← Chapters

ထူးဆန်းသောလူ

Vol. 012 Ch. 1130

ထူးဆန်းသောလူ

Vol. 012 Ch. 1130

ရီဖူရှင်းသည် တာလီကျောင်းတော်၌ လေ့ကျင့်နေစဉ် အင်ပါယာရှားဘုံ၌လည်း မရေမတွက်နိုင်သော လူများသည် သူတို့၏ လုပ်ရိုးလုပ်စဉ်များ အတိုင်း ဆက်လက် လည်ပတ် နေကြပေသည်။

အင်ပါယာရှားဘုံ၏ အနောက်ဘက် အရပ်စူးစူး၌ အဆုံးအစမဲ့သော သဲကန္တာရတစ်ခုရှိကာ မြို့ငယ်လေးများ ကိုယ်စီ တည်ရှိပေသည်။ မရေမတွက်နိုင်သော လူများသည်လည်း ထိုမြို့များတွင် ကျင့်ကြံကြ၏။

ထိုဒေသကား ပုံမှန်အားဖြင့် အလွန်တရာ ရှုပ်ထွေးပွေလီ ပေသည်။ ထိုနေရာကို အုပ်စိုးနေသော အင်အားကြီး အဖွဲ့အစည်းများ မရှိရာ ပုံမှန်အားဖြင့် အင်အားစုငယ် ကလေးများသည် ကိုယ်စီ နယ်မြေများ သီးခြားသတ်မှတ်ကာ အချင်းချင်း ပြိုင်ဆိုင် တိုက်ခိုက်လေ့ရှိကြ၏။

ထိုအထဲတွင် လွန်ခဲ့သော ဆယ်စုနှစ်က အလွန်တရာ စွမ်းအားမြင့် ပုဂ္ဂိုလ်သုံးဦး ပေါ်ထွက်လာသော မြို့တစ်မြို့ရှိကာ ထိုမြို့သို့ များစွာသော လူများက လာရောက်စုစည်း လေ့ကျင့်ကြပေသည်။

ထိုသုံးဦးမှာ ရှန့်ထိုများ ဖြစ်ကြသည်ဟု လူအများအပြားက ပြောကြသည်။

သို့သော်လည်း သူတို့သုံးယောက်သည် သိုသိပ်စွာ နေထိုင်ကြကာ လူမြင်ကွင်းသို့ သိပ်ထွက်လေ့မရှိရာ အားလုံးအတွက် ထူးဆန်း အံ့ဩဖွယ်ရာ ဖြစ်နေပေသည်။

လူအချို့ကား လက်မလျှော့ဘဲ သူတို့လက်အောက်တွင် လေ့ကျင့်ခွင့်ရအောင် ကြိုးစားကြပေသည်။ အများအပြားက များစွာသော လက်ဆောင်များဖြင့် သူတို့ကို တွေ့ခွင့်ရရန် ကြံစည်ကြ၏။

တစ်နေ့တွင် ခမောက်ရှည် (မျက်နှာကို ပိတ်စဖြင့် ဖုံးအုပ်ထားသော ခမောက်) တစ်လက် ဆောင်းထားသော လူတစ်ဦးသည် ထိုတန်ခိုးရှင်သုံးဦး လေ့ကျင့်နေရာ ဂူကြီးသို့ ရောက်လာခဲ့သည်။

ပူပြင်းသော နေရောင်အောက်တွင် လူတစ်စု လမ်းလျှောက်နေသည်။ ခမောက် ဆောင်းထားသော တန်ခိုးရှင်နှင့် တခြားသော အပေါ်ပိုင်း ဗလာကျင်း လူသန်ကြီးနှစ်ဦးတို့သည် လမ်းအတိုင်း လျှောက်လာကြ၏။

“မင်းမှာ တကယ်ပဲ ရတနာ သလင်းကျောက်တွေ ရှိတာလား” လူသန်ကြီးက ခမောက် ဆောင်းထားသော လူအား မေးသည်။

“ကျုပ်က ကြီးမြတ်တဲ့သူတွေကို ဘယ်လိုလုပ် လိမ်လည်ရဲမှာလဲ။ ကျုပ်က ဒီခရီးကို လာတာ ဆရာတစ်ယောက် ရှာချင်လို့ပဲ” ခမောက်ဖြင့်လူငယ်က ပြောသည်။ လူသန်ကြီး နှစ်ယောက်က ခေါင်းညိတ်ကာ ဘာမှ ထပ်မမေးကြတော့။ မူလက သူတို့သည် သလင်းကျောက်အား လူငယ်ထံမှ ယူကာ ရှန့်ထိုများထံသို့ သွားပေးလိုကြသော်လည်း လူငယ်က သူကိုယ်တိုင်သာ ပေးမည်ဟု အတင်းငြင်းဆန်နေရာ မတတ်သာဘဲ လူငယ်ကို ခေါ်လာခဲ့ရခြင်း ဖြစ်ပေသည်။

သူတို့က ဝါကြင့်ကာ မွဲခြောက်နေသော တောင်ကုန်းတစ်လုံးထံသို့ ရောက်လာကြသည်။ သို့သော်လည်း သူတို့က တောင်ကုန်းရှေ့တွင်ရှိသော ဂူပေါက်ထဲသို့ ဝင်သွားသောအခါ အထဲ၌ လွန်စွာ လှပတင့်တယ်စွာ အဆင်တန်ဆာ ဆင်ထားသော ခန်းဆောင်များအား မြင်ရပေသည်။

သူတို့က ခန်းဆောင်၏ နက်ရှိုင်းသော နေရာများသို့အထိ လျှောက်လာခဲ့ကြလျှင် အထဲတွင် ခန်းမဆောင်တစ်ခုသို့ ရောက်လာကြပြီး လှပသော မိန်းမငယ်လေးများဖြင့် သေရည်သေရက်များ၊ အစားအသောက်ကောင်းများဖြင့် စည်းစိမ်ခံနေကြသော လူသုံးယောက်ကို တွေ့ရပေသည်။

“မင်းမှာ ရတနာ သလင်းကျောက်တွေ ပါတယ်လို့ ငါတို့ကြားတယ်” ရှေ့ဆုံးမှ လူကြီးက ခမောက်ဖြင့်လူငယ်ကို မေးသည်။

လူငယ်က ခမောက်ကို ချွတ်လိုက်ကာ ခေါင်းညိတ်ပြီး လက်ကို ဆန့်တန်းလိုက်လျှင် တလက်လက် တောက်ပနေသော ရတနာသလင်း ကျောက်တုံးတစ်တုံး ပေါ်လာသည်။ သတင်းကျောက်ကား ဧရာမကြီးမားကာ အရည်အသွေးမှာလည်း အလွန်တရာ မြင့်မားပေသည်။

လူကြီးက ကျောက်တုံးကို ကြည့်ကာ ပြုံးလျက်ရပ်နေသော လူငယ်အား မေးသည် … “မင်း ဘယ်သူလဲ”

လူငယ်၏ ကိုယ်ရောင်ကိုယ်ဝါသည် မူလကလို ဖျော့တော့ခြင်း မရှိတော့ဘဲ အလွန်တရာ အားကောင်းလာခဲ့ရာ လူကြီးသုံးဦးတို့၏အမူအရာမှာလည်း အလေးအနက် ဖြစ်လာခဲ့ကြသည်။

လူငယ်၏အရှိန်အဝါမှာ တဖြည်းဖြည်း အားကောင်း လာနေခဲ့သည်။

“ခင်ဗျားတို့ကို တော်တော် ရှာလိုက်ရတယ်။ အထက်ဘုံကို ရောက်တာတောင်မှ ခင်ဗျားတို့က စည်းစိမ်ခံနေတာကို တွေ့ရတော့ တော်တော် အံ့ဩရတယ်” လူငယ်က ပြုံးလျက်ပြောသည်။ သူ့ထံမှ ထုတ်လွှတ်သော ကိုယ်ရောင်ကိုယ်ဝါကား ရှန့်ထိုအဆင့်၌ ရှိပေသည်။

လူငယ်ရှေ့မှ လူကြီးသုံးယောက်ကား ကြီးစွာ တုန်လှုပ်သွားကြဟန် ရှိသည်။ ဘေးမှ နှစ်ယောက်က ထရပ်လျှင် သူတို့ထံမှ ကြီးမားသော ကိုယ်ရောင်ကိုယ်ဝါများ ထွက်ပေါ်လာကြသည်။

“မင်းတို့အားလုံး ထွက်သွားကြ” လူကြီးက အမိန့်ပေးသည်။ ဤတွင် တခြားလူများ အားလုံးက ထွက်သွားကြ၏။ လူကြီးက သူ့ရှေ့မှ လူငယ်အား မေးသည် … “မင်း ဘယ်သူလဲ”

“ကျုပ်က ခင်ဗျားနဲ့ ကိစ္စတစ်ခု ပူးပေါင်းချင်လို့ ရောက်လာခဲ့တာ။ ဒီသလင်းကျောက်က ခင်ဗျားအတွက် ကျုပ်ရဲ့စိတ်ရင်းနဲ့ ပေးတဲ့လက်ဆောင်ပါ” လူငယ်က ကျောက်တုံးကို ပေးကာ ပြောသည်။

“မင်းက ဟန်ဆောင်ပြီးတော့ ရောက်လာတယ်။ ဒါက စိတ်ရင်းလား” လူငယ်က စစ်မှန်သော ရုပ်သွင်အား ပြသခြင်း မရှိကြောင်း သူက သိဟန်ရသည်။

“ခင်ဗျားလည်း အတူတူပါပဲ။ ခင်ဗျား ဝတ်ထားတဲ့ လူသားမျက်နှာတုက အရည်အသွေး ညံ့တယ်” လူငယ်က ငေါ့တော့တော့ ပြောသည်။ တစ်ဖက်လူက ရှေ့သို့ တက်လာခဲ့လျှင် ခန်းဆောင်ကြီး တစ်ခုလုံး ကြောက်မက်ဖွယ် ကောင်းသော အရှိန်အဝါများဖြင့် ပြည့်နှက် လာခဲ့သည်။

လူငယ်က သူတို့သုံးယောက်အား ကြည့်နေရင်းက သူ့ထံမှ ကိုယ်ရောင်ကိုယ်ဝါများသည် ပိုမို အားကောင်းလာခဲ့ကာ အေးစက်စွာ ပြောသည် … “ရှီဟွာတောင်ရှန့်ထို … ကျုပ်က ခင်ဗျားရှေ့ကို ရောက်လာမှတော့ ခင်ဗျားက သေသေချာချာ စဉ်းစားဖို့လိုတယ်။ တကယ်လို့ ခင်ဗျားက အကြမ်းနည်း သုံးချင်ရင်တော့ အကျိုးဆက်ကို ကြိုတွေးဖို့ ကျုပ် အကြံပေးတယ်”

ရှေ့ဆုံးမှလူကြီးကား ရှီဟွာတောင်ရှန့်ထို ဖြစ်သည်။ သူ့ဘေးမှ နောက်နှစ်ယောက်ကိုမူကား ပြောနေစရာ မလိုတော့ပေ။

ပြည်နယ်ကိုးခုမှ ထွက်ခွာလာပြီးနောက် သူတို့သုံးယောက်သည် အထက်ဘုံ၌ လေ့ကျင့်နေခဲ့ကြသည်။ ရီဖူရှင်း၏နာမည်သည် အထက်ဘုံ၌ လျှမ်းလျှမ်းတောက် ကျော်ကြားလာခဲ့ရာ သူတို့က အင်ပါယာရှားဘုံ၏ ပင်မနေရာများ၌ မနေရဲကြတော့ဘဲ အနောက်ဘက် သဲကန္တာရများထဲ၌ လာရောက် ခိုအောင်းကာ ကျင့်ကြံနေခဲ့ကြသည်။

“မင်း ဘာအတွက် ရောက်လာတာလဲ” ရှီဟွာတောင်ရှန့်ထိုက လူငယ်၏မူလဇာစ်မြစ်ကို မေးမြန်းခြင်း မပြုတော့ပေ။ သူက လိုရင်းကိုသာ သိလိုတော့၏။

“ရီဖူရှင်းက ဒီလောက်မြန်မြန် နာမည်ကျော်ကြား လာမယ်ဆိုတာ ခင်ဗျား မထင်ထားဘူး မလား။ အခု သူ့ကို မင်းသမီးနဲ့ အင်ပါယာကိုယ်တိုင်က အရေးပေးနေပြီ။ ခင်ဗျား ဘာလို့ဒီမှာ လာပုန်းနေရလဲဆိုတာ အရမ်း ခက်ခက်ခဲခဲ စဉ်းစားနေဖို့မှ မလို‌တာ” လူငယ်က ငေါ့တော့တော့ ပြောသည်… “ဒါနဲ့ ခင်ဗျားက ဒီမှာ ပုန်းနေတာ လုံနေပြီလို့ ထင်လား။ အရှင်မင်းကြီးက မင်းတို့လူတွေကို ခေါင်းထဲ သိပ်မထည့်ထားလို့ ဒီလို အေးဆေးနေလို့ ရတယ်မှတ်ပါ။ ရီဖူရှင်းသာ ဒီထက် အရေးပါတဲ့နေရာသို့ ရောက်လာခဲ့ရင် ခင်ဗျားတို့ ဒီလိုနေရတော့မယ် ထင်လား”

ရှီဟွာတောင်ရှန့်ထို၏ မျက်နှာ ပျက်ယွင်းသွားသည်။ အင်ပါယာရှားက သူတို့အားလုံးကို စုစည်းကာ ပြောဆိုပြီး ကလည်းက သူသည် စောင့်ကြည့်ခံနေရပြီ ဖြစ်ကြောင်း သတိထားမိခဲ့ပေသည်။

“ကျုပ်က ခင်ဗျားတို့ကို ရှာတွေ့တယ် ဆိုမှတော့ ခင်ဗျားတို့က သိသင့်နေပြီ” လူငယ်က ဆက်ပြောသည် … “ကျုပ်က ဒီနေရာကို လာတာကတော့ ရိုးရှင်းတယ်။ မရဏဓားနတ်မယ်နဲ့ မှန်နန်းတော် သခင်မတို့က အခု အထက်ဘုံမှာ လေ့ကျင့်နေကြတယ်။ ပြည်နယ်ကိုးခုက အင်အားသိပ်မရှိဘူး။ ခင်ဗျားက တော်ဝင် အလင်းနန်းတော်နဲ့ ပေါင်းပြီးတော့ တော်ဝင်ကျဲနန်းတော်ကို တိုက်ခိုက်သင့်တယ်။ တော်ဝင်စစ်ပွဲက မပြီးသေးလို့ အရှင်မင်းကြီးကလည်း ခင်ဗျားတို့ကို အရေးလုပ်မှာ မဟုတ်ဘူး”

“ရှန့်ထိုကျင့်က အခု မြေရိုင်းပြည်နယ်မှာ ဖြစ်ပြီးတော့ တခြားရှန့်ထိုတွေလည်း ရှိသေးတယ်။ ရှန့်ထိုကျိက အကျယ်ချုပ် ကျနေတာဖြစ်လို့ အပြင်ထွက်ရဲမှာ မဟုတ်ဘူး။ ကျုပ်က ဘယ်လိုလုပ် မြေရိုင်းပြည်နယ်ကို တိုက်ခိုက်ရမှာလဲ” ရှီဟွာတောင်ရှန့်ထိုက အေးစက်စွာ ပြောသည်။

“ကျုပ်က ရတနာသလင်း ကျောက်တစ်တုံး ယူလာတာ မတွေ့ဘူးလား။ ဒါက ရှန့်ထိုတွေကို ငှားရမ်းဖို့ လုံလောက်လိမ့်မယ်။ ပြီးတော့ အရှင်မင်းကြီး ချမှတ်ထားတဲ့ စည်းကမ်းကို ချိုးဖျက်ပြီးတော့ ရှန့်ထိုအဆင့်အောက်က လူတွေကို မသတ်သရွေ့ ခင်ဗျားတို့ ပြဿနာ သိပ်မရှိဘူး” လူငယ်က ဆက်ပြောသည် … “ခင်ဗျားတို့က မအောင်မြင်ခဲ့ရင်တောင် ဒီအတိုင်း ထွက်ပြေးသွားလို့ ရတယ်။ သလင်းကျောက်တုံးကလည်း ခင်ဗျားတို့အပိုင်ပဲ”

“မှန်တယ် … ခင်ဗျားတို့က ငြင်းချင်ရင် ငြင်းလို့ရတယ်။ ဒါပေမဲ့ ရီဖူရှင်းကတော့ ခင်ဗျားတို့နေရာကို အနှေးနဲ့အမြန် သိသွားမှာပဲ” လူငယ်က ပြောသည်။

ထိုစကားများကို ကြားလျှင် ရှီဟွာတောင်ရှန့်ထို၏ မျက်နှာက နက်မှောင်သွားသည်။ သူက ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ သဘောတူ ရပေတော့မည်။

“ဒါတွေ လုပ်လို့ မင်း ဘာအကျိုးရှိမှာလဲ” ရှီဟွာတောင်ရှန့်ထိုက အေးစက်စွာ ပြောသည် … “သူက လူငယ်၏ရည်ရွယ်ချက်ကို သိလိုပေသည်”

တစ်ဖက်လူက ပြည်နယ်ကိုးခုမှ လူများနှင့် ရန်ငြိုး ရှိနေသည်များလား။

“ကျုပ်က ဒီကိစ္စမှာ ဘာအကျိုးအမြတ်မှ မရဘူး။ ဒါက ကစားပွဲတစ်ခု သာသာပဲ။ ခင်ဗျားက ကျုပ်ကို မတွေ့ခဲ့ဖူးလို့ပဲ သိထားပါ။ တကယ်လို့ တစ်လအတွင်း ဘာရလဒ်မှ မတွေ့ရရင် ရီဖူရှင်းတို့ကို ခင်ဗျားအိမ်တံခါးဝမှာ တွေ့ရလိမ့်မယ်။ ဒါနဲ့ ကျုပ်နဲ့ပတ်သက်ပြီး တစ်ခုခု ပြောဖို့ ကြိုးစားခဲ့ရင် ခင်ဗျားရဲ့ သားသမီးတွေ ဘာဖြစ်သွားမယ်ဆိုတာ ကျုပ် အာမ မခံနိုင်ဘူး” လူငယ်က ပြုံးလျက်ပြောကာ ခမောက်အား တစ်ဖန်ဆောင်းလျက် ထွက်ခွာ သွားခဲ့သည်။

သည်ကိစ္စကား သူ့အတွက် အမှန်တကယ်ပင် ကစားပွဲတစ်ခု ဖြစ်ပေသည်။

လူငယ်၏ ကိုယ်ရောင်ကိုယ်ဝါ တစ်ဖန် ယုတ်လျော့သွားသည်ကို ကြည့်ကာ ရှီဟွာတောင်ရှန့်ထို၏ မျက်နှာက ပြာနှမ်းသွားသည်။ အပြင်ဘက်မှ နာကျင်စွာ အော်ဟစ်သံများအား ကြားရ၏။ ထိုလူများမှာ နှုတ်ပိတ်ခံလိုက်ရပြီ ဖြစ်ကြောင်း သူနားလည်လိုက်သည်။

သူက သည်လူငယ်၏မျက်နှာ အစစ်အမှန်ကို တစ်ခါမှ မမြင်ဖူးသော်လည်း လူငယ်က မသက်ဆိုင်သည့် လူများကိုပင် သည်အတိုင်း ပုရွက်ဆိတ်သတ်သလို နှုတ်ပိတ်ခဲ့သည်။ သူကား မည်သည့်ခြေရာ လက်ရာမျှ မချန်ထားဘဲ သွေးအေး ရက်စက်ခြင်းဖြစ်သည်။

ရှီဟွာတောင်ရှန့်ထိုက မြေရိုင်းပြည်နယ်ကို တိုက်ခိုက်ခြင်းဖြစ်ပါက သူသည် တခြားလူများနှင့် မသက်ဆိုင်ဘဲ သူကိုယ်တိုင် တိုက်ခိုက်ခြင်းသာ ဖြစ်သည်။ မည်သို့ဆိုစေ သူက တော်ဝင်ကျဲနန်းတော်နှင့် ရင်ဆိုင်ရမည်မှာ အနှေးနှင့်အမြန် ဖြစ်၏။

ထို့ကြောင့်ပင် လူငယ်က သူ့အား မျက်စိကျခြင်း ဖြစ်ရပေမည်။

ရှီဟွာတောင်ရှန့်ထိုက ထိုသို့တွေးမိလျှင် ကြီးစွာ ချောက်ချားမိသည်။ အင်ပါယာရှား၏ အုပ်ချုပ်မှုအောက်တွင် သည်ကဲ့သို့သော ကြံစည်နိုင်သူဆိုပါက အလွန်တရာ ကြောက်မက်ဖွယ် ကောင်းသော နောက်ခံ အသိုင်းအဝိုင်းအား ပိုင်ဆိုင်သူသာ ဖြစ်ရပေမည်။

***

လဝက်ခန့် ကြာသောအခါ ရှားရှင်းယွန်သည် ရှီဟွာတောင်ရှန့်ထိုက ပြည်နယ်ကိုးခုသို့ ပြန်ရောက်လာသည့် သတင်းအား ကြားရသည်။

“ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ ကော့တေးက လူတွေကို နန်းတော်ကို လာရောက်ဖို့ ပြောလိုက်။ ငါတို့က အောက်ဘုံသို့ သွားမယ်” ရှားရှင်းယွန်က ပြောသည်။ ထို့နောက် သူမက အင်ပါယာရှားနန်းတော်တွင် ရှိသော တည်နေရာ ရွှေ့ပြောင်းခြင်း အစီအရင်သို့ တစ်ခါတည်း ထွက်သွားခဲ့သည်။

ရှားရှင်းယွန်နှင့် တခြားလူများ တော်ဝင်ကျဲနန်းတော် အပြင်ဘက်သို့ ရောက်သောအခါ တိုက်ပွဲကား ဖြစ်ပွားနေပြီ ဖြစ်သည်။

ရှန့်ထိုများ၏တိုက်ပွဲမှာ တော်ဝင်ကျဲနန်းတော် အပေါ်တွင် ဖြစ်ပွားနေသည်။ ရှီဟွာတောင်ရှန့်ထိုအပြင် တခြားသော ရှန့်ထိုဒုတိယအဆင့် နောက်တစ်ဦးသည်လည်း ရှန့်ထိုကျန့်အား ရင်ဆိုင်နေ၏။

ရှီဟွာတောင်မှ ရှန့်ထိုသုံးပါးနှင့် တော်ဝင် အလင်းနန်းတော်မှ ရှန့်ထိုနှစ်ပါးတို့သည် ထောင်ကျန်းနှင့် တခြားလူများအား ရင်ဆိုင် တိုက်ခိုက်နေပေသည်။

တော်ဝင်အလင်း နန်းတော်မှ ရှန့်ထိုကျိကား အကျယ်ချုပ် ကျခံထားရရာ တော်ဝင်အလင်း နန်းတော်မှ တခြား တန်ခိုးရှင်များသည် အပြင်သို့ ထွက်ရဲခြင်း မရှိခဲ့ကြပေ။ သို့သော်လည်း ရှီဟွာတောင်ရှန့်ထိုက လာရောက် သွေးဆောင်သောအခါ သူတို့က စောင့်နေမည့်အစား ကြိုတင်လက်ဦးမှုရရန် သဘောတူခဲ့ကြသည်။

ရှီဟွာတောင်ရှန့်ထိုနှင့် သူ့လူများသည် ပုံမှန်အားဖြင့် ရှားရှင်းယွန်တို့ ရောက်လာသည်ကို သိကြ၏။ သူတို့အားလုံး၏ မျက်နှာများ သိပ်မကောင်းကြပေ။ မင်းသမီးက သူမ ရပ်တည်ပေးမည့်ဘက်ကို ရွေးလိုက်ဟန် ရသည်။

“မင်းသမီး … ကျုပ်တို့က သူတို့ကို ကူညီရမလား” ရှားရှင်းယွန်၏ဘေးမှ တန်ခိုးရှင်အချို့က စိတ်ဖြင့် လှမ်းမေးကြသည်။

“လက်ရှိမှာ သူတို့က ကိုယ့်ဘာသာ ရင်ဆိုင်နိုင်ကြတယ်” ရှားရှင်းယွန်က ပြောသည်။ တိမ်တိုက်တောင်ကြားက တော်ဝင်ကျဲနန်းတော် အတွက် များစွာသော စွမ်းအားမြင့် လက်နက်များကို ပြုလုပ်ပေးထား ခဲ့သေးပေသည်။

ထိုအခိုက်တွင် သိမ်းငှက်နက်သည် ရှားရှင်းယွန်၏ဘေးသို့ ရောက်လာ၏။

ရီဖူရှင်းသည်လည်း သည်နေရာမှ အခြေအနေကို သိထားပြီးဖြစ်သည်။

သိမ်းငှက်နက်က ရှားရှင်းယွန်အား ကြည့်ကာ ပြောသည် … “မင်းသမီးရဲ့လူတွေကို ပါဝင် တိုက်ခိုက်ခိုင်းလို့ မရဘူးလား”

ရှားရှင်းယွန်က သိမ်းငှက်နက်အား ကြည့်လျှင် ရီဖူရှင်းက သူမအား ပြောနေခြင်း ဖြစ်ကြောင်း သိလိုက်သည်။

“ပြည်နယ်ကိုးခုက တော်ဝင်စစ်ပွဲကို အဖေကိုယ်တိုင် စည်းကမ်း သတ်မှတ်ထားတာ” ရှားရှင်းယွန်က သိမ်းငှက်နက်ကို ကြည့်ကာ ပြောသည်။

ရှားရှင်းယွန်က အကြည့်ကို လွှဲလိုက်ကာ စိတ်ဖြင့် လှမ်းပြောသည် … “တကယ်လို့ သေရေးရှင်ရေး အခြေအနေ ကြုံလာခဲ့ရင်တော့ ငါက ခြွင်းချက်အနေနဲ့ ကယ်ပေးမယ်”

“ကျေးဇူးတင်ပါတယ် မင်းသမီး” သိမ်းငှက်နက်က စိတ်ဖြင့် ပြန်ပြောသည်။

သိမ်းငှက်နက်၏ ကြီးမားသော မျက်လုံးများက ရှီဟွာတောင် ရှန့်ထိုတို့အား အေးစက်စွာ ကြည့်သည်။ ရှီဟွာတောင်ရှန့်ထိုက အမှန်တကယ် အထက်ဘုံမှ ရှန့်ထိုအချို့အား ခေါ်ဆောင် လာနိုင်ခဲ့ကာ တော်ဝင်ကျဲနန်းတော်အား တိုက်ခိုက်၏။

“တာလီမှာ လေ့ကျင့်တာ ဘယ်တော့ ပြီးမလဲ” ရှားရှင်းယွန်က ထပ်မေးသည်။

“မသိသေးဘူး” သိမ်းငှက်နက်က ပြန်ပြောကာ ရှေ့သို့ မြန်ဆန်စွာ ပျံသန်းသွားခဲ့သည်။

သိမ်းငှက်နက်က အဝေးသို့ ပျံသန်းသွားသည်ကို မြင်လျှင် ရှားရှင်းယွန်၏ မျက်လုံးများက ဒေါသငွေ့များ ယှက်သန်းလာခဲ့သည်။ သည်ခွေးကောင် … ။

တာလီနန်းတွင်း အကြံပေးသည် ရီဖူရှင်းအား အလွန်ကောင်းမွန်စွာ လက်ခံထားသည်ဟု သူမက ကြားသိရပေသည်။ လက်ရှိတွင် သူက တာလီနန်းမြို့တော်တွင် ရှန့်ထိုအဆင့်သို့ တက်လှမ်းရန် ကြိုးစားနေခြင်း ဖြစ်ပေမည်။

ထိုသတင်းများကို ကြားသိကာ ရှားရှင်းယွန်သည် ထူးဆန်းသည်ဟု ခံစားမိခဲ့၏။

***

All Chapters