← Chapters

မြင်းကိုခေါ်ပြီးသွားကြမယ်

Vol. 1 Ch. 1

မြင်းကိုခေါ်ပြီးသွားကြမယ်

Vol. 1 Ch. 1

ချင်းနျုးတောင်၊ ဖားပြုတ်တောင်ရိုး၊ ဖားပြုတ်ရွာ၊ မျက်နှာနီရဲနေသောလူကြီးအချို့။

''သူဌေးဒီမှာရှိတုန်းက ငါတို့ဖားပြုတ်ရွာက ဘယ်လောက်များဆန်းကြယ်လိုက်လဲ။ ချိုးနျူးတောင်တစ်ခုလုံးက ဓားပြတွေက ငါတို့စကားကို နားထောင်ရတယ်။ ဒါပေမဲ့ သူဌေးသေသွားတာနဲ့ ညီနောင်တွေလည်း ထွက်ပြေးကုန်ပြီ။ ငါတို့ပဲကျန်တော့တယ်''

''အရာရှိတွေနဲ့ စစ်သားတွေလည်း လာဝိုင်းပြီး နှိမ်နင်းကြတယ်။ ငါတို့က သူတို့ကို ပြန်မတိုက်ခိုက်နိုင်တော့ ငါတို့အဖွဲ့ဖျက်ရတော့မယ်''

''မျိုးမစစ် ခေါင်းဆောင်သေပြီး ရွာပိုင်ရှင်ကလည်း ခုမှ (၁၈)နှစ်ပဲရှိသေးတယ်။ မင်းက လမ်းခွဲဖို့ပြောနေပြီ။ ထွက်သွားချင်တဲ့သူတွေ ထွက်သွားကြ။ လေးစားသမှုထားတဲ့အနေနဲ့ ငါအရင်ထွက်သွားမယ်''

''တူတူသွားကြမယ် တူတူသွားကြမယ်''

ထိုက်ရှစ်ခုံပေါ်တွင် ဖားပြုတ်ရွာ၏ ရှောင်ကျိုက်ခေါင်းဆောင်ဖြစ်သော ချုံးတလေတစ်ယောက် ထိုင်နေသည်။ ၎င်းကဘေးဘီဝဲယာသို့ကြည့်ကာ တွေဝေနေလေ၏။

''ကူးပြောင်းလာတာလား''

ချုံးတလေသည် ယခင်ဘဝက သာမန်တက္ကသိုလ်ကျောင်းသားတစ်ဦးသာဖြစ်သည်။ ၎င်းသည် အဆောင်တွင် ဓားပြတစ်ယောက်၏နှလုံးသားဟုသော မဟာဗျူဟာဂိမ်းကို ကစားနေစဉ်တွင် သတိလစ်သွားကာ နိုးလာသောအခါ၌ ထိုလောကထဲသို့ ရောက်နေခြင်းဖြစ်သည်။ ပြိုလဲယိုင်လုနီးပါးဖြစ်နေသောတစ်ထပ်အိမ်ကလေးထဲတွင် ရောက်နေကာ သူသည် ထိုအိမ်၏အိမ်ပိုင်ရှင်ဖြစ်သည်။

၎င်းစိတ်ထဲမှ မှတ်ဉာဏ်က ချုန်းတလေရှိနေသောတိုင်းပြည်သည် တဝူတိုင်းပြည်ဖြစ်ကြောင်း ပြောပြနေလေသည်။ တဝူတည်ထောင်ပြီး (၁၂၀)မြောက်နှစ်တွင် စီရင်စု(၁၃)ခုရှိ မြို့ပေါင်း(၁၀၈)မြို့ကို အုပ်ချုပ်ခဲ့ရသည်။ သို့သော်လည်း လွန်လေးပြီးခဲ့သောအချိန်ကဖြစ်သည်။ ယနေ့တွင်မူ တဝူ၏အာဏာမှာ ကျဆင်းနေကာ နိုင်ငံတစ်ဝှမ်းကမင်းသားများက ကိုယ်ပိုင်စစ်တပ်ထောင်ကာ အချင်းချင်းတောက်လျှောက်တိုက်ခိုက်နေကြသည်။

နှစ်ပေါင်းများစွာကြာရှည်သောစစ်ပွဲများကြားတွင် ပြည်သူများ ရုန်းကန်နေကြရသည်။ အသက်ရှင်သောသူများက တောတောင်များထဲသို့ ထွက်ပြေးသွားကြကာ ထိုလောကကြီးသည် ဓားပြများဖြင့်သာ ပြည့်နှက်နေလေ၏။

ချုံးတလေနေသောဖားပြုတ်ရွာမှာ ၎င်းတို့ထဲမှတစ်ခုဖြစ်သည်။ ယခင်ရွာပိုင်ရှင်ရှိစဉ်က ဖားပြုတ်ရွာသည် ချိုးနျူးတောင်တွင် အတော်လေးနာမည်ကြီးလှသည်။ သို့သော်လည်း များမကြာမီတွင်ပင် ယခင်ရွာပိုင်ရှင်သေသွားကာ ၎င်း၏ညီနောင်များလည်း သေသူသေ၊ ထွက်ပြေးသူထွက်ပြေးဖြင့် ဖြစ်သည်။ ယနေ့တွင်မူ တစ်ရွာလုံးတွင် ချုံးတလေ့တစ်ဦးတည်းသာ ကျန်နေခဲ့၏။

''ရွာပိုင်ရှင်လေး ရွာပိုင်ရှင်လေး''

အသံတစ်သံက ချုံးတလေ၏အတွေးများကို နှောင့်ယှက်လိုက်သည်။ အသိဝင်လာသည့်အခါတွင် ၎င်း၏ရှေ့၌ မုတ်ဆိတ်မွေးဖြင့်သက်လတ်ပိုင်းလူတစ်ယောက်ကို တွေ့လိုက်ရသည်။

''ဆရာရွှီ ခင်ဗျားထွက်မသွားသေးဘူးပဲ - - -''

ဒီ- - - -

၉၂%

ချုံးတလေကြောင်ကြည့်နေမိသည်။ စိတ်ထဲမှမှတ်ဉာဏ်များက မုတ်ဆိတ်မွေးဖြင့်ထိုသူသည် ရွှီရှန်းကျီဖြစ်ကာ ထိုနေရာ၏ စစ်ရေးအကြံပေးဖြစ်သည်။ သူသည် စစ်တပ်ဗျူဟာမှူးဖြစ်သော်လည်း အိုင်ကျူကမူ ဆိုးရွားလွန်းလှသည်။ မည်သည့်အခါမှ ကောင်းသည့်အကြံဉာဏ်ထွက်မလာဘဲ မကောင်းသည့်အကြံများသာ အဆုံးအစမဲ့ ထွက်လာတတ်၏။ အတိတ်က ချုံးတလေသည် ထိုသူကို လွန်စွာမှမုန်းတီးသည်။ မျှော်လင့်မထားစွာဖြင့် ရွာပျက်ခါနီးတွင် အဆုံးထိ နေခဲ့သူမှာ ၎င်းတစ်ဦးတည်းသာဖြစ်၏။

''လေထန်ပြီး မုန်တိုင်းကြမ်းခဲ့တယ်။ အခက်အခဲနဲ့အတွေ့မှ လူတွေရဲ့စိတ်ကိုသိနိုင်တယ်''

ချုံးတလေသည် ရွှီရှန်းကျီ၏လက်ကို တင်းတင်းဆုပ်ကိုင်ကာ

''ဆရာရွှီ ကျွန်တော့်ဒီခံစားချက်ကို ဖွင့်ထုတ်တာပါ''

''အထင်လွဲနေပြီ အထင်လွဲနေပြီ''

ရွှီရှန်းကျီက ချန်းတလေ၏လက်ထဲမှ လက်ကို ပြန်ရုတ်လိုက်ပြီး

''ရွာပိုင်ရှင်လေး သူတို့အားလုံး ရွာရဲ့ပိုင်ဆိုင်မှုတွေကို ယူသွားကြပြီ။ ဘယ်သူမှ နောက်ဆုံးကျန်ခဲ့တဲ့ဒီမြင်းပိန်ကိုကျ မလိုချင်ကြဘူး။ အဲ့တာကြောင့် ကျုပ်ယူသွားလို့ရမလား''

ချုံးတလေမှာ ရေအေးဖြင့် ပက်ခံလိုက်ရသကဲ့သို့ပင် ထိုက်ရှစ်ခုံကိုမှီကာ အကူအညီမဲ့စွာဖြင့် လက်ဝှေ့ယမ်းပြလိုက်မိသည်။

ရွှီရှန်းကျီက ပျော်ရွှင်သွားသောအမူအရာဖြင့် မြင်ကိုယူလိုက်ကာ

''လင်းအာ မြန်မြန်ဒီမြင်းကိုခေါ်သွား။ တောင်အောက်ကိုဆင်းရင် ငါတို့သားအဖက ဒီမြင်းကိုမှီခိုပြီးပဲ စားသောက်ရမှာ''

ချုံးတလေသည် အိမ်အလွတ်ကြီးကိုသာ ကြည့်နေမိသည်။ မူလဖားပြုတ်ရွာသည် အချိန်အတိုင်းအတာတစ်ခုအထိ ပေါကြွယ်ဝခဲ့သည်။ လူပေါင်းငါးရာခြောက်ရာထက်မနည်းရှိသည်။ ခန်းမထဲတွင် စုစုပေါင်းခုံကြီး(၁၂)ခုရှိသည်။ သို့သော် ယခုတွင်မူ ခန်းမထဲတွင် ခုံကြီးတစ်လုံးတည်းသာ ကျန်ကာ ၎င်းတစ်ဦးတည်းသာ ရှိတော့၏။

ထူးဆန်းသောထိုလောကကြီးတွင် မိမိတစ်ဦးတည်း မည်သို့ရပ်တည်နိုင်မည်နည်း။

ဒီ- - - - ကနဦးအခြေအနေ ပြီးသွားပါပြီ။ ဓားပြနှလုံးသား ပွင့်လာပါပြီ။

ဒီ- - - - ဓားပြနှလုံးသား ပွင့်လာပါပြီ။

ဒီ- - - - ဓားပြနှလုံးသား အောင်မြင်စွာပွင့်သွားပါပြီ။

ချုံးတလေတစ်ယောက် မျက်လုံးပြူးသွားကာ ၎င်း၏စိတ်ထဲတွင် အချက်အလက်ပေးသောစာကြောင်းတစ်ကြောင်း ပေါ်လာသည်။

ဖားပြုတ်ရွာ - ပြိုလဲပျက်စီးခါနီးမူလရွာတစ်ရွာ။

ပိုင်ရှင် - ချုံးတလေ။

လူဦးရေ - (၃)ယောက် (ရွာပိုင်ရှင်တစ်ဦး၊ စစ်ရေးအကြံပေးတစ်ဦး၊ မြင်းထိန်းတစ်ဦး)

ဒီ- - - - စွမ်းအားအပြည့်ဖြင့်လူငယ်တစ်ဦး။ သင်သည် ယခုနေရာမှ စတင်နိုင်ပါပြီ။ အကြီးမားဆုံးရွာကိုတည်ဆောက်ပါ။ ဒုက္ခအခက်အခဲအချိန်ကာလထဲသို့ခုန်ဆင်းလိုက်ပါ။ ပြီးလျှင် သင်၏ဒဏ္ဏာရီကို ဤလောကထဲတွင်ချန်ထားခဲ့ပါ။

ထိုစာကြောင်းသည် ၎င်းမကူးပြောင်းခင် ကစားနေခဲ့သော ပေါပေါလောလောနိုင်လှသည့်ကစားသည့်စတိုင်ဖြင့် ဓားပြနှလုံးသားဗျူဟာဂိမ်းမဟုတ်ပါလော။ ထိုလောကသို့ သူ့ဘာသာ ကူးပြောင်းလာယုံတင်မက ထူးဆန်းသည့်ဂိမ်းစနစ်ကိုပါ သူနှင့်အတူ သယ်ဆောင်လာခဲ့မိသည့်ပုံပေါ်သည်။

ဒီ- - - -လက်ရှိအခြေအနေတွင် လူဦးရေမှာ သုံးယောက်ဖြစ်သည်။ လူဦးရေမှာ တစ်ယောက်လျော့သွားသည့်အတွက် အဓိကမစ်ရှင်ကျရှုံးကာ ဓားပြနှလုံးသားပိတ်သွားပါပြီ။

ဒီ- - - -မစ်ရှင်အသစ်မှာ ဗျူဟာမှူးနှင့်မြင်းထိန်းကိုထိန်းသိမ်းထားပါ ဖြစ်ပါသည်။ သင်၏ဗျူဟာမှုးနှင့်မြင်းထိန်းက ထွက်သွားပါတော့မည်။ ၎င်းတို့ကို သင်၏အရိုးသားဆုံးနည်းလမ်းဖြင့် နေအောင်ဆွဲထားပါ။

ရွှီရှန်းကျီနှင့် သူ၏သမီးရွှီလင်းအာသည် ထွက်သွားကြတော့မည်ဖြစ်သည်။ စိတ်ထဲတွင် အလျင်စလိုဖြစ်သွားကာ မြင်းပိန်ပိန်လေးရှေ့မှ ဝင်တားမိလိုက်သည်။

''ရွာပိုင်ရှင်လေး နောင်တမရဘူးလား''

ချုံးတလေ့အကြည့်များကို ချက်ချင်းပင် ရွှီလင်းအာက ဆွဲဆောင်သွားပေသည်။ သူမသည် အသက်(၁၆)နှစ်ရှိပြီဖြစ်ကာ မျက်နှာလေးက ပန်းရောင်သမ်းနေပြီး မျက်လုံးများက နှင်းစက်စိုနေသည့်ပန်းပွင့်လေးနှယ် တောက်ပနေသည်။

''ဆရာရွှီ ဒါက- - - -''

ချုံးတလေ့က ရွှီလင်းအာကို အာရုံစိုက်နေမိသောအခါတွင် ၎င်း၏စိတ်ထဲ၌ စာကြောင်းတစ်ကြောင်းပေါ်လာသည်။

အမည် - ရွှီလင်းအာ (သာမန်မြင်းထိန်းသူ)

အသက် - ၁၆နှစ်

ကျွမ်းကျင်မှု - မြင်းအစာကျွေးခြင်း

ဖခင်တစ်ယောက်၏ စောင့်ကြည့်ခြင်းဖြင့်အတူ ရွှီရှန်းကျီသည် ရွှီလင်းအာရှေ့တွင် ပိတ်ရပ်လိုက်သည်။

''ဒါက ရွှီလင်းအာလေ။ သူက တောင်နောက်မှာပဲ မြင်းတွေကို အစာကျွေးနေရတော့ ရွာပိုင်ရှင်လေးက သူ့ကို မမြင်ဖူးလောက်ဘူး''

ရွှီရှန်းကျီကဲ့သို့ ရုပ်ဆိုးအကျဉ်းတန်သောသူက လှပသောသမီးလေး မွေးထားလိမ့်မည်ဟု ချုံးတလေထင်မထားမိပေ။ ထိုသို့သမီးတစ်ယောက်ရှိလျှင် ရွှီရှန်းကျီ၏ ရုပ်ဆိုးဆိုးမျက်နှာသည်ပင် အနည်းငယ်မျှ ချစ်စရာကောင်းသွား၏။

''ယွဲ့ အာ မဟုတ်ဘူး ဆရာရွှီ။ ကျွန်တော်စောနကမှ စဉ်းစားမိတာ။ ခင်ဗျားက ဒီရွာလေးထဲမှာနေလာတာလည်း နှစ်ပေါင်းများစွာကြာပြီ။ ဒီနေ့ကျမှ ခင်ဗျား ဘယ်လိုလုပ် ဒီနေရာကနေ ထွက်သွားနိုင်ရတာလဲ။ ခင်ဗျားတောင်အောက်ကိုဆင်းမှာကို ခွင့်မပြုနိုင်ဘူး''

ချုံးတလေသည် စိတ်လှုပ်ရှားလွန်းသောကြောင့် အော်လိုက်မိသော်လည်း လိမ်ပြောနေခြင်းမဟုတ်ပေ။ ရွှီရှန်းကျီ၏ အဆုံးမရှိသောအကြံဆိုးများမရှိဘဲ ယနေ့ဖားပြုတ်ရွာမှာ ထိုမျှမြန်မြန် အရှိန်ကျသွားနိုင်မည် မဟုတ်ပေ။

''ကျုပ်စိတ်ထဲမှာ ဒီရွာလေးကို စွန့်မပစ်နိုင်ဘူး။ ဒါပေမဲ့ ကျုပ်က အရိုးဆွေးနေပြီ။ ရွာပိုင်ရှင်လေးကို ဝန်ထုပ်ဝန်ပိုးမဖြစ်စေချင်ဘူး။ ပြီးတော့ ဒီရွာလေးကိုလည်း ဒုက္ခမရောက်စေချင်ဘူး''

''ကိုးရိုးကားရားနိုင်လိုက်တာ။ ဆရာရွှီက ကျွန်တော့်ကိုဆူနေတာပဲ။ ခင်ဗျားအဲ့လိုမပြောဘူးဆိုရင် ထွက်သွားချင်ထွက်သွားလို့ရတယ်။ ဒါပေမဲ့ အဲ့လိုပြောရင်တော့ ထွက်သွားဖို့ကို ခွင့်မပြုနိုင်ဘူး။ နောင်ကျ ကျွန်တော် တစ်လုတ်ပဲစားရမယ်ဆိုရင်တောင်မှ ခင်ဗျားတို့သားအဖေကို ငတ်မသေစေရဘူး''

ချုံးတလေ၏ ရှင်းလင်းသောအသိစိတ်ထဲတွင် ရွှီလင်းအာ၏အသက်အရွယ်မှာ အာဟာရကောင်းကောင်းရရန်လိုအပ်သောအသက်အရွယ်ဖြစ်သည်။ ထို့ကြောင့် စကားပြောင်းလိုက်ကာ

''အဲ့တာအပြင် ဗျူဟာမှူးရွှီက တောင်အောက်ဆင်းသွားတုန်းက တောင်ခြေကစစ်သားတွေ ဖရိုဖရဲဖြစ်သွားသေးတယ်မလား။ ဒီရွာလေးကပဲ ဗျူဟာမှူးကို ခေါ်ထားဖို့ဆန္ဒရှိတာမလား''

ထိုစကားလုံးများက ရွှီရှန်းကျီ၏နှလုံးသားကို ထိုးဖောက်သွားပေသည်။ ခွေးခေါင်းဗျူဟာမှူးဟုသော ၎င်း၏ဂုဏ်သတင်းသည် ချင်းနျူတောင်တစ်ခုလုံးတွင် ပျံ့နှံ့နေပြီဖြစ်ကာ မည်သည့်ရွာကမှ ၎င်းကိုမခေါ်ခဲ့ပေ။ တစ်ယောက်ယောက်ကသာ လိုချင်ခဲ့လျှင် ၎င်းထွက်သွားသည်မှာ ကြာပြီဖြစ်ကာ ယနေ့ထိပင် စောင့်ဆိုင်းနေစရာမလိုပေ။ တောင်ခြေမှာ ငြိမ်းချမ်းသောကမ္ဘာတစ်ခုမဟုတ်ပေ။ သားအဖနှစ်ယောက် ခြေကုပ်ယူရန် ခက်ခဲလှပေသည်။ အရာရှိများ၊ ဓားပြများ၊ စစ်သားများနှင့် ရင်ဆိုင်ရသောအခါတွင် တောင်အောက်သို့ဆင်းသည့်ပထမဆုံးနေ့တွင်ပင် သတ်ခံလိုက်ရသည်မှာ မဖြစ်နိုင်ဟု မပြောနိုင်ပေ။

''ဒါပေမဲ့ တောင်ပေါ်မှာက ငါတို့သုံးယောက်ပဲရှိတာ။ နောင်ကျ ဘယ်လိုလုပ် အသက်ရှင်နိုင်မှာလဲ''

''ဘာတွေကြောက်နေတာလဲ။ ဒီတောင်ကိုမှီခိုပြီး စားလို့ရတယ်။ ရေလည်းသောက်လို့ရတယ်။ လက်နက်တွေယူပြီးရင် တောင်အောက်ကိုဆင်းပြီး ဓားပြတိုက်မယ်''

ရွှီလင်းအာသည် အိမ်ထဲမှ အသွားတစ်ဖက်ရှိကာ ပေါင်ချိန်ငါးဆယ်ခြောက်ဆယ်ခန့်လေးသော ရွှမ်ဟွာပုဆိန်ကို ဆွဲထုတ်လာသည်။ ချုံးတလေသည် ပုဆိန်ကိုမြှောက်ပြီး ပြောစရာစကားမဲ့သွား၏။ ယခင်က ၎င်း၏လက်နက်ပေလော။ ၎င်း၏စိတ်အနေအထားနှင့် ပုံပန်းသွင်ပြင်ဖြင့်ဆိုလျှင် ချင်းဖုန်းဓားဖြစ်သင့်သည်မဟုတ်လော။

သခင်လေး ပိုင်ပေါင်သည် ဓားကိုသုံး၍ မြစ်ချောင်းအင်းအိုင်များကို ဖြတ်ကျော်ကာ မိန်းကလေးနှင့်တွေ့ဆုံ၍ မင်းငါ့ကိုလက်ထပ်နိုင်မလားဟု ပြောခဲ့သည်။

ထိုပုဆိန်ကိုသယ်ပြီးသာသွားလျှင် အန်တီကြီးတစ်ယောက်ဖြစ်သာ တွေ့နိုင်မည်ဖြစ်ကာ ဒေါ်လေး အိမ်မှာပေါက်စီရှိသေးလားဟုသော စကားကိုသာ ပြောနိုင်မည်ဖြစ်သည်။

ဒူ----

ဗျူဟာမှူးနှင့်မြင်းထိန်းကိုခေါ်ထားပါဆိုသောတာဝန်မှာ ပြီးမြောက်သွားပြီဖြစ်ကာ ဆုမှာ ပုဆိန်သုံးနည်း နည်းလမ်းသုံးသွယ်ဖြစ်ပါသည်။

ပုဆိန်သုံးခြင်း နည်းလမ်းသုံးဖြာ - ချုံးယောင်ကျင်းဆီမှ ပုဆိန်သုံးခြင်းနည်းလမ်း။ ထိုနည်းလမ်းကို အိပ်မက်ထဲတွင် မသေမျိုးများက သင်ပေးသည်ဟု ဒဏ္ဍာရီများက ဆိုပေသည်။ ခေါင်းကိုခွဲခြင်း၊ သွားကိုကောက်ခြင်းနှင့် နားကိုကောက်ယူခြင်းဟုသောသုံးမျိုးပါဝင်သည်။

အချက်အလက်များသည် ချုံးတလေ၏မှတ်ဉာဏ်ထဲသို့ အလိုအလျောက်စီးဝင်လာကာ ချုံးတလေသည် ထိုအကွက်သုံးကွက်ကို ကျွမ်းကျင်သွားပေသည်။

''ရွာပိုင်ရှင်လေး ခင်ဗျားတစ်ယောက်တည်း တောင်အောက်ဆင်းဖို့ဆိုတာ အန္တရာယ်များလွန်းတယ်''

''မဟုတ်ဘူး။ ကျွန်တော်တစ်ယောက်တည်းမဟုတ်ဘူး။ ခင်ဗျားနဲ့ကျွန်တော်''

''ဘာလို့သံသယဝင်နေတာလဲ''

ချုံးတလေသည် ပုခုံးပေါ်တွင် ပုဆိန်ကို တင်ထားသည်။ ပုဆိန်မှာ လေးလွန်းသောကြောင့် မနိုင်မည့်ပုံပင်မပေါ်ပေ။

ထိုပုဆိန်ခေါင်းကို သူ၏ပုခုံးဖြင့်ခံနိုင်သည်ကို မြင်သောအခါတွင် ရွှီရှန်းကျီတစ်ယောက် ပါးစပ်ပိတ်သွားပေသည်။

ချုံးတလေသည် မြင်းပေါ်တက်ကာ ပုခုံးထက်တွင် ပုဆိန်ကိုတင်လိုက်ပြီး

''မြင်းကိုခေါ်ပြီး လမ်းလျှောက်သွားကြမယ်''

ဒူ----

နေမဝင်ခင် ပထမဆုံးဓားပြတိုက်ခြင်းတာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ပါ။ အောင်မြင်ပါက ဆုအဖြစ် ထီတစ်ကြိမ်ပေါက်ရန် အခွင့်အရေးရရှိပါမည်။

ဒူ---

အားအင်ပြည့်နေသောလူငယ်၏ အရည်အသွေးပြည့်မီသောဓားပြဖြစ်လာရန် အစပျိုးလေပြီ။ ပထမဆုံးခြေလှမ်းကို ရဲဝံ့စွာလှမ်းလိုက်ပါ။ မရေမတွက်နိုင်သောအံ့ဩစရာများက သင့်ကို စောင်ကြိုနေပါတယ်။

ထိုစာကြောင်းမျိုး ထပ်မံပေါ်လာပြန်သည်။

အနောက်ဘက်သို့ နေဝင်နေလေပြီ။ အဘိုးကြီး၊မြင်းပိန်တစ်ကောင်နှင့် ပုဆိန်ကိုထမ်းလာသောလူငယ်သည် ကျနေတွင် အရိပ်ရှည်ရှည်ကျနေကြပေသည်။

''ရွာပိုင်ရှင်လေး သွားကြစို့''

''မဟုတ်ဘူး''

လူငယ်လေးက အဘိုးအိုကို တားလိုက်သည်။

''ကျုပ်ကို သူဌေး(လောင်ပိုင်)လို့ပဲခေါ် ''

မြင်းပိန်လေးက ခေါင်းထောင်ကာ သံရှည်ဆွဲ၍ မြည်ဟီးလိုက်ပေတော့သည်။

All Chapters