ဓါးပြကတော်လေးကိုပြန်ပေးဆွဲခြင်း
Vol. 1 Ch. 2
နေသည် အနောက်အရပ်သို့ ဝင်သွားပြီးဖြစ်ကာ မြက်၊ သစ်ပင်၊တောင်တန်းနှင့်တောအုပ်တို့သည် ကြက်သွေးနီရောင်သမ်းနေပြီဖြစ်သည်။ လူတစ်အုပ်သည် တောင်လမ်းတစ်လျှောက် တောင်မှမြောက်သို့ ဖြည်းဖြည်းချင်း လာနေကြသည်။ လူဒါဇင်မျှရှိကာ အလယ်တွင် ထူးခြား၍တောက်ပသောလှည်းတစ်စီးရှိကာ ရှေ့နှင့်နောက်တွင် ဓားကိုင်ထားသည့် စစ်သည်များရှိပြီး လှည်းတန်းရှေ့တွင် မြင်းနှစ်စီးက ဘေးချင်းယှဉ်သွားနေသည်။
''သူရဲကောင်းလင်း ဒီတစ်ခေါက် မြို့အရှင်ရဲ့သတို့သမီးကိုခေါ်လာခဲ့တာ။ ချင်းနျူးတောင်မှာက ဓားပြပေါတယ်။ ကျွန်တော်တို့ ပိုပြီးသတိထားရမယ်''
မြင်းစီးထားသော ဟွမ်စန်းယွမ်က ပြောလိုက်သည်။
''ငကြောက်''
လင်းရှောင်ယွီက မကျေမနပ်ဖြင့်ပြုံးက ပြန်ပြောလိုက်၏။
''သူတို့မလာရင်တော့ ကောင်းသား။ သူတို့လာရဲရင်လည်း ငါ့လက်ထဲက သံဓားက ဘယ်လောက်အားပြင်းတယ်ဆိုတာ သိသွားတာပေါ့။ င့ါဓားကလည်း အထီးကျန်ပြီးမသုံးရတာကြာနေပြီ''
''တစ်လမ်းလုံး လင်းသူရဲကောင်းကိုပဲ အားကိုးလာရတာ။ ဒါပေမဲ့ ဒီတစ်ခေါက်တော့ စူးအိမ်ကမိန်းကလေးကို သခင်လေးနဲ့လက်ထပ်ဖို့ ဟေးယန်မြို့ကို ပို့ပေးရတာ။ အရေးကြီးတဲ့ကိစ္စမလို့ သတိထားပါ''
ဟွမ်စန်းယွမ်က ပြောလိုက်၏။
''ဘဏ္ဍာစိုးဟွမ်က သတိထားလွန်းနေတာပါ။ ကျွန်တော်တို့က မြို့အရှင်အတွက် အလုပ်လုပ်ပေးနေရတာ။ ဘယ်သူက ကျွန်တော်တို့ကို ဓားပြလာတိုက်ရဲမှာလဲ။ အသက်မရှင်ချင်တော့လို့နေမှာပေါ့ ဟားဟားဟား''
နောက်မှစစ်သည်များက ရယ်လိုက်ကြပေသည်။
မြက်တောထဲတွင် ရွှီရှန်းကျီနှင့် ချုံးတလေတို့ အတူပုန်းခိုနေကြကာ ရွှီရှန်းကျီက ပြောလိုက်သည်။
''ရွာပိုင်ရှင်လေး မဟုတ်ဘူး သူဌေး မှောင်နေပြီ။ ဘယ်သူမှ ဖြတ်သွားတော့မယ်မထင်ဘူး။ ပြန်ကြရအောင်''
''ခဏ''
ချုံးတလေသည် မြက်ကိုကိုက်နေရင်းဖြင့် ပြောလိုက်သည်။ စနစ်ကပေးသော ပထမဆုံးဓားပြတိုက်ခြင်းမှာ ပြီးမြောက်ရမည်ဖြစ်ကာ နေမဝင်ခင်ပြီးရမည်ဖြစ်သည်။ စနစ်က ဘာမှမပြောသော်လည်း မစ်ရှင်ကျရှုံးလျှင် ဘာဖြစ်သွားမည်ဆိုသည်ကို မည်သူသိမည်နည်း။
ခပ်လှမ်းလှမ်းမှ မြင်းခွာသံများ ကြားလိုက်ရကာ ချုံးတလေ၏မျက်လုံးများ အရောင်တောက်သွားသည်။
''လာ''
''လာနေပြီ။ ဒါပေမဲ့ အရေအတွက်က- - - ''
ရွှီရှန်းကျီတစ်ယောက်မျက်နှာပျက်သွားကာ တစ်ယောက်ချင်းစီကို ရေတွက်လိုက်သည်။ မြင်းမောင်းကိုပါ ထည့်ရေလျှင် (၁၃)ရှိကာ အားလုံးမှာ သားရေချပ်ဝတ်တန်ဆာကို ဝတ်ထားကြသောစစ်သည်များဖြစ်သည်။
''သူဌေး သွားကြရအောင်။ စိတ်လိုက်မာန်ပါမလုပ်နဲ့''
''ခင်ဗျားစိတ်ကို နားလည်ပါတယ်''
ချုံးတလေက မြင်းပေါ်မှဆင်းလိုက်ပြီး
''ဒါပေမဲ့ ကျွန်တော်ကတော့ ခင်ဗျားနဲ့အတူ သေအတူရှင်မကွာနေဖို့ဆန္ဒရှိတယ်''
''ကျုပ်ကတော့ မရှိဘူး''
ရွှီရှန်းကျီက နှာခေါင်းရှုတ်လိုက်ပြီး ချည်းကပ်လာသောယာဥ်တန်းကိုကြည့်ကာ နှလုံးခုန်မြန်လာပေသည်။ ရုတ်တရက်ပင် အံကြိတ်ပြီး ယူလာသောဓားတိုကို ထုတ်ယူကာ မြင်းပိန်လေး၏တင်ပါးကို ဖွဖွလေးထိုးချလိုက်သည်။ ပိန်လှီသောမြင်းမှာ နာသွားသောကြောင့် လေအဟုန်ကဲ့သို့ပင် လှည်းတန်းရှိရာသို့ ပြေးဝင်သွားတော့၏။
''ဓားပြတိုက်မဲ့သူက ဖားပြုတ်ရွာက ဖားပြုတ်ဘုရင်ပဲ။ မသေချင်ဘူးဆိုရင် ပြေးတော့''
ရွှီရှန်းကျီသည် အသက်ကြီးပြီးဖြစ်သော်လည်း အသံကမူ အောင်ကာ အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်ပြီး ဘေးနားမှဌက်များပင် လန့်ဖျပ်သွားလေသည်။ အသံကောင်းယုံသာမက အပြေးလည်းမြန်လှ၏။ အော်၍ပြီးလျှင်ပြီးချင်းပင် လှည့်ကာ ထွက်ပြေးသွားသည်မှာ တစ်ချိုးတည်းပင် ဖြစ်၏။
''ရွာပိုင်ရှင်လေး တောင်းပန်ပါတယ်။ ကျုပ်မှာ ပျိုးထောင်ပေးရဦးမဲ့သမီးတစ်ယောက်ရှိသေးတယ်။ နောင်ကျရင် မင်းအတွက် စက္ကူရွက်မီးရှို့ပေးပါ့မယ်''
ချုံးတလေတစ်ယောက်မှာမူ မြင်းပိန်လေးသည် ထိန်းချုပ်၍မရတော့သောကြောင့် စိတ်ပူမိနေကာ ရွှီရှန်းကျီကိုသာ လက်ညှိုးထိုးပြီး စိတ်ထဲတွင် ပြင်းပြင်းထန်ထန်ကျိန်ဆဲနေမိ၏။ သစ္စာဖောက်လိုက်သည်မှာ ကိစ္စမရှိသော်လည်း ဖားပြုတ်ဘုရင်ဆိုသောနာမည်မှာ မည်သို့ပုံပေါက်နေသနည်း။ ထိုနာမည်ကိုသုံး၍ ဓားပြမတိုက်နိုင်ပေ။
မြင်းပိန်လေးမှာ နောက်ဆုံးတွင် ရပ်သွားသောအခါ၌ လှည်းတန်းရှေ့သို့ ရောက်သွားပြီးဖြစ်လေသည်။ လူအုပ်က ဓားများကိုဆွဲထုတ်၍ ၎င်းကို ဓားဦးဖြင့်ရွယ်ထားသည်။ အားလုံးမှာ ကြောင်နေကြလေသည်။
''မင်းတစ်ယောက်တည်းလား''
ဟွမ်စန်းယွမ်ကမူ မယုံနိုင်ပေ။
အေးစက်သောအလင်းရောင်ဖြင့် အရောင်လက်သွားသော ဓားသွားကိုကြည့်ကာ ချုံးတလေသည် စနစ်ဆီမှ ဖျက်ဆီးခံလိုက်ခြင်းက ပို၍ကောင်းသောရွေးချယ်မှုဖြစ်မည်ဟု စဉ်းစားနေမိသည်။
''အထင်လွဲနေပါပြီ အထင်လွဲနေပါပြီ။ တကယ်တော့် ကျွန်တော်က ဖားပြုတ်ဘုရင်မဟုတ်ပါဘူး''
၎င်းသည် အသက်ပြင်းပြင်းရှုကာ အော်ပြောလိုက်လေသည်။
''ကျွန်တော်က ရွှီရှန်းကျီပါ။ သာမန်စာသင်သာလေးတစ်ယောက်ပါ။ မသေချင်သေးပါဘူး။ အသက်ရှင်ချင်ပါသေးတယ်''
ဟွမ်စန်းယွမ်သည် ယုံကြည်စရာမကောင်းသောအချက်အလက်ကို အစာကြေသည့်ပုံမပေါ်ပေ။ ဓားပြတစ်ယောက်တည်းဖြင့် ၎င်းတို့လူအုပ်ကို မည်သို့ဓားပြတိုက်နိုင်မည်နည်း။
''ငါတို့ဘယ်သူလဲဆိုတာ မင်းသိမှာပါကောင်လေး။ အသက်ရှင်ဖို့ကတော့မလွယ်ဘူး။ ကိုယ့်သေလမ်းကိုမရှာနဲ့''
ဟွမ်စန်းယွမ်က စိတ်အားထက်သန်စွာပြောလိုက်သည်။ ဘေးနားမှစစ်သည်များကလည်း ရယ်လိုက်ကြကာ လက်ထဲမှဓားများကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်၏။
ထိုအချိန်တွင် လှည်းထဲမှ ခေါင်းတစ်ခေါင်းထွက်လာသည်။ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးသောအသားအရေဖြင့် လှပသောမျက်နှာလေးတစ်ခုပင်ဖြစ်သည်။ ချုံးတလေကို မြင်သောအခါတွင် ပြုံးလည်းမပြုံးသကဲ့သို့ ကြောက်သည့်ပုံလည်းမပြပေ။ ဝိုင်းစက်သောမျက်လုံးများဖြင့်သာ ၎င်းကို ကြည့်နေသည်။
ချုံးတလေ၏နှလုံးသားသည် ယိမ်းနွဲ့ကာ ယိုင်ထိုးသွားဟန်ရှိသည်။ လောကကြီးတွင် အံ့ဩမှင်သက်ဖွယ်ကောင်းအောင်လှပသောမိန်းကလေးလည်းရှိပေသေးသည်။ မိဓားပြကတော်လေးကို ပြန်ပေးဆွဲပါသောဆိုမစ်ရှင်သည် စိတ်ထဲတွင်ပေါ်လာသည်။
ဒူ---
ခက်ခဲလှသောမစ်ရှင်သည် သင်၏လက်ရှိခွန်အားဖြင့် အောင်မြင်နိုင်ရန် ခက်ခဲသောကြောင့် လက်ခံရန်ကိုလည်း ငြင်းဆန်နိုင်ပါသည်။
ချုံးတလေ စိတ်လှုပ်ရှားသွားသည်။ ဖုံးကွယ်ထားသောမစ်ရှင်များသည် ပြီးမြောက်ရန် ခက်ခဲသည်ကို သိသော်လည်း ပြီးသွားသည်မှာ ရမည့်ဆုမှာ လွန်စွာမှရက်ရောတတ်သည်။
ချုံးတလေ စိတ်ထဲတွင် စဉ်းစားလိုက်သည်။
သတို့သမီးကိုတောင် ပြန်ပေးမဆွဲနိုင်ရင် ဓားပြလုပ်ဖို့ ဘယ်လိုလုပ်သတ္တိရှိမှာတဲ့လဲ။ ဒီမစ်ရှင်ကိုယူကိုယူမယ်။
''မရယ်ကြနဲ့''
လင်းရှောင်ယွီက စစ်သည်များရယ်နေသည်ကို တားလိုက်ကာ
''ဓားပြတစ်ယောက်ပေါ်လာပြီဆိုတော့ ဒီဓားပြကို ငါ့တာဝန်ထားလိုက်။ ဘယ်သူမှ ဝင်မပါကြနဲ့''
''သူရဲကောင်းလင်းရဲ့အရည်အချင်းတွေကို တစ်လမ်းလုံးနားထောင်လာခဲ့တာ။ ဒီတစ်ခေါက်တော့ ကိုယ်တိုင်မျက်လုံးနဲ့ ကြည့်ရဖို့ အခွင့်အရေးရပြီပေါ့''
''သူရဲကောင်းလင်း သတိထားပါ။ သူ့ကို တစ်ချက်တည်းနဲ့မသတ်လိုက်နဲ့။ အဲ့လိုဆို ကျုပ်တို့ကြည့်ရမှာမဟုတ်တော့ဘူး''
လင်းရှောင်ယွီက မြင်းကို ရိုက်လို်ကကာ လက်ထဲမှ ဓားကို ကိုင်ပြီး
''ဓားပြလေး မင်း င့ါဓားချက်ကို သုံးကွက်ခံနိုင်ရင် မင်းကိုလွှတ်ပေးမယ်''
ချုံးတလေသည် လင်းရှောင်ယွီကို အာရုံစိုက်ထားလိုက်သည်။ တစ်ဖက်သူ၏အချက်အလက်မှာ ၎င်း၏စိတ်ထဲတွင်ပေါ်လာသည်။
အမည် - လင်းရှောင်ယွီ (သာမန်သင်ယူပြီးခါစ စစ်သည်တစ်ယောက်။ စိတ်သဘောထားကိုကွယ်ဝှက်ကာ သူရဲကောင်းလုပ်ရန် ဆုံးဖြတ်ထားသူ)
ချုံးတလေ၏ နှစ်ပေါင်းများစွာ ဂိမ်းဆော့ခဲ့သောအတွေ့အကြုံပေါ်မူတည်ကာ သာမန်၊ ထူးချွန်၊ ထိပ်ဆုံးအဆင့်၊ ပြိုင်ဖက်ကင်း၊ ဒဏ္ဍာရီဟုသော အဆင့်အမျိုးမျိုးရှိသည်ကို သိထားသည်။ လင်းရှောင်ယွီသည် သာမန်ဟုသော အနိမ့်ဆုံးအဆင့်တွင်ရှိသည်။ မိမိဘာသာ လွန်စွာတော်သည့်သူရဲကောင်းဟုတွေးနေသော ရူးနှမ်းနှမ်းသူတစ်ယောက်ဟုသာ ဆိုနိုင်ပေသည်။
''င့ါပုဆိန်အောက်မှာ မသေနိုင်တဲ့အမည်မဲ့တစ္ဆေရှိတယ်။ မင်းက ဘယ်သူလဲ။ မင်းနာမည်ကို အစီရင်ခံပါ''
ချုံးတလေက ပတ်ဝန်းကျင်အနေအထားကို လေ့လာကာ အစီအစဉ်ကိုစဉ်းစားလိုက်ပြီး တိတ်တဆိတ်ပင် မြင်းကို လင်းရှောင်ယွီဖြင့် မလှမ်းမကမ်းတွင်ရှိရန် တွန်းလိုက်သည်။
''ကွမ်းလင် လင်းရှောင်ယွီ''
လင်းရှောင်ယွီကမူ လေးနက်နေသည်။ ရန်သူကို အလေးထားခြင်းသည် သူရဲကောင်းဖြစ်လာရန် အခြေခံလိုအပ်ချက်ဖြစ်ကာ လိုအပ်သည်ဟု ၎င်းဘာသာ ထင်နေလေသည်။ ထို့နောက်တွင် ၎င်းက မေးလိုက်လေသည်။
''မင်းကရော ဘယ်သူလဲ။ ဖားပြုတ်ဘုရင်လား စာသင်သားလား''
''ငါလား---''
ချုံးတလေသည် လင်းရှောင်ယွီ၏ လေးနက်သောမျက်နှာထားကိုကြည့်ကာ ခေါင်းကုတ်၍ ဖြေလိုက်သည်။
''ဘယ်လိုပြောရမလဲ ယုံချွင်းယဲ့ဝမ်''
''ဘာ''
လင်းရှောင်ယွီမှာ မျက်လုံးအပြူးသားဖြစ်သွားသည်။ တောင်ပံချွင်းဟုသောနာမည်ကို တစ်ခုမှမကြားခဲ့ဖူးကာ နာမည်မှာလည်း အတော်လေးထူးဆန်းနေလေသည်။
ထိုအချိန်တွင် မြင်းနှစ်စီးက ခေါင်းချင်းဆိုင်နေပြီဖြစ်ကာ လင်းရှောင်ယွီသည် ချုံးတလေ၏ပုဆိန်တိုက်ခိုက်မှုအောက်သို့ ကျရောက်သွားတော့သည်။
''မင်းခေါင်းကို ခုတ်ပစ်မယ်''
ခုတ်ချက်သည် တိကျသေချာသောလမ်းကြောင်းအတိုင်း လိုက်လာပြီး ချုံးတလေသည် ထိုအကွက်ကို အကြိမ်ပေါင်းများစွာ လေ့ကျင့်ထားသည့်ပုံနှင့်တူသ်ည။ လင်းရှောင်ယွီမှာ တွေဝေသွားကာ ခဏလောက်စောင့်ဦးဟု ပြောရမလိုဖြစ်သွားသည်။ တစ်ဖက်သူကမူ ထိုနာမည်ကို မကြားဖူးသောကြောင့် စည်းကမ်းများကို နားမလည်သည့်နှယ် ပြက်ရယ်ပြုလိုက်သည်နှင့်တူသည်။ လင်းရှောင်ယွီမှာ အလျင်စလိုဖြစ်သွားကာ ဓားဖြင့်တားလိုက်ရပေသည်။
မြင်းကို ရှေ့သို့ရိုက်လိုက်ပြီး လှည်းပေါ်သို့ ခုန်တက်သွားကာ သတို့သမီးကို ခြေထောက်တစ်ဖက်ဖြင့်ကန်၍ မြင်းတစ်ကောင်၏တင်ပါးကို ပုဆိန်ဖြင့်ရိုက်လိုက်သည်။ အားပြင်းသောမြင်းက ဟီသွားကာ အသေခံစစ်သည်နှယ် ရှေ့သို့ ပြေးဝင်သွားသည်။ လက်ထဲမှ ပုဆိန်ကို ဘေးနှစ်ဖက်သို့ ပြင်းပြင်းထန်ထန် ဝှေ့ယမ်းလိုက်ပြီး စက်ဝိုင်းပုံနှယ် လုပ်ကာ ပြေးထွက်သွားပေသည်။
''လိုက်ကြ လိုက်ကြ။ သခင်မလေးကို ဖမ်းသွားပြီ။ မင်းတို့အားလုံး သေလိမ့်မယ်''
ဟွမ်စန်းယွမ်က ချက်ချင်းပင် အော်ပြောလိုက်လေသည်။
ပတ်ဝန်းကျင်မှစစ်သည်များလည်း ကြောင်ကြည့်နေကြကာ ယခုအချိန်အထိ အသိမဝင်ကြသေးပေ။ ထိုဓားပြလေးကို သခင်မလေးကို မည်သို့ဖမ်းခေါ်သွားပါသနည်း။
လင်းရှောင်ယွီသည် မြေကြီးမှထကာ မြင်းပေါ်ပြန်တက်လိုက်ပြီး လက်ထဲမှဓားကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လိုက်သည်။ ရုတ်တရက်တိုက်ခိုက်လာသောကြောင့် အရှက်ရသွားမှုကို တစ်လမ်းလုံးကျိန်ဆဲနေသည်။
ဒူ---
ပထမဆုံးဓားပြတိုက်ခြင်းမစ်ရှင် ပြီးဆုံးပါပြီ။ ထီဆုပေါက်ရန် အရေအတွက်တစ်ကြိမ်ကို လက်ခံရရှိပါသည်။
ဒူ---
ဓားပြကတော်လေးကို ဖမ်းခေါ်ခြင်းပထမအဆင့်ပြီးဆုံးပါပြီ။ ဆုမှာ - - - -။