အခန်း (၂၅)
Vol. 2 Ch. 25
မုန့်ချီက အချိန်ကြာမြင့်စွာ အသက်မှန်မှန်ရှုနေပြီး သူ၏ချီစွမ်းအင်များကို ချီစက်ကွင်းထဲမှ ထုတ်လွှတ်လိုက်ပြီး လမ်းကြောင်း(၃)ခုကို လှည့်ပတ်လိုက်သည်။ ထို့နောက် ခန္ဓာကိုယ်ထဲကို ဖြတ်ကျော်ပြီး နောက်ဆုံးတွင်တော့ သူ၏ရင်ဘတ်ဆီကို ရောက်လာခဲ့၏။ ထိုအရာက များပြားသောနှင်းများ ကျဆင်းလာနေသလို ဖြစ်နေပြီး မြစ်များအားလုံး ပင်လယ်ထဲကို ပေါင်းဆုံစီးဝင်သလို ပုံစံမျိုးလည်းဖြစ်သည်။
ထိုကဲ့သို့ အကြိမ်ပေါင်းများစွာ လေ့ကျင့်လိုက်ပြီးနောက် မုန့်ချီက ရှောင်လင်၏ နှလုံးကျင့်စဉ် အနှစ်သာရကို တဖြည်းဖြည်း နားလည်လာသည်။ သူက လေကို တစ်ဝကြီးရှုလိုက်ပြီး ခန္ဓာကိုယ်ထဲ၌ သိမ်းဆည်းလိုက်သည်။
ထို့နောက် မျက်လုံးဖွင့် ကြည့်လိုက်၏။ ထိုအချိန်တွင် သူတို့ကို နှလုံးကျင့်စဉ် သင်ကြားပေးနေသော ရွှမ်ချီက ပျောက်ကွယ်သွားသည်။ တိတ်ဆိတ်နေသော အခန်း၏ အပြင်ဘက်တွင်တော့ တိုက်ခိုက်သံများကို ကြားနေရ၏။
အတွေးတစ်ခု ပေါ်လာသည့်အတွက် မုန့်ချီက မတ်တပ်ရပ်လိုက်ပြီး တိတ်ဆိတ်နေသော အခန်း၏အပြင်ဘက်သို့ ထွက်၍ သိုင်းလေ့ကျင့်ရေးခန်းမထဲကို ဝင်လာခဲ့သည်။ သူက ချီစွမ်းအင်လေ့ကျင့်မှု၏ အရေးပါမှုကို နားလည်နေသော်လည်း ခန်းမကြီးထဲတွင် ဓားမောက်များသုံး၍ လေ့ကျင့်နေသော ကိုယ်တော်များကို တွေ့ချင်နေခဲ့သည်။
ထို့နောက် သိုင်းလေ့ကျင့်ရေးခန်းမပိတ်သွားမှသာ သူ၏အတွင်းအားကို ဆက်လက်လေ့ကျင့်ရန်အတွက် တရားထိုင်သည့်အခန်းကို ပြန်သွားရန် စဉ်းစားထားခဲ့၏။
“ညီလေး …မင်းရော ငါနဲ့အတူ လိုက်ခဲ့ချင်သေးလား…
ကျန်းဟွေက မျက်လုံးဖွင့်လာသည်ကို မြင်သည့်အခါ မုန့်ချီက မေးလိုက်သည်။
ကျန်းဟွေ၏ ပါးနှစ်ဖက်က နီရဲနေပြီး သူကတော့ ယခုမှ အိပ်ရာနိုးလာသည့်အလား အနည်းငယ် ရှုပ်ထွေးစွာ ဖြေလိုက်၏။
“အစ်ကိုကြီး ဒီကျင့်စဉ်က နည်းနည်းပျော်စရာကောင်းတယ်၊ ဒါကြောင့် ကျွန်တော်က ဒီနှလုံးကျင့်စဉ်ကို ထပ်ပြီး လေ့ကျင့်ချင်သေးတယ်…”
“ကောင်းပြီလေ အခုအချိန်က အခြေခံအုတ်မြစ်ချရမယ့်အချိန်ပဲ မင်းက တတ်နိုင်သမျှ မြန်မြန် ချီစက်ကွင်းကို ဖွင့်လှစ်နိုင်ရင်တော့ ပိုပြီးကောင်းတယ်….”
မုန့်ချီက ပြုံးလိုက်ပြီး အခန်းတံခါးကိုဖွင့်၍ ထွက်သွားခဲ့၏။ နံရံ၏ဘယ်ဘက်ခြမ်းတွင်တော့ လက်နက်စင်တစ်ခု ရှိနေပြီး ထိုစင်ပေါ်တွင် တုတ်ရှည်များ၊ ဓားမောက်အနည်းငယ်နှင့် ဓားရှည်အနည်းငယ် ရှိနေခဲ့သည်။
ထောင့်တစ်ခုချင်းဆီတွင်တော့ အဝါရောင်ဝတ်စုံဝတ်ထားသော ဂိုဏ်းထောက် ကိုယ်တော်(၂)ပါး ရပ်ကြည့်နေကြသည်။ သူတို့က လေ့ကျင့်နေစဉ် အတောအတွင်း မတော်တဆ ထိခိုက်ဒဏ်ရာရမှုများကို ကူညီပေးရန် စောင့်ကြည့်နေကြခြင်းဖြစ်၏။
မုန့်ချီက ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ရာ လော်ဟန့်လက်သီးသိုင်းကို လေ့ကျင့်နေသော ကျန်းရုံကို မြင်လိုက်ရသည်။ ထို့ကြောင့် သူက ကျန်းရုံကို စကားတစ်ခွန်းမျှမပြောတော့ပဲ လက်နက်စင်ဆီသို့ လျှောက်သွားခဲ့၏။ သူက အသွားမရှိသော ဓားမောက်တစ်ချောင်းကို ယူလိုက်ပြီး လက်ထဲတွင် အလေးချိန်ကို ချိန်ဆကြည့်လိုက်သည်။
ထို့နောက် သူက ချီရှပေးထားခဲ့သော ကျား(၅)ကောင် တံခါးဖျက်စီးခြင်း ဓားသိုင်းကို အလွန်ဖြည်းညင်းစွာ စတင်လေ့ကျင့်ကြည့်လိုက်သည်။ သူ လေ့ကျင့်နေသည်ကို မြင်သည့်အခါ မုန့်ချီ၏ဘေးတွင် ရပ်နေသော ဂိုဏ်းထောက်ကိုယ်တော်တစ်ပါးက သူ့ကို လှမ်းကြည့်နေခဲ့၏။
မုန့်ချီက ဓားမောက်ပညာ၏ အခြေခံသိုင်းကွက်များကို လှုပ်ရှားနေခြင်းဖြစ်ကြောင်း နားလည်သွားခဲ့သည့်အတွက် သူက ခေါင်းခါလိုက်ပြီးနောက် တခြားကိုယ်တော်များ၏ လေ့ကျင့်မှုကိုသာ အာရုံစိုက်လိုက်၏။
မုန့်ချီက သိုင်းကွက် တစ်ခုပြီးတစ်ခု ပြောင်းလဲနေပြီး သူ၏ပတ်ပတ်လည်တွင် ရှိနေသော အရာအားလုံးကို တဖြည်းဖြည်း မေ့လျော့သွားခဲ့သည်။ သူကတော့ လေ့ကျင့်ရေးကမ္ဘာကြီးထဲတွင် ပျော်ဝင်သွားခဲ့ပြီး သူ့ဓားကို လေလှိုင်းတစ်ခုသဖွယ် လိုက်ပါလှုပ်ရှားနေခဲ့၏။ သူက လှုပ်ရှားနေစဉ် အတောအတွင်း သူ၏အမှားများကို ပြင်ဆင်နေခဲ့သည်။
အချိန်အနည်းငယ်ကြာပြီးနောက် မုန့်ချီက ဓားကိုရုတ်သိမ်းလိုက်ပြီး နဖူးပေါ်မှ ချွေးသီးချွေးပေါက်များ ကျလာခဲ့၏။ သူက လေ့ကျင့်မှုမှ ရလာခဲ့သော အကျိုးအမြတ်များကိုလည်း ရပ်၍ စဉ်းစားကြည့်နေခဲ့သည်။
“တကယ်လို့ ငါကသာ ဒီပုံစံအတိုင်း နေ့တိုင်းလေ့ကျင့်မယ်ဆိုရင် တစ်လအတွင်း အခြေခံ ဓားမောက်ပညာကိုတော့ ရနိုင်တယ်…”
မုန့်ချီက ဝမ်းသာအားရ သက်ပြင်းချလိုက်မိ၏။
ထို့နောက် သူက ဓားကိုယူလိုက်ပြီး လေထဲကို လွှဲကြည့်လိုက်သည်။ ထိုအချိန်တွင် မုန့်ချီ၏ ကျား(၅)ကောင် တံခါးဖျက်ဆီးခြင်း ဓားသိုင်းက အတော်လေးကို ရှုပ်ထွေးနေသည်။ ထိုအရာကလည်း ခြေလှမ်းကိုသာ အဓိက အာရုံစိုက်မိနေခြင်းကြောင့် ဖြစ်သည်။
အမှန်အတိုင်းပြောရလျှင် လက်ရှိမုန့်ချီက ဓားပညာလေ့ကျင့်သည်မှာ သူ၏ နတ်ဘုရားခြေလှမ်း(၈)သွယ် လေ့ကျင့်မှုကို ဂိုဏ်းထောက်ကိုယ်တော်များ သတိမထားမိစေရန်အတွက် အပေါ်ယံ ဟန်ဆောင်နေခြင်းသာ ဖြစ်သည်။
တစ်နာရီ ကြာပြီးနောက် မုန့်ချီက နတ်ဘုရားခြေလှမ်း(၈)သွယ်၏ ခြေလှမ်းကွက် အများစုကို မှတ်မိသွားခဲ့၏။ သူ၏အတွင်းအားနှင့် ပေါင်းစပ်လိုက်သည့်အချိန်တွင် သူ၏ချီစွမ်းအင်များကို မြှင့်တင်ရန် မခက်နိုင်တော့ပေ။ သို့သော် မုန့်ချီက ကျွမ်းကျင်မည့် အဆင့်ကို မပြောနှင့် နားလည်မည့် အဆင့်နှင့်ပင် ဝေးနေသေး၏။
လက်ရှိအချိန်တွင် သူနားမလည်နိုင်သော ဝေဝေဝါးဝါးအရာတစ်ခု ရှိနေသေးကြောင်း မြင်နေရသည်။ ယခုအခါတော့ သူက အလွန်ရှပ်ထွေးသော ခြေလှမ်းကွက်များကိုသာ မှတ်မိနေပြီး အမှန်တကယ် အသုံးဝင်ခြင်းတော့ မရှိသေးချေ။
“ကြည့်ရတာ ငါက ဒီခြေလှမ်းကွက်ရဲ့ လျှို့ဝှက်ချက်တွေကို ရှာဖို့အတွက် အမှန်တကယ် တိုက်ပွဲမှာ လေ့ကျင့်ဖို့လိုမယ် ထင်တယ်…”
တစ်ညလုံး လေ့ကျင့်နေပြီးနောက် မုန့်ချီက ပင်ပန်းသွားသလို ခံစားလိုက်ရသည်။ သူက ဓားကို လက်နက်စင်ပေါ်သို့ ပြန်တင်လိုက်ပြီး ကျန်းရုံဆီသို့ လျှောက်သွားခဲ့၏။
“ညီလေးကျန်းတင် …
မင်းက ရှောင်လင်ကျောင်းတော်ရဲ့ နှလုံးကျင့်စဉ်ကို နားလည်သွားပြီလား…”
ကျန်းရုံကတော့ ဒူးပေါ်သို့ လက်ထောက်ပြီး အသက်ကို ပြင်းပြင်းရှုနေခဲ့သည်။ သူက အစောပိုင်း လေ့ကျင့်မှုကြောင့် အတော်လေး ပင်ပန်းနေခဲ့၏။
မုန့်ချီက ပြုံးလိုက်သည်။
“အစ်ကိုကြီးကျန်းရုံ …
ကျွန်တော်က ချီစက်ကွင်း ဖွင့်ပြီးသွားတာကို မေ့နေတာလား…”
“ဟုတ်သားပဲ .. ငါမေ့နေတာ….”
ကျန်းရုံကနှဖူးကိုလက်ဝါးနှင့်ရိုက်လိုက်ပြီး မတ်မတ်ပြန်ထိုင်လိုက်သည်။
“အခု မင်းက တရားထိုင်အခန်းထဲကို ပြန်သွားတော့မှာလား….”
တိုက်ခိုက်ရေးကိုရင်များ၏ တရားထိုင်အခန်းက (၂)ယောက်ခန်းဖြစ်သည်။ မုန့်ချီနှင့် ကျန်းဟွေတို့ကတော့ ကျန်းရုံ၏ အခန်းဘေးတွင် ရှိနေကြခြင်းဖြစ်၏။
မုန့်ချီက ခေါင်းညိတ်ပြလိုက်သည်။ သူက ကျန်းဟွေကို စဉ်းစားနေမိချိန်တွင် သူ့ရှေ့တွင် ရှိနေသော လူသန်ကြီးတစ်ယောက်က တခြားသောကိုရင်တစ်ပါးကို ပြင်းပြင်းထန်ထန် တိုက်ချပစ်လိုက်ကြောင်း တွေ့လိုက်ရသည်။
ထိုအားနည်းသော ကိုယ်တော်ကတော့ နောက်ကိုပြန်ဆုတ်သွားလိုက်ရ၏။ သူက ပြိုင်ဘက်ကို ကြည့်ပြီး အလွန်အံ့ဩဒေါသထွက်နေခဲ့သည်။
သို့သော် သူစကားမပြောနိုင်သေးခင် သူ့ကို တိုက်ချလိုက်သော ကိုယ်တော်က အထင်သေးစွာ ပြုံးလိုက်၏။
“မင်းက ဘာလို့ ငါ့ကိုများ တိုက်ရဲရတာလဲ၊ မင်းက ငါနဲ့တိုက်ခိုက်ချင်လို့လား ဒါဆိုလည်း လာခဲ့လေ….”
အားနည်းသော ကိုယ်တော်၏မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး သူက ကြောက်နေသည်မှာသေချာသည်။ သို့သော် သူကတော့ စိန်ခေါ်မှုကို ငြင်းဆန်၍မရဘဲ အလွန်ရက်စက်ကြမ်းကြုတ်သော ကိုယ်တော်နှင့် တိုက်ခိုက်နေရသည်။
အားနည်းသော ကိုယ်တော်၏ခုခံမှုများက ထိုလူသန်ကြီး၏ ပြိုင်ဘက် မဟုတ်သည်မှာ အံ့ဩစရာတော့ မရှိချေ။ သူက အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီးနောက် သိုင်းလေ့ကျင့်ရေးခန်းမ၏ ထွက်ပေါက်ဆီသို့ ဒယိုင်းဒယိုင်နှင့် ပြန်ဆုတ်သွားခဲ့ရသည်။
သန်သန်မာမာကိုယ်တော်ကတော့ လက်သီးလက်မောင်းတန်းပြီး ပတ်ပတ်လည်သို့ လှည့်၍ အော်ဟစ်လိုက်၏။
သူ့အသံကိုကြားသည့်အခါ မုန့်ချီက အတော်လေး ထိတ်လန့်သွားခဲ့သည်။ သူက ကျန်းရုံကိုကြည့်ပြီး ပြောလိုက်၏။
“ဒါက တော်တော်လေးကို ဆိုးတာပဲ။ သူက ဂိုဏ်းထောက်ကိုယ်တော် (၈)ယောက်ရဲ့ မျက်စိရှေ့မှာပဲ ဂိုဏ်းသား အချင်းချင်းရန်စပြီး တိုက်ခိုက်တယ်။ အဲဒီအချိန်မှာ တခြားကိုရင်တွေအားလုံးကလည်း အကူအညီ မပေးနိုင်ကြဘူး။ ရှောင်လင်ရဲ့စည်းကမ်းဆိုတာက ဘယ်မှာလဲ…”
သိုင်းလောကနေရာတိုင်းတွင် အနိုင်ကျင့်မှုများ ရှိနေသော်လည်း ရှောင်လင်ကျောင်းတော်ကတော့ ဗုဒ္ဓဝါဒကို လိုက်နာသော ကျောင်းတော်တစ်ခု ဖြစ်သည့်အတွက် ငြိမ်းချမ်းသော နေရာတစ်ခုဖြစ်မည်ဟု မုန့်ချီက တွေးခဲ့မိ၏။ အကယ်၍ ညစ်ပတ်ဆိုးသွမ်းသော အတွေးအခေါ်များ ရှိနေလျှင်ပင် ထိုအရာကို လူရှေ့သူရှေ့၌ ထုတ်မပြသင့်ပေ။
ကျန်းရုံက တီးတိုးပြောလိုက်၏။
“သူ့ရဲ့ဓမ္မနာမည်က ကျန်းလျန်လို့ခေါ်တယ်၊ သူက လွန်ခဲ့တဲ့(၃)နှစ်လောက်မှာ ကျောင်းတော်ကို ရောက်လာပြီး အခုတော့ ချီစုဆောင်းရေးအထွဋ်အထိပ်ကို ရောက်နေပြီ။ သူက သိုင်းလေ့ကျင့်ရေးခန်းမထဲမှာရှိတဲ့ စည်းမျဉ်းတွေကို အသုံးချပြီး အားနည်းတဲ့လူတွေကို အနိုင်ကျင့်နေတာ…”
“စည်းမျဉ်းတွေလား….”
မုန့်ချီက ရှုပ်ထွေးစွာ မေးလိုက်သည်။
ကျန်းရုံက အပြုံးနှင့်ပြောလိုက်၏။
“အဲဒါက ငါတို့ခြံဝန်းရဲ့စည်းမျဉ်းပါ။ တကယ်လို့ သိုင်းလေ့ကျင့်ရေးခန်းမထဲမှာ တစ်ယောက်တည်း လေ့ကျင့်နေချိန် တစ်ယောက်ယောက်က တိုက်ခိုက်ဖို့လာပြီး တောင်းဆိုရင် ငြင်းလို့မရဘူး။ သိုင်းလောကသား တစ်ယောက်ဖြစ်နေရင် တစ်ယောက်ယောက်က သတ်ချင်နေတဲ့အချိန်မျိုးမှာတောင် ‘မတိုက်ချင်ဘူး’ ဆိုတဲ့စကားကို ပြောလို့မရဘူး..”
“စိန်ခေါ်မှုနဲ့ ပတ်သက်ပြီး ချွင်းချက်တစ်ခုတော့ရှိတယ်။ ကိုယ်တော်တစ်ပါးက ချီစုဆောင်းရေးအဆင့်ကို အောင်မြင်သွားပြီဆိုရင်တော့ ဒီနေရာမှာ လေ့ကျင့်လို့မရတော့ဘူး။သူတို့အတွက် ကိုယ်ပိုင်နေရာတစ်ခု ရှိလာလိမ့်မယ်။ ကျန်းလျန်က ဒီစည်းမျဉ်းကိုသုံးပြီး သူနဲ့ပြဿနာဖြစ်ဖူးတဲ့ လူတိုင်းကို စိန်ခေါ်နေတာ။ သူ့ရဲ့လုပ်ရပ်တွေက သိုင်းလေ့ကျင့်ရေးခန်းမထဲမှာ ရန်စတယ်လို့ သတ်မှတ်နိုင်တယ်။ ဒါက ကိုယ်တော်တွေရဲ့ အခြေအနေတွေ၊ ပြသနာတွေကိုဖြေရှင်းဖို့ တစ်ဖက်တစ်လမ်းကနေ ကူညီပေးနိုင်ပြီး သူတို့ကို စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေမရှိအောင် ကူညီပေးနိုင်တယ်…”
မုန့်ချီက ခေါင်းညိတ်ပြလိုက်ပြီး အကြောင်းပြချက်ကို နားလည်သွားသည်။
“ဒါပေမဲ့ ဂိုဏ်းထောက်ဆရာဦးလေးတွေ၊ ဂိုဏ်းတူအစ်ကိုတွေက မတရားမှန်း သိတာကိုတောင် ဘာမှမလုပ်ကြဘူးလား…”
“စည်းကမ်းထိန်းသိမ်းရေးခြံဝန်းထဲမှာ ကျန်းလျန်ရဲ့အစ်ကိုကြီးတစ်ယောက်ရှိတယ်လို့ ငါကြားဖူးတယ်…”
ကျန်းရုံက တီးတိုးပြောလိုက်သည်။
“ဒါကြောင့် သူသာ စည်းကမ်းမဖောက်သ၍ ဂိုဏ်းထောက်ဆရာဦးလေးတွေနဲ့ ဂိုဏ်းတူအစ်ကိုတွေက သူ့ရဲ့အပြုအမူတွေကို မမြင်ချင်ယောင်ဆောင်နေတာ။ သူက သိုင်းလေ့ကျင့်ရေးခန်းမထဲမှာတော့ တကယ့်ကို ဆရာကြီးပဲ…”
ထိုလုပ်ရပ်ကြောင့် မုန့်ချီက ဝေယျာဝစ္စခြံဝန်းထဲတွင် ရှိနေသော ကိုယ်တော်များကို အမှတ်ရသွားသည်။ သူက သက်ပြင်းချပြီး ပြောလိုက်၏။
“ဒီလိုလူတစ်ယောက်က ဘယ်လိုဖြစ်ပြီးတော့များ တိုက်ခိုက်ရေးခြံဝန်းထဲကို ရောက်လာတာလဲ။ ဦးလေးရွှမ်ကူက ရိုးသားဖြောင့်မတ်တဲ့လူ တစ်ယောက်လို့ ထင်ထားခဲ့တာ…”
“ဦးလေးရွှမ်ကူက ပထမပိုင်းအဖွဲ့နည်းနည်းကိုပဲ တာဝန်ယူရတယ်ပြောတယ်။ နောက်ပိုင်းအဖွဲ့တွေကိုတော့ တစ်ခြားဆရာဦးလေးတွေက ရွေးထားကြတာ။ သူတို့က ငါတို့ရဲ့စွမ်းဆောင်ရည်တွေကို ချီးကျူးပြီး သူတို့ရဲ့တပည့်တွေအဖြစ် ခေါ်ဆောင်သွားကြတာလေ…”
ကျန်းရုံကတော့ ရွှမ်ကူကို သဘောကျပုံမရပေ။
မုန့်ချီကတော့ သူ၏အမြင်နှင့် ပတ်သက်ပြီး တစ်စုံတစ်ခု လွဲမှားနေကြောင်း ခံစားလိုက်ရသည်။ ထို့နောက် တစ်ခြားလူများနှင့် ရယ်ကာမောကာ စကားပြောနေသော ကျန်းလျန်ကို စိုက်ကြည့်လိုက်၏။
“ငါအခုလိုအပ်နေတာက အစစ်အမှန်တိုက်ပွဲအတွေ့အကြုံပဲ။ နဂိုတုန်းကတော့ ငါက စိုးရိမ်နေတာ…”
ရုတ်တရက်ဆိုသလို မုန့်ချီက သူ့ဆီသို့လျှောက်သွားခဲ့သည်။ သံသရာကမ္ဘာကြီးထဲတွင် ရှိနေသော သေဆုံးခြင်းများကြောင့် သူက တွေဝေနေရန် အချိန်မရှိချေ။ သူက ထိုအတွက်ကြောင့် ရှောင်လင်ကျောင်းတော်မှ ထုတ်ပယ်ခံရမည်ဆိုလျှင် ပို၍ကောင်းနေသည်။
မုန့်ချီက ဘာကြောင့်ကျန်းလျန်ဆီသို့ လျှောက်သွားကြောင်း မသိသေးသည့်အတွက် ကျန်းရုံက တိတ်တဆိတ် စိုက်ကြည့်နေခဲ့သည်။
“ဟေ့.. မင်းက ငါ့ရဲ့ကိုယ်စားခြံဝန်းထဲကို ဘာလို့သွားမရှင်းသေးတာလဲ…”
ကျန်းလျန်က တံခါးကို လှည့်ကြည့်လိုက်သည်။
သူ့အနားတွင် ရှိနေသော ကိုယ်တော်က ပြုံးလိုက်၏။
“သူက ဂိုဏ်းတူအစ်ကိုရဲ့အစွမ်းကို မသိသေးလို့ နေမှာပါ။ သိုင်းလေ့ကျင့်ရေးခန်းမထဲမှာ ဘယ်သူကရော ဂိုဏ်းတူအစ်ကိုကို အနိုင်ရနိုင်မှာလဲ…”
“ဟားဟားဟားဟား…. အနိုင်ရဖို့လည်း မလွယ်ကူဘူးလေ။ ငါက ငါ့ရဲ့နေ့စဉ်ဘဝမှာ တော်တော်လေး ကျွမ်းကျင်နေပြီ….”
ကျန်းလျန်က အားရပါးရ ရယ်လိုက်သည်။
ထိုအချိန်တွင် မုန့်ချီက သူ့ဆီကို လျှောက်လာပြီး သူ့ကို ပုခုံးနှင့်တိုက်ချလိုက်သည်။
ကျန်းလျန်က နောက်သို့ယိုင်သွားပြီး မုန့်ချီကို အံ့အားသင့်စွာ လှည့်ကြည့်လိုက်မိ၏။
“ပုံမှန်အားဖြင့် ငါကပဲ တစ်ခြားလူတွေကို ဝင်တိုက်နေတာပါ။ ဒီနေ့မှ တစ်ယောက်ယောက်က အတင့်ရဲပြီး ငါ့ပုခုံးကို ဝင်တိုက်နေတာလား…”
မုန့်ချီက လက်သီးကိုတင်းတင်းဆုတ်လိုက်ပြီး ရင်ဘတ်ပေါ်တွင် လက်နှစ်ဖက်ကို ကန့်လန့်ဖြတ်ထား၍ အပြုံးနှင့် ပြောလိုက်သည်။
“မင်းက ငါ့ကိုဘာလို့ဝင်တိုက်ရဲရတာလဲ။ မင်းက တိုက်ခိုက်ချင်တာလား။ ကောင်းပြီလေ… ဒါဆိုလည်းလာခဲ့…”
“ဘယ်လို….”
ကျန်းလျန်က တစ်ကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရပြီး အခြေအနေ ဆန့်ကျင်ဘက် ဖြစ်သွားသည့်အတွက် အံ့ဩသွားရသည်။ သူ၏အပေါင်းအဖော်များကလည်း မုန့်ချီကို အံ့ဩသင့်စွာ စိုက်ကြည့်နေကြ၏။
“ဒီကိုရင်လေး ဘယ်နေရာကနေ ရောက်လာတာလဲ…။ သူ့ကိုကြည့်ရတာ ဦးနှောက်တော့ ကောင်းသေးပုံရပါတယ်။ ဒါမှမဟုတ် သူက ရူးသွားတာလား…”
“ဒီကောင်ကတော့…”
ကျန်းရုံက မျက်နှာပျက်သွားပြီး သူ့ကို တားရန် ကြိုးစားလိုက်သည်။
သို့သော် သင်ကြားရေးကိုရင် ကျန်းမြောင်ကပင် နေ့ခင်းပိုင်း၌ ကျန်းတင်၏ တိုက်ခိုက်မှုကို ရှုံးနိမ့်ခဲ့ကြောင်း အမှတ်ရသွားသည်။ ထို့ကြောင့် သူလည်း ဝင်မပြောတော့ဘဲ အပြုံးနှင့် စိုက်ကြည့်နေလိုက်၏။
“သေစမ်း… ခွေးကောင်”
ကျန်းလျန်က ဒေါသတကြီး ပြောလိုက်သည်။
“ငါပဲ တစ်ခြားလူတွေကို အနိုင်ကျင့်လို့ရမယ်။ ဘယ်သူမှ ငါ့ကိုရန်စလို့မရဘူး…”
သူကိုယ်တိုင်လည်း မုန့်ချီကဲ့သို့ လက်သီးကိုဆုပ်၍ ရင်ဘတ်ရှေ့တွင် လက်နှစ်ဖက်ကို ကန့်လန့်ဖြတ်၍ ပြင်ဆင်လိုက်သည်။ သူက အလွန်ကြောက်စရာကောင်းသော အမူအရာနှင့် ပြောလိုက်၏။
“ကောင်းပြီလေ… လေ့ကျင့်ကြတာပေါ့…။ တကယ်လို့ မင်းကသာ ညှာတာပေးဖို့ အော်မပြောဘူးဆိုရင် ငါက မင်းရဲ့ဂိုဏ်းတူညီလေးအဖြစ် လုပ်ပေးမယ်…”
ခန်းမ၏ပတ်ပတ်လည်တွင် ရှိနေသော ဂိုဏ်းထောက်ကိုယ်တော်များ၏ မျက်နှာအမူအရာကတော့ ပြောင်းလဲသွားခြင်း မရှိဘဲ ဤနေရာတွင် ပြဿနာမရှိသလို ထင်မှတ်ရသည်။
ချက်ချင်းဆိုသလိုပင် ကျန်းလျန်က မုန့်ချီဆီကို ပြေးဝင်သွားပြီး သူ၏အရှိန်ကလည်း အလွန်ကြီးမားပြီး အစွမ်းထက်လွန်းလှသည်။ နာရီဝက်ကြာပြီးနောက် မုန့်ချီက ကျန်းလျန်ကို လက်သီးချက် အနည်းငယ်ထိုးလိုက်ပြီး အနိုင်ယူခဲ့သည့်အတွက် သူက ကြမ်းပြင်ပေါ်တွင် လဲကျနေခဲ့သည်။
ပတ်ပတ်လည်တွင် ရှိနေသော ကိုယ်တော်များက သူ့ကို အလွန်ကြောက်စရာကောင်းစွာ စိုက်ကြည့်နေခဲ့ကြသည်။ ထို့နောက် သူက မတ်တပ်ရပ်လိုက်ပြီး အေးအေးဆေးဆေး အမူအရာနှင့် ပြောလိုက်၏။
“ကောင်းတယ်… ကောင်းတယ်…ဂိုဏ်းတူညီလေး။ မင်းက ပိုပြီးတော့ ကြိုးကြိုးစားစား လေ့ကျင့်ဖို့ လိုနေပြီ…”
တိုက်ပွဲ၏အစတွင် မုန့်ချီက နတ်ဘုရား(၈)သွယ်ခြေလှမ်းနှင့် လော်ဟန့်လက်သီးသိုင်းကို ပေါင်းစပ်လိုခြင်း ဖြစ်သည်။
ကျန်းလျန်ကတော့ အလွန်စိတ်လှုပ်ရှားသလို ခံစားနေရပြီး မုန့်ချီကို တစ်စစီ ဖျက်ဆီးပစ်မည်ဟု တွေးနေခဲ့ခြင်း ဖြစ်သည်။ သို့သော် မုန့်ချီ၏ လှုပ်ရှားမှုများ ချောမွေ့လာသည်နှင့်အမျှ သူက အစွမ်းထက်သော လှုပ်ရှားမှုများ လုပ်ဆောင်လာနေသည်။
ထို့ကြောင့် သူက အကျိုးအမြတ်များကို ပြန်လည်စဉ်းစားနေခဲ့ရသည်။ သံချပ်ဝတ်အင်္ကျီကျင့်စဉ်၏ အကူအညီနှင့် သူက ကျန်းလျန်ကို မြေပေါ်သို့ လဲကျသွားစေခဲ့သည်။
“ဂိုဏ်းတူအစ်ကိုကြီး…. “
ကျန်းလျန်က အထစ်ထစ်အငေါ့ငေါ့နှင့် ခေါ်လိုက်ရသည်။ သူက ရှုံးနိမ့်သွားလိမ့်မည်ဟု မထင်မှတ်ခဲ့ပေ။
“ငါက ပထမစက္ကန့်ပိုင်းလေးအတွင်း သတိလစ်သွားတာ သေချာတယ်။ ဒါပေမဲ့ ဒီကိုရင်လေးက မျက်စိတမှိတ်အတွင်း မကောင်းဆိုးဝါးတစ်ကောင်လို ဖြစ်လာတာ။ ငါ့ရဲ့လက်သီးတွေက သူ့ရဲ့နောက်ကျောပေါ်မှာ ဘာအကျိုးသက်ရောက်မှုမှ မရှိဘူး….”
မုန့်ချီက ကျန်းလျန်ကို ငုံ့ကြည့်ပြီး ပြောလိုက်သည်။
“တကယ်လို့ ငါနိုင်တာကို မကျေနပ်သေးဘူးဆိုရင် လာလေ…ထပ်ပြီး တိုက်ခိုက်မယ်..”
အနိုင်ကျင့်ရသည်ကို သဘောကျနေသော ကျန်းလျန်ကတော့ လက်သီးဆုပ်ပြီး စကားတစ်ခွန်းမျှမပြောဘဲ ထွက်သွားခဲ့သည်။
မုန့်ချီက လော်ဟန့်လက်သီးသိုင်းနှင့် အတော်လေး ရင်းနှီးလာပြီး နတ်ဘုရားခြေလှမ်း(၈)သွယ်၏ အနှစ်သာရကိုလည်း အနည်းငယ် ဖမ်းဆုပ်မိသည်။ သူက အတော်လေးကို ဝမ်းသာနေပြီး နောက်ထပ်တိုက်ခိုက်ရန် ပြိုင်ဘက်ကို လိုက်ရှာနေသည်။
ရုတ်တရက်ဆိုသလို သူ့အနားတွင် ရှိနေသော ကိုယ်တော်များက လူခွဲသွားကြပြီး အချင်းချင်း လေ့ကျင့်နေကြသည်။
“ဘာလို့ ငါ့ကို တစ်ယောက်မှ အခွင့်အရေးမပေးကြတာလဲ….”
မုန့်ချီက ခေါင်းခါလိုက်မိပြီး မျက်နှာပျက်နေသော ကျန်းလျန်ကို ကြည့်လိုက်သည်။
“ဂိုဏ်းတူညီလေးကျန်းတင်…
မင်းရဲ့အကာအကွယ်ကျင့်စဉ်က တကယ့်ကို အံ့ဩစရာကောင်းတာပဲ…. “
ကျန်းရုံက သူ့ကို ချီးကျူးလိုက်သည်။
ထိုအချိန်တွင် ကျန်းဟွေက တိတ်ဆိတ်နေသော လေ့ကျင့်ရေးအခန်းထဲမှ ထွက်လာသည့်အတွက် မုန့်ချီက သူ၏တိုက်ခိုက်ချင်စိတ်များကို ပြန်ရုတ်သိမ်းထားလိုက်ပြီး သူတို့နှင့်အတူ တရားထိုင်အခန်းထဲသို့ ပြန်ဝင်သွားခဲ့သည်။ ထို့နောက် သူလည်း ရှောင်လင်နှလုံးကျင့်စဉ်ကို စတင်လေ့ကျင့်နေခဲ့၏။
နောက်တစ်နေ့တွင်တော့ မုန့်ချီက ရေသယ်ခြင်း၊ စာဖတ်ခြင်းနှင့် လေ့ကျင့်ခြင်းများကို တစ်ယောက်တည်း လုပ်ဆောင်နေခဲ့သည်။ သူ လေ့ကျင့်ပြီးသွားချိန်တွင် ကျန်းမြောင်က သူ့ရှေ့၌ ရပ်နေပြီး သူ့ကို လက်ခုပ်တီး၍ ခေါ်လိုက်၏။
“ညီလေးကျန်းတင်…. အဆင်သင့်ဖြစ်ပြီလား…”
“ကျွန်တော် အဆင်သင့်ဖြစ်ပါပြီ…”
မုန့်ချီကလည်း ရှေ့ကို ထွက်လာသည်။
လက်ရွေးစင်တစ်ယောက်နှင့် တိုက်ခိုက်ရမည်ဖြစ်သည့်အတွက် သူက
ဖိအားများ ခံစားနေရသလို စိတ်လှုပ်ရှားမှုများလည်း ခံစားနေရသည်။
Translated by Hein Htet.