တားဆီးထားခြင်း
Vol. 132 Ch. 4.1493
လူတိုင်းရဲ့ မျက်လုံးများ တောက်ပသွားသည်။ ပို့ဆောင်ခြင်း ယဇ်ပုလ္လင်ရဲ့ တည်နေရာကို ရှာတွေ့သွားပြီးမလို့ အသက်ရှင် ကျန်ရစ်နိုင်စေရန် ကြောက်ရွံ့ထိတ်လန့်စွာ ပြေးလွှားနေကြတော့သည်။
"သွားစို့!"
လုရွှမ်လည်း ဒီကောင်တွေက ဘာတွေတွေးနေမှန်း မသိတာ မဟုတ်တာကြောင့် လှည့်အော်လိုက်သည်။
"ကျေးဇူးအများကြီးတင်ပါတယ် သခင်လေး... ဒီကြီးကျယ်တဲ့ ကြင်နာမှုကို ကျုပ် ဘယ်တော့မှ မမေ့ပါဘူး"
နင်ရွှီက အသံတိုးတိုးလေးဖြင့် ညည်းတွားရင်း ဆို၏။ ပြင်းထန်စွာ ဒဏ်ရာရပြီးနောက် ထွက်ပြေးနေရလျှင်ပင် စွန့်ပစ်ခံရမည်ဟု ထင်ခဲ့သည်။ သူ လွတ်မြောက်နိုင်မည် မဟုတ်ပေ။ မထင်မှတ်ဘဲ သူ့ကို လုရွှမ်က ကယ်တင်ခဲ့သည်။
"ကျွန်တော်တို့ အနာဂတ်မှာ ထပ်တွေ့ဖို့ ရည်မှန်းထားတယ်ဆိုရင် ဂရုစိုက်ပါ... ကောင်းကောင်း အသက်ရှင်သွား!"
လုရွှမ် သူ့လက်ကို နင်ရွှီပုခုံးပေါ် တင်လိုက်ပြီး တစ်ဖက်ကလည်း လုရွှမ်ပုခုံးကို ပုတ်လာခဲ့သည်။ သူက ခြေတလှမ်းနဲ့ ပို့ဆောင်ခြင်း ယဇ်ပုလ္လင်ပေါ် လှမ်းခါနီး၌ ရုတ်တရက် လှည့်ပြီး။
“သခင်လေး... မှန်သလားတော့ မသိဘူးပေမယ့် လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဘုရားကျောင်းထဲကို တစ်ယောက်ယောက် ဝင်လာတာကို တွေ့လိုက်ရသေးတယ်... အဲဒီလူပ ထိန်းမနိုင်သိမ်းမရ ဝမ်းသာနေတာ... စဉ်းစားကြည့်ရင် သူက ဘိုးဘေးသားရဲကို ချိတ်ပ်တ်ထားတဲ့ မှော်လက်နက်ကို ကိုင်ဆောင်ထားသူ ဖြစ်ကောင်းဖြစ်နိုင်တယ်... သူ့ပုံစံက ဒီလိုပါ..."
လုရွှမ်လည်း အမှန်တကယ်ပင် မထင်မှတ်ဘဲ အံ့သြသွားခဲ့သည်။ နင်ရွှီ ရေးဆွဲပြလာသော ပုံပန်းသဏ္ဌာန်ကို မှတ်ထားလိုက်သည်။ အနာဂတ်တွင် ဤလူမှတစ်ဆင့် ပျောက်ဆုံးသွားသော လက်နက်အား ရှာဖွေနိုင်လိမ့်မည်။
ဘာလို့ ရင်းနှီးနေသလို ခံစားနေရပါလိမ့်?
ဒါပေမဲ့ လုရွှမ် ခေါင်းခါယမ်းလိုက်သည်။ အခုလောလောဆယ်က ဒီအကြောင်းကို စဉ်းစားရမယ့် အချိန် မဟုတ်သေးချေ။
လုရွှမ်: "မကြာခင်မှာ ပြန်တွေ့ကြတာပေါ့!"
"ငါတို့ ချိန်းထားတဲ့ နေရာမှာ မင်းကို ပြန်တွေ့ချင်ပါတယ်"
နင်ရွှီ ပို့ဆောင်ခြင်း အစီအရင်ထဲ ပြေးဝင်လာပြီး ကျင့်ကြံသူများကလည်း ကျေးဇူးတင်စကားဆိုကာ နောက်ဆုံး လူခုနစ်ယောက်လည်း ရှက်ရွံ့စွာ ပြေးဝင်သွားကြသည်။
လုရွှမ်က တည်ငြိမ်စွာ ကြည့်ကာ ပေါ့ပေါ့ပါးပါးပဲ ပြောလိုက်သည်။
"မြန်မြန် သွားတော့"
လူခုနစ်ဦးလည်း ခေါင်းငုံ့ကာ အရှက်ကွဲသွားခဲ့သည်။
လျန်းဟွားက ဒေါသတကြီး အော်လိုက်ဖြင့်: "ဒီလူတွေက တကယ် အရှက်ကို မရှိကြဘူး"
ရှန်းရှန်း: "အစ်ကိုကြီးလုရွှမ်က ပြောတယ်... လူတွေကြားထဲမှာ အလင်းနဲ့ အမှောင်တွေ ရှိတယ်... လူကြီးလူကောင်းတွေနဲ့ လူဆိုးတွေလည်း ရှိတယ်တဲ့... ညီမတို့က သူတို့ကို လိုက်ဒေါသထွက်နေစရာ မလိုဘူး... သူတို့က တန်ဖိုးမရှိဘူး ညီမတို့ရဲ့ အမြင်က အဝေးကြီးကို ပိုမြင့်သင့်တယ်တဲ့"
လျန်းဟွားလည်း ခေါင်းညိတ်ပြီး ရှိုက်ကြီးတငင် ပြုံးလိုက်သည်။
"ဒီအမှန်တရားကို ငါနားလည်ပါတယ်... ဒါပေမဲ့ ငါဘယ်တော့မှ အဲဒီအဆင့်ကို မရောက်နိုင်မှာပဲ ကြောက်ရတယ်... ငါထွက်သွားတော့မယ် ဒီတစ်ခါ ဂုဏ်အရှိဆုံးက လုရွှမ်နဲ့ ရှန်းရှန်းကို တွေ့နိုင်တာပဲ...ငါ အသက်ရှင်နိုင်ခဲ့မယ်ဆိုရင် နင်တို့ကို သေချာပေါက် လာနှုတ်ဆက်မယ်"
"ဂရုစိုက်ပါ... မမ"
"ငါတို့ ချိန်းထားတဲ့ နေရာမှာ ပြန်တွေ့ကြမယ်"
လျန်းဟွား လုရွှမ်ကို လေးလေးနက်နက် ကြည့်ကာ သူမစိတ်ပျက်မှုကို ဖယ်ရှားကာ လှည့်ထွက်သွားခဲ့သည်။
"အစ်ကိုကြီးလုရွှမ်... မမလျန်းဟွားက အစ်ကို်ကို အရမ်းကြိုက်နေသလိုပဲ"
လုရွှမ် ပြုံးပြီး ဘာမှ မပြောခဲ့ပေ။ သူ့ကို နှစ်သက်ခဲ့တဲ့သူက လျန်းဟွား တစ်ဦးတည်းတော့ မဟုတ်ချေ။ နှစ်ပေါင်းများစွာ ကြာလာတော့ သူဒီအကြည့်တွေကို ကျင့်သားရနေပြီ။
"ကိုကို....ညီမတို့ဘာလို့ မထွက်သွားသေးတာလဲ..."
"ခဏစောင့်... အဲဒီလူတွေ လာလိမ့်မယ် တချို့လူတွေက ရွံရှာဖွယ်ကောင်းပေမယ့် ကယ်တင်ရမယ့်သူတွေ အများကြီး ရှိသေးတယ်"
ရှန်းရှန်းကလည်း ခေါင်းညိတ်ပြသည်။
"တချို့ခေါင်းဆောင်တွေက အရမ်းဆိုးတယ်လို့ အဖေပြောဖူးတယ်... ဒါပေမဲ့ အောက်ခြေမှာတော့ လူကောင်းတွေ အများကြီး ရှိတယ်တဲ့... သူတို့က သစ္စာရှိမှုကြောင့် အနိုင်ကျင့်ခံရတယ် ကမ္ဘာကြီးကို ကူညီချင်တဲ့ နှလုံးသားရှိတယ်... အဲဒီလူတွေကသာ တကယ်ကယ်တင်ဖို့ လိုအပ်တဲ့သူတွေပဲ"
"မင်းအဖေက နဂါးကြီးပဲ... နောင်တစ်ချိန် အခွင့်အရေးရရင် ငါလည်း ဦးလေးဆီ သွားလည်ရမယ်"
"ဒါပေါ့!"
ရှန်းရှန်း သွားဖြူကလေးတွေ ပေါ်တဲ့အထိ ပြုံးလိုက်သည်။ လုရွှန်ကို သူ့မိဘတွေ ညီအကိုမောင်နှမတွေနဲ့ မိတ်ဆက်ပေးဖို့ အရမ်းမျှော်လင့်ခဲ့တာ ဖြစ်သည်။
ပြင်းထန်ပြီး ကြောက်စရာကောင်းတဲ့ ရောင်ဝါက ကျယ်လောင်လာခဲ့၏။ တခဏအတွင်းမှာပဲ ကောင်းကင်နဲ့ မြေကြီးက အရောင်ပြောင်းသွားပြီး အရာအားလုံး မှောင်မည်းသွားခဲ့သည်။ ထိုအခိုက် ပို့ဆောင်ခြင်းအစီအရင်ပေါ် လက်ဖဝါးတစ်ချက် ဝေ့ယမ်းလာသည်။
လုရွှမ်ချက်ချင်း နေဖြိုခွင်းနတ်လေးကို ဆွဲထုတ်ကာ လေးကိုကွေးပြီး မြှားတစ်စင်း ပစ်လွှတ်လိုက်သည်။ ပေါက်ကွဲသံနှင့်အတူ လက်မောင်းဟာ ပြင်းထန်သော အသံနှင့်အတူ အပိုင်းပိုင်းကွဲကာ ပျောက်ကွယ်သွားခဲ့သည်။
"ဒီဘက်ကို မြန်မြန်လာစမ်း!"
လုရွှမ် ဒေါသတကြီး ကျိန်ဆဲလိုက်သည်။
အဲဒီလူအုပ်စု လာနေတာကို မြင်နေရပေမယ့် မပြေးလာရဲကြဘဲ အန္တရာယ်ဘေးမှာသာ ပုန်းနေကြလေသည်။ လက်ပြတ်သွားပြီးနောက် လူတစ်စုသည် ၎င်းတို့၏ လှုပ်ရှားမှုများ အနည်းငယ် နှေးကွေးသွားလျှင် သေသွားရမှာကို စိုးရိမ်သဖြင့် အရူးအမူး ပြေးသွားကြသည်။
လုရွှမ်ရဲ့လက်ထဲက နေဖြိုခွင်းနတ်လေးကလည်းထဲက မြှားတွေဟာ လေချွန်သံနဲ့အတူ ပျံထွက်လာနေသည်။ မြှားများမှ ဖြာထွက်သော စွမ်းအားသည် အနှိုင်းမဲ့ ထွန်းတောက်လျက် ရှိကာ ကောင်းကင်နှင့် မြေကြီးကြားရှိ အရှိန်အဟုန်ကို ပိုမိုတောက်ပစေသည်။
အလျင်စလို အပြေးနိုင်ဆုံး ပထမဆုံးသူကတော့ ပိုင်ရွှမ်ဖြစ်ပြီး ပို့ဆောင်ခြင်းအစီအရင် အနားကို အရင်ရောက်လာ၏။ လုရွှမ် လက်ဖဝါးတစ်ဖက်ကို ဝေ့ယမ်း၍ တိမ်လွှာတစ်ခု ဖန်တီးကာ ၎င်းကို တားဆီးလိုက်သည်။
လုရွှမ်က ဘာကိုဆိုလိုတာလဲ။
"ပိုင်ရွှမ် ခင်ဗျား အရင်ထွက်သွားဖို့ သင့်တော်တယ်လို့ ထင်လား? ဘိုးဘွားသားရဲကို ခဏလောက် စောင့်နေလိုက်ပါဦးလား.... "
အကြီးအကဲ ဆိုတဲ့ စကားလုံးကိုတောင် မပြောတော့ဘဲ လုရွှမ် ကြောင်သူတော်ဆိုတဲ့ စကားလုံးကိုသာ သုံးလိုက်ချင်သည်။
အားလုံး တစ်ပြိုင်တည်း သက်ပြင်း ပြိုင်ချလိုက်မိသည်။ အစကတော့ လုရွှမ် သူတို့ကို မထွက်ခွာစေချင်ဘူးလို့ ထင်နေခဲ့တာ ဖြစ်သည်။ အားလုံးရဲ့ မျက်လုံးများက ပိုင်ရွှမ်ရဲ့ မျက်နှာကို စူးစူးစိုက်စိုက် ကြည့်နေကြပြီး အဖြေကို စောင့်နေကြသည်။
တကယ်တော့ ပိုင်ရွှမ်ဟာ ဒီလူအုပ်ကြားထဲမှာ အသန်မာဆုံးလူ ဖြစ်ပြီး အရင် ထွက်သွားလိုက်ရင် ဘာကို ဆိုလိုသွားမလဲ။
ပိုင်ရွှမ်ရဲ့ အမူအရာကလည်း ဖြူတစ်လှည့် မည်းတစ်လှည့် ဖြစ်နေသည်။ ထို့နောက် ၎င်းက ရယ်မောပြီး။
"သခင်လေး ပြောတာမှန်တယ်... ငါ နည်းနည်း စိတ်လှုပ်ရှားသွားလို့ပါ... အားလုံးက အရင်ထွက်သွားကြပါ... ငါတို့ နောက်မှာ ရှိနေပေးမယ်"
ပိုင်ရွှမ်သည် မျှော်စင်နယ်ပယ်က လူတွေကို အရင်ထွက်သွားဖို့ လမ်းဖွင့်ပေးလိုက်သည်။
"ကျေးဇူးအများကြီး တင်ပါတယ်... သခင်လေးရဲ့ ဖြောင့်မတ်မှုကို ကျွန်တော်တို့ ဘယ်တော့မှ မမေ့ပါဘူး..."
ထိုလူတွေက ထွက်မသွားခင် နှုတ်ဆက်သွားကြသေးသည်။ လုရွှမ် ခေါင်းညိတ်ပြလိုက်ပြီး ဘိုးဘေးသားရဲရဲ့ လက်မောင်းကို ဟန့်တားထားဖို့အတွက် နောက်ထပ်မြှားတစ်ခုကို ပစ်လွှတ်လိုက်၏။
ဝူး!
ဘိုးဘေးသားရဲဆီက အသံနက်ကြီး ထွက်ပေါ်လာကာ ၎င်း၏ ခန္ဓာကိုယ်ကြီး ပေါ်ထွက်လာ၏။ လုရွှမ်အမြင်တွင် အရင်က မြင်ခဲ့ရသည့်အရာနှင့် ကွာခြားမှု မရှိပါ။ တစ်ခုတည်းသော ခြားနားချက်မှာ ယခင်က အတောက်ပဆုံး အပိုင်းက နှလုံးရဲ့ တည်နေရာ ဖြစ်ပြီး ယခုဘိုးဘေးသားရဲ၏ တောက်ပသော အစိတ်အပိုင်းမှာ လက်ဝဲလက် ဖြစ်သည်။
ဘယ်ဘက်လက်သည် ပိုမိုကြီးမားလာတာနဲ့ ၎င်းရဲ့ စွမ်းအားကလည်း ပိုမိုအားကောင်းလာတာကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။
"ကောင်လေး... မင်းတကယ်ပဲ နေဖြိုခွင်း ကောင်းကင်လေးကို ကိုင်ထားတာပဲ...ဟမ့် မင်းထွက်သွားဖို့ စဥ်းစားမနေနဲ့တော့"
ဘိုးဘေးသားရဲက ပါးစပ်ကိုဖွင့်ပြီး သူ့လက်ဖဝါးကို ဖွင့်ကာ ပြင်းပြင်းထန်ထန် စုပ်ယူလိုက်သည်။ ၎င်းရဲ့ စုပ်ယူအားက ပို့ဆောင်ခြင်းအစီအရင်ဆီ ပြေးလွှားနေဆဲ လူတွေကို ထိသွားသည်။ ထိုလူတွေမှာ တည်ငြိမ်အောင် မထိန်းနိုင်ဘဲ ဘိုးဘေးသားရဲဆီသို့ လွင့်မျောသွားကြသည်။
"ကူညီ.....ကူညီကြပါ!"
"အကြီးအကဲလောင်မော်...ကယ်ပါဦး"
"နတ်သမီးဟယ်!"
"သခင်လေးလုရွှမ် ကူညီပါဦး!"
စိတ်ပျက်အားငယ်စွာ အော်သံများက စိတ်မချမ်းမြေ့စရာကြီးပင်။ ပိုင်ရွှမ်၊ လောင်မော်နဲ့ နတ်သမီးကြီးဟယ်တို့၏ အမူအရာများကလည်း မကောင်းကြချေ။ မိမိတို့လုံခြုံမှုကို ထိန်းသိမ်းရန် အပြင်းအထန် ကြိုးစားနေကြသောကြောင့် ထိုလူများကို ကယ်တင်ရန် ခွန်အားမရှိပေ။
လုရွှမ်က သူတို့ကို ပိတ်ဆို့ထားလို့သာ မဟုတ်ရင် တံခါးပေါက်ထဲကို ပြေးဝင်ပြီး ထွက်သွားမိလိမ့်မယ်။
လုရွှမ် မြှားတစ်စင်းကို ထပ်မံ ပစ်ခတ်ခဲ့သော်လည်း ယခင်ကနှင့် နှိုင်းယှဉ်ပါက ယခုတစ်ကြိမ် စွမ်းအားမှာ အလွန်သေးငယ်သွားပြီ။ လူတွေအများကြီး ဘိုးဘေးသားရဲ၏ လက်ဖဝါးထဲ အဖမ်းခံလိုက်ရကာ ပါးစပ်ကြီးထဲ မျိုချခံလိုက်ရသည်။
"သခင်လေးလုရွှမ်... ငါတို့ သူ့ကို တားလို့မရဘူး ဘယ်သူ့ကိုမှလည်း မကယ်တင်လို့ မရဘူး... သွားကြရအောင်!"
နတ်သမီးဟယ်က လုရွှမ်ကို စိုက်ကြည့်ရင်း ဘိုးဘေးသားရဲ၏ လက်ဖဝါးကို ဓားစောင်းနဲ့ ခုတ်ဖြတ်လိုက်သည်။
လောင်မော်ကလည်း ထိတ်လန့်နေသည်။ သူသည် နတ်သမီးဟယ် ရှေ့တွင် ရပ်နေကာ စကားမပြောဘဲ လုရွှမ်ကို ကြည့်နေလေသည်။ လူသုံးဦးသည် ပို့ဆောင်ခြင်းအစီအရင်၏ ပထမအဆင့်တွင် ရပ်ကာ အခြားလူများကို ချက်ချင်း ပိတ်ဆို့ခဲ့သည်။
လုရွှမ် တခစ်ခစ်ရယ်ရင်း : "တခြားသူတွေ ထွက်သွားတာက ဘာပြဿနာမှ မရှိဘူး၊ မင်းတို့ကတော့ တကယ် ထွက်သွားလို့ မရဘူး"