ရှောက်ယန်
Vol. 132 Ch. 4.1496
လုရွှမ် စကားကိုကြားတော့မှ ထိုသခင်လေးက သက်ပြင်းတစ်ချက်ချရင်း ပြုံးလိုက်သည်။
“ဒါဆိုရင်တော့ အကောင်းဆုံးပါပဲ...ရောက်လာတဲ့ ကျင့်ကြံသူ တော်တော်များများက သူတို့မြို့ရဲ့ ဆိုးရွားလှတဲ့ အခြေအနေအကြောင်း ပြောနေတာကို နားထောင်ရတာနဲ့တင် တကယ်ကို ထိတ်လန့်သွားတာ...အဟဲ ငါတို့ရဲ့ မြို့သုံးဆယ့်ရှစ်မြို့ ပြိုပျက်တော့မှာ...ကျွန်တော် ရှောက်ယန်က သုံးဆယ့်ရှစ်မြို့လုံးရဲ့ ကိုယ်စား ခင်ဗျားတို့နှစ်ယောက်ကို အဆုံးမရှိတဲ့ အရိုအသေ ပေးချင်ပါတယ်"
"အလေးအနက် အရိုအသေ ပေးတာကို မခံယူဝံ့ပါဘူး ...ဒါက လုပ်သင့်တာပါ"
"ကောင်းပြီ.. အားလုံးလူစုခွဲကြ အဆင်ပြေသွားပြီ"
ရှောက်ယန်က ကျန်တဲ့လူတွေကို လက်ပြနှုတ်ဆက်ကာ လူစုခွဲရန် တောင်းဆိုခဲ့သည်။
“ဖြစ်နိုင်ရင် ကျွန်တော်တို့ သုံးဆယ့်ရှစ်မြို့က မိသားစုအားလုံးက ခင်ဗျားတို့နှစ်ယောက်ကို ဘိုးဘေးသားရဲရဲ့ ခြိမ်းခြောက်မှုနဲ့ ဇာတ်လမ်းတစ်ခုလုံးကို ပြောပြဖို့ ဖိတ်ခေါ်ချင်ပါတယ်... ကျွန်တော်တို့မှာ အဖိုးတန်လက်ဆောင်တွေလည်း ပြင်ထားတယ်...သခင်လေးတို့ မငြင်းဖို့ မျှော်လင့်မိတယ်..."
သူ့လက်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်ရာ လှပသော နတ်သမီးနှစ်ယောက်က ပျံသန်းလာကာ သိုလှောင်လက်စွပ် နှစ်ကွင်းကို လေးစားစွာပြသလာသည်။ ဒါ့အပြင် လက်ဆောင်စာရင်းပါရှိသည့် ကျောက်စိမ်းပြား ၂ခုကလည်း လက်စွပ်ဘေးတွင် ကပ်လျက် ပါလာသည်။
ရှန်းရှန်း လုရွှမ်ကိုသာ စူးစူးစိုက်စိုက် ကြည့်ရင်း ဒါက ဘာကိုဆိုလိုတာလဲလို့ တွေးမိသည်။
လုရွှမ်က ရယ်လိုက်ပြီး သူ့စိတ်ဝိညာဉ် စွမ်းအားဖြင့် ကျောက်စိမ်းပြားကို ဖုံးလွှမ်းလိုက်ကာ အတွင်းထဲမှာ ဘာတွေပါလဲဆိုတာကို ရှင်းရှင်းလင်းလင်း ကြည့်လိုက်သည်။ ဒါဟာ တကယ်ကို အဖိုးတန်တာကြောင့် သူ့ကိုတောင် အနည်းငယ် စိတ်လှုပ်ရှားစေခဲ့၏။
သို့သော် ဒီရတနာတွေကို စိတ်ဆန္ဒအတိုင်း ယူလိုက်လို့ ဘယ်ဖြစ်ပါ့မလဲ။
ပါရမီရှင်စာရင်းတွင် ပထမအဆင့်၊ နဂါးမင်းသမီးအဖြစ် ရှန်းရှန်း၏ အမှတ်အသားမှာ လူတိုင်း၏ အမြင်တွင် အလွန်ထူးခြားသော အောင်မြင်မှုတစ်ခု ဖြစ်သည်။ သူတို့ကို သူများတွေက လေးလေးစားစား ဆက်ဆံလိမ့်မယ်လို့ တွေးလိုက်ရုံနဲ့တော့ အဲဒါက အိပ်မက်တစ်ခုပါပဲ။
သခင်တိုင်းသည် သခင်တိုင်း၏ ဂုဏ်သိက္ခာရှိကြသည်။
သူတို့ရဲ့ နယ်ပယ်က တကယ်ကို နိမ့်ကျလွန်းသေးသည်။ ငယ်ငယ်ရွယ်ရွယ်နဲ့ မြင့်မားတဲ့ ခွန်အားကလည်း မရှိသေးချေ။ သူတို့ရဲ့ စွမ်းပကားက ၎င်းတို့နဲ့ မညီမျှဘူးလို့ တခြားသူတွေရဲ့စိတ်ထဲမှာ ခံယူထားကြမှာ အသေအချာပင်။
သူများတွေဆီက နှိမ့်ချခံရတဲ့အခါ မခံချင်စိတ်က သဘာဝအတိုင်း ပေါ်လာတတ်ပြီး အလုပ်တွေလုပ်တဲ့အခါ မရိုးသားတဲ့ စိတ်ကလည်း သဘာဝအတိုင်း ဖြစ်ပေါ်လာလိမ့်မည်။
ထို့ကြောင့် နယ်ပယ်နိမ့်သော လူနှစ်ဦးကို ကြည့်လျှင် ၎င်းတို့သည် နေဖြိုခွင်းနတ်လေးနှင့် ထာဝရအသက်ဓားကို ရရှိထားပြီ။ ဤရှားပါးလက်နက်နှစ်ခုက ယခင်က ထွက်ပြေးသွားသူများ၏ ပါးစပ်ဖျားတွင် အလွန်ချဲ့ကားထားမှာ သိသာသည်။ မတပ်မက်သူ မရှိနိုင်။
အကယ်၍ ဘိုးဘေးသားရဲက ဤမြို့ကို အန္တရာယ်ပြုလာမှာကိုသာ မကြောက်ရွံ့နေကြပါက လူများစွာဟာ ဘိုးဘေးသားရဲ အစိတ်အပိုင်းရှိတဲ့ ထိုမြို့ကို ရှာဖွေချင်ကြလိမ့်မည်။ လုရွှမ်ကတော့ တစ်ယောက်ယောက်က အဲဒီလို လုပ်ဆောင်ပြီးပြီ ဆိုတာ ခန့်မှန်းမိထားပြီးသား ဖြစ်သည်။
ဒါပေမဲ့ ဘယ်ဟာက ပိုလွယ်လဲ။ မသေချာတဲ့ အံ့အားသင့်စရာ လက်နက်လား ဒါမှမဟုတ် အတည်ပြုထားတဲ့ အံ့သြဖွယ်လက်နက် နှစ်ခုက လုယူဖို့လား။
ဖြစ်နိုင်သည်မှာ အစတွင် သူတို့သည် အံ့ဖွယ်လက်နက်များကို ရိုးရိုးရှင်းရှင်း မြင်ချင်ကြရုံသာ။ ထို့နောက်တွင် စိတ်လှုပ်ရှားပြီး စိတ်မြန်သော အရာများကို လုပ်မိတာကနေ နောက်ပိုင်းတွင် ၎င်းတို့ကိုယ်တိုင် မယုံနိုင်စရာများကို ဖြစ်ပေါ်စေခဲ့နိုင်သည်။
လုရွှမ် ဒီလိုကိစ္စမျိုးကို အကြိမ်များစွာ ကြုံတွေ့ခဲ့ရပြီးပြီ။ အနည်းငယ်မျှသော ပြဿနာတစ်ခု ဖြစ်သော်လည်း တဖြည်းဖြည်းနှင့် သူ့ကိုယ်သူ ကာကွယ်ရန်၊ ပစ္စုပ္ပန်ကို အောင်နိုင်စေရန်အတွက် မှန်းဆမရနိုင်သော ဘေးအန္တရာယ်တစ်ခု ဖြစ်လာခဲ့သည်။
သူသည် သေခြင်းတရားကို ရှာဖွေနေခဲ့မိသော်လည်း ဆက်ပြေးရန်မှတစ်ပါး ရွေးချယ်စရာ မရှိတော့ပေ။
ယခုတော့ လုရွှမ်နဲ့ ရှန်းရှန်းက ဤလမ်းဆုံ၏ အဝင်ပေါက်သို့ ရောက်လာခဲ့ကြပြီ။ ဒါကြောင့် လုရွှမ်က ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ဖြေ၏။
"မလိုပါဘူး... ငါတို့မှာ တခြားလုပ်စရာတွေ ရှိသေးတယ် ဒီကိစ္စက လူသားမျိုးနွယ်၊ သားရဲတွေ၊ မိစ္ဆာသားရဲတွေ၊ နဂါးမျိုးနွယ်တွေကိုတောင် အန္တရာယ်ဖြစ်စေမှာ... မင်းရဲ့ဆန္ဒကို ငါတို့လက်ခံတယ် ဒါပေမဲ့ ငါတို့ထွက်သွားရမယ်"
ရှောက်ယန် မျက်နှာက အေးခဲသွားသည်။ လုရွှမ်က ဒီလိုမျက်နှာသာ ပေးတာကို ငြိမ်းလိမ့်မယ်လို့ သူ မမျှော်လင့်ခဲ့ပေ။ တိုက်ရမလား ဆိုတော့ မဝံ့ရဲချေ။ သူသည် မျှော်စင်နယ်ပယ် အဆင့်၈ အင်အားရှိနေပြီ ဖြစ်သော်လည်း လုရွှမ်သည် နတ်ခြေလှမ်းနယ်ပယ်က သခင်များကိုပင် သတ်ခဲ့ကြောင်း ကောလဟာလများ ထွက်ပေါ်နေသည်။
သူ့စိတ်ထဲတွင် မယုံချင်သေးသော်လည်း လုရွှမ်ရဲ့ ဒေါသကို စမ်းသပ်ရန် သူ့ကိုယ်ခန္ဓာခွန်အားကို မသုံးချင်သေးပါ။
လူနှစ်ယောက်၏ လက္ခဏာများသည် အလွန်ထူးခြားသည်။ တစ်ယောက်က လူသားမျိုးနွယ်၏ အရည်အချင်းရှိသူ စာရင်းတွင် နံပါတ်တစ်ဖြစ်ပြီး ကျန်တစ်ဦးမှာ နတ်နဂါးမျိုးနွယ်၏ မင်းသမီးဖြစ်သည်။
"ဒါပေမဲ့ ကျွန်တော်က ကျင့်ဝတ်တွေ သိပ်မစဉ်းစားတတ်ဘူး... လက်ဆောင်တွေက မလုံလောက်လို့များလား မသိဘူး?"
ရှောက်ယန်က မိသားစုရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး အစွမ်းကုန်ကြိုးစားဖို့ ထပ်ခါတလဲလဲ ပြောနေသည်။
တကယ်မလုပ်နိုင်ရင် သူငယ်ချင်း မဖြစ်ရင်တောင်မှ တခြားသူတွေကို မစော်ကားမိဖို့နဲ့ ရန်သူမဖြစ်ရဘူး ဆိုတဲ့ ဆောင်ပုဒ်ကိုတော့ သိသေးသည်။
လုရွှမ် ခေါင်းခါနေတုန်းပါပဲ။
"ရှောက်ယန် ငါတို့အဓိက မိသားစုတွေရဲ့ ဆန္ဒကို လက်ခံပါတယ်... ဒါပေမဲ့ နောက်ထပ် အရေးကြီးတဲ့ အချက်တွေ ရှိသေးတယ် ငါတို့ နဂါးကျွန်းကို သွားရမှာမို့လို့ ဒီတစ်ခါတော့ တောင်းပန်ပါတယ်... နောက်မှ သေရည်သုံးခွက်နဲ့ အပြစ်ပေးခံပါ့မယ်"
ရှောက်ယန်: "မလုပ်ရဲဘူးဗျာ... သခင်လေးနဲ့ မင်းသမီးလေးက လုပ်စရာရှိလို့ နှုတ်ဆက်လိုက်ကြရအောင်... ဒါပေမဲ့ ဒီလက်ဆောင်တွေကိုတော့ လက်ခံပေးပါ... ကျွန်တော်တို့မြို့ကို ကယ်တင်ခဲ့တဲ့ ဒီကနှစ်ယောက်ကို ကျေးဇူးတင်တဲ့ သင်္ကေတလေးတစ်ခုလို့ သတ်မှတ်ပေးပေါ့..."
လုရွှမ် လက်မခံမချင်း လွှတ်မပေးချင်သလိုပဲ ရှောက်ယန်က အထပ်ထပ် ပြုံးပြနေခဲ့သည်။
နောက်ဆုံးတော့ ဒါက လက်ဆောင်တစ်ခုပဲ ဖြစ်ပြီး ရုန်းထွက်ဖို့လည်း မလွယ်ပေ။ ရှောက်ယန်ရဲ့ ရည်ရွယ်ချက်ကို သုံးကြိမ်တိုင်တိုင် ငြင်းဆိုပြီးနောက် လုရွှမ် ပြုံးလိုက်သည်။
"ကောင်းပြီ.... မင်းတို့ရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်... ဒါကို နှလုံးသားထဲမှာ သိမ်းထားပါ့မယ်... တစ်နေ့ပြန်ဆုံရင် အတူတူ သောက်ကြတာပေါ့"
ရှောက်ယန်လည်း ပြုံးလိုက်၏။ လုရွှမ် ယခင်ပြောခဲ့သော စကားများသည် ပေါ့ပေါ့ပါးပါးပဲ ဆိုပေမယ့် အလေးအနက်ထား ယုံမိလျှင် သူသည် ငတုံးတစ်ယောက်သာ ဖြစ်သွားလိမ့်မည်။
ဒါပေမဲ့ လုရွှမ်ရဲ့ အခုစကားက အတူတူ သောက်ကြမယ်လို့ ပြောတဲ့အတွက် အခုမှပဲ သူငယ်ချင်းအဖြစ် ဆက်ဆံခံရတယ်ဆိုတာ သဘောပေါက်သွားစေသည်။ အရည်အချင်းအမြင့်မားဆုံး စာရင်းဝင် လုရွှမ်နဲ့ သူငယ်ချင်းဖြစ်ရတာ ဂုဏ်ယူစရာ ဖြစ်နေပါပြီ။
ရှောက်ယန်: "ကောင်းပြီ... အနာဂတ်မှာ မင်းတွေ့ချင်တယ်ဆို သေချာပေါက် သေရည်ကောင်းကောင်း ပြင်ဆင်ပြီး သခင်လေးလုရွှမ်နဲ့ စကားကောင်းကောင်း ပြောဖြစ်မှာ သေချာပါတယ်... အခုတော့ သခင်လေးနဲ့ မင်းသမီးကို ကျွန်တော် မနှောင့်ယှက်တော့ပါဘူး... တစ်နေ့ကျရင် ပြန်တွေ့ကြတာပေါ့..."
လုရွှမ် ခေါင်းညိတ်ပြပြီး သိုလှောင်လက်စွပ်တစ်ကွင်းကို သိမ်းလိုက်သည်။ ရှန်းရှန်းကို အချက်ပြကာ ပို့ဆောင်ခြင်းအစီအရင်နဲ့ နောက်တစ်ကြိမ် အဝေးကို ထွက်လာခဲ့လေ၏။
"သခင်ငယ်... အဲဒီသိုလှောင်လက်စွပ် နှစ်ကွင်းထဲကဟာတွေက အရမ်းတန်ဖိုးကြီးတယ်။ အိမ်တော်သခင်က သခင်လေးလုရွှမ်နဲ့ မင်းသမီး ရှန်းရှန်းကို ဖိတ်ပြီးမှ လက်ဆောင်တွေ ပေးခိုင်းတာ မဟုတ်ဘူးလား...ဒီလိုလုပ်ရင် အပြစ်ပေးခံရမလား မသိဘူးနော်..."
ရှောက်ယန်က စိတ်ရှည်ရှည်နဲ့ ပြုံးပြီး။
"အိမ်တော်သခင် ဘယ်သူနဲ့ ရင်ဆိုင်နေရမှန်း မသိသေးပါဘူး... ပါရမီရှင် အရည်အချင်းစာရင်းမှာ နံပါတ်တစ်ဖြစ်တဲ့သူက တကယ့်ကို ထူးထူးခြားခြားပဲ... သူနဲ့ လူချင်းတွေ့မှ သူ့ကိုယ်ပေါ်က အငွေ့အသက်ကို ခံစားနိုင်မှာ....လက်ဆောင်က အလကားပဲ... ဒီလိုလူနဲ့ မိတ်ဆွေဖွဲ့နိုင်တာကမှ ကောင်းတဲ့ ကိစ္စ.... သွားရအောင်... ငါတို့လည်း ပြန်ကြမယ်!"
"ဟုတ်ကဲ့ပါ... သခင်ငယ်"