← Chapters

နွားနှာခေါင်းလူအို

Vol. 132 Ch. 4.1500

နွားနှာခေါင်းလူအို

Vol. 132 Ch. 4.1500

ဒီကောင်လေးက သူ့ရန်သူအပေါ် ရက်စက်တာထက်ကို ပိုရက်စက်တာပဲ။ ဒီလောက် လူတွေအများကြီးဆီက ဝန်းရံခံထားရတာတောင် မောက်မာပြီး လူသတ်ဝံ့သူက တွေ့ရခဲသည်။ အကုန်လုံး စုပြုံပြီး တိုက်လိုက်ရင် သနားစရာ ကောင်းသွားမှာပဲ မဟုတ်ဘူးလား။

လုရွှမ်ကတော့ လုပ်ရဲသည်။

သူ့မျက်နှာပေါ်ရှိ လျစ်လျူရှုမှု နှင့် သူ့မျက်လုံးများထဲက အရေးမစိုက်တဲ့ အကြည့်ကို ကြည့်ပြီး လူတစ်ဦးကို သတ်ရတာက သူ့အတွက် အသေးအဖွဲ့ကိစ္စလို ဖြစ်နေတာဟု ခံစားနိုင်သည်။

ဒါက ရက်စက်တဲ့လူပဲ!

"နောက်ထပ် ဘယ်သူလာဦးမလဲ"

လုရွှမ် ခေါင်းမော့ပြီး လူအုပ်ဘက်ကို ထပ်ကြည့်လိုက်သည်။

"ဝါး.... ကိုကိုက အရမ်းတော်တာပဲ!"

ရှန်းရှန်းက စိတ်လှုပ်ရှားစွာ လက်ခုပ်တီးကာ အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။ လူတိုင်းအတွက်တော့ သူမအော်သံက အတော်လေး စိတ်မချမ်းမြေ့စရာ ကောင်းပေ၏။ သို့သော် အားလုံးက မျက်မှောင်ကြုတ်၍သာ ခေါင်းငုံ့လိုက်ကြသည်။ အဲဒီနတ်နဂါးက ဘယ်သူက စော်ကားဖို့ သတ္တိရှိမှာလဲ။

"မကျေနပ်ဘူးလား ဟား ဟား... ကိစ္စမရှိပါဘူး... နတ်ခြေလှမ်းနယ်ပယ်တွေ ထွက်လာခဲ့လေ... နတ်ခြေလှမ်းနယ်ပယ် အောက်က သူတွေကတော့ ထွက်လာပြီး ကိုယ့်ကိုယ်ကို အရှက်မခွဲသင့်ဘူး"

"ကောင်လေး! ပါးစပ်ပိတ်ထားစမ်း! မင်းက ငါတို့ကို လုံးဝ အရေးမစိုက်တာလား"

လုရွှမ် လေးမြှားကို နောက်ပြန်ဆွဲကာ မြှားတစ်စင်းကို ပစ်လွှတ်လိုက်သည်။ အဖြူရောင် အလင်းတန်းတစ်ခု တောက်ပလာပြီး စကားပြောသူရဲ့ နဖူးမှာ အနီရောင်အစက်လေး တစ်စက် ထွက်လာ၏။ ဘာခုခံမှုမှ မထုတ်လိုက်ရပါဘဲ သူ့ခန္ဓာကိုယ်က အောက်ဘက်သို့ ပြုတ်ကျသွားသည်။

ထိုအချိန်တွင် လူတိုင်း၏ နားထဲသို့ စူးစူးဝါးဝါး အသံတစ်ခု ထွက်ပေါ်လာသလို တောင့်တင်းသွားကြသည်။ ပရိတ်သတ်တွေဟာ တစ်ယောက်ပြီးတစ်ယောက် သူတို့ရဲ့ စိတ်ဝိညာဉ်တွေထဲကို အမှန်တရားတစ်ခု ပျံ့နှံ့သွား၏။

"လူသေတယ်... ခန္ဓာကိုယ်က ဒဏ်ရာမရှိဘူး သူ့ဝိညာဉ်ကလည်း ပျက်စီးသွားတယ်..."

လုရွှမ်: "နောက်ထပ် ဘယ်သူရှိ​သေးလဲ"

လုရွှမ်ကို အပြစ်တင်ဖို့ ဘယ်သူမှ မဝံ့ရဲကြချေ။

"အနန္တ ကောင်းကင်ဘုံသခင်... မိတ်ဆွေလေး မင်း တိုက်ခိုက်တာက ရက်စက်လွန်းလှတယ်... အဲဒီလူက ရိုင်းစိုင်းပေမယ့် သေဒဏ် မ​ပေးထိုက်ပါဘူး... လူကို မြှားတစ်စင်းတည်းနဲ့ သေလမ်း မပို့​ပေးသင့်ဘူး... ကောင်းကင်ရဲ့ အလိုကို ထိခိုက်သွားမှာ မကြောက်ဘူးလား"

ထိုအချိန်တွင် နွားနှာခေါင်းလူအို တစ်ဦးသည် သူ့လက်ဖဝါးမှ လွင့်မျောနေသော ဖုန်မှုန့်လက်ကိုင်ကို ကိုင်လျက် မျက်လုံးများကို အနည်းငယ်မှိတ်ထားရာမှ ဆိုသည်။ သူက လုရွှမ်ကိုကြည့်ရင်း ခေါင်းခါယမ်းနေ၏။

လုရွှမ်: "မင်းနဲ့ အပို စကားတွေ မပြောချင်ဘူး... အချိန်လည်း မရှိဘူး... ငါက ဘာလို့ မျက်နှာသာ ပေးနေရမှာလဲ? ငါ့ဥစ္စာကို လိုချင်ရင် မင်း ခွေးဖြစ်ချင်ရင် ငါ့ကို လာတိုက်...အဲဒီလူကို ကယ်တင်ဖို့ မင်း အချိန်မီ ရောက်လာရင်တောင် ငါမင်းကိုပါ ပို့ပေးလိုက်မယ်..."

နွားနှာခေါင်းလူအိုက ဟစ်အော်လိုက်ပြီး မျက်လုံးကို ဖွင့်လိုက်ရာ အတွင်းမှ အလင်းရောင် အနည်းငယ်ကို မြင်လိုက်ရသည်။ ထိုတစ်ခဏ၌ လူအများကို သူဟာ ကောင်းကင်အထိ ထိုးထွင်းသိမြင်နိုင်စွမ်း ရှိကြောင်း ခံစားရစေလေ၏။

သို့သော် တခဏချင်းတွင် အလင်းရောင်များက သူငယ်အိမ်ထဲမှာ ပြန်လည် ဆုံစည်းသွားသည်။

"မိတ်ဆွေလေး မင်းမှားသွားပြီ လမ်းလွဲသွားပြီ...ဒါပေမဲ့ ဒီသခင်က မင်းကို နှိုးပြီး အသိပေးပါ့မယ်... "

"အဲဒီလူကြီးက ဘယ်သူလဲဟ"

"ဘယ်သူက သိမှာလဲ.. ဘယ်ကလာမှန်းတောင် မသိဘူး"

"ဒီမှာ သခင်တွေ အများကြီး ပုန်းနေလိမ့်မယ်လို့ မမျှော်လင့်ထားဘူး..."

နွားနှာခေါင်းလူအိုဟာ သူ့ကျင့်ကြံမှုကို ဖုံးကွယ်ထားပုံရပြီး အသွင်အပြင်နှင့် နယ်ပယ်ကို လုံးဝ မမြင်နိုင်ပေ။ လုရွှမ်ကတော့ ပါရမီရှင်စာရင်းတွင် ပထမအဆင့်မို့ လူတိုင်းက အာရုံစိုက်မိသည်။

လုရွှမ်လက်က လက်ကောက်ဟာ လုံးဝ အသုံးမဝင်တော့ပေမယ့် သူ့ရဲ့ မှော်အစွမ်းကြောင့် သူ့ရဲ့ကျင့်ကြံမှုကို ဖုံးကွယ်ဖို့ လက်ကောက်ကို မသုံး​တော့ဘူးလို့ တွေးခဲ့သည်။

ဒီနွားနှာခေါင်းလူအိုက ဘယ်လိုကျင့်ကြံမှုမျိုး ရှိနေတာလဲ။

လုရွှမ်လည်း စမ်းသပ်​ကြည့်ရန် မြှားတစ်စင်းကို ပစ်လွှတ်လိုက်သည်။

နွားနှာခေါင်းလူအို၏ ခန္ဓာကိုယ်သည် မလှုပ်မယှက် ဖြစ်နေသော်လည်း လူတိုင်းကို ထိတ်လန့်စေသည့်အရာမှာ ၎င်းခန္ဓာကိုယ်ကို မြှားက တိုက်ရိုက် ဖောက်ဝင်သွားခြင်းပင် ဖြစ်သည်။ ၎င်းရဲ့ ခန္ဓာကိုယ်က မရှိနေသလိုပါပဲ။

လုရွှမ်လည်း အနည်းငယ် ထိတ်လန့်သွားသည်။

နွားနှာခေါင်းလူအို ရပ်နေတဲ့ နေရာကို လှမ်းကြည့်သော်လည်း သူ့စိတ်ဝိညာဉ်က ၎င်းကို အာရုံခံစားလိုက်သောအခါ ထိုနေရာတွင် လုံးဝမရှိ​နေခဲ့ပေ။

"ဘာဖြစ်နေတာလဲ မိတ်ဆွေလေး မင်း မခံစားမိဘူးလား"

"တစ္ဆေလို ဟန်ဆောင်နေတာပဲ"

လုရွှမ် တိုးတိုးလေး ဟစ်အော်လိုက်သည်။

သူသည် လေးကို ထပ်မံကွေးလိုက်သော်လည်း ဤတစ်ကြိမ်တွင် သူသည် ကြီးမားသော မြှားတစ်စင်းကို တိုက်ရိုက် ဆွဲထုတ်ကာ ထပ်မံပစ်ပြန်သည်။

နွားနှာခေါင်းလူအိုက ဤကောင်လေးသည် မြှားတစ်စင်းတည်းဖြင့် သူ့လှည့်ကွက်များကို မြင်နိုင်လောက်အောင် ထက်မြတ်နေမယ်လို့ မထင်ထားတာကြောင့် ထိတ်လန့်သွားသည်။ သူ့ခန္ဓာကိုယ်သည် လျင်မြန်စွာ ရွေ့လျားသွားကာ လေပြင်းများအား သူ့ပတ်ဝန်းကျင်၌ တိုက်ခတ်သွားစေရင်း ထိုမြှားတစ်စင်းက ကျော်တက်သွားသည်။

မြှား​တွေက တစ်စင်းပြီးတစ်စင်း အဆက်မပြတ် တိကျစွာ ပစ်ခတ်နေသည်။ မြှားတစ်စင်းစီက သူ့ဦးခေါင်းဆီကို တည့်တည့်ပင် ချိန်ရွယ်ထားတာကြောင့် လူတိုင်း၏အမြင်တွင် သူ၏ ယခင်က လှည့်ကွက်ကြီး ပေါ်လာကာ ယခုတော့ ဟာသတစ်ခုသာ ဖြစ်လာသည်။

လုရွှမ်၏ မြှားများသည် လျင်မြန်လွန်းသဖြင့် သာမန်မျက်စိဖြင့် မမြင်နိုင်ပေ။ ပြိုင်ဘက်ဟာ အကြားအာရုံနဲ့ အမြင်အာရုံကို အားကိုးနေပါက အချိန်နှောင်းသွားပေလိမ့်မည်။

ဟိုဟိုဒီဒီ ကြည့်နေတဲ့ လူတွေအားလုံးမှာ အဲဒီလူကြီးထက် ပိုကောင်းအောင် မရှောင်နိုင်မှန်း သဘောပေါက်လာသည်။ ၎င်းသည် ဘိုးဘေးသားရဲကို နှိမ်နင်းနိုင်သော လက်နက်ဆယ့်ရှစ်မျိုးထဲမှ တစ်ခုဖြစ်ထိုက်သည်မှာ အမှန်ပင်။

ဒါပေမဲ့ လူတိုင်းက အဘိုးအိုကို ​ကြိတ်ရယ်မောပြီး မထီမဲ့မြင်ပြု​နေရတာကို မအောင့်အီးထားနိုင်ပေ။ အမှန်တော့ မိမိကိုယ်တိုင် မဟုတ်သရွေ့လူတိုင်းက မထီမဲ့မြင်ပြုကြလိမ့်မည်။ ထိုအဘိုးကြီးက လုရွှမ်ကို အနိုင်ယူပြီး သူတို့ပိုင်နေပြီလို့ ထင်ထားတဲ့ ရတနာတွေကို လုယူသွားမှာကိုလည်း ကြောက်ရွံ့နေကြသည်။

လုရွှမ်ရဲ့ ခွန်အားက အရမ်းအားကြီးတာကြောင့် တခြားသူတွေမှာ အခွင့်အရေးမရှိသလို သူတို့ကိုယ်တိုင်လည်း အခွင့်အရေး မရှိလာမှာကို ကြောက်ကြပြန်၏။

အမြတ်အစွန်းအတွက် စိတ်ပူကြသလို လူအားလုံးရဲ့ စိတ်နှလုံးက အဆက်မပြတ် ခုန်နေကာ ရှက်ရွံ့စွာ ပူပန်နေလေသည်။ လုရွှမ်သည် နောက်ထပ် မြှားတစ်စင်းကို ပစ်လိုက်သော်လည်း ၎င်းသည် စွမ်းအင်ကြီးမားသောမြှား မဟုတ်တော့ပေ။

နွားနှာခေါင်းလူအိုခမျာလည်း အလွန်အရှက်ရနေပြီ ဖြစ်သည်။

သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ လုရွှမ်ဆီက မြှားများ ထပ်ထွက်မလာချိန်ကို စောင့်ဆိုင်းရန် ဖြစ်သည်။ ယခု​​တော့ သူစောင့်ဆိုင်းနေတဲ့ အချိန်ကို ရောက်လာပြီ။ သူ့နှလုံးသားမှာ ဒေါသတွေသာ ပြည့်နှက်နေ၏။ လူတိုင်းဆီက ကဲ့ရဲ့ လှောင်ပြောင်တာမျိုး ဘယ်တုန်းကမှ မခံရဖူးချေ။

ယခု ထိုလူငယ်သည် နောက်ဆုံးတွင် စွမ်းအင်များ ကုန်သွားပြီမလို့ အံ့ဖွယ်လက်နက်ကို ထပ်သုံးနိုင်တော့မည် မဟုတ်ပေ။ ဒီအချိန်မှာတော့ သူ့နှလုံးသားထဲမှာ အမုန်းတရားတွေသယ ပြည့်နှက်နေပြီး သူအရင်က ခံခဲ့ရဖူးတဲ့ စော်ကားမှုတွေကို ဖယ်ရှားပစ်နိုင်ဖို့ ဒီကလေးကို အပိုင်းပိုင်း ဖြတ်ပစ်ချင်နေ၏။

"ကောင်လေး.... မင်း သေသင့်တယ်!!"

သူသည် ကျားလက်သည်းဖြင့် လုရွှမ်ဆီသို့ တဟုန်ထိုး ပြေးထွက်သွားသည်။ သူ့ခန္ဓာကိုယ်သည် ကြောင်သူတော်လို ပြောင်းလဲသွားကာ လုရွှမ် ပစ်လိုက်သော အင်အားမရှိ မြှားကို တိုက်ရိုက် ထိတွေ့မိလိုက်၏။

လုရွှမ် ခန္ဓာကိုယ်သည် မူလနေရာ၌ပင် မလှုပ်မယှက် ရပ်နေသည်။ လှောင်ပြောင်နေတဲ့ အရိပ်အယောင်များက သူ့ပါးစပ်ထောင့်မှ ဆင်းသက်လာစဥ် နွားနှာခေါင်းလူအိုကြီးလည်း အံ့အားသင့်သွားသည်။

မြှားက သူ့ခန္ဓာကိုယ်ကို ထိသွားတာလား။

'သွားပြီ'

နောက်အခိုက်အတန့်တွင် နေလုံးလို ပူပြင်းသော ပြင်းထန်သော အပူလှိုင်းက သူ့ခန္ဓာကိုယ်မှ ပြင်းထန်စွာ ထွက်ပေါ်လာ​တော့သည်။

All Chapters