မင်း ဘယ်တော့ တိုက်ခိုက်မလဲ
Vol. 012 Ch. 1102
မရေမတွက်နိုင်သော လူများက စင်မြင့်ပေါ်မှ တိုက်ပွဲကို စိတ်ဝင်တစား ကြည့်နေကြရာ ပုံမှန်အားဖြင့် တိတ်ဆိတ် နေပေသည်။
"တကယ်ကို ပြင်းထန်တဲ့ တိုက်ကွက်ပဲ" လူအများအပြားက မှတ်ချက်ချကြသည်။ တိုက်ပွဲများသည် ကြာလာသည်နှင့်အမျှ ပိုမို ကြည့်ကောင်းလာကာ လက်ကျန် တန်ခိုးရှင်များ အားလုံးသည် အလွန်တရာ စွမ်းအားမြင့်ကြပေသည်။
ယခု စင်မြင့်ထက်တွင် တန်ခိုးရှင် တစ်ဦးသည် လက်ဝါးသိုင်းကို အသုံးပြုကာ ရန်သူအား အပြတ်အသတ် နိုင်ယူခဲ့သည်။ တစ်ဖက်လူကား သူ့ထံတွင် ကြာကြာပင် ခုခံနိုင်စွမ်း မရှိခဲ့ပေ။
"၁၈ပွဲဆက်တိုက် အနိုင်ရတာပဲ"
လူအများအပြားက သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ မှတ်ချက် ချကြသည်။
ရွှေရောင်ဝတ်စုံအား ခန့်ညားစွာ ဝတ်ဆင်ထားသော လူငယ်တစ်ဦးအား စင်မြင့်ထက်တွင် မြင်တွေ့ရသည်။
၁၈ ပွဲဆက်တိုက် အနိုင်ရခြင်း ...။ လူငယ်ကား တစ်ပွဲပြီးတစ်ပွဲ မနားဘဲ တိုက်ခိုက်ခဲ့ကာ ယခုဆိုလျှင် ၁၈ ပွဲဆက်တိုက် အနိုင်ရခဲ့ပြီဖြစ်သည်။
ထို့အပြင် အထက်ဘုံမှ အင်အားစုအချို့မှာ သူ့အား စတင် ဖိတ်ခေါ်နေကြပြီလည်း ဖြစ်၏။
သူကား ရှင်းချင်ဒေသမှ ချင်ထန်ဖြစ်သည်။
နောက်ဆုံးတွင် ချင်ထန်က စင်မြင့်ပေါ်မှ ဆင်းသွားကာ ရှင်းချင်ဒေသ အုပ်စုထဲသို့ ပြန်ရောက်သွားသည်။ လူအများအပြားမှာလည်း စိတ်အေး လက်အေး ဖြစ်သွားကြ၏။ လူအများအပြားမှာ သူ့အား အနိုင်ရရန် ယုံကြည်ချက် မရှိကြပေ။
အံ့အားသင့်စရာ မရှိအောင်ပင် ချင်ထန်သည် တာလီအောက်ဘုံ၌ ရှန့်ထိုအဆင့် အောက်တွင် အားအကောင်းဆုံး ဖြစ်ပေသည်။
"အရမ်းကောင်းတယ် ..." ဘုရင်ခံလီက ချီးကျူးသည်။ လူအများအပြားကလည်း ခေါင်းညိတ် ထောက်ခံကြ၏။ ချင်ထန်ကား အမှန်တကယ် အားကောင်းကာ ရှန့်ထိုဖြစ်ရန် ပါရမီရှိသူဖြစ်သည်။ သူ၏လက်ဝါး သိုင်းသည်လည်း အလွန်တရာ အားကောင်းကာ ယှဉ်နိုင်သူ မရှိပေ။
+
သူ၏ ၁၈ ပွဲဆက် အနိုင်ရလဒ်က လူအုပ်ကြီးအား တိတ်ဆိတ် စေသည်။
"မင်း ဘယ်လိုထင်လဲ" လေရိုင်းရှန့်ထိုဓားက ရီဖူရှင်းအား အတန်ကြာ စကားမပြောဘဲ နေရာမှ ရုတ်တရက် မေးသည်။
ရီဖူရှင်းသည် မဟာလမ်းစဉ်နှင့် ထိတွေးထားပြီးသောသူ ဖြစ်ကြောင်း သူသိသည်။ နောက်ဆုံးတွင် သူနှင့်ထိုက်တန်သော ပြိုင်ဘက်တစ်ယောက် တွေ့ပြီ မဟုတ်ပေဘူးလား ...။
"သူ အဆင်ပြေတယ်" ရီဖူရှင်းက ရိုးရိုးရှင်းရှင်း ပြောသည်။ ချင်ထန် တိုက်ခိုက်သည်ကို သူလည်း ကြည့်၏။ သူကား တိုက်ခိုက်သူများ ကြားထဲတွင် ပထမဆုံးသော မဟာလမ်းစဉ်နှင့် နီးစပ်သူဖြစ်၏။
တာလီအောက်ဘုံ တစ်ခုလုံးကို ကြည့်လျှင်ပင် ထိုသို့သောသူမှာ လက်တစ်ဆုပ်စာ မရှိပေ။
ထိုအရာကပင် ရှန့်ထို အဆင့်အောက်၌ အမြင့်ဆုံးသော စွမ်းရည်အား ပိုင်ဆိုင်ထားခြင်းကို ပြ၏။
မဟာလမ်းစဉ်နှင့် ထိတွေ့ခြင်းက ရှန့်ထိုတစ်ဝက်အဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း သိနိုင်ပေသည်။
လေရိုင်းရှန့်ထိုက ပြုံးသည်။ ချင်ထန်ကဲ့သို့သော စွမ်းအား ကောင်းသူကိုပင် သတ္တမဓားက အဆင်ပြေသည်ဟုသာ မှတ်ချက်ချသည်။
သူ့မျက်လုံးထဲတွင် ထက်မြက်ခြင်း ဟူသော စကားလုံးအတွက် မည်သို့သော စံနှုန်းရှိသနည်း။
ထိုအခိုက်တွင် စင်မြင့်ထက်သို့ နောက်တစ်ယောက် တက်လာသည်။ ထိုသူအား မြင်လျှင် လူအများအပြားက အံ့အာသင့် သွားကြသည်။
"ကျိုးကျန်းတောက် ... ဒွန်ရန်ဒေသ ..." လူအများအပြားက ရေရွတ်ကြသည်။ သူကား ဒွန်ရန်ဒေသမှ ဖြစ်ကာ သူ့နယ် တစ်ဝိုက်တွင် လွန်စွာ ကျော်ကြား၏။
+
"သူက အဲလောက်တောင် ကျော်ကြားလား ..." အချို့က စိတ်ဝင်တစား မေးကြသည်။ တာလီအောက်ဘုံ တစ်ခုလုံး သူ့အား မသိသည်မှာ ထူးဆန်းသည့်ကိစ္စ မဟုတ်ပေ။
"ဒွန်ရန်ဒေသမှာ သူ့ကို ရှန့်ထိုအဆင့် အောက်မှာ နံပါတ်၁ အဖြစ် သတ်မှတ် ထားကြတယ်" အချို့က လေးနက်စွာ ပြောကြသည်။ ကျိုးကျန်းတောက်က ချင်ထန်ဆင်းသွားမှ စင်ပေါ်သို့ တက်သွားခြင်း ဖြစ်သည်။ သူက ချင်ထန်အား နောက်ပိုင်းမှ တိုက်ခိုက်ရန် ရည်ရွယ်ထားပုံ ရသည်။
ကျိုးကျန်းတောက် စင်ပေါ်သို့ တက်သွားသည်ကို မြင်လျှင် တန်ခိုးရှင် အများအပြားမှာ စင်ပေါ်သို့တက်ရန် တွန့်ဆုတ်နေကြသည်။ သို့သော်လည်း နန်ယွဲ့ဒေသမှ တန်ခိုးရှင်တစ်ဦး စင်ပေါ်သို့ တက်လာသည်။
နန်ယွဲ့ဒေသမှ တန်ခိုးရှင်က စင်မြင့်ပေါ်သို့ တက်လာလျှင် လေထုက သိမ့်ခနဲ တုန်သွား၏။ သူ့ထံမှ ကြီးမားသော ဖိအားသည် ကျိုးကျန်းတောက်ထံသို့ ကျဆင်းလာခဲ့၏။ သို့သော်လည်း ကျိုးကျန်းတောက်ကား ထိုနေရာတွင်ပင် ရပ်ကာ ပြိုင်ဘက်အား စူးရဲစွာ ကြည့်နေ၏။
နန်ယွဲ့ဒေသမှ တန်ခိုးရှင်က ရှေ့သို့ ဆက်လှမ်း လာခဲ့သည်။ သူ့ခြေလှမ်းတိုင်းတွင် ဖိအားသည် ပိုမိုကြီးမား လာသည်ဟု ထင်မှတ်ရ၏။
"ဒီတစ်ယောက်က ခက်ခဲလိမ့်မယ်" လူအများအပြားက တီးတိုးပြောကြသည်။
နန်ယွဲ့ဒေသမှ လူများအားလုံးက သည် နာမည်ကျော် လူငယ်အား သိကြပေသည်။
နန်ယွဲ့ဒေသမှ တန်ခိုးရှင်က ရှေ့သို့ တစ်လှမ်းချင်း တက်လာကာ နတ်ဘုရားတစ်ပါး အလား လက်ကို မြှောက်လျှက် လက်ဝါးတစ်ချက် ရိုက်ထုတ် လိုက်သည်။
ထိုအခိုက်တွင် ကျိုးကျန်းတောက်ထံမှ ရောင်စဉ်ရောင်ဝါများ ရုတ်တရက် လင်းလက်လာခဲ့၏။ ရွှေရောင် မီးတောက်များ သူ့ထံမှ ကွဲထွက်လာခဲ့ကာ လက်ကို မြှောက်လျှက် လက်ညှိုးကို အသုံးပြုကာ တစ်ဖက်လူ၏တိုက်ခိုက်မှုကို ခုခံသည်။
+
တစ်ဖက်လူ၏ လက်ဝါးရိုက်ချက်မှာ တခဏအတွင်းမှာပင် ပြိုပျက်သွားခဲ့၏။ လက်ချောင်း တိုက်ကွက်ကား တစ်ဖက်လူထံသို့ ဆက်လက် တိုးဝင်သွားခဲ့သည်။ တစ်ဖက်လူက လက်ဝါးရိုက်ချက်များ မြန်ဆန်စွာ ထုတ်လျက် ခုခံပြန်သည်။ သို့သော်လည်း ကျိုးကျန်းတောက်က လက်ကို တစ်ဖန် မြှောက်လိုက်သည်တွင် ပတ်ဝန်းကျင် တစ်ခုလုံးက သူ့လှုပ်ရှားမှုကို တုံ့ပြန်ကြ၏။ တစ်ဖက်လူကား မြန်ဆန်စွာပင် ကြီးမားသော နတ်ဘုရား အလင်းအောက်သို့ ကျဆင်းသွားခဲ့ကာ ကြောက်ရွံ့သော ဟန်ပင်များ ဖြစ်လာတော့သည်။
"ကျုပ် အရှုံးပေးတယ် ..." ထိုအခိုက်တွင် သူကား သေဆုံးရတော့မည်ဟု ခံစားလာရရာ မည်သို့မှ မတတ်နိုင်ဘဲ ကျယ်လောင်စွာ အော်ဟစ် အရှုံးပေး၏။
ကျိုးကျန်းတောက်၏ ပြိုင်ဘက်ကား ဘုန်းခနဲမြည်ကာ နောက်သို့ လွင့်စဉ်သွား၏။ သူ၏မျက်နှာမှာ ပြာနှမ်းနေသည်။
"မဟာလမ်းစဉ်စွမ်းအား ..."
ရှန့်ထိုများက ထိုမြင်ကွင်းကို ကြည့်ကာ ရေရွတ်ကြသည်။ ဒေသကိုးခုမှ တန်ခိုးရှင်များ အားလုံးမှာ ဖိအားတစ်ခုကို ခံစားကြရသည်။
ကျိုးကျန်းတောက် သည်လည်း နောက်ပိုင်းပွဲများတွင် ဆက်တိုက် အနိုင်ရ၏။ မည်သူမှ သူ့အား မယှဉ်နိုင်ကြပေ။ သူသည်လည်း ချင်ထန်ကဲ့သို့ပင် ၁၈ပွဲဆက်တိုက် အနိုင်ရပြီးမှ စင်အောက်သို့ ဆင်းသွားသည်။
"ရန်ဒေသက ဘယ်သူတွေ သူတို့ကို တိုက်ခိုက်နိုင်မလဲ" ရန်ဒေသဘုရင်ခံက မေးသည်။ ချင်ထန်နှင့် ကျိုးကျန်းတောက်တို့ကား ထက်မြက်လွန်း နေသည်။ သူ့ဒေသမှလည်း ထိုသို့ တစ်ယောက်ယောက် ပေါ်ထွက်လာရန် သူမျှော်လင့်၏။
လူတစ်ယောက် စင်မြင့်ပေါ်သို့ တက်လာသည်။ သူကား စီဝေ့ဓားကလန်မှ လီဟန်ရှင်းဖြစ်၏။
ရန်ဒေသမှ တန်ခိုးရှင် အများအပြားက အံ့အားသင့် သွားကြသည်။ ရန်ဒေသ တန်ခိုးရှင်က မေးသည် ... "လီဟန်ရှင်းလည်း မဟာလမ်းစဉ်နဲ့ ထိတွေ့ပြီလား ..."
"အရှင်က မကြာခင် သိမှာပါ ..." စီဝေ့ရှန့်ထိုဓားက ပြောသည်။ တခြား ရှန့်ထိုဓားများ၏ မျက်နှာများလည်း အေးခဲသွားကြ၏။ စီဝေ့ရှန့်ထိုဓားက ထိုသို့ပြောလျှင် လီဟန်ရှင်းသည် မဟာလမ်းစဉ်နှင့် ထိတွေ့ထားသည်မှာ သေချာသလောက် ဖြစ်၏။
လာမည့်တိုက်ပွဲကား သူတို့ ထင်မှတ်ထားသည့် အတိုင်း လီဟန်ရှင်းက ကြီးမားသော စွမ်းအားများကို ထုတ်ဖော်ခဲ့သည်။ မည်သူမှ သူ့အား မယှဉ်နိုင်ကြပေ။
"ရှင် အခု ဘယ်လိုထင်လဲ" ဟွမ်ချွဲ့က ရီဖူရှင်း၏ အမြင်ကို မေးသည်။ ရီဖူရှင်းကား ရန်ဒေသမှ တန်ခိုးရှင်များအား တစ်ခါမှ အကောင်း မထင်ခဲ့ပေ။
သို့သော်လည်း လက်ရှိတွင် လီဟန်ရှင်းသည် မဟာလမ်းစဉ်နှင့်ပင် ထိတွေ့ထား နိုင်သော်လည်း တစ်ချိန်လုံး သိုသိမ်စွာ နေထိုင်ခဲ့၏။ ရီဖူရှင်းကား တခြား တစ်ဖက်တွင် အလွန်တရာ ကြွားဝါနေခဲ့သည်။
"ပြောစရာ မရှိဘူး" ရီဖူရှင်းက ဆိုသည်။ ဟွမ်ချွဲ့က သူ့အား ကြည့်သည်။ သူကား ယခုထိ တစ်ခုကိုမှ ဝန်မခံသေးပေ။
လီဟန်ရှင်းက စီဝေ့ဓားကလန်ထံသို့ ပြန်ရောက် လာခဲ့လျှင် ရန်ဒေသဘုရင်ခံက ပြုံးလျက်ပြောသည် ... "ကြည့်ရတာ လီဟန်ရှင်းက ရန်ဒေသရဲ့ နံပါတ်တစ် ပါရမီရှင်ပဲ"
လူအများအပြားက သဘောတူဟန်ဖြင့် ခေါင်းညိတ်ကြသည်။
တိုက်ပွဲက ဆက်လက် ဖြစ်ပွားလျှင် တန်ခိုးရှင် အများအပြားမှာ မိမိတို့အဆင့်အတန်းကို သိလာကြရသည်။ လုံလောက်သော စွမ်းအား မရှိသူများက စင်မြင့်ပေါ်သို့ မတက်ရဲကြတော့ပေ။ တော်ဝင်မြေများမှ တန်ခိုးရှင်များမှာလည်း ထိုနည်းတူဖြစ်သည်။
လေရိုင်းဓားကလန်မှ နိုင်းယွင်က စင်မြင့်ထက်ကို တက်လာ၏။သို့သော်လည်း သူက တိုက်ပွဲတွင် စီချူဒေသမှ တန်ခိုးရှင်တစ်ဦးထံ၌ ရှုံးနိမ့်ခဲ့သည်။
ထို့နောက်တွင် တခြား တော်ဝင်မြေများမှ အသစ်စိန်ခေါ်သူများ မရှိတော့။ ဤတွင် အရှုံးမရှိသူများက စတင်၍ အချင်းချင်း တိုက်ခိုက် ကြတော့သည်။ သူတို့က အထက်ဘုံသို့ တက်လှမ်းခွင့်ရရန် တိုက်ခိုက်ခြင်းအပြင် သူတို့ကိုယ်တိုင်ကလည်း ပြိုင်ဘက် ကောင်းများဖြင့် ယှဉ်ပြိုင်လိုသော ဆန္ဒလည်း ပါဝင်ကြပေသည်။
ဖီးနစ်ဓားကလန်မှ ချီရှားနှင့် ချီယိုတို့က တစ်ယောက်ပြီး တစ်ယောက် အရှုံးနှင့်ရင်ဆိုင်ရ၏။
ထို့နောက်တွင် ကျူချွဲ့ဓားကလန်မှ ခိုင်ဟွမ်သည်လည်း ရှုံးနိမ့်၏။
တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျှင် လီဟန်ရှင်းသည် ရန်ဒေသမှ တစ်ဦးတည်းသော အရှုံးမရှိသူ ဖြစ်လာသည်။
+
မင်းသမီးလေး နှစ်ပါးသည်ပင် ချန်းကဲဒေသမှ စွမ်းအားအမြင့်ဆုံးသူ တစ်ဦးထံတွင် ရှုံးနိမ့်ခဲ့၏။ သို့သော်လည်း လီဟန်ရှင်းက မြန်ဆန်စွာပင် မင်းသမီးလေးနှစ်ပါး အတွက် လက်တုံ့ပြန်ကာ အနိုင်ယူခဲ့သည်။
ထို့နောက်တွင် လီဟန်ရှင်းသည် ရန်ဒေသအတွက် တစ်ဦးတည်းသော မျှော်လင့်ချက် ဖြစ်လာ၏။
"အရမ်းကောင်းတယ် ..." ဘုရင်ခံလီက ချီးကျူးသည်။ ထို့နောက်တွင် စင်မြင့်ပေါ်သို့ တက်ရောက်လာသူ မရှိတော့ပေ။ ကျိုးကျန်းတောက်က စင်မြင့်ပေါ်တွင် ရပ်နေလျှင် မည်သူကမှ သူ့အား စိန်မခေါ်ရဲကြတော့ပေ။
လီဟန်ရှင်းက အမှန်တကယ်ပင် ရန်ဒေသမှ ထွက်ပေါ်လာကာ ကျိုးကျန်းတောက်နှင့်အတူ ရင်ပေါင်တန်း နိုင်ခဲ့သည်။
ဘုရင်ခံလီ၏ နန်းတော်တွင် ကျယ်လောင်စွာ အော်ဟစ်သံများ၊ လက်ခုပ်ဩဘာ သံများကို ကြားကြရသည်။
အကောင်းဆုံးတို့၏ တိုက်ပွဲက မကြာခင် စတင်တော့မည်လား။
လုချွန်နှင့် အထက်ဘုံမှ အင်အားစုများပင် လာမည့်တိုက်ပွဲကို မျှော်လင့်တကြီး ကြည့်နေကြသည်။
"ဒီတိုက်ပွဲမှာ ဘယ်သူနိုင်မယ်လို့ ထင်ပါသလဲ ... ဆရာလေးလု ..." မင်းသမီးလီယိုက လုချွန်အား ပြုံးလျက်မေးသည်။
"ကျိုးကျန်းတောက်က ပိုအလေး သာတယ်လို့ ထင်တယ်" လုချွန်က ပြန်ပြောသည်။
"လီဟန်ရှင်းလည်း တော်တော် ပါရမီကောင်းတယ်။ သူသာ တာလီဓား တောင်ကုန်းမှာ လေ့ကျင့်ခွင့်ရရင် နောက်တစ်ဆင့် သေချာပေါက် တက်မှာပဲ" လီယူကလည်း ပြုံးလျက် ပြောသည်။
စင်မြင့်ပေါ်မှ တိုက်ပွဲအား စတင်ခဲ့ပြီဖြစ်သည်။
ကျိုးကျန်းတောက်ကား နတ်ဘုရား အလင်းများနှင့် လောင်ကျွမ်းနေကာ သူ၏ လက်ချောင်းများက ဓားများအလား ထင်မှတ်ရသည်။
လီဟန်ရှင်း၏ ဓားအသိသည် ကြယ်တာရာများဖြင့် ဖွဲ့စည်းထားဟန်ရပြီး အလွန်ပြင်းထန်သော တိုက်ခိုက်ရေး စွမ်းအားများ ပါဝင်နေသည်။ နှစ်ဦးသား ပြင်းထန်စွာ တိုက်ခိုက်ကြလျှင် ပတ်ဝန်းကျင်သည် ပြင်းထန်စွာ တုန်ခါ၏။ အားလုံးကလည်း တိုက်ပွဲကို စိတ်ဝင်စားစွာ ကြည့်နေကြသည်။
နောက်ဆုံးတွင် လီဟန်ရှင်း၏ဓားသည် ကျိုးပျက်သွားခဲ့ပြီး နောက်သို့ လွင့်စဉ်ကာ ပါးစပ်မှ သွေးများစီးကျ၏။
+
လီဟန်ရှင်းက တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီ ဖြစ်သည်။ သူက စင်မြင့်ထက်မှ စိတ်ဓာတ်ကျစွာ ဆင်းလာခဲ့သည်။
ချင်ထန်က တဖန် စင်မြင့်ပေါ်သို့ တက်လာကာ ကျိုးကျန်းတောက်အား အနားယူရန် လိုသလောဟု မေး၏။ သို့သော်လည်း ကျိုးကျန်းတောက်က ဆက်လက် တိုက်ခိုက်လိုသည်။
တိုက်ပွဲစလျှင် ပရိသတ်များ အားလုံးမှာ တိတ်ဆိတ်နေကြသည်။ အားလုံးက ပြင်းထန်စွာ တိုက်ခိုက်နေသော သူတို့နှစ်ယောက်အား အာရုံစိုက်ကာ ကြည့်နေကြ၏။
"ရှန့်ထိုအဆင့်အောက်က အကောင်းဆုံးတွေရဲ့ တိုက်ပွဲပဲ ..." ရန်ဒေသဘုရင်ခံက ချီးကျူးသည်။
ချင်ထန်သည် အမှန်တကယ်ပင် ကျိုးကျန်းတောက်အား အနိုင်ရခဲ့၏။ သည်တိုက်ပွဲကား ရှန့်ထို အဆင့်အောက်၌ ပြိုင်စံရှားတို့၏တိုက်ပွဲအလား ထင်မှတ်ရပေသည်။
မရေမတွက်နိုင်သော လူများက စင်မြင့်ထက်မှ သူတို့နှစ်ယောက်အား ကြည့်ကြသည်။ ကျိုးကျန်းတောက်သည် ရှုံးနိမ့်ခဲ့သော်လည်း သူကား ဂုဏ်ယူ ဝင့်ကြွားနိုင်ပြီ ဖြစ်သည်။
ချင်ထန်က စင်မြင့်ထက်တွင် ဆက်လက်ရပ်နေသော အချိန်တွင် ကျိုးကျန်းတောက်က စင်မြင့်ထက်မှ ဆင်းသွားသည်။ ထို့နောက်တွင် စင်မြင့်ထက်သို့ မည်သူမှ မတက်ကြတော့။
ဘုရင်ခံလီက ကိုယ်တိုင်မေးသည် ... "ဒေသကိုးခုက တိုက်ခိုက်မယ့်လူ မရှိတော့ဘူးလား ..."
မည်သူမှ မဖြေကြပေ။
"မင်းရဲ့ဓားကို ထုတ်ဖို့ စိတ်ကူး မရှိသေးဘူးလား ..." လေရိုင်းရှန့်ထိုဓားက မေးသည်။ ရန်ဒေသမှ တန်ခိုးရှင်များကလည်း ရီဖူရှင်းအား လှောင်ပြောင် မေးငေါ့ကြသည်။ သည်အကောင်ကား အလွန်တရာ ကြွားဝါကာ လေလုံးထွားသော်လည်း တကယ့်အချိန်တွင် ကြောက်ရွံ့စွာဖြင့် ပုန်းအောင်းနေ၏။
ရီဖူရှင်းက ချင်ထန်ကို ကြည့်ကာ ပြုံးလျက်ပြောသည် ... "တာလီကိုးဒေသမှာ ကျုပ်ဓားကို ထုတ်ဖို့ ဘယ်သူမှ မထိုက်တန်ရင် ကျုပ်က ထွက်သွားရတော့မှာပဲ"