လော့ရွှေ
Vol. 132 Ch. 4.1498
ာပြီးတာနဲ့ ချက်ချင်းပင် လူအုပ်ကြားထဲ ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
လုရွှမ်ဟာ စကားကို မှန်မှန်ကန်ကန် ပြောသည်။ သူက ပြောရင်း တစ်ဖက်က နေဖြိုခွင်းနတ်လေးကို နေမင်းထံ ထုတ်ဖော်ပြသခဲ့သည်။ ၎င်းတို့သည် အံ့ဖွယ်လက်နက်ဆီက အသိအမှတ်ပြု ခံထားရသူနှစ်ဦးကို သတ်ပစ်ပြီး ကောင်းကျိုးအမျိုးမျိုးကို ရယူချင်သေးသည်။
လုရွှန်နဲ့ ရှန်းရှန်းတို့က ဘယ်လို လူတွေလဲ မပြောနိုင်သော်လည်း သူတို့အချင်းချင်းကတော့ ကောင်းကောင်း သိကြသေးသည်။ ဒီလိုအခြေအနေမျိုးမှာ သူတို့ရဲ့ အထောက်အထားတွေကို အနာဂတ်မှာ သေချာပေါက် ဖော်ထုတ်မိလိမ့်မည်။
အဲဒီအခါမှာ အံ့ဖွယ်လက်နက်ကို လုယူရဲတဲ့သူကို ခိုးသူအဖြစ်သာ သတ်မှတ်ကြလိမ့်မည်။ လုရွှမ်စကားများက နတ်နဂါးမင်းသမီး၏ ထာဝရအသက်ဓားကို မရနိုင်သော်လည်း သူ့ကိုအနိုင်ယူသူက နေဖြိုခွင်းနတ်လေးကို ရမယ်လို့ ဆိုခဲ့သည်။
"ကောင်းပြီလေ... သခင်လေးလုရွှမ်က တကယ်ကို ကြီးစိုးနိုင်တာပဲ... ငါ သူ့ကို စိန်ခေါ်လိုက်မယ် ပါရမီရှင်စာရင်းမှာ နံပါတ်တစ်ရထားတဲ့ ပါရမီရှင်က ဘယ်လိုမျိုး အရည်အချင်းရှိလဲဆိုတာ ကြည့်ရတာပေါ့!"
မုတ်ဆိတ်မွေးနဲ့ ယောက်ျားတစ်ယောက် ပြေးထွက်လာသည်။ ၎င်းက ထိုယောက်ျားရဲ့ မျက်နှာအစစ် မဟုတ်ကြောင်း လူတိုင်း သိနိုင်သည်။ လုရွှမ်က ပြိုင်ပွဲကို အဆိုပြုသူဖြစ်သော်လည်း သူ့မျက်နှာအစစ်ကို အမှန်တကယ် ပြသထားဝံ့သူ ဖြစ်သည်။
လုရွှမ် ခပ်ဖျော့ဖျော့ပြုံးပြီး ရှန်းရှန်းကို စကားအနည်းငယ် ပြောလိုက်သည်။ ရှန်းရှန်းလည်း အနောက်ပြန်ဆုတ်သွား၏။
"ကောင်းပြီ... မင်း တိုက်ကွက်ထုတ်လို့ရပြီ"
ဧည့်သည်ကတော့ လုရွှမ်ဟာ သူ့ဘာသာသူ ယုံကြည်မှုလွန်ကဲနေသလား။ ဟာသလုပ်နေတာလား မသိတော့ပေ။ သူက မျှော်စင်နယ်ပယ် အဆင့်၈ ကျင့်ကြံသူတစ်ယောက်ပင်။
ဒီလူတွေဟာ လုရွှမ်ရဲ့ စွမ်းအားကို အမှန်တကယ် မသိကြသေးချေ။ သူဟာ နတ်မီးနယ်ပယ် အဆင့်၁၁သာ ရှိသေးတယ် မဟုတ်ပါလား။
နတ်ခြေလှမ်းနယ်ပယ်ကို သတ်နိုင်တယ် ဆိုတာက ကောလာဟလ သတင်းများသာ ဖြစ်ကာ ဘယ်သူမှ အမှန်တကယ် မမြင်ဖူးသေးချေ။ ကောင်းကင်လက်နက်ရဲ့ အကူအညီဖြင့် အောင်မြင်ခဲ့ခြင်းသာ ဖြစ်နိုင်ပြီး စစ်မှန်သော တိုက်ခိုက်ရေး စွမ်းအားက အဲ့လောက် မကောင်းနိုင်ချေ။
“ငါ့နာမည်ကို မမေးဘူးလား” အဲဒီလူက မေးလိုက်သည်။
လုရွှမ် ပြုံးပြီး "မင်းပြောလို့ရမှာလား"
ထိုအခါ လူများစွာက ကျယ်လောင်စွာ ရယ်မောလိုက်တော့သည်။ ထိုလူ့မျက်နှာက အနည်းငယ် နီလာပြီး ဟစ်အော်လိုက်သည်။
“မင်းငါ့ကိုရိုက်နိုင်ရင် ငါပြောမယ်”
"ကတိတည်ပါစေ!"
ထိုလူက “ပုဆိန်ကို ကြည့်!"
လုရွှမ်လည်း ထိုပုဆိန်ကို ငုံ့ကြည့်လိုက်ရာ အလွန်ကြီးကျယ် ခမ်းနားသော ရောင်ဝါရှိတဲ့ နတ်လက်နက် တစ်ခုဆိုတာ သိလိုက်သည်။ နောက်အခိုက်အတန့်မှာပဲ ပုဆိန်က လုရွှမ်ခေါင်းပေါ်သို့ ကျရောက်တော့မည် ဖြစ်သည်။
လုရွှမ်သည် လက်ဖဝါးကို ဆန့်တန်းကာ လက်နှစ်ချောင်းကိုသာ ဆန့်ထုတ်လျက် ပုဆိန်ဓားကို တိကျစွာ ဖမ်းယူထားလိုက်သည်။
တခဏချင်းမှာပဲ ပုဆိန်ကြီးကို ရိုက်ခတ်လာတဲ့ လေပြင်းက ရပ်သွား၏။ လုရွှမ်ရဲ့ လက်ချောင်းတွေက ပုဆိန်ခေါင်းကို တင်းတင်းကြပ်ကြပ် တားထားသည်။ ထိုလူက ဟစ်အော်၍ ပြင်းထန်သော အင်အားဖြင့် တန်ပြန်တိုက်ခိုက်ခဲ့သော်လည်း သူ့လက်ထဲက ပုဆိန်ဟာ လုံးဝ မလှုပ်ပေ။
လုရွှမ်က သူ့လက်ကောက်ဝတ်ကို အင်အားအနည်းငယ် သုံးပြီး လှည့်လိုက်ရာ တစ်ဖက်လူက နောက်ပြန်ဆုတ်သွားကာ ပုဆိန်ကို အမိအရ ပြန်ကိုင်ထားလိုက်သည်။
"မင်း"
ထိုလူ့မျက်နှာက အလွန်အမင်း နီရဲသွား၏။ ဒီတစ်ကွက်တည်းနဲ့ သူနဲ့လုရွှမ်ကြားက ကွာဟချက်ကို လေးနက်စွာ နားလည်သွားခဲ့သည်။
"နောက်တစ်ယောက်!"
လုရွှမ်ကတော့ ဒီတိုက်ပွဲကြောင့် စိတ်အနှောက်အယှက် မဖြစ်သွားပေ။ လေတစ်ချက် တိုက်ခတ်သွားသလိုပဲ အေးအေးဆေးဆေး ပြောလိုက်သည်။
လူတိုင်းမှာ လုရွှမ်ရဲ့လှုပ်ရှားမှုကို အံ့ဩနေကြဆဲ။ အခုနက လှုပ်ရှားမှုဟာ ဘယ်လောက်တောင် လွယ်ကူနေတာလဲ တွေးတောနေကြသည်။ အကယ်၍ သူတို့သာဆိုလျှင် လုရွှမ်လိုမျိုး လွယ်ကူစွာ လုပ်ဆောင်နိုင်မည် မဟုတ်ချေ။
အားလုံးက လုရွှမ်ခွန်အားကို မသိစိတ်ဖြင့် ခန့်မှန်း တွက်ချက်နေကြသည်။ ပတ်ဝန်းကျင်က ခဏတိတ်ဆိတ်သွားတာ စောင့်နေတဲ့ လူအုပ်ထဲက ဘယ်သူမှ မထွက်လာကြသေးပေ။ နောက်ဆုံးတော့ လူတစ်ယောက် ရှေ့ထွက်လာ၏။
"ကျွန်မနာမည်က လော့ရွှေပါ... ရှင့်လက်ထဲမှာ နေနတ်လေးကို မလိုချင်ပါဘူး မင်းသမီးရဲ့ ထာဝရအသက်ဓားကိုလည်း မလိုချင်ပါဘူး... ပါရမီရှင်စာရင်းမှာ နံပါတ်တစ်လူက ဘယ်အဆင့်ရှိလဲ စူးစမ်းချင်ရုံပါ...."
ထိုမိန်းကလေးက ဂုဏ်ယူစွာအော်ပြီး နတ်လက်နက်ကို ထုတ်ကာ လုရွှမ်ကို ချိန်ထားလိုက်သည်။
လုရွှမ် ပြုံးပြီး "ကောင်းပြီ!"
လော့ရွှေရဲ့ နယ်ပယ်က မျှော်စင်နယ်ပယ် အဆင့်၈ ဖြစ်သည်။ သူမ အငွေ့အသက်က အလွန်တည်ငြိမ်နေပြီး သူမရဲ့ အခြေခံအုတ်မြစ်မှာမူ အစောကလူထက် များစွာ သာလွန်နေပါသည်။ သူမတွင် တောက်ပသော မျက်လုံးများ ရှိပြီး အပြောအဆိုနှင့် အမူအကျင့်က တညီတညွတ်တည်း ရှိသူဖြစ်ကြောင်း တစ်ချက်တည်းဖြင့် ပြောပြသည်။
"ရှင့်ဘက်က အရင်စမှာ မဟုတ်ဘူးမလား"
လုရွှမ် ခေါင်းညိတ်လိုက်သည်။
"ဒါဆို ရှင် ဓားကိုကြည့်ထား!"
လော့ရွှေက အလွန်လျင်မြန်စွာ ပြေးထွက်လာသည်။ သူမရဲ့ ကိုယ်ဟန်အနေအထားသည် အလွန်လှပနေကာ လုရွှမ် ကြည့်ရင်း မျက်လုံးများ တောက်ပလာသည်။ အရည်အချင်း ရှိသူပဲ။
ဓားတစ်ချောင်းသည် ပေါ့ပါးပြီး လျင်မြန်သောလှုပ်ရှားမှုများဖြင့် အေးအေးဆေးဆေး လှုပ်ရှားကာ လုရွှမ်ပုခုံးဆီသို့ ဓားဖြင့်ထိုးလိုက်သည်။ လုရွှမ် အသာလေး ပြုံးလိုက်၏။ သူမက ခေါင်းကို မတိုက်တာကြောင့် အလွန်ကြင်နာတတ်သူဟု ဆိုရမည်။
သူ မလှုပ်သေးပေမယ့် သူ့မျက်လုံးတွေက ဒီနတ်သမီးလော့ရွှေရဲ့ လှုပ်ရှားမှုတွေကို ရှင်းရှင်းလင်းလင်း မြင်နေရပါပြီ။ ဓားသွား ရွှေ့လာခါနီးတွင် လုရွှမ်လက်ဖဝါးများက လှုပ်ခါသွားသော်လည်း ခြေလှမ်းတစ်လှမ်းချင်း ရွေ့သွားသည်။
လော့ရွှေရဲ့ နှုတ်ခမ်းထောင့်စွန်း၌ အပြုံးတစ်ခု ပေါ်လာသည်။ သူမအကြံအစည် အောင်မြင်သွားသည့်အတွက် အနည်းငယ် ဂုဏ်ယူမိသလိုမျိုးပါပဲ။
"ဟမ့် ရှင်ဒီအကွက်ကို နောက်တစ်ကြိမ် ထပ်သုံးမယ်ဆိုတာ ထင်ထားပြီးသား... အဲဒါကြောင့် ..."
သူမက ဓားရှည်ကြီးကို နောက်တစ်ကြိမ် ဝေ့ယမ်းလိုက်ပေမယ့် လုရွှမ်လက်ချောင်းများ၌ ဖမ်းမိသွားခဲ့သည်။ သူမ သဘောပေါက်သွားချိန်၌ လုံးဝ မလှုပ်တော့ပေ။ ဘာပဲလုပ်လုပ် အကောင်းဆုံး ကြိုးစားခဲ့ပေမယ့် ဓားက လုံးဝ မလှုပ်ရှားနိုင်ခဲ့ပါဘူး။
သူမစွမ်းအားသည် လုရွှမ်လက်ချောင်းများကြားက ဓားရှည်ဆီ ပြေးဝင်သွားသော်လည်း ပင်လယ်ထဲသို့ စီးဝင်နေသော သဲမှုန်လေးလို ဖြစ်နေသည်။
"ရှင်!"
လုရွှမ် ပြုံးပြီးပြောလိုက်သည်။
"ဒါက ခွန်အားတင်မကဘူး ဓားလမ်းစဥ်ကို နားလည်ဖို့လည်း လိုတယ်... မင်းမှာ ဥာဏ်ရှိပြီးသားပါ ဒါပေမဲ့ မင်းက တံခါးအပြင်ဘက်ကို လျှောက်သွားနေတုန်းပဲ...မင်းရဲ့ဓားက ငါ့လက်ချောင်းတွေကို တားထားနိုင်မယ်လို့ မင်းတကယ်ထင်နေတာလား?"
သူပြောပြီးတာနဲ့ လော့ရွှေလည်း အံ့အားသင့်သွားသည်။ ဓားကို အစွမ်းကုန် ဆွဲထုတ်လိုက်သော်လည်း သူမ၏ နတ်လက်နက်ကို တစ်ခုခုက တံဆိပ်ခတ်ထားသလို ဖြစ်နေတာကြောင့် သူမ တုန်လှုပ်သွားသည်။
"ငါ့ရဲ့ ဓားလမ်းစဥ်က ထိန်းချုပ်ခြင်းပဲ... ကောင်းကင်နဲ့ မြေကြီးကို ထိန်းချုပ်ဖို့၊ အရာအားလုံးကို ထိန်းချုပ်ဖို့ ကျင့်ထားတာ.... ဓားလမ်းစဥ် အကြောင်း မင်းရဲ့နားလည်မှုက ငါ့ရဲ့နောက်မှာ အများကြီးကျန်နေသေးတယ်... ဒါကြောင့် မင်းဒီဓားကို ဆွဲထုတ်လို့ မရဘူး"
လုရွှမ် စကားဆုံးသောအခါ နတ်လက်နက်ပေါ်တွင် လက်ညှိုးကို တစ်ချက် တောက်လိုက်သည်။ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး ဓားက တုန်ခါသွား၏။ လော့ရွှေ နောက်သို့ လွင့်သွားပြီးမှ နောက်ဆုံးတွင် သူမဓားက သူမ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေကြောင်း ခံစားလိုက်ရသည်။
လော့ရွှေ ရှိုက်ကြီးတငင် ပြုံးပြီး ခေါင်းကို ခါလိုက်ပေမယ့်။
"ရှင် အခုနက လုပ်လိုက်တဲ့ လက်သိုင်းက အရမ်းလှတယ် ဒါပေမယ့် ကျွန်မ လုံးဝ နားမလည်ဘူး... ကျွန်မကို ထပ်ပြနိုင်မလား"
သူမမျက်နှာက အနည်းငယ် နီသွားသော်လည်း ပြဿနာရှာနေသလိုမျိုး အကြံဉာဏ် တောင်းနေသေးသည်။ လုရွှမ် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ဆို၏။
"ငါ့ဓားချက်ကို ခံယူပြီး မင်းကို ခံစားခွင့်ပေးလိုက်မယ်။"
ထိုစကားနဲ့အတူ လုရွှမ်ဟာ ချင်ထျန်းဓားကို ဆွဲထုတ်ပြီး လော့ရွှေခေါင်းကို ဓားဖြင့် ဖြည်းညင်းစွာ ရိုက်ချလိုက်သည်။ ဓားရွေ့လာတာက အလွန်နှေးကွေးသော်လည်း ၎င်းထွက်လာသည့် အရှိန်မှာ လော့ရွှေရဲ့ စိတ်ဝိညာဉ်ကို နှောင့်ယှက်သွားသည်။
သူမ ရုတ်တရက် နောက်သို့ ခြေလှမ်းအနည်းငယ် လှမ်းလိုက်ရသည်။ သူမ၏ ရင်ဘတ်ထဲက တင်းတင်းကျပ်ကျပ် ဖြစ်လာသလို ခံစားလာရပြီး သူမ ပါးစပ်ထဲကလည်း သွေးများ ထွက်လာလုနီးပါး ဖြစ်နေပြီ။ ထိုစဥ် လုရွှမ်ရဲ့ ဓားရောင်ဝါက ပျောက်ကွယ်သွားသည်။
"မင်း လမ်းကြောင်းမှန်ပေါ် ရောက်နေပါပြီ... မှန်ကန်တဲ့လမ်းကြောင်းက ဘာလဲ ဆိုရင် မင်းရဲ့ကိုယ်ပိုင်လမ်းပဲ... တခြားသူတွေရဲ့အမြင်နဲ့ လမ်းညွှန်မှုကို ဂရုမစိုက်နဲ့ မတူကွဲပြားတဲ့ လူတွေမှာ နားလည်မှုအမျိုးမျိုး ရှိတယ်... မင်းလိုချင်တာကို ရှင်းရှင်းလင်းလင်း နားလည်လာတဲ့အခါ အဲဒါက မင်းရဲ့ကိုယ်ပိုင်လမ်းပဲ ဖြစ်လာလိမ့်မယ်"