← Chapters

ချင်းမန်ရောက်လာပါပြီ၊ အန္တရာယ်မရှိတော့ပါ

Vol. 1 Ch. 3

ချင်းမန်ရောက်လာပါပြီ၊ အန္တရာယ်မရှိတော့ပါ

Vol. 1 Ch. 3

''လင်းအာ ရွာတံခါးကို မြန်မြန်ပိတ်''

ရွှီရှန်းကျီက ရွာလေးဆီသို့ မြန်မြန်ပြေးလာသည်။

''အဖေ ဘာလို့ တစ်ယောက်တည်း ပြန်လာရတာလဲ။ ရွာပိုင်ရှင်လေးရော''

''အဲ့ခေါင်းမာတဲ့ကောင်လေးက သေသွားပြီ။ ငါသာ ဉာဏ်ကောင်းလို့မဟုတ်လို့ရှိရင် အရေးကြီးဆုံးက အရမ်းကိုမြန်တဲ့ခြေထောက်တွေကြောင့်သာမဟုတ်လို့ရှိရင် မင်းဒီအဖေကို ထပ်တွေ့ရမှာ မဟုတ်တော့ဘူး''

ရွှီရှန်းကျီသည် မိမိနဖူးကို ပြန်ရိုက်ရင်းဖြင့် နာကျင်နေသောအမူအရာမျိုးဖြင့်

''အဖေ သေသွားတဲ့သူက ပြန်မလာနိုင်တော့ပါဘူး။ အဲ့တာကြောင့် အရမ်းဝမ်းနည်းမနေပါနဲ့''

ရွှီလင်းအာက အသာသက်ပြင်းချကာ ပြောလိုက်သည်။

''ငါက ဘာကိုဝမ်းနည်းရမှာလဲ။ မြင်းပိန်လေးကိုတွေးပြီး ဝမ်းနည်းမိတာ သနားစရာကောင်းလိုက်တာ''

ရွှီရှန်းကျီက ဆက်ပြောလိုက်သည်။

''ရွာက ကြာကြာနေလို့မရတော့ဘူး။ မြင်သမျှပစ္စည်းတွေယူခဲ့။ မီးဖိုချောင်ထဲမှာ ပဲပိစပ်နည်းနည်းရှိသေးတယ်ထင်တယ်''

တစ်ဖက်တွင်မူ ချုံးတယွီတစ်ယောက် ချွေးပြန်နေကာ ၎င်းနောက်သို့ လင်းရှောင်ယွီတို့အဖွဲ့ကလိုက်လာကာ နီးသထက်နီးလာ၏။

ဒူ---

ကံစမ်းမဲလှည့်ရန် အခွင့်အရေးတစ်ခါရရှိပါသည်။ အခုပဲ ဆွဲချင်ပါသလား

ချုံးတလေသည် မြင်းတင်ပါးကို ကြာပွတ်ဖြင့် ရိုက်လိုက်သည်။

လူငယ်လေး သင်က မြင်းကိုဆွဲချင်တာလား ကံစမ်းမဲကိုဆွဲချင်တာလား။

''မင်းဘကြီးကို ဆွဲမှာကွ''

ချုံးတလေမှာ ဒေါသပေါက်ကွဲသွားတော့သည်။

''စနစ်က င့ါကို သတ်ဖို့ကြိုးစားနေတာလား။ ငါက မဲကိုဆွဲမှာ''

ဒီ---ကံစမ်းမဲနှိုက်ခြင်းစတင်ပါပြီ။

စိတ်ထဲတွင် ကံစမ်းမဲ့လှည့်သည့်စက်လေးပေါ်လာသည်(အထဲကဘောလုံးတွေနဲ့အများကြီးမွှေနှောက်ပြီး ပြီးမှဘောလုံးတစ်လုံးတည်းကျလာတဲ့စက်မျိုး)။ စက်က လည်နေကာ ချုံးတလေမှာ စိတ်ပူလာပြီး စက္ကန့်ပိုင်းကပင် လွန်စွာမှရှည်လျားသည်ဟု ထင်မိသည်။

နောက်ပြန်လှည့်ကြည့်လိုက်သောအခါတွင် လင်းရှောင်းယွီက နီးသထက်နီးလာပြီဖြစ်ကာ ထိုသူ၏မျက်လုံးများက ရဲရဲနီနေပြီး ဖမ်းမိသည်နှင့် လှံဖြင့်ထိုးမည်မှာ သေချာပေါက်ပင်ဖြစ်၏။

''စနစ်ရေ မြန်မြန်လုပ်ဟေ့။ ငါ့မှာ အချိန်အများကြီးမရှိဘူး''

နောက်ဆုံးတွင် စက်ထဲမှ အလုံးတစ်လုံးကျလာကာ ဖြည်းဖြည်းချင်းပွင့်သွားပြီး လျှပ်တစ်ပြက်အတွင်းတွင်ပင် ပျောက်ကွယ်သွား၏။

ဒူ---

ထူးချွန်တဲ့ ချင်းမန်ကို ရသွားတဲ့အတွက် ဂုဏ်ပြုပါတယ်။

ကံစမ်းမဲသည် သက်ရှိလူတစ်ယောက်ကိုပါ မဲပေါက်နိုင်သည်။ သို့သော် ပတ်ဝန်းကျင်တွင် လူသူကင်းရှင်းနေကာ လူတစ်ယောက်ပင်မရှိပေ။ ကောင်းကင်မှကျလာမည်လော။ မဟုတ်လျှင် မန္တာနန်များရွတ်၍ဆင့်ခေါ်ရမည်လော။ ချုံးတလေသည် စိတ်ထဲမှ လျှောက်ရွတ်ကြည့်လိုက်၏။

''ပီကာချူး---''

''သေမင်းတမန်နာမည်နဲ့ဆင့်ခေါ်တယ်''

''မလာသေးဘူးလား''

''မျှော်လင့်ချက်တွေစုစည်းပြီး မိုးကုတ်စက်ဝိုင်းဆီဦးတည်တယ်။ လမ်းကြောင်းကတောက်ပပြီး စစ်သည်တော်ကို ဆင့်ခေါ်လိုက်ပါတယ်''

''ဘလာ ဘလာ--- အစွမ်းတွေ --- ပြောင်းသွားစမ်း''

၎င်းနောက်မှမြင်းခွာသံများကိုပင် ကြားနိုင်ကာ လင်းရှောင်ယွီသည် အံကြိတ်လျက် မျက်လုံးများက နီရဲနေသည်။ လှံကိုမြှောက်ကာ ချိန်ရွယ်ထားသည်။ လှည်းတစ်စီးစာသာခြားတော့သည်။

''အလောမကြီးပါနဲ့ သူဌေး။ ချင်းမန် ဒီမှာရောက်ပါပြီ''

''သူဌေး အဲ့လောက် ပျာယာခတ်နေဖို့မလိုပါဘူး။ ချင်းမန်ရောက်လာပါပြီ''

တောင်ပေါ်လမ်းခပ်ဝေးဝေး အန္တရာယ်မရှိသည့်နေရာတွင် အရပ်ရှစ်ပေခန့်ရှိသည့်လူတစ်ယောက်က ရပ်နေသည်။ လေးထောင့်ကျသောမျက်နှာနှင့် ပြူးကျယ်သောမျက်လုံးများက လက်ထဲတွင်ကိုင်ထားသော တုတ်ကြီးဖြင့် လိုက်ဖက်လှသည်။ ထိုသို့သူရဲကောင်းတစ်ယောက်ဖြင့်ဆိုလျှင် ရန်သူတစ်ထောင်ကို ကောက်ရိုးမျှင်လေးကဲ့သို့ အနိုင်ယူနိုင်သည်။ ထို့ကြောင့် ချုံးတလေစဉ်းစားပြီး လှည်းကို ချင်းမန်ရှိရာသို့ လမ်းကြောင်းပြောင်းကာ ချင်းမန်နားမှ ဖြတ်မောင်းသွားသည်။

လင်းရှောင်ယွီလည်း ဦးတည်ရာပြောင်းလိုက်ပြီး ချင်းမန်နှင့် ဝင်တိုက်တော့မည့်ဆဲဆဲဖြစ်သွားပေသည်။

''မြန်မြန်ဘေးဖယ်စမ်း။ ငါ့မြင်းက ရပ်မရဘူး''

''မြင်းပေါ်ကဆင်း''

ဒေါသတကြီး ကြိမ်းမောင်းသံနှင့်အတူ ချင်းမန်သည် မြင်း၏လည်ဆံမွေးများကို ၎င်း၏တင်းပုတ်ကြီးဖြင့် ရိုက်လိုက်သည်။ ပြေးလာသောမြင်းမှာ ရှေ့ခြေထောက်ထောင်သွားပြီး ချင်းမန်သည် ဘေးတွင် ဝင်ရပ်လိုက်ပြီး မြင်းဇက်ကြိုးကို ဆွဲလိုက်လေသည်။ မျက်နှာကြွက်သားများက တင်းနေကာ ကျောက်တုံးကျောက်စိုင်များကဲ့သို့ ခိုင်မာတောင့်တင်းလှသောမျက်နှာကြောရှိသည်။

''မင်းကို မြင်းပေါ်ကဆင်းဖို့ ပြောနေတယ်''

မြေကြီးပေါ်သို့ အားတစ်ချက်ဆောင့်လိုက်သည်နှင့်အတူ ၎င်း၏ခါးဖြင့် မြင်းကို တိုက်လိုက်သည်။ ချင်းမန်သည် အော်သံတစ်ချက်ဖြင့် မြင်းတစ်ကောင်ကိုပင် ဝင်ဆောင့်နိုင်သည်။ ထိုမြင်ကွင်းကိုမြင်လိုက်ရသောချုံးတလေသည် တံတွေးမျိုချမိကာ စီးနေသောမြင်းကိုပင် မနည်းပြန်ထိန်းလိုက်ရသည်။ ကြီးကျယ်လှသောအင်အားကို ချင်းမန်က ပိုင်ဆိုင်ထားသည်။ ဟွမ်စန်းယွမ်သည် ၎င်း၏လူများကိုခေါ်လာကာ မျက်စိရှေ့မှ မြင်ကွင်းကိုမြင်လိုက်ရသောအခါတွင်မူ အံ့ဩသွားပေသည်။ သတ္တိစုစည်းကာ ပြောလိုက်ပေသည်။

''ငါတို့က ဟေးယန်မြို့အရှင် အမိန့်နဲ့ ရောက်လာတာ။ မင်းမသေချင်ဘူးဆိုရင် အဲ့လူကိုလွှတ်ပေးလိုက်။ မဟုတ်ရင် စစ်တပ်ရောက်လာပြီး---''

၎င်းပြောနေစဉ်တွင်ပင် ချင်းမန်သည် ကျောက်ခဲကောက်ကာ ဟွမ်စန်းယွမ်ဆီ ပစ်ထည့်လိုက်သည်။ ဝှစ်ကနဲအသံနှင့်အတူ ဟွမ်စန်းယွမ်၏ပါးစပ်ကို ထိသွားကာ သွားတစ်ချောင်းကျွတ်ထွက်သွားလေ၏။

''အမှိုက်လိုကောင်''

ချင်းမန်က အသံဩဩကြီးဖြင့် ပြောလိုက်လေသည်။

ထိုလူအုပ်မှာ အကြောက်တရားများဖြင့် ပြည့်နှက်သွားကာ နောက်ဆုံးတွင် ချင်းမန်၏အင်အားကို နားလည်သွားကြသည်။ ၎င်းတို့ တိတ်တဆိတ်ပြန်ဆုတ်သွားကြသည်။ ချင်းမန်က ၎င်း၏တင်းပုတ်ကြီးကိုဆွဲ၍ ချုံးတလေဘေးသို့ ရောက်လာပြီး လက်သီးလက်မောင်းတန်းကာ ပြောလိုက်သည်။

''သူဌေး ကျွန်တော်က ချင်းမန်ပါ။ သူဌေးကို သစ္စာခံဖို့ ရောက်လာတာပါ''

ချုံးတလေသည် ချင်းမန်ကို အာရုံစိုက်လိုက်ကာ စိတ်ထဲတွင် ၎င်းနှင့်ပက်သက်သည့်အချက်အလက်များ ပေါ်လာသည်။

အမည် - ချင်းမန် (မထင်မရှား အမဲလိုက်ထူးချွန်သူ)

အသက် - (၃၁)နှစ်

ကျွမ်းကျင်မှု - (ဇီးပန်းပွင့်လှံ၊ သုံးပွင့်(အဆင့်ကိုပြောတာ) )

ဖုံးကွယ်ထားသောစွမ်းအား - မရှိပါ

အမဲလိုက်သမားတစ်ဦးသည် ဟေးယန်မြို့ အစွန်အဖျားတွင် နေထိုင်လေသည်။ ၎င်းသည် ဖားပြုတ်ခံတပ်ဖြင့် ပူးပေါင်းခဲ့သောကြောင့် ဟေးရန်မြို့၏အလိုရှိသူဖြစ်လာသည်။ ချုံးတလေသည် ဆုမှာ လိုအပ်သည့်အခါမှ ထွက်ပေါ်လာတတ်ကြောင်းကို နားလည်သွားသည်။ ဆုထွက်ပေါ်လာရန် ကျိုးကြောင်းသင့်လျော်သောနည်းလမ်းတစ်ခု စီစဉ်ပေးတတ်သည်။ အစပိုင်းက ချင်းမန်သည် ဟေးယန်မြို့တွင် ဇနီးဖြစ်သူနှင့်အတူ ငြိမ်းချမ်းစွာနေထိုင်ခဲ့သည်။ သို့သော်လည်း မြို့အရှင်က ချင်းမန်ဇနီး၏အလှအပကို ကြားသိပြီးနောက် ချင်းမန်မရှိခိုက် လူလွှတ်ကာ သွားဖမ်းခိုင်းခဲ့သည်။မျှော်လင့်မထားသည်မှာ ချင်းမန်၏ဇနီးက ချောက်ကမ်းပါးမှခုန်ချခဲ့သည်။ ချင်းမန်ပြန်လာပြီး ဇနီးဖြစ်သူ၏ အသက်မရှိတော့သောခန္ဓာကိုယ်ကို တွေ့ရသောအခါတွင် ဒေါသထွက်ကာ အစောင့်များစွာကို သတ်ဖြတ်ခဲ့ပြီး ဟေးယန်မြို့၏ အလိုရှိသူတစ်ယောက် ဖြစ်လာခဲ့သည်။ ထို့ကြောင့် ၎င်းသည် ဖားပြုတ်တပ်တွင် လာရောက်ခိုလှုံခြင်းဖြစ်၏။

အခြေခံအချက်အလက်များကို ဖတ်ပြီးသောအခါတွင် မျက်နှာပျက်သွားသောအမူအရာဖြင့် ချုံးတလေမှာ ဘာမျှထပ်မမေးနိုင်တော့ပေ။ ၎င်းအတွက်မူ ဇာတ်ကောင်တစ်ကောင်၏နောက်ကြောင်းသာဖြစ်သော်လည်း ချင်းမန်အတွက်မူ ဘဝအတွေ့အကြုံအစစ်အမှန်သာ ဖြစ်ပေသည်။ ချုံးတလေသည် သက်ပြင်းအသာချလိုက်မိ၏။

ထိုလောကကြီးသည် အသက်ရှင်နေထိုင်ရန်အတွက် ကြမ်းတမ်းလှပေ၏။

ချုံးတလေထားခဲ့သောမြင်းပိန်လေးသည် မျှော်လင့်မထားစွာဖြင့် ၎င်းရှိရာသို့ ပြန်လာလေသည်။

''အစ်ကိုကြီးချင်း မြင်းပေါ်တက်။ သွားကြမယ်''

''လင်းအာ အဲ့အိုးကို ကျောပိုးသယ်လာခဲ့။ သယ်နိုင်တာဘာရှိသေးလဲ ထပ်ကြည့်လိုက်ဦး''

''အဖေ သမီးထပ်မသယ်နိုင်တော့ဘူး''

''ငါကရော သယ်ချင်တယ်ထင်နေတာလား။ ဒါပေမဲ့ တောင်အောက်ရောက်တဲ့အခါကျ ဒီပစ္စည်းတွေကို လိုအပ်တယ်လေ''

ရွှီရှန်းကျီက သမီးဖြစ်သူကို ငေါက်ငမ်းလိုက်သည်။

''ကျွန်တော့်မြင်းကို ပေးလိုက်မယ်ဆိုရင်ရော ဘယ်လိုလဲ''

ချုံးတလေသည် ရွာလေးသို့ပြန်လာသောအခါတွင် ထိုမြင်ကွင်းကို မြင်လိုက်ရခြင်းဖြစ်သည်။

ရွှီလင်းအာသည် အိုးကိုသယ်ထားကာ လည်ပင်းတွင်လည်း ကြက်သွန်ဖြူမွှာများကို ဆွဲထားသည်။ ရွှီရှန်းကျီက ပို၍အံ့ဩစရာကောင်းစေသည်။ ၎င်းသည် ထိုက်ရှစ်ခုံကိုပင် အလွတ်မပေးပေ။

''သူဌေး ခင်ဗျားမသေသေးဘူးပဲ''

ရွှီရှန်းကျီတစ်ယောက် အံ့အားသင့်သွားကာ ဟက်ကနဲရယ်လိုက်လေသည်။

''သူဌေး မသေသေးမှပဲ စိတ်သက်သာရာရတော့တယ်။ ကျုပ်က မတန်ဘူးလို့ တွေးနေမယ်ဆိုတာ သိပါတယ်။ ကျုပ်ကို မောင်းထုတ်စရာမလိုပါဘူး။ ကျုပ်ဘာသာ မှီခိုရပ်တည်နိုင်ပါတယ်''

''သွားပါ သွားပါ''

ချုံးတလေက လက်ဝှေ့ယမ်းပြလိုက်ပြီး

''ဒါပေမဲ့ အဲ့အောက်မှာတုန်းက ရွှီရှန်းကျီဆိုတဲ့နာမည်ကို သုံးခဲ့တယ်။ သူတို့က အခုလောက်ဆို တောင်ခြေမှာ အဲ့လူကို လိုက်ရှာနေလောက်ပြီ''

''မင်း''

ရွှီရှန်းကျီ၏မျက်လုံးများ ပြူးကျယ်သွားကာ သက်ပြင်းချ၍ ပြောလိုက်သည်။

''ကျုပ်က အသက်ကြီးနေပြီဆိုပေမဲ့လို့ သန်တဲ့အရိုးနည်းနည်းတော့ရှိသေးတယ်။ သူတို့က ကျုပ်ကို ခက်ခဲအောင်လုပ်မယ်ဆိုရင် အရိုးကို အမှုန့်ခြေလိုက်ဖို့ပဲရှိတယ်''

ချုံးတလေသည် အေးစက်စက်အကြည့်ဖြင့်ကြည့်ကာ မြင်းဇက်ကြိုးကို ၎င်းထံသို့ ပစ်ပေးလိုက်သည်။

''ဒါက ချင်းမန် သူ့ကို အလုပ်ခန့်ထားတယ်။ လင်းအာ မြင်းစာကျွေးလိုက်ပါ။ အစ်ကိုကြီးချင်း ထမင်းဟင်းချက်ပါ။ ခင်ဗျားကတော့ မြင်းလှည်းထဲကလူကို ကျုပ်အခန်းထဲမှာထည့်ထားလိုက်''

ချုံးတလေမှာ အသက်ပြင်းပြင်းရှုကာ

''ဒီည ကျုပ်မင်္ဂလာပွဲလုပ်မယ်''

မစ်ရှင်များ ပြီးမြောက်ပြီးနောက်တွင် ချုံးတလေသည် စနစ်ကို သံသယဝင်လာမိသည်။ ၎င်းသည် အခြားမစ်ရှင်တစ်ခုကို ပြီးသောလည်း ဆုရရန် ကြန့်ကြနေလေသည်။

ခံတပ် - ဖားပြုတ်ခံတပ် (အစပိုင်းခံတပ်အဆင့်)

လူဦးရေ - ၄ယောက်

ကျွမ်းကျင်မှု - မရှိပါ

ဒူ----

သင်သည် ဓားပြ၏မိန်းမပျိုကိုခိုးယူခြင်းမစ်ရှင်၏ အခြေခံအဆင့်ကို ပြီးမြောက်သွားပါပြီ။ ဆုမှာ ခံတပ်ထဲရှိလူများထဲမှတစ်ယောက်တွင် ဖုံးကွယ်ထားသောအရည်အချင်းများ နိုးထလာမည်ဖြစ်ပါသည်။

ဆုမှာ အရည်အချင်းစွမ်းအားမျိုးဖြစ်ကာ ခံတပ်ထဲတွင် စုစုပေါင်းလူလေးယောက်ရှိသည်။ မည်သူက ဆုရမည်မှာ မသေချာပေ။

''သူဌေး ကြောက်စရာကောင်းတဲ့ဟာတစ်ခုခု ဖြစ်သွားတယ်''

ရွီရှန်းကျီတစ်ယောက် အပြေးအလွှားရောက်လာပေသည်။ ချုံးတလေသည် ၎င်းကိုအာရုံစိုက်လိုက်ကာ ကြောင်သွားမိသည်။ ဖုံးကွယ်ထားသော အရညအချင်းစွမ်းအားကို ရသွားသူမှာ မြေခွေးအိုကြီးဖြစ်နေလေတော့သည်။

All Chapters