← Chapters

ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့

Vol. 132 Ch. 4.1499

ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့

Vol. 132 Ch. 4.1499

လော့ရွှေ နားမလည်သေးပေမယ့် လုရွှမ်က သူမကို လေးလေးစားစား ဦးညွှတ်လာတာကြောင့် နောက်ပြန် ဆုတ်သွားစေချင်ကြောင်း သိလိုက်သည်။ အနီးနားရှိ လူများကြား၌ ရုတ်ရုတ်သဲသဲ ဖြစ်လာပြန်၏။ လုရွှမ်က ဓားပညာကို နားလည်သော အဆင့်မြင့် နယ်ပယ်ရှိ လူဖြစ်​ပေသည်။

ဓားကျွမ်းကျင်မှု အကြောင်းပြောရုံဖြင့် သူသည် နာမည်နှင့် ထိုက်တန်သော အရည်အချင်း ပါရမီရှင်စာရင်းတွင် ပထမအဆင့်ကို ရထားကြောင်း သဘောပေါက်စေသည်။

ဒါပေမဲ့ တချို့ လူတွေက ဒီအချက်ကို နားမလည်နိုင်ကြသေးချေ။ အစွမ်းထက်သည်ဖြစ်စေ မထက်သည်ဖြစ်စေ တိုက်​ကြည့်ပြီးမှသာ သိနိုင်သည် မဟုတ်လော။

"ဟမ့် မင်းတိုက်နေတာက မိန်းမတစ်ယောက်ပဲကွ... ငါကတော့ မိန်းမတွေကို မြင်တာနဲ့ စိတ်ရှုပ်တယ်.. ဒီသခင် မင်းနဲ့ တိုက်ဖို့ ဒီမှာလာနေပြီကွ"

သန်မာသော လူတစ်ဦးသည် သူ့ပုခုံးပေါ်၌ ဓားကြီးတစ်လက်ကို ထမ်းလျက် ပြေးထွက်လာသည်။ နေရောင်အောက်မှာတောင် အေးစက်သော လေနှင့် ပြည့်နေသော အလင်းရောင်တစ်ခု ထွက်ပေါ်​နေသည်။ ၎င်းကောင်းကင်လက်နက် တစ်ခုပင်။

လုရွှမ်၏ သူငယ်အိမ်များ ကျဥ်းမြောင်းသွားသည်။ ဤလူက ရိုင်းစိုင်းပုံ ပေါက်သော်လည်း လုရွှမ် ထိုလူ၏ ရိုင်းစိုင်းမှုကို မထီမဲ့မြင် မပြုဝံ့ပေ။ ကောင်းကင်လက်နက်ကို ရယူနိုင်သောသူသည် ကောင်းကင်လက်နက်ကို ကောင်းစွာ ဝှက်ထားနိုင်သူလည်း ဖြစ်သည်။

ထိုလူရဲ့ ကျင့်ကြံမှု အဆင့်က မြင့်မားတာ မဟုတ်သော်လည်း ကောင်းကင်လက်နက်ကြောင့် နတ်ခြေလှမ်းနယ်ပယ်က သာမန်ထက်မြက်သော သန်မာသူများပင်လျှင် ဒဏ်ရာကင်းစွာ မဆုတ်ခွာနိုင်မှာ ကြောက်ရလေသည်။

"ကောင်းပြီ... တိုက်လိုက်ရအောင်"

လူတချို့က အပြင်ထွက်ပြီး မသေချင်ပေမယ့် ဝင်လည်း မကူညီနိုင်တဲ့အတွက် ရပ်ကြည့်နေရုံသာ ရွေးချယ်နိုင်၏။

"ဓားကို ကြည့်စမ်း!"

ထိုလူ အော်လိုက်သည်နှင့် ကောင်းကင်လက်နက်ပေါ်က အလင်းရောင်ဟာ အစောကထက် တောက်ပလာသည်။ ဓားရှည်ပေါ်က ကောင်းကင်နဲ့ မြေကြီးရဲ့ အရိပ်အာဝါသက ချက်ချင်းပဲ လုရွှမ်ကို ဖုံးအုပ်ပြီး တင်းကျပ်စွာ ချိတ်ပိတ်ထားလိုက်ပေ၏။

တစ်ဖက်လူသည် အမြင့်မှ ခုန်ဆင်းလာကာ သူ၏ ဓားဖြင့် ထိုးချလိုက်သော စွမ်းအားသည် ကမ္ဘာကြီးကို ဖွင့်ပစ်သလိုပင်။ သူ့အနီးနားက လူတွေကလည်း တစ်ယောက်ပြီး တစ်ယောက် အလျင်အမြန် ထွက်ပြေးသွားကြကာ ထိတ်လန့် တုန်လှုပ်နေကြ၏။

ဒီလူက ဘယ်သူလဲ။

အထောက်အထားကို ဖုံးကွယ်ထားတာက အကောင်းဆုံးပဲ မဟုတ်ဘူးလား။

လုရွှမ်သည် သူ့ဓားကို မဆွဲထုတ်ခဲ့ဘဲ နေဖြိုခွင်းနတ်လေးကိုသာ တိုက်ရိုက်ထုတ်ခဲ့သည်။ လေးသည် လုံးဝ ကွေးသွားသောအခါ မြှားတစ်စင်း ပစ်လွှတ်လိုက်သည်။ ထိုစဥ် တစ်ဖက်လူက မဆင်မခြင် ရယ်မောရင်း။

“ကောင်လေး... မင်းနတ်လေးက အစွမ်းထက်တယ်ဆိုတာ ငါသိပါတယ်... ဒါပေမယ် ငါ့ဓားကို အရင်ခံလိုက်ဦး!"

မြှားက အစွမ်းထက်သော်လည်း ကောင်းကင်လက်နက်ရဲ့ ပြိုင်ဘက် ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ။ သို့သော် လုရွှမ် လုံးဝမထိတ်လန့်ဘဲ သူ့လက်ဖဝါးတွင် မြှားတစ်စင်းကို ဆုပ်ကိုင်ထားကာ အလွန်လျင်မြန်သော အရှိန်ဖြင့် ပစ်လွှတ်လိုက်သည်။

လုရွှမ်လက်ဖဝါးထဲက ပြေးထွက်သွားတာနဲ့ မြှားက နောက်ဆက်တွဲ ပုံရိပ်များသာ ကျန်ရစ်ခဲ့သည်။ မြှားများသည် နေရောင်လေးများကဲ့သို့ အနီရောင် တဖျပ်ဖျပ် တောက်နေပြီး မပစ်ခတ်မီကပင် ၎င်းတို့က ကြီးမားသော စွမ်းအားကတော့ အဝေးသို့ ပစ်ခတ်နေပြီးသား ဖြစ်သည်။

မြှားကိုးစင်းသည် နေကိုးလုံးကဲ့သို့ မြန်သောကြောင့် ပရိတ်သတ်တွေရဲ့ အသံများ တညီတညွတ်တည်း တိတ်ဆိတ်သွားကြသည်။ စူးစူးဝါးဝါး အော်သံနှင့်အတူ လေးကြိုးက တုန်ခါသွားပြီး ဝိညာဉ်မြှားကိုးစင်း ပစ်လွှတ်လိုက်သည်။

ကောင်းကင် အထက်က လုရွှမ် ဦးခေါင်းထိပ်တွင်ရှိ ဓား​ကြီးသည် ကြီးကျယ်ခမ်းနားသော တောင်ကြီးတစ်ခုကဲ့သို့ တည်ငြိမ် အေးဆေးသော အမူအရာဖြင့် မလှုပ်ရှားနိုင်တော့ပေ။

ဝိညာဉ်မြှားကိုးစင်းက ဓားကြီးကို တစ်ချိန်တည်းနီးပါး ထိမှန်ပြီး ကျယ်လောင်တဲ့ ပေါက်ကွဲသံနဲ့ အလင်းတန်းတွေ ဖြာထွက်သွားတာကြောင့် ပတ်ပတ်လည်မှ လူတွေအားလုံး တခဏတာမျှ မျက်လုံးတွေကို မှိတ်ထားလိုက်ရသည်။

အလင်းရောင်သည် အလွန်ပြင်းထန်သောကြောင့် မြှားကိုးစင်းကို တစ်ပြိုင်နက်တည်း စူးစိုက်စိုက် ကြည့်နေတဲ့ လူတွေအတွက်က နေလုံးကြီးကို ကြည့်နေရသလိုမျိုး သည်းမခံနိုင်တော့ပေ။

လေလှိုင်းရဲ့ ရိုက်ခတ်မှုက ဒီရေလိုပဲ လူတိုင်းကို ရိုက်ခတ်ပြီးတာနဲ့ တစ်ယောက်ပြီး တစ်ယောက် နောက်ပြန်ဆုတ်သွားရသည်။ နောက်အခိုက်အတန့်တွင် အလင်းရောင်က မှိန်ဖျော့သွားကာ လူတိုင်းကို ပြန်မြင်လာရသည်။

လုရွှမ်သည် ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေဆဲ ဖြစ်ပြီး သူ ခြေထောက်တောင် မလှုပ်ခဲ့ကြောင်းကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။ မဆင်မခြင်ဖြင့် ထိုလူသည် အပေါက် ခုနစ်ပေါက်မှ သွေးထွက်နေပြီ။ လူက ကောင်းကင်တွင် မပျံနိုင်သလောက်ပင်။ ပေါက်ကွဲသံတွေကို သူ့ခန္ဓာကိုယ်မှလည်း ရှင်းရှင်းလင်းလင်း ကြား​နေရသည်။

အသံသည် ပိုမိုကျယ်လောင်လာပြီး နောက်ဆုံးတွင် ပြင်းထန်သော အသံနှင့်အတူ ထိုလူ့ခန္ဓာကိုယ်က ပေါက်ကွဲကာ အသွေးအသားဘောလုံးများ ဖြစ်ကုန်၏။

"အား!"

တောက် တောက်!

ထိတ်လန့်တကြားနဲ့ တစ်စုံတစ်ယောက်ရဲ့ မေးရိုက်သံတွေကို ကြားနေရသည်။ တုန်လှုပ်ချောက်ချားစွာဖြင့် တစ်စုံတစ်ယောက်၏ ထိတ်ထိတ်လန့်လန့် အော်ဟစ်နေသံတွေလည်း ပေါ်လာသည်။

"ဟေ့ အဲဒီကောင်းကင်ဓား ဘယ်မှာလဲ"

လူတစ်ယောက်က အံ့အားသင့်နေတဲ့ကြားက ရုတ်တရက် သံသယအပြည့်နဲ့ အော်ဟစ်လိုက်သည်။

ထိုစကားများ ထွက်လာတာနဲ့ လူတိုင်းရဲ့ မျက်လုံးများက အစောကလူအား စူးစိုက်ကြည့်နေကြသည်။ လူ့ခန္ဓာကိုယ်က အပိုင်းပိုင်း ကွဲသွားတာ အမှန်ပင် ဖြစ်သော်လည်း အဲဒီဓားက ဘယ်ရောက်သွားတာလဲ။ သိုလှောင်လက်စွပ်ထဲမှာ သိမ်းထားဖို့ အချိန်ရမယ် ဆိုရင် အရူးတစ်ယောက်သာ ဖြစ်သွားလိမ့်မည်။

ဒါပေမဲ့ ကောင်းကင်ဓား ဘယ်ရောက်သွားတာလဲ။

"အဲဒီလူရဲ့ခန္ဓာကိုယ်ကနေ ဟိန်းဟောက်သံကို ကြားလိုက်တဲ့ အချိန်တုန်းက သူ့လက်ထဲမှာ ဘာကောင်းကင်ဓား တစ်ချောင်းမှ မရှိဘူးဆိုတာကို ငါသေချာပေါက် အာမခံရဲတယ်..."

ဒီအတိုင်းထားရင် အဲဒီလူရဲ့ ကောင်းကင်ဓားဟာ အရင်က တစ်စုံတစ်ယောက်ဟာ လုယူထားပြီးသားသာ ဖြစ်လိမ့်မည်။ အဲဒီအချိန်တုန်းက ကောင်းကင်ဓားကို ဖယ်ထုတ်နိုင်သူမှာ ဘယ်သူဖြစ်မလဲ။

ဘယ်သူမှ သတိမပြုမိဘဲ ကောင်းကင်ဓားကို လုယူနိုင်သူက လုရွှမ်သာ ရှိသည်။ ထိုမဆင်မခြင်လူကို တိုက်ခိုက်နေခဲ့သော လုရွှမ်ဆီသို့ လူအားလုံးက လှည့်ကြည့်လိုက်သည်။

သူဖြစ်မလား။ သူ ဝန်ခံမှာလား။

လုရွှမ်ကလည်း လူတိုင်း၏ မျက်လုံးများကို ခံစားမိတာကြောင့် လက်ကို မြှောက်ပြလိုက်ရာ ကောင်းကင်ဓားတစ်စင်း ပေါ်လာ၏။

"ဟုတ်တယ် ငါ ကောင်းကင်ဓားကို ယူလိုက်ပြီ... အကြံဉာဏ် တောင်းချင်သူတွေက ထပ်ပြီး ကြိုးစားနိုင်တယ်နော်... နိုင်ရင် ဒီကောင်းကင်ဓားကိုပါ သိမ်းသွားနိုင်တယ်..."

လုရွှမ် အသာလေးပဲ ပြောပြီး သူ့အသံက အကျယ်ကြီးလည်း မဟုတ်ပေမယ့် အားလုံးက ရှင်းရှင်းလင်းလင်း ကြားနေရသည်။

တချို့လူတွေရဲ့ ခန္ဓာကိုယ်များက အနည်းငယ် တုန်ခါသွားကာ အချင်းချင်း ရှုပ်ယှက်ခတ်နေသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။ သူတို့၏ နဖူးတွင် ချွေးစလေးများ အနည်းငယ် ထွက်ကာ ထိတ်လန့်နေတဲ့ အရိပ်အယောင်များဖြင့်လည်း ပြည့်နေပါသည်။

လုရွှမ် အခုနက ဘယ်လို လုပ်လိုက်တာလဲ။

သူ့ခန္ဓာကိုယ်ကို ကြည့်လိုက်ရင်တော့ အရင်ကလို လှုပ်ရှားခဲ့တာမျိုး မရှိပေမယ့် အခုအချိန်မှာတော့ ဘယ်သူမှ သေချာ မသိနိုင်တော့ချေ။

လုရွှမ်သည် အလင်းရောင်တွေ ဖြာထွက် ထွန်းလင်းနေချိန်တွင် ထိုလူအနားသို့ လျင်မြန်စွာ ပြေးသွားပြီး ကောင်းကင်ဓားကို လုယူသွားခဲ့တာမျာလား။ ဒါပေမဲ့ အဲဒီအချိန်က တိုက်ပွဲဖြစ်နေပြီလေ။

မဆင်မခြင်လူသည် ကောင်းကင်လက်နက်ကို သေချာပေါက် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမယ် ဆိုတာကို စဉ်းစားနေရာပင် မလိုအပ်ချေ။ နတ်ခြေလှမ်းနယ်ပယ်တောင် ကောင်းကင်လက်နက်နဲ့ တိုက်ပွဲဝင်နေသော မျှော်စင်နယ်ပယ်ဆီက လက်နက်ကို လုယူနိုင်မည် မဟုတ်ပေ။

သူ တကယ်လုပ်နိုင်ရင် သူတို့ရဲ့ လက်နက်တွေကရော လုံခြုံပါ့မလား။ ဝင်တိုက်လိုက်ရင် လုယူသွားခွင့်ပေးမယ်လို့ ဆိုလိုတာပဲ ​မဟုတ်ဘူးလား။

အရင်က လုရွှမ်က မလုယူခဲ့ဘူးဆို ဘာဖြစ်နိုင်မလဲ။ နားမလည်နိုင်သော တခြား မှော်အစွမ်းတစ်ခုခုများ ရှိနေသေးပြန်တာလား။

ယခု ရောက်ရှိနေသူများသည် ပါရမီရှင် စွမ်းရည်များစာရင်းတွင် နံပါတ်တစ်ပုဂ္ဂိုလ် ဆိုတဲ့ ခေါင်းစဉ်ကို တစ်ခါမှမရရှိဖူးဘဲတောင် အလွန်အရေးကြီးပြီး အရေးပါလှကြောင်း နားလည်ပါသေး၏။

ဒါ ကြောက်စရာကောင်းတဲ့ သဘာဝလွန် စွမ်းအားတစ်ခု ဖြစ်မယ် မဟုတ်လား။

ကိုယ်ခန္ဓာသည် ခုခံမှုမှန်သမျှကို ခံနိုင်ရည်မရှိအောင် ထိန်းထားနိုင်ခြင်း နှင့် ပေါက်ကွဲခိုင်းခြင်းကဲ့သို့ပင်။ သို့သော် မဆင်မခြင်လူ၏ စိတ်ဝိညာဉ်သည် ပေါက်ကွဲမှုတွင် ခုခံနိုင်စွမ်းမရှိသလို နောက်တစ်ကြိမ် အသက်မရှင်နိုင်တော့ချေ။

ဒါက လုရွှမ်ရဲ့ အခွင့်အာဏာ ဂုဏ်သိက္ခာ ထူထောင်ခြင်းပင်။

တတ်သိနားလည်သော ကျင့်ကြံသူတွေက ရုတ်တရက် အဲဒီအတွေးနဲ့သာ တုံ့ပြန်လာကြသည်။

All Chapters