← Chapters

ဝိုင်းထားပြီ

Vol. 132 Ch. 4.1497

ဝိုင်းထားပြီ

Vol. 132 Ch. 4.1497

ရှန်းရှန်းလည်း လက်စွပ်ထဲက ပစ္စည်းတွေကို ကြည့်လိုက်သည်။ သူမသည် နတ်နဂါးမျိုးနွယ်က မင်းသမီးတစ်ဦး ဖြစ်သော်လည်း ယခုအချိန်တွင်လည်း စိတ်လှုပ်ရှားနေပါသည်။ အရင်က ရတနာတွေ အများကြီး တွေ့ဖူးတာတော့ သေချာပေမယ့် ဒီလိုကိုယ်ပိုင် ပစ္စည်းတွေ အများကြီး ရှိတာကတော့ ဒါပထမဆုံးပါပဲ။

သူမ အရမ်းစိတ်လှုပ်ရှားနေတာကြောင့် လုရွှမ်ကို ပွေ့ဖက်ပြီး မရပ်မနား ရယ်မောနေခဲ့သည်။ ခဏကြာတော့ သူမ ငြိမ်သက်သွားသည်။

"အစ်ကိုကြီးလုရွှမ်... အဲဒါက ဘာဖြစ်နေတာလဲ"

လုရွှမ်လည်း ပြဿနာ အားလုံးကို ရှင်းပြလိုက်တော့ ရှန်းရှန်းရဲ့ ပါးစပ်လေးက ဟစိဟစိဖြင့် အလွန်ချစ်စရာ ကောင်းသွားသည်။

"အဲ့လောက်တောင် ရှုပ်ထွေးနေတာလား"

လုရွှမ် သူမခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

"ဒါတွေကို မင်းအခုတော့ နားလည်ဖို့ မလိုသေးပါဘူး...အရမ်းရှုပ်တယ်"

"ဘာပဲဖြစ်ဖြစ် အစ်ကိုလုရွှမ်က ညီမကို ကာကွယ်ပေးမှာပဲမလား"

လုရွှမ်လည်း ပြုံးလိုက်သည် : "သွားကြရအောင်... နေရာရှာ​ပြီး မင်းရဲ့ ဓားလှုပ်ရှားမှုနဲ့ လိုက်ဖက်တဲ့ ဓားသိုင်းတစ်ခု ငါသင်ပေးမယ်..."

ဒီထာဝရအသက် ဓားနဲ့ဆိုရင် စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားကို သင်ပေးလိုက်ရင် ရှန်းရှန်းလည်း မိမိကိုယ်ကို ကာကွယ်မှု စွမ်းအားတွေ ရှိလာလိမ့်မယ်။ သေချာပေါက် အများကြီးလည်း တိုးလာမှာပါ။

ရှန်းရှန်းရဲ့ အစွမ်းအစက အလွန်အစွမ်းထက်သည်။ လုရွှမ်ရဲ့ ဂရုတစိုက် သင်ကြားမှုအောက်တွင် စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓား လှုပ်ရှားမှုကို ရက်အနည်းငယ်အတွင်း နားလည်ခဲ့ပြီးဖြစ်ကာ ဓားကျွမ်းကျင်မှု စွမ်းအားကလည်း တိကျသော နားလည်မှုနှင့်အတူ တဖြည်းဖြည်း အားကောင်းလာ​ပြီပဲ ဖြစ်သည်။

ဒီဓားသိုင်းပညာနှင့် ပတ်သက်ရင်တော့ လုရွှမ် ကိုယ်တိုင်က ၎င်းကို သုံးသည့်အခါတိုင်း၊ သူနားလည်မှု တစ်စုံတစ်ရာ ရှိလာသလို ခံစားမိတိုင်း ပိုမိုလေးနက်တဲ့ ဓားချက် ရှိကြောင်းကို သတိပြုမိသည်။ နောက်ဆုံးတစ်ခုကတော့ သူ့လက်ရှိ အခြေအနေနဲ့တောင် အဲဒီဓားချက်ကို မသုံးနိုင်သေးတာပါပဲ။

စွမ်းရည်သုံးမျိုး အသက်သုံးချောင်းဓားကို သူပိုနားလည်လေ ဤဓားသိုင်း စွမ်းအားသည် အနောက်ဖက်ဒေသရှိ ဓားသိုင်းရှစ်ခုထက် လုံးဝ မယုတ်ညံ့သလို ၎င်းတို့ကိုတောင် ကျော်လွန်သွားမယ်လို့ ခံစားလာရသည်။

"အစ်ကိုကြီး... တစ်ခုခု ဖြစ်လာမှာကို စိုးရိမ်နေတာလား"

လုရွှမ်ရဲ့ ကြိုးစားအားထုတ်မှုက ကြီးမားသည်။ အခုရက်ပိုင်းအတွင်း သူ့​ရဲ့မျက်လုံးထဲမှာ စိုးရိမ်မှုအပြင် တခြားခံစားချက်တွေပါ ရှိနေသလို ခံစားရ၏။ နောက်ဆုံးတော့ ဓားသိုင်းကို လုံးလုံးကျွမ်းကျင်အောင် မသင်ရသေးဘံ မမေးဘဲ မနေနိုင်တာကြောင့် မေးလိုက်တော့သည်။

လုရွှမ် ခေါင်းညိတ်လိုက်ပြီး "မင်းက အရမ်း​တော်လာပြီပဲ... ဟုတ်တယ် ငါတို့ ပစ်မှတ်ထား ခံ​နေရရတယ်..."

"သူ ညီမတို့နောက်ကို လိုက်နေတာလား... အဲဒီရှောက်ယန်က တော်တော် ကောင်းတယ်လို့တော့ ထင်တယ်"

"ဟားဟား... သူမဟုတ်ဘူး သူက ငါတို့နဲ့ မိတ်ဖွဲ့ချင်ပေမယ့် ဒီလူတွေကတော့ ငါတို့ရဲ့ရန်သူဖြစ်ချင်တာ.... သူတို့က အမြဲတမ်း ကံကောင်းချင်ပြီး မရနိုင်တဲ့အရာကို လိုချင်ကြတာလေ... တခြားသူကို ထိခိုက်နစ်နာမလား ဂရုမစိုက်ဘူး... ကိုယ့်အကျိုးကိုယ်ပဲ ကြည့်တယ်..."

"ငါတို့ရဲ့ အထောက်အထားတွေက သာမန်လူတွေ အမြင်မှာတော့ ရောထွေးလို့ မရဘူး... ဒါပေမဲ့ သူတို့ကိုယ်သူတို့လည်း ဖော်ထုတ်မခံရဘူးလို့ တွေးနေကြပုံပါပဲ... သူတို့ရဲ့ အထောက်အထားတွေက လျှို့ဝှက်ဆန်းကြယ်လို့ ဘယ်သူမှ မသိနိုင်ပါဘူးလို့ ထင်နေကြတာ ဖြစ်မယ်..."

"စဉ်းစားကြည့်လေ ဘိုးဘေးသားရဲက ကမ္ဘာကြီးကို ကြီးစိုးနေပြီ... ငါတို့နှစ်ယောက်ရဲ့ သေရေးရှင်ရေးကို ဘယ်သူကမှ ဂရုစိုက်မှာ မဟုတ်ဘူး"

"တကယ်တော့ လူတိုင်းက အဲဒီလက်နက်ဆယ့်ရှစ်ခုကို ဖမ်းယူဖို့ စိတ်ကူးနေကြတာ... အဲဒီအခါကျရင် ဘိုး​ဘေးသားရဲရဲ့ ခြိမ်းခြောက်မှုက သူတို့ကို ဒုက္ခမပေး​တော့ပါဘူးလို့ တွေးနေကြတာ ဖြစ်လိမ့်မယ်..."

လုရွှမ်ရဲ့ အသံက လှောင်ပြောင်မှု အပြည့်ဖြင့်။ သူက ထိုလူများ၏ စိတ်ပညာကို ကောင်းစွာ နားလည်နေသလိုပင်။ အဲဒီလူတွေက သူ​တို့ကို တော်တော်လေး မုန်းတီး​နေကြတာပင်။

ကျင့်ကြံခြင်းက ဝိညာဥ်စွမ်းအင်နှင့် ခွန်အားအတွက်သာမက စိတ်အခြေအနေကိုလည်း ဖြစ်ပေါ်စေသည်။ ခွန်အားတွေ တဖြည်းဖြည်း အားကောင်းလာတဲ့အခါ နယ်ပယ်တွေလည်း တဖြည်းဖြည်း တိုးတက်လာမည်။ အချင်းချင်း ယှဉ်နိုင်လာတဲ့အခါ ၎င်းတို့ရဲ့ ခွန်အားနဲ့ နယ်ပယ်ကလည်း ဆက်ပြီး တိုးတက်လာလိမ့်မည်။

ခွန်အားသည် အဆင့်တစ်ခုသို့ ရောက်သောအခါ တဖြည်းဖြည်း ငြိမ်သက်လာပေသည်။ အဲဒီဘာမှ မထူးခြားလာသော နယ်ပယ်ကြောင့် တစ်ကိုယ်ကောင်းဆန်သူများသည် သူတို့ဘဝကိုသာ စတင် အာရုံစိုက်လာသည်။

ဒါက ခွန်အား တိုးတက်မှုနှင့် နယ်ပယ်ရဲ့ အနှစ်သာရ ဖြစ်သည်။ ဘယ်လို ခွန်အားမျိုးက ဘယ်လို တာဝန်တွေနဲ့ သက်ဆိုင်သလဲ။ ဆိုရိုးစကား အတိုင်းဆိုရင် လေးလံသော တာဝန်ကို ထမ်းရွက်နိုင်မှသာလျှင် ခွန်အားကို မြှင့်တင်နိုင်မည် ဖြစ်သည်။

ဒါပေမဲ့ အဲဒီလူတွေက နားမလည်ကြပုံပါပဲ။ နောက်ဆုံးမှာတော့ ခွန်အားတွေ တိုးလာဖို့လုပ်ရင်း လမ်းလွဲသွားကြသည်။ တစ်ကိုယ်ကောင်းဆန်ခြင်း၊ ကြင်နာမှုမရှိခြင်း၊ အရူးဖြစ်လာခြင်း။

တစ်ကိုယ်ကောင်းဆန်တာက အရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည်။ ၎င်းရဲ့ စိတ်သဘောထားဟာ အချိန်အတော်ကြာတဲ့အထိ ဟန်ချက်မညီတော့ဘဲ စိတ်ဝိညာဉ်ကလည်း အလားတူ ဖောက်ပြန် ပျက်စီးသွားနိုင်သည်။

သူတို့ဘာသာသူတို့ မခံစားရချေ။ ဒါက နယ်ပယ်ကို ဖြတ်ကျော်နေတယ်လို့ပဲ ထင်နေကြလိမ့်မည်။ နယ်ပယ်မြင့်လေ အောင်မြင်မှု နှေးလေလို့သာ ကြွေးကြော်နေကြ၏။ ဒါပေမဲ့ တကယ်တမ်း လမ်းကြောင်း မှားသွားရင်တော့ ပန်းတိုင်ကို ရောက်ဖို့ ကြိုးစားတာဟာ ဟာသတစ်ခုထက် ဘာမှ မပိုတော့ချေ။

"အစ်ကိုကြီးလုရွှမ် ညီမတို့ တိုက်ရမှာလား ညီမတို့ နဂါးကျွန်းကို သွားလို့ရတယ်လေ... အဲဒီလူတွေ အနောက်ကနေ မလိုက်ရဲလောက်ဘူး"

ရှန်းရှန်း ရှက်ရွံ့တဲ့ အရိပ်အမြွက်​လေးနဲ့ ပြောလိုက်သည်။ လုရွှမ်ကို ရန်မတိုက်ခိုင်း​ချင်ဘဲ လုရွှမ် ဒဏ်ရာရမှာကိုလည်း ကြောက်၏။

"ဒီလူ ဒါမှမဟုတ် သားရဲတွေ၊ သားရဲလူသားတွေ၊ ဒါမှမဟုတ် တခြားသတ္တဝါတွေနဲ့ တွေ့ရင် သူတို့ကို နာကျင်အောင်ရိုက်ဖို့ ဒါမှမဟုတ် နစ်နာအောင် လုပ်လိုက်တာကမှ အကောင်းဆုံးပဲ... ငါတို့ရဲ့ကိုယ်ပိုင် ဂုဏ်သိက္ခာကို သုံးမယ်ဆိုရင်... သူတို့က ငါတို့ကို လုပ်ကြံဖို့ အစွမ်းကုန် ကြိုးစားကြလိမ့်မယ်"

ရှန်းရှန်းလည်း ဟစ်အော်ပြီး သူမလက်ထဲက ထာဝရအသက်ဓားကို ဝှေ့ယမ်းလိုက်သည်။

"ဒါဆို သူတို့နဲ့ တိုက်လိုက်ရအောင်... ညီမ တိုက်ခိုက်ရတာကို မကြိုက်ဘူး ဒါပေမဲ့ ဘယ်သူ့ကိုမှလည်း မကြောက်ဘူး"

လုရွှမ် လက်တစ်ဖက် ဝေ့ယမ်းလိုက်၏။ လက်ထဲက ထွက်လာသော ဟောက်သံက ကောင်းကင်နှင့် မြေကြီးကိုတောင် တုန်လှုပ်သွားစေသည်။

"ဟုတ်တယ် ငါတို့ တိုက်ပွဲကို မကြိုက်ဘူး... ဒါပေမဲ့ တိုက်ရတာကို ဘယ်တော့မှ မကြောက်ဘူး.. ငါတို့ရဲ့ အသက်နဲ့ ဘဏ္ဍာတွေကို လိုချင်တပ်မက်ပြီး သေဖို့သာ ပြင်ထား!... အားလုံး ထွက်လာကြ! ခေါင်းကို ဖုံးကွယ်ပြီး အမြီးကို ပြမနေနဲ့... ထွက်လာခဲ့!"

ရှန်းရှန်းကလည်း အနောက်က လိုက်အော်သည်။

"ထွက်လာခဲ့!"

ထိုလူနှစ်ယောက်၏ စကားများ ထွက်လာသွားအခါတွင်မူ မူလက စည်ကားသော မြို့တစ်မြို့ ဖြစ်သည့်အတွက် ကျင့်ကြံသူများသည် လမ်း နှစ်ဖက်စလုံးသို့ လျင်မြန်စွာ လူစုခွဲကာ ပုန်းအောင်းနေလေ၏။

ထိုအခါ ကောင်းကင်နဂါး မျိုးနွယ်စု (၈) မျိုးမှ ဆင်းသက်လာပုံရသော လူသားများ၊ နတ်ဆိုးများ၊ သားရဲများနှင့် အခြားမျိုးစိတ်များ အပါအဝင် ရောင်ဝါ အမျိုးမျိုးဖြင့် ကျင့်ကြံသူများ ထွက်လာကြသည်။ ၎င်းတို့က လူနှစ်ယောက်ကို နေရာပေါင်းစုံမှ ဝိုင်းရံထား​ကြသည်။

ရှန်းရှန်း အနည်းငယ် ကြောက်ရွံ့သွားသလို ဒီလောက်များတဲ့ လူတွေက သူတို့ကို ရန်စဖို့ ကြံစည်နေမည်ဟု မမျှော်လင့်ထားပေ။ နွေးထွေးသော လက်ကြီးတစ်ခုက သူမလက်ဖဝါးကို ဆုပ်ကိုင်ထားပြီး လုရွှမ်ရဲ့ နူးညံ့သောအသံက သူမနားထဲ တိုးဝင်လာသည်။

"မကြောက်ပါနဲ့... အစ်ကိုဒီမှာ ရှိတယ်"

ရှန်းရှန်းမျက်နှာက ငြိမ်သက်သွားပြီး လုရွှမ်လက်ထဲမှ ညင်သာစွာ ဆုတ်ခွာလိုက်သည်။

"အွန်း အစ်ကိုလုရွှမ်... ရှန်းရှန်း မကြောက်ပါဘူး... သူတို့ ညီမတို့ကို ရန်စဖို့ သတ္တိရှိနေမှတော့ အသက်ကို ပြန်ယူလိုက်တာပေါ့"

လုရွှမ် ပတ်ဝန်းကျင်ကို ကြည့်၍ ရုတ်တရက် ပြုံးလိုက်သည်။

“ငါ မင်းတို့ကို အများကြီး လေ့လာခဲ့ပြီးပြီ... အနည်းဆုံးတော့ လက်ရှိ အခြေအနေတွေအောက်မှာ ဘယ်သူမှ လှုပ်ရှားရဲမှာ မဟုတ်ဘူး... တခြားလူက လှုပ်ရှားလိမ့်မယ်လို့ မင်းတို့ထင်နေတာပဲ ဟုတ်တယ်မလား... လာခဲ့ အလောင်းအစား လုပ်ရအောင်..."

လုရွှမ်က နေဖြိုခွင်းနတ်လေးကို ထုတ်လိုက်သည်။

"တစ်ယောက်ချင်းစီ ချမယ်... နိုင်တဲ့လူက နေဖြိုခွင်းနတ်လေးကို ယူသွား!"

All Chapters