← Chapters

လူခွဲထွက်ခြင်း

Vol. 132 Ch. 4.1490

လူခွဲထွက်ခြင်း

Vol. 132 Ch. 4.1490

"ထွက်သွားပြီးရင် လူတိုင်း ဒီသတင်းကို ဖြန့်ကြမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်... အနာဂတ်မှာ ဒီရှားပါးလက်နက် ဆယ့်ရှစ်ခုထဲက တစ်ခုကို ဘယ်သူကပဲ ရရှိနိုင်ပါစေ အဲဒါက အနာဂတ်မှာ ဘိုးဘေးသားရဲကို တံဆိပ်ခတ်ဖို့ လိုအပ်တဲ့ အခြေအနေတစ်ခု ဖြစ်လာမှာပါ..."

လုရွှမ်သည် ဘိုးဘေးသားရဲကို တံဆိပ်ခတ်ထားသော နိယာမစွမ်းအင် လိုင်းများ အကြောင်းတော့ လူတိုင်းကို မပြောတော့ပေ။ ပြောလည်း နားမလည်နိုင်သလို ၎င်းတို့ကို ပြောပြလို့လည်း အသုံးမဝင်ပေ။

“ဘိုးဘေးသားရဲက သူတို့ကို ချိတ်ပိတ်ထားတဲ့မြို့ကနေ ထွက်သွားရင် တခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ကျွေးမွေးဖို့ မလွဲမသွေ ရွေးချယ်လိမ့်မယ်... ဘာကြောင့်လဲတော့ မသိဘူး ဒါက သူတို့ရဲ့ သဘာဝပဲ ဒါကြောင့် ကျွန်​တော်တို့က သူ့ခန္ဓာကိုယ်ကို သတ်စရာ မလိုဘူး...လိုလည်း မလိုအပ်ဘူး ကျွန်​တော်တို့မှာ အင်အားလည်း မရှိဘူး”

"ကျွန်​တော်တို့လုပ်ရမှာက သူ့ကို ထားခဲ့ဖို့ပဲ ဖြစ်ဖြစ် ကျွန်တော်တို့အသက်ကို ထားခဲ့တာဖြစ်ဖြစ်... လူနဲ့ သတ္တဝါတွေ မရှိဘဲ ဘိုးဘေးသားရဲကလည်း သဘာဝအတိုင်း ဒီမှာ ရှိနေဖို့ မလိုအပ်တော့ဘူး... ထွက်သွားလိမ့်မယ်"

နောက်ဆုံးတော့ လူတိုင်းကလည်း ဒီလိုဖြစ်နိုင်တယ် ဆိုတာကို တစ်ယောက်ပြီး တစ်ယောက် သဘောပေါက်သွားကြသည်။ ဒါကြောင့် ဘိုး​ဘေးသားရဲ ၎င်း တိုက်ခိုက်ပြီး မြို့ကို စွန့်ခွာဖို့ ရွေးချယ်တဲ့အခါ လူတိုင်းကလည်း ထွက်သွားဖို့ ရွေးချယ်မှာ သိနေလောက်၏။

“ဒါပေမယ့် အခု ယဇ်ပလ္လင်တွေ အားလုံးကို ဖျက်ဆီးလိုက်ပြီဆိုတော့ ဘယ်ကနေ ဘယ်လို အဝေးကို ပို့ရမလဲဆိုတာ မသိတော့ဘူးလေ..."

ရှန်းရှန်း: "မဖြစ်နိုင်ဘူး၊ မျိုးနွယ်စုက မှတ်တမ်းတင်ထားတဲ့ စာအုပ်တွေထဲမှာ ဖတ်ဖူးတယ်... မြို့တည်တဲ့အခါ အခြေခံကျတဲ့ နိဂုံးချုပ် အချက်တစ်ခုတော့ ချန်ထားတတ်တယ်...အဲဒီမြို့တွေ ပြိုကျပျက်စီးသွားနိုင်တာ သိလို့ ဘိုးဘေးတွေက အဲဒီမြို့ကနေ လွတ်မြောက်နိုင်တဲ့ အကြောင်းရင်းတစ်ခုကို ချန်ထားခဲ့မှာပဲ..."

"မြို့တစ်မြို့ တကယ် ပြိုပျက်သွားတဲ့အခါ အဲ့မြို့က လုံးဝအပျက်အစီး မဖြစ်သွားသေးခင် ပို့ဆောင်ခြင်း အစီအရင် ရှိရတယ်... အခု မြို့လည်း ရှိသေးတယ်ဆိုတော့ အဲ့ယဇ်ပုလ္လင်လည်း ရှိရမယ်"

ရှန်းရှန်းက နတ်နဂါးဖြစ်ကြောင်း လူတိုင်း သိသွားကြပြီမလို့ သူမတို့ မျိုးနွယ်စုက ဖော်ပြထားသော မှတ်တမ်းများသည် သဘာဝအတိုင်း မှန်ကန်ပါသည်။ လူတိုင်းက တုန်လှုပ်ခြောက်ခြားနေကြ၏။ ထွက်လမ်းရှိသေးလျှင် ကောင်းပေလိမ့်မည်။

"မင်းသမီးကို မေးလို့ရမလား... နောက်ဆုံး ပို့ဆောင်ခြင်း ယဇ်ပုလ္လင်ကို ဘယ်လိုရှာရမလဲ"

ထိုမေးခွန်းကို မေးသူမှာ နတ်ခြေလှမ်းနယ်ပယ်က သခင်တစ်ဦး ဖြစ်သည်။ နင်ရွှီ ပြန်ရောက်ပြီးနောက် မင်ဟော်အကြောင်း ပြောပြခဲ့သလို လူတိုင်း လုရွှမ်နဲ့ ရှန်းရှန်းရဲ့ အစွမ်းသတ္တိကို သိရှိသွားကြပြီပဲ ဖြစ်သည်။

သူတို့နှစ်ယောက်ကို နောက်တစ်ကြိမ် ပြန်ရင်ဆိုင်လိုက်တဲ့အခါ လူတိုင်းက စိတ်နှလုံးထဲက နှိမ့်ချမှုတွေကိုသာ ပိုခံစားလာရသည်။

ရှန်းရှန်း သူမခေါင်းကို ခါယမ်းလိုက်သည်။

"ဒါကိုတော့ ကျွန်မလည်း မသေချာပါဘူး... မတူညီတဲ့ မြို့တွေမှာတော့ ပို့ဆောင်ခြင်း ယဇ်ပုလ္လင်ကလည်း မတူဘူး... လုံးဝကို ကွဲပြားတယ် ရှာတွေ့ဖို့ဆိုတာ အခွင့်အလမ်းပေါ်မှာလည်း မူတည်သေးတယ်..."

ဒီလိုပြောပြီးနောက် အားလုံးရဲ့ စိတ်ဓာတ်က မသိစိတ်ထဲက ကျဆင်းသွားပြန်၏။ ဒီစကားကနေဆို သူတို့ လွတ်မြောက်ဖို့ အခွင့်အလမ်း သိပ်မရှိဘူးလို့ ပြောနေတာပဲ မဟုတ်လား။

သူတို့သည် ဘိုးဘေးသားရဲကို တိုက်ခိုက်ရန် မလိုအပ်ဘဲ ထွက်ခွာသွားနိုင်ကြောင်း သိရပြီးနောက် လူတိုင်း အလွန်စိတ်လှုပ်ရှားခဲ့ကြသော်လည်း ယခုတွင် ထွက်ခွာသွားဖို့က အိပ်မက်မျှသာဖြစ်ကြောင်း သိလိုက်ရတာမို့ ဘယ်လောက် စိတ်ပျက်သွားသလဲ မပြောလိုပေ။

လုရွှမ် ရုတ်တရတ် ညည်းညူလိုက်စဥ် လေထုက တုန်ခါသွားကာ အားလုံးလည်း တုန်လှုပ်သွားပြီး လုရွှမ်ဆီ လှည့်လာကြသည်။ လုရွှမ်ဟာ နတ်ခြေလှမ်းနယ်ပယ် အဆင့်၃အထိ ခုန်တက်ခဲ့သော မင်ဟော်ကို အမှန်တကယ် သတ်ခဲ့ကြောင်း သိရပြီးနောက် လူတိုင်း လုရွှမ်ကို အလွန်ကြောက်လန့် သွားကုန်၏။

"အဲဒီယဇ်ပုလ္လင်ကို ကျွန်​တော်တို့ ရှာနေသရွေ့တော့ တွေ့နိုင်မှာပါ...လွယ်လွယ်နဲ့ ရှာတွေ့နိုင်မယ်လို့ ထင်ရင် ဘိုးဘေးသားရဲက အဲဒါကို ရှာတွေ့ပြီးသွား​လောက်ပြီ... ကျွန်တော်တို့မှာ အခွင့်အရေး ရှိသေးမယ်လို့ ထင်လား...."

"ဖြစ်နိုင်တာက အခု ဘိုးဘေးသားရဲရဲ့ ဘယ်လက်က နောက်ဆုံး ယဇ်ပုလ္လင်ကို ရှာနေလောက်တယ်! တကယ်လို့ ကျွန်တော်တို့ သေချင်ရင်တော့ ဒီအတိုင်း ရပ်နေလို့ရတယ်... ဒါပေမဲ့ အသက်ရှင်ချက်ရင်တော့ ကြိုးစားရမယ်...အခုကစပြီး လှုပ်ရှားရမယ် မိမိကိုယ်ကိုကယ်တင်ရမယ်... ပြီးတော့ ကိုယ့်ကိုကယ်တင်ဖို့ တခြားသူတွေကို စောင့်နေရင်တော့ အဲဒါက သေမင်းကို စောင့်နေတာနဲ့ အတူတူပဲ"

နင်ရွှီ: "ဟုတ်တယ်... သခင်လေးလုရွှမ် ပြောတာ မှန်ပါတယ်... အခု ငါတို့ လှုပ်ရှားရမယ် ငါတို့ အသက်ရှင်ချင်ရင် ဘိုးဘေးသားရဲထက် ခြေတစ်လှမ်း စောလှမ်းရမယ်... နောက်ဆုံး ယဇ်ပုလ္လင်ကို ရှာရမယ်"

ပိုင်ရွှမ်ကလည်း ဒီအချိန်မှာ ခေါင်းညိတ်လာသည်။

"မိတ်ဆွေလေး ပြောတာကို ငါသဘောတူတယ်.. ငါတို့ ကိုယ့်ကိုယ်ကိုယ် ကယ်တင်ရမယ် ဒီမှာ လုံခြုံပေမယ့် ငါတို့ ဘယ်လောက်ကြာကြာ ထိန်းထားနိုင်မလဲ မသိဘူး... ဘိုးဘေးသားရဲအတွက် ဒီမြို့ကို ဖြိုခွင်းချင်ရင် အဲ့လောက်မခက်နေဘူး..."

"မြို့ပျက်ပြီးတာနဲ့ ငါတို့ ကြယ်တွေစုံနေတဲ့ ကောင်းကင်ကြီးထဲကို ၀င်သွားလိမ့်မယ် ငါတို့တစ်သက်လုံး ကြယ်တွေရှိနေတဲ့ ကောင်းကင်မှာ လျှောက်လည်နေရလိမ့်မယ်... အဲ့လို ကံကြမ္မာမျိုး ဘယ်သူ လိုချင်လဲ"

ပိုင်ရွှမ်သည် လူစုလူဝေးကြားတွင် ယုံကြည်လက်ခံမှု အချို့ကို ရှိနေဆဲဖြစ်၏။ သူပြောတော့ စိတ်ထဲတွင် ဆဲဆိုနေသည့် ကျင့်ကြံသူ အားလုံးကလည်း ခေါင်းညိမ့်လိုက်ကြသည်။

"ကောင်းပြီ... အဲဒါဆိုရင် ကျွန်တော်တို့ လှုပ်ရှားကြရအောင်... လူခွဲရှာရင် ရှာ​တွေ့ဖို့ အလားအလာ ပိုများပေမယ့် လူတိုင်း ဘေးကင်းဖို့အတွက် လူလေးယောက်လောက်ကိုပဲ အဖွဲ့နည်းနည်းနဲ့ ခွဲဖို့ အကြံပြုချင်ပါတယ်"

လုရွှမ် ပိုင်ရွှမ်ကိုကြည့်ရင်း အကြံပြုလိုက်သည်။

ပိုင်ရွှမ်: "မှန်တယ်.... နည်းလည်းမနည်း များလည်းမများဘူး... ငါ၊ လောင်မော်၊ နတ်သမီးဟယ်နဲ့ သခင်လေးလုရွှမ်က အဖွဲ့ကို ဦးဆောင်မယ်... လူတိုင်း ရွေးချယ်နိုင်တယ်"

လူတိုင်းကလည်း ဒုက္ခရောက်နေတဲ့ ရေထဲမှာ ငါးရှာလို့ မရဘူးဆိုတာ သိသည်။

ပိုင်ရွှမ် အမည်​ခေါ်ထားတဲ့ လူသုံးယောက်စလုံးဟာ အလွန်အစွမ်းထက်ပြီး နာမည်ကြီးသူတွေချည်းပင်။ လုရွှမ်က အဆင့်မ​မြင့်သော်လည်း သူ့တွင် ကောင်းကင်လက်နက် ရှိပြီး ကောင်းကင်ဓားကို အထူးသုံး၍ ဘိုးဘေးသားရဲကို နှိမ်နင်းရန် တစ်ချိန်က အသုံးပြုခဲ့ဖူးသည်။

သူ့အနားတွင် နဂါးမင်းသမီးက အတူရှိသည်။ ကျန်တဲ့ အဖွဲ့ခေါင်းဆောင်၏ ခွန်အားနှင့် ယှဉ်လျှင် လုရွှမ်ဘက်ခြမ်းမှာ အနည်းငယ် အားနည်းသည်။ အချိန်အတော်ကြာ ရွေးချယ်ပြီးနောက် လူလေးယောက်က လူတစ်စုကို ဦးဆောင်သွားခဲ့ကြသည်။

လုရွှမ် ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ သူ့နောက်လိုက်သူဦးရေ အနည်းဆုံးဖြစ်ကာ လူ ၅၀ ကျော်သာရှိသည်။ နင်ရွှီနဲ့ နတ်သမီးတစ်ပါးမှလွဲ၍ ကျန်နတ်​ခြေလှမ်းနယ်ပယ် သုံးဆယ်ကျော်က တခြားလူသုံးယောက်ဘက်မှာ ဖြစ်သည်။

ပိုင်ရွှမ်က အနည်းငယ် ကျေနပ်စွာ ကြည့်နေသော်လည်း ကိုယ့်ကိုကိုယ် နှိမ့်ချသော အပြုံးဖြင့် ပြောလိုက်သေးသည်။

"မင်းတို့အားလုံး ငါ့အ​ပေါ် အသက်ကို အပ်ထားပြီးပြီ အရမ်းလေးလံနေပါပြီ!"

လုရွှမ် ခပ်ဖျော့ဖျော့ ပြုံးပြီး သူတို့ သုံးယောက်ကို လက်ပြလိုက်သည်။

"ကောင်းပြီ လူခွဲဝေပြီးပြီ... သွားကြစို့ အားလုံးပဲ ကျွန်တော်တို့ အရှေ့ဘက်ခြမ်းကို သွားကြမယ်"

လူတစ်စုသည် လုရွှမ်နောက်သို့ လိုက်ကာ အရှေ့အရပ်သို့ ထွက်ခွာသွားကြသည်။

'"အဟမ်း!"

ချောင်းဆိုးသံက လောင်မော်ဆီကပဲ ဖြစ်သည်။

"စိတ်မရှိပါနဲ့ သခင်လေးလုရွှမ်... ကျုပ်က အရှေ့ဘက်ခြမ်းနဲ့ ပိုရင်းနှီးပါတယ်... အရှေ့ခြမ်းက ပိုကြီးတယ် သခင်​လေးရဲ့ လူအင်အားက နည်းနည်းတော့ မလုံလောက်သေးဘူး"

"ဟုတ်တယ်... သခင်လေးလုရွှမ် အနောက်ဘက်ကို သွားရတာ ပိုအဆင်ပြေမယ်"

"ဒါက ဘယ်လိုဖြစ်ရတာလဲ ငါတို့အရင်က အနောက်ကလာတာလေ..."

လုရွှမ် စကားမပြောခင် သူ့အနောက်က မျှော်စင်နယ်ပယ် လူတစ်ယောက်က ထွက်အော်လိုက်သည်။

ထိုစကားများ ထွက်လာသည်နှင့် တပြိုင်နက် လူသုံးယောက်၏ မျက်နှာကို ပါးရိုက်လိုက်သလို ဖြစ်လာ၏။ လူသုံးယောက်၏ မျက်နှာမှာ အနည်းငယ်ပူလာစဥ် နတ်သမီးဟယ်က လှောင်ပြောင်ရယ်မောရင်း ဆိုလာသည်။

"ဘိုးဘေးသားရဲက ဘယ်လမ်းကြောင်းကို ဦးတည်နေပါစေ၊ ငါတို့ ဆုံးဖြတ်လို့ရတဲ့ အရာတစ်ခုတော့ မဟုတ်ဘူး.... ငါတို့သူနဲ့တွေ့ရင် အားလုံးက မြန်မြန်ပြေးကြရုံပဲ... ယဇ်ပုလ္လင်ကို တွေ့ရင် အားလုံး ဆက်သွယ်ကြမယ်...ဘိုးဘေးသားရဲကို တွေ့ရင် တခြားလူတွေက လာကူညီရမယ်... ဒီအချက်ကိုတော့ သခင်လေးလုရွှမ် စိတ်ချထားနိုင်ပါတယ်...."

ဘိုးဘေးသားရဲကိုသာ တွေ့ရင် တခြားအဖွဲ့က အခြားအရပ်မှလာ၍ အကူအညီ လာပေးတာကမှ ထူးဆန်းပေလိမ့်မည်။ ငြင်းခုံချင်သူတွေ ရှိနေတုန်းပဲ ဆိုပေမယ့် လုရွှမ် မှုန်ကုပ်ကုပ်လေး ပြုံးလိုက်သည်။

"ကောင်းပြီ... ငါတို့ အနောက်ဘက်ကို ရွေးလိုက်မယ် နောက်မှ တွေ့ကြတာပေါ့"

All Chapters