်မှု မရှိနိုင်တော့ပေ။
ဒီမှာ ရှာတွေ့လိမ့်မယ်လို့ မမျှော်လင့်ထားချေ။
လုရွှမ်သည် ရွှေဦးချိုရဲ့ဇာစ်မြစ်ကို မသိသော်လည်း ဘိုးဘေးသားရဲနှင့် ထိတွေ့မိလေလေ ရွှေချိုစွမ်းအင်က ဘိုးဘေးသားရဲနှင့် နီးကပ်စွာ ဆက်စပ်နေလေဟု ခံစားမိနေတာ ဖြစ်သည်။
ပိုင်ရွှမ်ရဲ့ အမူအရာလည်း ရုတ်တရက် ပြောင်းလဲသွားသည်။ ဒီဘိုးဘေးသားရဲက သူ့ကို နားမလည်နိုင်လောက်အောင် စိတ်ဝင်စားသွားပုံရ၏။ မျက်လုံးများက သူ့ကိုသာ စိုက်ကြည့်နေသည်။ သူ့အား အလွန်မြတ်နိုး တန်ဖိုးထားသော ရတနာတစ်ခုကို ကြည့်နေသလို ခံစားလိုက်ရသည်။
ဒါပေမဲ့ ကွာခြားချက်ကတော့ အခု သူဟာ လူသား ရတနာတစ်ပါးအဖြစ် သဘောထားခံနေရတာပါပဲ။
"လုရွှမ် မင်းငါ့ကို လုပ်ကြံနေတာ... မင်းငါ့ကို ဒီရွှေချိုနဲ့ မှုတ်လိုက်တာမလား... မင်းငါ့ကို ဘာလုပ်လိုက်တာလဲ အဲဒီရွှေချိုက ဘာလဲ"
"ကျုပ်သာ ခင်ဗျားဆိုရင် အခုချက်ချင်း ထွက်ပြေးလိုက်မှာ"
ပိုင်ရွှမ် ရှိုက်ကြီးတငင် ကျိန်ဆဲလိုက်ပြီး နောက်လှည့် ထွက်ပြေးသွားခဲ့သည်။ ဘိုးဘေးသားရဲကလည်း ဟိန်းဟောက်ကာ ပိုင်ရွှမ်နောက်ကို လိုက်သွား၏။
ပိုင်ရွှမ်ရဲ့ အော်သံများကို အဝေးကနေတောင် ကြားနေရသည်။ မြေကြီး ကွဲအက်သွားသည့် ပေါက်ကွဲသံများ ထွက်ပေါ်လာပြီးနောက် ပိုင်ရွှမ်ရဲ့ အော်သံသည်လည်း ပျောက်ကွယ်သွားခဲ့သည်။