စောမင်ကျန့်၏ပံ့ပိုးမှုများက အကန့်အသတ်မရှိ
Vol. 94 Ch. 1322
အခန်း (၁၃၂၂) စောမင်ကျန့်၏ပံ့ပိုးမှုများက အကန့်အသတ်မရှိ
ရန်ကျောက်ကဲက တည်ကြည်လေးနက်သည့်မျက်နှာထားဖြင့်...
“ဒီတစ်ခေါက်က အကြီးအကဲ’စော’ အတွက် စိန်ခေါ်မှုတစ်ခုပါပဲ”
သူက ဆက်ပြောသည်။
“ကျွန်တော်တို့ အမတခုံရုံးနဲ့တိုက်ခိုက်နေတဲ့အချိန်မှာ ဗုဒ္ဓဘာသာ သုခဘုံက အခွင့်အရေးယူပြီး အမတခုံရုံးကိုတိုက်ခိုက်မယ်ဆိုရင် သူတို့အတွက် သေချာပေါက် အကျိုးအမြတ်ရရှိမှာပဲ”
“ဒါပေမဲ့... ဘုရားလောင်းကတော့ အကြီးအကဲ’စော’ လိုမျိုး ကောင်းကင်နတ်ဘုရားအဆင့် တန်ခိုးစွမ်းအားရှင်တစ်ယောက်ထွက်ပေါ်လာတာကို သဘောကျမယ်မထင်ဘူး ၊ အထူးသဖြင့် အကြီးအကဲ’စော’ ရဲ့ အဖျက်စွမ်းအားက အရမ်းကြီးမားလွန်းတယ်လေ”
တောင်ပိုင်းချန်စန်းဧကရာဇ် ၊ မြောက်ပိုင်းကြယ်စင်ဧကရာဇ် ၊ ဝူတန့်မယ်တော်တို့နှင့် နှိုင်းယှဉ်မည်ဆိုလျျင် စောမင်ကျန့်၏ တိုက်ခိုက်စွမ်းအားနှင့်အဖျက်စွမ်းအားက သူတို့ထက်များစွာသာလွန်သည်။
ရလဒ်အနေဖြင့် သူထွက်ပေါ်လာခြင်းက အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နှင့် ဘုရားလောင်းတို့ကို ပိုပြီး ဒုက္ခဖြစ်စေနိုင်သည်။
ယခုတစ်ခေါက်တိုက်ပွဲတွင် အမတခုံရုံးအနေဖြင့် များစွာဆုံးရှုံးခဲ့ရပြီး အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ကလည်း စောမင်ကျန့်ကို အာရုံစိုက်နေသည်ဖြစ်ရာ သုခဘုံအနေဖြင့် ဤသည်ကိုအခွင့်ကောင်းယူပြီး အမတခုံရုံးကိုတိုက်ခိုက်ရန်မှာ သေချာသလောက် ဖြစ်သည်။
သို့သော် သုခဘုံက ဘယ်အချိန်တွင်တိုက်ခိုက်မည်လဲဆိုသည်က မေးခွန်းထုတ်စရာပင်။
ဘုရားလောင်းက အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ကို ပိုပြီးအချိန်ရစေရန် လွှတ်ထားပေးခဲ့သည်။
လက်ရှိတွင် သုခဘုံအနေဖြင့် အမတခုံရုံးကိုတိုက်ခိုက်မည်ဆိုလျှင် အကျိုးအမြတ်ရရှိမည်မှန်သော်လည်း စောမင်ကျန့်သာ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်၏လက်ထဲသို့ကျရောက်သွားပါက သုခဘုံအနေဖြင့် ပိုပြီးပျော်ရွှင်ပေမည်။
ဟုတ်ပေ၏။
သုခဘုံအနေဖြင့် အမတခုံရုံးကို အချိန်များစွာပေးမည်တော့ မဟုတ်ပေ။
မဟုတ်ပါက အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က အမတခုံရုံးအားကာကွယ်ရန် ပြန်ရောက်လာမည်ဆိုလျှင် သုခဘုံအနေဖြင့် မျှော်လင့်ထားသလောက် အကျိုးအမြတ် ရရှိတော့မည် မဟုတ်ပေ။
အကယ်၍ စောမင်ကျန့်အနေဖြင့် အတိုင်းအဆမဲ့ကောင်းကင်ဘံအရှင်အား ရှောင်တိမ်းနိုင်မည်ဆိုလျှင် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်အနေဖြင့် ရန်ကျောက်ကဲနှင့် စောမင်ကျန့်ကို အာရုံစိုက်ခြင်းအားစွန့်လွှတ်ပြီး အမတခုံရုံးသို့ ပြန်လာရမည် ဖြစ်သည်။
စောမင်ကျန့် ပြင်ပဗလာနယ်ထဲမှ ထွက်ပြေးသွားပြီးနောက် အဆုံးမရှိသော စကြာဝဠာနှင့်တစ်သားတည်းကျသွားသည်ဖြစ်ရာ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်အနေဖြင့် သူ့အား ပိတ်ဆို့တိုက်ခိုက်ရန် လွယ်ကူတော့မည် မဟုတ်ပေ။
သို့သော် ထိုအချိန်ကာလကို ခံနိုင်ရည်ရှိရန်မှာလည်း လွယ်ကူသည် မဟုတ်ပေ။
ဖုယွင်ချီက ခေါင်းညိတ်ရင်း...
“မီးလျှံထက်ယံအရှင်သခင် ကံကောင်းပါစေလို့ မျှော်လင့်ရတာပါ”
ရန်ကျောက်ကဲကလည်း ခေါင်းညိတ်လိုက်ရင်း...
“ဟုတ်တယ်...”
ဖုယွင်ချီက ရန်ကျောက်ကဲအား လှည့်ကြည့်လိုက်ပြီး...
“ဒီတစ်ခေါက် ပြင်ပတာအိုကျင့်ကြံသူတွေဘက် လူဘယ်လောက် အသေအပျောက်ရှိလဲ”
ရန်ကျောက်ကဲက...
“သိရသလောက်... ကောင်းကင်နတ်ဘုရား(၄)ပါး ဆုံးရှုံးသွားတယ်”
သူက ဆက်ပြောလိုက်သည်။
“အကြီးအကဲ’စော’ သတ်လိုက်တဲ့သူတွေကိုတွက်ကြည့်မယ်ဆိုရင် ထိုက်ရွှီးမူလနတ်ဘုရား အယောက်(၂၀)လောက်လည်း သေဆုံးသွားတယ်”
ဖုယွင်ချီက အသက်တစ်ချက် ရှူထုတ်လိုက်ရင်း...
“သိုင်းနတ်ဘုရားဆိုတဲ့နာမည်နဲ့ တကယ်တိုက်တန်တာပဲ”
သူက ဆက်ပြောသည်။
“ဒီလောက်လူတွေအများကြီးဆုံးရှုံးသွားတာ အမတခုံရုံးကလူတွေတော့ အတော်ထိခိုက်ခံစားသွားမှာပဲ ၊ အထူးသဖြင့် ကောင်းကင်နတ်ဘုရား(၄)ပါး ဆုံးရှုံးသွားတာပဲ ၊ ဒီလိုလူမျိုးတွေကို အချိန်တိုအတွင်း ပြန်အစားထိုးနိုင်မှာမဟုတ်ဘူး ၊ ထူးခြားကိစ္စမဖြစ်ဘူးဆိုရင်တောင် နှစ်ပေါင်း ရာနဲ့ထောင်နဲ့ချီပြီးမှ ပြန်အစားထိုးနိုင်လောက်မှာ”
ဖုယွင်ချီက ခဏမျှ စဉ်းစားလိုက်ပြီး...
“အမတခုံရုံးနဲ့ သုခဘုံကြားက အင်အားချိန်ခွင်လျှာ ပျက်ဆီးသွားတော့မယ် ၊ ဒီတော့ သူတို့ကြားကတိုက်ပွဲက မျှော်လင့်ထားတာထက် အများကြီးစောနိုင်တယ်”
သူ့စကားကို ရန်ကျောက်ကဲကလည်း သဘောတူလိုက်သည်။
“အမှန်ပဲ... သုခဘုံက ဒီအခွင့်အရေးကို မဆုပ်ကိုင်ဘူးဆိုရင် သူတို့ကို သုခဘုံလို့ ခေါ်လို့မရတော့ဘူး”
အမတခုံရုံးနှင့် သုခဘုံ တိုက်ခိုက်သည့်အချိန်တိုင်း သူတို့က ယုံကြည်ခြင်းစွမ်းအားကို တည်ငြိမ်စေရန် အသက်စွန့်ပြီး ကြိုးပမ်းကြသည်ဖြစ်ရာ စစ်ပွဲတစ်ပွဲဖြစ်လျှင် နှစ်အနည်းငယ်မှ (၁၀)နှစ်အထိ ကြာမြင့်တတ်သည်။
ရံဖန်ရံခါတွင် စစ်ပွဲသည် နှစ်ပေါင်း (၂၀)အထိ ကြာမြင့်နိုင်၏။
ထို့နောက်မှာတော့ စစ်ပွဲက ပြန်လည်ငြိမ်သက်သွားပြီး အနှစ်(၁၀၀)နေမှ တစ်ကြိမ်ထပ်ပြီး တိုက်ခိုက်လေ့ရှိကြသည်။
တခါတရံဖြစ်ပေါ်တတ်သည့် ခြွင်းချက်အချို့အရ စစ်ကြေညာချိန်သည် နှစ်ပေါင်း(၁၀၀)ထက်လျော့နည်းတတ်သလို နှစ်ပေါင်း(၁၀၀)ထက် ပိုမိုကြာရှည်တတ်သည်လည်း ရှိသည်။
နှစ်အနည်းငယ်သာတိုက်ခိုက်ပြီး တိုက်ခိုက်မှုရပ်စဲကြသည့် အချိန်မျိုးလည်း ရှိတတ်သည်။
ယခု မီးလျှံထက်ယံအရှင်သခင်’စောမင်ကျန့်’ က အမတခုံရုံးမှ လူပေါင်းများစွာကို သတ်ဖြတ်လိုက်သည်ဖြစ်ရာ ဆုံးရှုံးမှုက သိသိသာသာများပြားသဖြင့် သုခဘုံအနေဖြင့် အမတခုံရုံးကို စောစီးစွာ စစ်ကြေညာလာနိုင်သည်။
အခြားရှုထောင့်တစ်ခုမှကြည့်လျှင် ဤအချက်ကြောင့် ရန်ကျောက်ကဲတို့အုပ်စု ပိုပြီးအချိန်ရရှိလာနိုင်သည်။
သုခဘုံ၏ကျူးကျော်တိုက်ခိုက်မှုက အမတခုံရုံးအား လွှမ်းမိုးသွားမည်ဆိုလျှင် သူတို့အနေဖြင့် ရန်ကျောက်ကဲတို့အုပ်စုအား လိုက်လံရှာဖွေရန် လူအင်အား အသုံးပြုနိုင်တော့မည် မဟုတ်ပေ။
အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်၏ ခြိမ်းခြောက်လာနိုင်မှုကို သိရှိသည့်တိုင် စောမင်ကျန့် ကောင်းကင်နတ်ဘုရားအဆင့်သို့တက်လှမ်းရန် ဆုံးဖြတ်လိုက်ရသည့်အကြောင်းရင်းမှာ အခြေအနေအပေါ် မူတည်ပြီး ပြုလုပ်လိုက်ရခြင်း ဖြစ်သည်။
ထို့ပြင် ရန်ကျောက်ကဲ၏အနာဂတ်အစီအစဉ်များကို ထည့်သွင်းစဉ်းစားပေးသောကြောင့်လည်း ဖြစ်၏။
သူက အသက်ကိုပဓာနမထားဘဲ အခြေအနေကိုခွဲထုတ်ပြီး မျှခြေကိုချိုးဖျက်ကာ လူအများ ပိုမိုရှင်သန်နိုင်ရန်ပြုလုပ်ပေးခဲ့သလို အခြားသူများအတွက်လည်း အချိန်ဆွဲပေးနိုင်ခဲ့သည်။
ဤကိစ္စများနှင့်ပတ်သက်ပြီး စောမင်ကျန့်၏ပံ့ပိုးမှုများက အကန့်အသတ်မရှိပေ။
ကြီးမားသောထိုးနှက်ချက်ခံစားခဲ့ရသည့် အမတခုံရုံးအနေဖြင့် သုခဘုံကို ခံစစ်သာလျှင် ခုခံနိုင်မည်ဖြစ်လေရာသူတို့အတွက် ခက်ခဲသည့်အခြေအနေတစ်ခု ရင်ဆိုင်ရမည်ဟု ဆိုနိုင်၏။
အမတခုံရုံးအနေဖြင့် မဟာမိန်အချို့ကိုရှာဖွေရန် ကြိုးပမ်းနိုင်သော်လည်း သုခဘုံသည်လည်း အလားတူ လုပ်ဆောင်နိုင်သည်သာပင်။
သို့သော် ယင်းတို့မှာ အထက်တန်းအဆင့် တန်ခိုးစွမ်းအားရှင်များကြား အားပြိုင်မှုနှင့်သာ သက်ဆိုင်သည်ဖြစ်ရာ ရန်ကျောက်ကဲအနေဖြင့် လုံလောက်သည့် သတင်းအချက်အလက် ရရှိခြင်းမရှိဘဲ တိကျသော ခန့်မှန်းမှုများကို ပြုလုပ်နိုင်ခြင်း မရှိသေးပေ။
ဤအကြောင်းရင်းကြောင့်ပင် အမတခုံရုံးနှင့်သုခဘုံ၏တိုက်ပွဲက စောစီးစွာ ပြန်လည်စတင်နိုင်သည့်တိုင် တိုက်ပွဲရလဒ်ကိုတော့ ခန့်မှန်းရန် ခက်ခဲနေဆဲပင်။
ရန်ကျောက်ကဲတို့အုပ်စုအနေဖြင့် ထိုကိစ္စကို ပေါ့ပေါ့တန်တန် သဘောမထားဝံ့ကြပေ။
လက်ရှိအခြေအနေများကို ဖုယွင်ချီနှင့်ဆွေးနွေးပြီးနောက် သူတို့စကားလမ်းကြောင်းက ဖြည်းဖြည်းခြင်း “ခံစားချက်မျိုးကွဲပညာရပ်” ဆီသို့ ရောက်ရှိသွားသည်။
ဖုယွင်ချီက တည်ကြည်လေးနက်သည့်မျက်နှာထားဖြင့်...
“ဒါက သွားရမယ့်နည်းလမ်းဖြစ်နိုင်တယ်”
သူက ဆက်ပြောသည်။
“ဂန္ထဝင်စာပေတွေထဲမှာ အလားတူဖော်ပြချက်တွေ တွေ့ဖူးပါတယ် ၊ “ခံစားချက်မျိုးကွဲပညာရပ်” က ငါ့ရဲ့လက်ရှိပြဿနာကိုဖြေရှင်းဖို့ သော့ချက်ဖြစ်တယ်လို့လည်း အလိုလိုခံစားမိတယ် ၊ ကံမကောင်းတာက ငါ့မှာ အဲဒီကျင့်စဉ်နဲ့ပတ်သက်တဲ့ တိကျတဲ့နည်းလမ်းမရှိဘူး ၊ အသေးစိတ်လေ့လာကြည့်တော့လည်း ရလဒ်က နည်းနည်းပဲထွက်လာတယ် ၊ အခုထိ နေ့အလင်းရောင်ကို မတွေ့မြင်ရသေးပါဘူး”
ပိုးသားဧကရာဇ်ရှေ့တွင် ရန်ကျောက်ကဲက သူ၏အတွေးများကို ဖော်ပြခြင်းမရှိဘဲ ရိုးရှင်းသည့်အမူအရာဖြင့်ပင် စကားဆိုလိုက်သည်။
“အနည်းဆုံးတော့ ဧကရာဇ်ရဲ့ပြဿနာအတွက် အဖြေတစ်ခုတွေ့တယ်လို့ ဆိုနိုင်တာပေါ့ ၊ ပြီးတော့ ဒီအရာအားလုံးကို ပြန်ပြီးပြောင်းလဲဖို့အတွက် တခြားသိုင်းပညာရပ်တွေးလည်း ရှိကောင်းရှိနိုင်ပါသေးတယ်”
ဖုယွင်ချီက တည်ငြိမ်အေးဆေးစွာဖြင့်...
“အဆင်ပြေပါတယ် ၊ လောစရာလည်း မလိုပါဘူး”
သူက ဆက်ပြောသည်။
“အရင်တုန်းက ငါ လောဘကြီးပြီး နတ်ဘုရားတံခါးကို အတင်းအကျပ် ဖွင့်လှစ်နိုင်အောင် ကြိုးစားခဲ့တယ် ၊ အခုတော့ အဲဒီအတွက် ပြန်ပေးဆပ်နေရတာပဲပေါ့”
“ငါ ဒီလိုဖြစ်ရတာ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ် လုပ်ကြံလို့ဖြစ်တာဆိုပေမယ့်... ငါ ကျင့်ကြံခဲ့တဲ့ ရင်းမြစ်မှာကတည်းက ပြဿနာရှိနေပြီးသားပါ ၊ ယင်ဟွမ်လျှို့ဝှက်ဧကရာဇ် ငါ့ကိုမလုပ်ကြံဘူးဆိုရင်လည်း တစ်နေ့မှာ အမတခုံရုံးက ပြင်ပတာအိုကျင့်ကြံသူတွေ လုပ်ကြံတာကို ခံရမှာပဲလေ”
ဖုယွင်ချီက ခေါင်းခါယမ်းရင်း...
“ပြင်ပတာအိုကျင့်ကြံသူတွေရဲ့ထောင်ချောက်ထဲကျသွားမှာထက်ဆာရင် လက်ရှိအခြေအနေက မဆိုးဘူးလို့ ပြောနိုင်ပါတယ်”
သူတို့စကားစမြည်ပြောဆိုရင်းဖြင့် ရွှယ်ချူးချင်အား ဝမ်ကျန်းချန်တို့အုပ်စု ဝိုင်းဝန်းတိုက်ခိုက်နေကြချိန်တွင် အဖြူရောင်ပိုးသားဧကရာဇ် အဘယ့်ကြောင့်ရောက်မလာရသနည်းဆိုသောအဖြေကို ရန်ကျောက်ကဲ သိရှိခဲ့ရသည်။
ထိုစဉ်အချိန်က ပြင်ပဗလာနယ်ထဲတွင် အမတခုံရုံးမှကျင့်ကြံသူများက ပိုးသားဧကရာဇ်ကို ဝိုင်းဝန်းပိတ်ဆို့ထားပြီး အထက်ဘုံကမ္ဘာသို့မပြန်နိုင်ရန် တားဆီးထားခဲ့ခြင်း ဖြစ်သည်။
ထိုသို့ဖြစ်အောင်ပြုလုပ်သူများမှာ ဝမ်ကျန်းချန်နှင့် အနက်ရောင်ပိုးသားဧကရာဇ် ဖြစ်နိုင်သည်။
ထို့ကြောင့် အထက်ဘုံကမ္ဘာတွင် ဝါဒတောင်နှင့် ချီလင်ကမ်းပါး အချင်းများမှုဖြစ်ကြသည့်အခါ ပိုးသားဧကရာဇ်က တစ်ချက်တုံ့ဆိုင်းခြင်းမရှိဘဲ ရန်ကျောက်ကဲတို့အုပ်စုနှင့်အတူ အထက်ဘုံကမ္ဘာမှ ထွက်ခွာလာရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ထိုစဉ်အချိန်ကတည်းက သူ၏ကျင့်ကြံခြင်း လမ်းမှန်သို့ပြန်လည်ရောက်ရှိရန် ကူညီပေးနိုင်မည့်နည်းလမ်းတစ်ခု ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်တွင် ရှိနေနိုင်ကြောင်း သဘောပေါက်ခဲ့ပြီး ဖြစ်သည်။
ဖုယွင်ချီက ရန်ကျောက်ကဲကိုကြည့်ရင်း ဖုံးကွယ်ထားခြင်းမရှိ ပွင့်လင်းစွာပြောလိုက်သည်။
“အခုချိန်မှာ ငါ စိတ်အပူဆုံးက ကြာပန်းနီလေးနဲ့ သမီးလေးဝမ်အာပဲ ၊ ပြီးတော့ ရှီးရှင်ရောပဲ...”
ဖုထင်တစ်ယောက်တည်းဆိုလျှင် ပြဿနာမရှိပေ။ သို့သော် မန်ဝမ်နှင့် ဟယ်ရှီးရှင်တို့သည်လည်း ပိုးသားဧကရာဇ်ကိုယ်တိုင်ကြောင့် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်၏ တည်ရှိမှုကို သိရှိသွားခဲ့ကြသည်။
ထိုစဉ်အချိန်က ဖုယွင်ချီမှာ နှစ်ယောက်ကွဲသွားခြင်းမရှိသေးဘဲ စိတ်ဖောက်ပြန်ကာ ရူးသွပ်လုနီးပါးဖြစ်နေသည့်တိုင် သူ၏လုပ်ရပ်နှင့်ပတ်သက်ပြီး ပြင်းထန်သောအကျိုးဆက်ကို နားလည်သိရှိခဲ့သည်။ ထို့ကြောင့် သူတို့ (၃)ယောက်ကိုကယ်တင်ရန် အမြဲတမ်း နည်းလမ်းရှာဖွေနေခဲ့သည်။
ထို့ပြင် ထုတ်ဖော်မပြောသည့်တိုင် သူ၏စကား၏နောက်ကွယ်တွင် ဖုံးကွယ်ထားသောအဓိပ္ပါယ်တစ်ခုမှာ ရန်ကျောက်ကဲအတွက်လည်း စိုးရိမ်နေခြင်း ဖြစ်၏။
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...
“ဒီ ‘ရန်’ မှာ မသေချာသေးတဲ့ အတွေးအမြင်တချို့တော့ရှိပါတယ် ၊ ဒါပေမဲ့ အဲဒါကို ပြီးပြည့်စုံအောင်လုပ်နိုင်ဖို့တော့ လိုသေးတယ်”
ထိုစကားကိုကြားတော့ ဖုယွင်ချီက ပင့်သက်တစ်ချက်ရှိုက်လျှက် ခေါင်းညိတ်ရင်း မည်သည့်စကားမှ ထပ်မပြောတော့ပေ။
အခြားဘက်မှာတော့ မန်ဝမ်က ဖန်းယွင်ရှန်းကို စိုးရိမ်ပူပန်စွာဖြင့် ကြည့်နေသည်။
“အစ်မပြောသလိုဆိုရင်... အေးဆေးတဲ့အခြေအနေဖြစ်ဖို့ဆိုတာ အများကြီးလိုသေးတာပေါ့”
သူမက ဖန်းယွင်ရှန်းချန်ထားခဲ့သောသတင်းစကားနှင့်ပတ်သက်ပြီး ရယ်မောခဲ့ခြင်းမရှိဘဲ ဤနှစ်များတစ်လျှောက် ဖန်းယွင်ရှန်း ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများကိုသာ စိတ်ဝင်တစားမေးမြန်းလျှက် ရှိသည်။
ဖန်းယွင်ရှန်းက သက်ပြင်းချရင်း...
“ဒါပေါ့... အေးဆေးတဲ့အခြေအနေဖြစ်ဖို့ အများကြီးလိုသေးတယ်”
သူမက ဆက်ပြောလိုက်သည်။
“ရာဟုကြယ်ထက်ယံအရှင်သခင် လုံးဝ ကျဆုံးသွားပြီလားဆိုတာ မသေချာသေးဘူး ၊ ပြီးတော့ အခု ငါက ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုးရဲ့အခွင့်အာဏာကိုပိုင်ဆိုင်ထားပေမယ့် အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ မသိနိုင်သေးဘူး”
သူမက ပြုံးလိုက်ရင်း...
“ငါတို့တွေရဲ့ အတွင်းရေးပြဿနာတွေတင်မဟုတ်ဘူး ၊ အခု ငရဲကိုးထပ်က နတ်ဆိုးတွေကိုလည်း ပြင်ပရန်သူတွေအဖြစ် ရှုမြင်ရမယ်”
“ဒီတစ်ခေါက် ငါတို့လမ်းမှန်တာအိုဝါဒရဲ့ ကောင်းကင်ဘုံအရှင် (၂)ပါးသာ ရှိမနေဘူးဆိုရင် သစ်သားနတ်ဆိုးက ငါ့ကိုဖမ်းမိသွားနိုင်တယ်”