အတင်းပြန်ဆုတ်ခြင်း
Vol. 132 Ch. 4.1495
လောင်မော်နဲ့ နတ်သမီးဟယ်တို့ နှစ်ယောက်စလုံး ထိတ်လန့်နေကြသည်။ ပိုင်ရွှမ်ဟာ နတ်ခြေလှမ်းနယ်ပယ် တတိယအဆင့်က သခင်ဖြစ်ပေမယ့် ဘိုးဘေးသားရဲရှေ့တွင် နံ့သာပေါင်းတစ်ချောင်းလို ဖြစ်နေသည်။
လုရွှမ်: "ခင်ဗျားတို့ ထွက်သွားလို့ရပြီ"
သေမိန့်ကျထားသူ လွတ်ငြိမ်းချမ်းသာခွင့်ကို ခံယူလိုက်ရသလိုပဲ နှစ်ယောက်သားက သူတို့ကို မြန်မြန် ကျေးဇူးတင်ပြီး နေခဲ့ချင်တဲ့ အရိပ်အယောင် နည်းနည်းလေးမှ မပါဘဲ စိတ်မရှည်စွာ ထွက်ပြေးသွားခဲ့ကြသည်။
လုရွှမ်နဲ့ ရှန်းရှန်းဟာ ယခင်က အသံကြားခဲ့ရာ နေရာသို့ ပျံသန်းသွားခဲ့ကြသည်။ မကြာမီ ပိုင်ရွှမ်ရဲ့ ခန္ဓာကိုယ်ကို တွေ့လိုက်ရသည်။ ပတ်ပတ်လည်တွင် ဘိုးဘေးသားရဲက ပိုင်ရွှမ်ရဲ့ ခန္ဓာကိုယ်ကို အနံ့ခံလိုက်သကဲ့သို့ စုပ်ယူနေတာ တွေ့လိုက်ရသည်။
လူနှစ်ယောက် ရောက်လာတာကို မြင်တော့ ၎င်းက အသံကျယ်ကြီးနဲ့ အော်၏။
လုရွှမ်ကိုယ်ခန္ဓာမှနေ၍ သူ့အား ဖိသိပ်ထားရသော ရောင်ဝါကို ခံစားရပြီး လုရွှမ်လက်ထဲက နေဖြိုခွင်းနတ်လေးကလည်း သူ့ကို အလွန်ကြောက်လန့်စေသော အရာဖြစ်သည်။ ရှန်းရှန်း ခန္ဓာကိုယ်ပေါ်တွင် ရန်သူနဂါးရဲ့ အငွေ့အသက်ကိုပါ ရှင်းရှင်းလင်းလင်း အနံ့ခံနိုင်သည်။
လူတစ်ယောက်နှင့် နဂါးတစ်ကောင်၏ ပေါင်းစပ်မှုက တော်တော် ထူးဆန်းပေသည်။ သို့သော် ၎င်းတို့အားလုံးသည် သူ့ကို ထိန်းထားနိုင်သည့် သတ္တဝါများ ဖြစ်နေတာကတော့ အမှန်ပင်။
လုရွှမ် မြေပြင်ပေါ် ပြုတ်ကျနေသော ထာဝရအသက်ဓားကို တစ်ချက်ကြည့်လိုက်သည်။ ထင်ရှားသည်မှာ လက်ရှိအထိ ဘိုးဘေးသားရဲသည် ၎င်းကို နှစ်ပေါင်းများစွာ ဖိနှိပ်ခဲ့သော ထူးဆန်းသော လက်နက်ကို မဖမ်းနိုင်ခဲ့ပေ။
လုရွှမ် သူ့လက်ဖဝါးကို ဆန့်ပြီး ထာဝရအသက်ဓားက စုပ်ယူလိုက်သည်။
ဘိုးဘေးသားရဲကလည်း ၎င်း၏လက်မောင်းကို နှစ်ကြိမ်ဝှေ့ယမ်းလိုက်သည်။ လက်ဖဝါးတစ်ဖက်က ၎င်းတို့နှစ်ဦးဆီသို့ ပြေးလာကာ နောက်ထပ် လက်ဖဝါးတစ်ဖက်က ထာဝရအသက်ဓားဆီသို့ ဦးတည်သွား၏။ လုရွှမ် ထာဝရအသက်ဓားကို ရယူလိုခြင်းမရှိပေ။
သူ့မှာ နေဖြိုခွင်း လေးတစ်ချောင်း ရှိထားပြီ။ ထာဝရအသက်ဓားကိုပါ ပေါင်းထည့်လိုက်တာနဲ့ သူ့အတွက် အန္တရာယ်က တကယ်ကို ကြီးမားလွန်းသွားလိမ့်မည်။
လုရွှမ် တစ်ချက်ပြုံး၍ ဘိုးဘေးသားရဲရဲ့ လှုပ်ရှားမှုကို တားဆီးနိုင်ဖို့ မြှားပေါင်းများစွာကို ဆက်တိုက် ပစ်လိုက်သည်။ စိတ်ဝိညာဉ်က ညွှန်ပြသည့်အတိုင်း မြှားကို စုပ်ယူလိုက်သောအခါတွင် သူ့စိတ်ဝိညာဉ်စွမ်းအားသည် ရွှေချို၏ အငွေ့အသက်ကိုပါ သဘာဝအတိုင်း ရရှိသွားခဲ့သည်။
မြှားတစ်စင်းသည် ဘိုးဘေးသားရဲ၏ ခွန်အားကို တွန်းထုတ်ခဲ့ပြီး အခြားမြှားများစွာကလည်း ၎င်းဆီသို့ ဆက်လက် ပစ်လွှတ်လိုက်ရာ လုရွှမ်ရဲ့ ညွှန်ကြားချက်ကို ရထားတဲ့ ရှန်းရှန်းက သူမလက်ဖဝါးမှ စွမ်းအားဖြင့် ထာဝရအသက်ဓားကို စုပ်ယူလိုက်သည်။
အစပိုင်းမှာတော့ ဘိုးဘေးသားရဲဟာ လုရွှမ်ရဲ့ ရှည်လျားတဲ့မြှားကို ကြုံဖူးသလို နေမင်းကို ပစ်နိုင်တဲ့ လေးမြှားကြောင့် နတ်မြှားရဲ့ အစွမ်းက အလွန်အစွမ်းထက်ပြီး တားဆီးတဲ့အခါလည်း ပြင်းထန်စွာ သတိထားနေရ၏။
သို့သော် နောက်ဆုံးတွင် သူသည် နတ်မီးနယ်ပယ်မှ ကောင်လေးတစ်ယောက် ဖြစ်ပြီး နေဖြိုခွင်းနတ်လေးရဲ့ စွမ်းအားအားလုံးကို မထုတ်နိုင်သေးသောကြောင့် အလွန်အမင်း ဂရုစိုက်နေရန် မလိုအပ်ချေ။
အဲဒီကလေးမလေးကိုလည်း သူ သတိမထားမိဘူး မထင်လိုက်ပါနှင့်။ သူမကို ဘယ်လိုလုပ် မေ့ထားလို့ဖြစ်ပါ့မလဲ။
သို့သော် မြှားက သူ့ခန္ဓာကိုယ်ကို ထိလုနီးချိန်တွင် ဘေးဥပဒ်တစ်ခု ကျရောက်တော့မလို အန္တရာယ်အငွေ့နှင့် ပြည့်နှက်နေသော အလွန်အစွမ်းထက်လှသည့် အရာကို ရုတ်တရက် ခံစားလိုက်ရသည်။
နောက်ဆုံးတော့ ၎င်းကလည်း အလွန်အစွမ်းထက်တဲ့ သားရဲဖြစ်တာကြောင့် သူ့ခန္ဓာကိုယ်ကို တခဏချင်း အမြန်လိမ်ပြီး သူ့ခန္ဓာကိုယ်အများစုကို ရုန်းထွက်ဖို့ ကြိုးစားခဲ့ရသည်။ သို့သော် နတ်မြှားများက သူ့ခန္ဓာကိုယ်ကို ထိပြီးနောက် ဆက်တိုက် ဗုံးကြဲနေဆဲဖြစ်သည်။
ခန္ဓာကိုယ်သည် ချက်ချင်းပင် ပူလောင်သွားပြီး ၎င်း၏မူလ လက်များမှလွဲ၍ ကျန်ခန္ဓာကိုယ်ကို အပိုင်းပိုင်း ပြတ်တောက်သွားခဲ့သည်။
"ဒါက ရွှေချိုရဲ့ စွမ်းအားပဲ... ရွှေချိုက မင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ ရှိတယ်"
နောက်ဆုံး လက်မောင်းက ဟောက်ကာ အလင်းစီးကြောင်းအဖြစ် ပြောင်းလဲကာ ကောင်းကင်ဆီသို့ ပြေးထွက်သွားခဲ့သည်။ လုရွှမ်ရဲ့ နတ်မြှားတန်ခိုးကို မြင်ပြီးနောက် သူ့လက်များသည် ၎င်းကိုလုံးဝ မခုခံနိုင်မှန်း သိသောကြောင့် အမြန်ပြေးထွက်ပြေးသွားခဲ့တာ ဖြစ်ပေမည်။
ပြီးတော့ ထာဝရအသက်ဓားကလည်း ရှန်းရှန်းရဲ့လက်ထဲကို ရောက်လာပြီ။ ဘိုးဘေးသားရဲ လက်မောင်းပေါ်က ဒဏ်ရာတွေကို ကြည့်လိုက်ချိန်မှာ လုရွှမ် ခဏတာ သက်ပြင်းချလိုက်ပေမယ့် သူတို့နှစ်ယောက်ရဲ့ ခွန်အားနဲ့တော့ ဘိုးဘေးသားရဲရဲ့ လက်ကို မထိန်းနိုင်ဘူးဆိုတာ ထင်ရှားပါ၏။
သူတို့လက်တွေ လှုပ်ရှားချင်နေရင်တောင် တစ်ဖက်ကသားရဲကို ဖိနှိပ်ထားလို့ မရလောက်ချေ။
ရှန်းရှန်းမှာ ထာဝရအသက်ဓားကို လက်ထဲမှာ ကိုင်လျက် အလွန်နှစ်သက်စွာ ကြည့်နေသည်။ ထို့နောက် သူသည် ထာဝရအသက်ဓားကို လုရွှမ်အား လက်ဝှေ့ယမ်းပြလိုက်သည်။
"ရှန်းရှန်း မင်း ဒီဓားကို ရပြီဆိုတော့ ဒါမင်းပိုင်တယ်"
သူမ အံ့အားသင့်သွား၏။ ဒီဓားကို အလွန်နှစ်သက်သည်။ ကြည်လင်ဖြူစင်ပြီး အလွန်လှပသော်လည်း လုရွှမ်က ဘိုးဘေးသားရဲကို နှိပ်နင်းရန် လိုအပ်ကြောင်း သူမ ကောင်းကောင်းသိသည်။
လုရွှမ်က ပြုံးပြီး။
"မင်း ဒီဓားကို ကြိုက်တယ်မလား... မင်းကို ပေးမယ် ဒါ့ပြင် ဒီလက်နက်ဆယ့်ရှစ်ခုက လူတစ်ယောက်တည်းရဲ့ လက်ထဲမှာ ရှိနေဖို့ မလိုဘူး...နောက်ကျရင် ဘိုးဘေးသားရဲကို နှိမ်နင်ဖိုး ပူးပေါင်းလို့ရတယ်...ပြီးတော့ ရှန်းရှန်း ငါ့အမြင်အရတော့ မင်းက အရမ်းတော်တဲ့ ကိုယ်စားလှယ်လောင်းပဲ"
ရှန်းရှန်းကလည်း သူမဓားကို နှစ်ခါဝှေ့ယမ်းကာ ပျော်ရွှင်စွာ ပြုံးလိုက်သည်။
"ကောင်းပြီလေ...ညီမလည်း အရမ်းတော်တဲ့ ကိုယ်စားလှယ်လောင်း တစ်ယောက်လို့ ထင်တယ်!"
"ပြန်ကြရအောင်... ဒီမြို့က လုံးဝပျက်စီးသွားပြီ...ပိုင်ရွှမ်ရဲ့ ဒီလျှို့ဝှက်ချက်ကို မတော်တဆ မသိခဲ့ဘဲ လူတွေကလည်း ထာဝရအသက်ဓားကို လိုချင်နေမှာ သေချာတယ်... တစ်ယောက်ယောက်က သူ့ကို အသိပေးတာပဲ ဖြစ်မယ် အဲဒါကြောင့် သူက ထာဝရအသက်ဓားကို ယူလိုက်တာ... နောက်ဆုံးတံဆိပ်ကို ဖျက်ဆီးလိုက်ပြီး ဘိုးဘေးသားရဲကို လွှတ်ပေးလိုက်တာ အဲဒီလူနဲ့ သက်ဆိုင်နေလိမ့်မယ်..."
လုရွှမ်သည် ပထမမြို့၌ သူတွေ့ခဲ့သော ရှားပါးသော လက်နက်ကို ရှာဖွေရန် လာခဲ့ကြသော လူအုပ်စုကို တွေးတောနေခဲ့သည်။ ထင်ရှားသည်မှာ တစ်စုံတစ်ဦးသည် ဤအရာများကို အစောကတည်းက နားလည်ထားခဲ့တာပင်။ ၎င်းတို့၏ စွမ်းအားသည်လည်း အလွန်ကြီးမားနေရလိမ့်မည်။
သူသည် လမ်းကြောင်းများစွာတွင် ပွင့်လန်းပြီး မြို့အသီးသီးသို့ သွားနေတုန်း ပထမမြို့ထဲက နေဖြိုခွင်းနတ်လေးကို ရလောက်အောင် ကံကောင်းခဲ့ရုံသာ။ မဟုတ်ရင်တော့ နောက်ပိုင်းကိစ္စတွေကို ဝင်ပါနေစရာ မလိုအပ်ချေ။
"အစ်ကို... ဒီလက်နက်တွေက အနာဂတ်မှာ တစ်ခုပြီးတစ်ခု ပေါ်လာတော့မယ် ထင်တယ်"
လုရွှမ်: "ပထမမြို့က မင်းပြောသလိုပဲ...တံဆိပ်ခတ်ထားတာ ပြိုကွဲသွားတဲ့ မူလအစပဲ... ဘိုးဘေးသားရဲကလည်း မလွဲမသွေ လွတ်မြောက်သွားမှာ.. ပြောရရင် နောက်ကွယ်မှာ လောင်စာထည့်နေတဲ့ လူတွေရှိတယ်.... ဒီနေ့ကစပြီး အလယ်ပိုင်းဒေသမှာ လူတော်တော်များများ ဘေးအန္တရာယ် ဖြစ်လာရမှာကိုပဲ ကြောက်ရတယ်"
"ဟေး.. သွားကြရအောင် တောင်ပေါ်တက်ဖို့ လမ်းရှိရမယ် ပင်လယ်ကိုဖြတ်ဖို့ လှေရှိရမယ်... ကိုကိုလုရွှမ် ကောင်းကင်နဂါး မျိုးနွယ်ရှစ်စုက ဘိုးဘေးသားရဲကို အဲဒီတုန်းက ဒီလက်နက်တွေနဲ့ ချိတ်ပိတ်ခဲ့တာလို့ ညီမ ယုံကြည်တယ်... အဲ့တော့ အခု ဘိုးဘေးသားရဲကိုလည်း နောက်တစ်ကြိမ် ချိတ်ပိတ်နိုင်မှာပဲ...."
"အင်း... ထွက်သွားရအောင်"
နှစ်ယောက်သား ပို့ဆောင်ခြင်းအစီအရင်ထဲ ပြန်ဝင်ကာ အသံ ပျောက်သွားခဲ့သည်။
အလင်းရောင်က တဖန်လင်းလက်လာတဲ့အခါ သူတို့နှစ်ဦးသည် တက်ကြွသော မြို့ကြီးတစ်ခုတွင် ပေါ်လာပြီး ယဇ်ပလ္လင်ရှေ့တွင် ကျင့်ကြံသူများက ကြောက်မက်ဖွယ်ရန်သူကို ရင်ဆိုင်နေကြရသလို စောင့်နေကြတာ တွေ့လိုက်ရသည်။
လုရွှမ်နဲ့ ရှန်းရှန်း ပျံထွက်လာတာကို မြင်လိုက်ရတော့ အုပ်စုက သက်ပြင်းချနိုင်ရုံမျှသာ။ ထို့နောက် ငယ်ရွယ်နုပျိုသော သခင်လေးတစ်ယောက်က လာနှုတ်ဆက်လေသည်။
"မင်းက ပါရမီရှင်စာရင်းမှာ နံပါတ်တစ်ဖြစ်တဲ့ သခင်လေးလုရွှမ်... ဒီက နတ်နဂါးမျိုးနွယ်ရဲ့ မင်းသမီး ရှန်းရှန်း ဖြစ်ရမယ် ဟုတ်တယ်မလား"
သခင်လေးက ယဉ်ကျေးသိမ်မွေ့၍ ယောက်ျားပီသသော ရုပ်ရည်ရှိသည်။ ဆင်ခြင်တုံတရား ရှိသော ကျင့်ဝတ်ရှိပြီး လူကို အကောင်းမြင်စေ၏။
လူတိုင်း၏ မျက်နှာကို ကြည့်လိုက်ရင် ရန်သူနှင့် ရင်ဆိုင်ရသကဲ့သို့ ဖြစ်နေပုံကြောင့် ဤလူများသည် ယဇ်ပလ္လင်မှ လွတ်မြောက်ပြီးတဲ့ လူတွေဆီကနေ ဘိုးဘေးသားရဲ၏ တည်ရှိမှုအကြောင်းကို သိသွားကြောင်း သဘောပေါက်သွားသည်။ ၎င်းတို့သည်လည်း ဘိုးဘေးသားရဲ ကျုးကျော်လာမှာကို ကြောက်ရွံ့သောကြောင့် စုစည်းနေကြခြင်းပင်။
"ကျွန်တော်တို့ပါပဲ... ဒီကသခင်လေးကို နှုတ်ဆက်ပါတယ်.. စိတ်မပူပါနဲ့ ဘိုးဘေးသားရဲက မွေးထုတ်ထားတဲ့ သားရဲရဲ့ လက်မောင်းက လေထဲမှာ လွင့်ပြီး ကြယ်ရောင်တွေရှိတဲ့ ကောင်းကင်ထဲကို ပြေးထွက်သွားပါပြီ... ပြန်ပေါ်လာချင်ရင် အခွင့်အရေးတော့ လိုသေးတယ်... ဒီမြို့က အခြေခံအားဖြင့်တော့ စိုးရိမ်စရာမရှိပါဘူး”