အနာဂတ်ဓါးပြကတော်လေး(၁)
Vol. 1 Ch. 4
ဖားပြုတ်တောင်ရိုးအောက်တွင် ဟွမ်စန်းယွမ်တစ်ယောက်သည် စိတ်ဆိုးနေသောမျက်နှာကြီးဖြင့် ဆုံးရှုံးမှုများနှင့် ဒဏ်ရာရသူများကို ရေတွက်နေသည်။ ဒဏ်ရာရသူများများစားစားမရှိပေ။ ပျောက်နေသောလင်းရှောင်ယွီမှလွဲ၍ အားလုံးဘေးကင်းကြသည်။ သို့သော်လည်း မြို့အရှင်၏သတို့သမီးလောင်းကို ဓားပြများက ဖမ်းခေါ်သွားသည်။ မ်ြို့အရှင်၏လူမဆန်မှုဖြင့်ဆိုလျှင် ဟေးယန်မြို့ကို ပြန်ရောက်သည့်အခါ၌ မည်သို့ဖြစ်လာမည်ကို တွေးကြည့်ရန်ပင် ကြောက်မိသည်။
''မင်းတို့အားလုံးကို သေချင်ကြသလား ရှင်ကြသလား မေးမယ်''
ဟွမ်စန်းယွမ်က ရုတ်တရက် တိတ်ဆိတ်မှုကို ချိုးဖောက်လိုက်သည်။ စစ်သည်တစ်ယောက်က ရဲရင့်စွာဖြင့် ထပြောလိုက်၏။
''ဘဏ္ဍာစိုးဟွမ် ကျွန်တော်တို့အသက်ရှင်ဖို့ပဲ ဆန္ဒရှိတယ်''
''မင်းက အသက်ရှင်ချင်မှတော့ ဒီနေ့ ငါတို့ကို ဓားပြဘယ်လောက်က တိုက်ခိုက်ခဲ့တာလဲ''
''တစ်ယောက်''
စစ်သည်မှာ ရုတ်တရက်ပင် သဘောပေါက်သွားကာ
''ယောင်္ကျားသားတစ်ရာ''
''ယောင်္ကျားသားတစ်ရာ''
ဟွမ်စန်းယွမ်က လှောင်ရယ်လိုက်ပြီး
''ကန်းနေတာလား။ ဓားပြတွေက လူသုံးရာကျော်လောက်ရှိတယ်။ ငါတို့အပြင်းအထန် တိုက်လို့ ဓားပြအလောင်းတွေကျန်ခဲ့တယ်။ ငါတို့က သခင်မလေးကို မကာကွယ်နိုင်ခဲ့ဘဲ သူရဲကောင်းလေးလင်းလည်း ပျောက်နေတယ်''
အပြောထက် အလုပ်ကို ဦးစားပေးသော ဟွမ်စန်းယွမ်သည် ဓားမြှောင်ကို ထုတ်ယူလိုက်ပြီး လက်မောင်းကို ခုတ်ပိုင်းပစ်လိုက်သည်။ သွေးများထွက်လာသည်ကို လျစ်လျူရှုကာ ပြောလိုက်လေသည်။
''ငါ့နောက်ကလိုက်ပြီး မြို့ကိုပြန်ကြမယ် စစ်သည်တို့''
စစ်သည်များကလည်း ၎င်းတို့ဘာသာ ဒဏ်ရာရအောင် လုပ်လိုက်ကြသည်။ ၎င်းတို့၏ ချပ်ဝတ်တန်ဆာများကို ဆုတ်ဖြဲကာ တစ်ချို့အသားများကိုပါ စုတ်ပြဲစေသည်။ နာသည်ဆိုလျှင်ပင် မြို့အရှင်၏လူမဆန်မှုနှင့်နှိုင်းစာလျှင် ဘာမှမဟုတ်ပေ။
လူအုပ်စတင်မရှိတော့သည့်အခါ၌ အထီးကျန်သောပုံရိပ်တစ်ခုသည် ခြုံများထဲမှ ထွက်ပေါ်လာသည်။ လင်းရှောင်ယွီပင်ဖြစ်၏။ ကြယ်များပြည့်နှက်နေသောကောင်းကင်ကို ငေးမောကြည့်ရင်းဖြင့် သက်ပြင်းချလိုက်လေသည်။
''ငါက ဘာများတော်နေလို့လဲ။ ဘဏ္ဍာစိုးဟွမ်က အားကိုးနေတဲ့အချိန်မှာ လင်းရှောင်ယွီက သူရဲကောင်းဟန်ဆောင်ပြီး စူးအိမ်ကမိန်းကလေးကို ပျောက်အောင်လုပ်ခဲ့တယ်''
လက်ထဲမှလှံကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ လင်းရှောင်ယွီတစ်ယောက် ကျိန်ဆိုလိုက်သည်။
''ဘဏ္ဍာစိုးဟွမ် စိတ်ချလိုက်ပါ။ ကျုပ် လင်းရှောင်ယွီ မိန်းကလေးစူးကို ခင်ဗျားအတွက် ပြန်ခေါ်လာပေးမယ်။ အဲ့တာမှ ကျုပ်ကိုကျုပ် ယောင်္ကျားလို့ခေါ်ဖို့ တန်တော့မှာ''
အမည် - ရွှီရှန်းကျီ (ကြောက်စရာကောင်းသည့်ဗျူဟာမှူး)
အသက် - ၄၉ နှစ်
ကျွမ်းကျင်မှု - မရှိပါ
ဖုံးကွယ်ထားသောစွမ်းအား - အသုံးမကျဘဲ ရယ်စရာကောင်းသည့် ဗျူဟာမြောက်အကြံများ
''အရူးဆိုရင်တောင်မှ တစ်ခါတစ်လေ စဉ်းစားတတ်ဦးမယ်။ ဒီလူက အရူးထက်ကို ဆိုးတယ်။ လုံးဝကို အသုံးမကျတာ။ စိတ်ထားကောင်းတဲ့သူကပဲ ဒီလူကို ဒုက္ခရောက်နေတဲ့အချိန်မှာ ကာကွယ်ပေးနိုင်မှာ''
ချုံးတလေက ရွှီရှန်းကျီကိုကြည့်ကာ မျက်နှာမှာ ရှုံ့မဲ့မိသွားသည်။ သာမန်ဆိုသည်မှာ စွမ်းဆောင်နိုင်မှု၏ အနိမ့်ဆုံးအဆင့်ဖြစ်ကာ ရွှီရှန်းကျီသည်မူ သာမန်အဆင့်ထက်အောက်ရောက်သော ညံံ့သည့်အဆင့်တွင် ရှိသူဖြစ်သည်ကို သဘောပေါက်သွားသည်။ အထူးသဖြင့် ရွှီရှန်းကျီ၏ ဖုံးကွယ်ထားသောစွမ်းအားမှာ - - - -
အခြားသူများက အကြံကောင်းဖြင့်လာလျှင် ကျရှုံးနိုင်တတ်သော်လည်း ထိုသူကိုမူ အဘယ့်ကြောင့်ခေါ်ထားရမည်နည်း။ ကံကောင်းစေရန်လော။
ရွှီရှန်းကျီက မေးလိုက်၏။
''ခေါင်းဆောင် ခေါင်းဆောင် ဘာဖြစ်နေတာလဲ''
''ဘာမှမဖြစ်ဘူး။ မျက်နှာနည်းနည်းမကောင်းယုံတင်ပါ''
ချုံးတလေက မျက်နှာကို နှိပ်နှယ်ကာ
''ထားလိုက်တော့။ သတင်းကရော''
''ခေါင်းဆောင် အဲ့မိန်းမကို မေးခဲ့ပြီးပြီ။ သူ့နာမည်က စူးရင်း ဟေးယန်မြို့အရှင်လေးရဲ့သတို့သမီးလောင်း။ ကျွန်တော်တို့ သူ့ကို ပြန်ပေးဆွဲလာတဲ့ဆိုတဲ့ပြဿနာက တော်တော်ကြီးတယ်။ မြို့အရှင် ဘယ်လောက်ဒေါသထွက်နေမလဲဆိုတာ ခေါင်းဆောင်သိမှာမဟုတ်ဘူး။ ကျုပ်တို့ခံတပ်ရဲ့ အရင်ခါင်းဆောင်က ဟေးယန်မြို့နဲ့တိုက်ပွဲဖြစ်တုန်းက မြားမှန်ပြီး ဒဏ်ရာကိုပိုးဝင်ပြီးသေသွားတာ။ ဒီတစ်ခေါက် သူတို့ကို ရန်ထပ်စလိုက်ပြန်ပြီ။ သူတို့က စစ်တပ်လွှတ်လာရင် ကျုပ်တို့အားလုံး သေကုန်လိမ့်မယ်''
ချင်းမန်နှင့် ရွှီလင်းအာတို့ကပါ ဝင်ပြောလာကြသည်။ ချုံးတလေက မေးလိုက်သည်။
''ဟေးယန်မြို့အခြေအနေနဲ့ပက်သက်ပြီး သိတဲ့သူရှိလား''
''ကျွန်တော်သိတယ်''
ချင်းမန်က ပြန်ဖြေလိုက်သည်။
''ဟေးယန်မြို့က ဖားပြုတ်ခံတပ်ကနေ မိုင်တစ်ရာလောက်ဝေးတယ်။ မြို့အရှင်နာမည်က ဟန်ဟူကျီ။ သူက တဏှာကြီးပြီး ရက်စက်တယ်။ မြို့ကိုစောင့်ကြပ်နေတဲ့ တပ်သားငါးထောင်ရှိတယ်''
''တပ်သားငါးထောင်ကို နှစ်ယောက်တည်းနဲ့။ ငါတို့အခွင့်အရေးရှိမယ်ထင်လား ဗျူဟာမှူးရွီ''
ရွှီရှန်းကျီသည် ၎င်းနှင့်သမီးဖြစ်သူကို ခုခံသူအဖြစ် ရေတွက်လိုက်ခြင်းဖြစ်သည်ကို သဘောပေါက်ပေသည်။
''အဲ့လိုဆို ခင်ဗျား ဘယ်လိုအကြံပေးမလဲ။ ဓားစာခံကိုလည်း ဖမ်းခေါ်လာပြီးပြီ။ မဟုတ်ရင် သူ့ကို ပြန်ပေးပြီး တောင်းပြီး ဒူးထောက်ရမလား။ သူတို့ ခွင့်လွှတ်လား ခွင့်မလွှတ်ဘူးလားဆိုတာ သိရအောင်''
ချုံးတလေက ပြောလိုက်သည်။
''ကောင်းပြီ ထားတော့။ ဘာပဲဖြစ်ဖြစ် အကြံပေးတော့မယ်''
ချုံးတလေသည် ဗျူဟာမှူးပေါ်တွင် မည်သည့်မျှော်လင့်ချက်မှ ဆုပ်ကိုင်မထားပေ။ ချင်းမန်ဘက်သို့ လှည့်လိုက်ကာ ထိုသူတွင် ဗျူဟာကျသောဉာဏ်ကောင်းမှုမျိုးရှိရန် မျှော်လင့်လိုက်မိသည်။
''အစ်ကိုကြီးချင်း ခင်ဗျားသဘောကရော ကျွန်တော်တို့ဘာလုပ်သင့်လဲ''
''သူတို့လာတိုက်တာကို စောင့်မယ့်အစား လက်ဦးမှုယူတာက ပိုကောင်းမယ်။ ဟေးယန်မြို့ကို ဝင်တိုက်ပြီး ဟန်ဟူကျီကိုသတ်မယ်။ ကျုပ်တို့ဘက်မှာက နိုင်ဖို့အခွင့်အရေး(၇၀)ရာခိုင်နှုန်းလောက်ရှိတယ်''
ချုံးတလေနှင့် ရွှီရှန်းကျီနှစ်ဦးလုံး ချင်းမန်ကို ကြောင်၍ ကြည့်နေမိသည်။ လူလေးဦးက လူငါးထောင်ကို ခြုံခိုတိုက်ရမည်လော။ နိုင်နိုင်ခြေ (၇၀)ရာခိုင်နှုန်းပါ ရှိနေသေးသည်လော။
ဦးနှောက်မရှိသူတစ်ဦးကို စင်ပေါ်သို့ တင်ပေးလိုက်သည်နှင့်ပင်တူသည်။ ရွေးချယ်စရာမရှိဘဲ အစီအစဉ်ချရမည့်တာဝန်မှာ မိမိပုခုံးပေါ်သို့သာ ကျရောက်လာလေသည်။
''ကျွန်တော့်အမြင်အရတော့ ပစ္စည်းတွေထုပ်ပိုးပြီး တတ်နိုင်သမျှ မြန်မြန်ပြေးကြမယ်။ နောက်တောင်ကျနေလောက်ပြီ''
ရွှီရှန်းကျီက ဝင်ပြောလိုက်၏။
ရွှီလင်းအာနှင့် ချင်းမန်နှစ်ယောက်လုံးကပါ သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်ပြီး
''ကြည့်ရတာက အဲ့လိုလုပ်ဖို့ပဲရှိတော့တယ်''
''ပြေးကြမယ်။ မဟုတ်သေးဘူး''
ချုံးတလေက ဝင်ပြောလိုက်သည်။
''ဘာလို့လဲ''
ရွှီရှန်းကျီက ချုံးတလေတစ်ယောက် ရုတ်တရက် ခိုင်ခိုင်မာမာပြောလာသည်ကို နားမလည်ပေ။
ချုံးတလေသည်လည်း ပြေးရန် စဉ်းစားထားသော်လည်း ရွှီရှန်းကျီ၏ ဖုံးကွယ်ထားသောစွမ်းအားကြောင့် လန့်သွားမိသည်။ ထိုသူ၏ဖုံးကွယ်ထားသောစွမ်းအားမှာ အစီအစဉ်မရှိခြင်းပင် ဖြစ်သည်။ ဆိုလိုသည်မှာ ၎င်းဆီမှထွက်လာသောအကြံမှန်သမျှက မှားယွင်းနေသည်။ ထွက်ပြေးရန် ၎င်းအကြံကို နားထောင်လိုက်လျှင် ဒုက္ခနှင့်တည့်တည့်တိုးမည်ဖြစ်၏။
''အကြောင်းရင်းသုံးခုရှိတယ်။ ပထမတစ်ခုက ငါတို့ပြန်ပေးဆွဲထားတဲ့သူက မြို့အရှင်လေးရဲ့သတို့သမီးလောင်း။ အဲ့လူက အရေးပါနိုင်သလို အရေးမပါတာလည်းဖြစ်နိုင်တယ်။ ဟေးယန်မြို့ရဲ့မြို့အရှင်က မိန်းမရှားမှာတဲ့လား။ အဲ့တာကြောင့် လူငါးထောင်နဲ့တိုက်ဖို့ဆိုတာမဖြစ်နိုင်ဘူး။ လူလွှတ်မယ်ဆိုရင် တစ်ရာနှစ်ရာလောက်ပေါ့။ ဒုတိယအနေနဲ့ ဟေးယန်မြို့ကနေ ဒီကို မိုင်တစ်ရာကျော်ဝေးတယ်။ အသွားအပြန်ခရီးက အတော်ကြာမှာ။ အချိန်က ငါတို့အတွက် အခွင့်အရေးပဲ၊ ရန်သူကျူးကျော်လာရင် ခြုံခိုတိုက်ပြီး ခံတပ်ကို ထိန်းထားမယ်ဆိုတာက မဖြစ်နိုင်တာတော့မဟုတ်ဘူး''
ဒီ---
တောင်ခံတပ်၏ပထမဆုံးခုခံမှုဟုသောမစ်ရှင်ကို လက်ခံရရှိပါသည်။ ထိုတာဝန်မှာ သင်၏လက်ရှိအင်အားထက် ကျော်လွန်နေသောအဆင့်တွင် ရှိပါသည်။
စနစ်သည်ပင် အခြေအနေကို ရိပ်စားမိကာ အရေးပေါ်အခြေအနေကို ညွှန်ပြနေလေသည်။
မစ်ရှင်ကို လက်ခံလိုက်ပြီဖြစ်သောကြောင့် သူသေကိုယ်သေတိုက်ပွဲတိုက်ရပေတော့မည်။
''တတိယအကြောင်းရင်းက ဘာလဲ''
ချုံးတလေ၏ ကျိုးကြောင်းရှင်းပြမှုကို အံ့အားသင့်နေသောကြောင့် ရွှီရှန်းကျီက မေးလိုက်သည်။
''တတိယအကြောင်းရင်းက---''
ချုံးတလေက ဘေးဘီသို့ကြည့်ကာ
''ကျွန်တော့်အဖေက အရင်က ဖားပြုတ်ခံတပ်ခေါင်းဆောင်လေ။ သူက မြှားမှန်ဒဏ်ရာရပြီးတော့ သေခဲ့တာ။ အဲ့တာအပြင် အစ်ကိုကြီးချင်းကလည်း မြို့အရှင်နဲ့ ရန်ငြှိုးရှိတယ်။ ဒီအမုန်းတရားကို လက်စားမချေဘူးဆိုရင် ယောင်္ကျားတစ်ယောက်အနေနဲ့ ဘယ်လိုမျက်နှာပြရမှာလဲ။ အဲ့တာကြောင့် ဒီတစ်ခေါက် ခံနိုင်နိုင်မနိုင်နိုင် ခုခံပြီးတိုက်ကြမယ်''
''ဘုန်း''
ချင်းမန်က စားပွဲကို လက်ဖြင့်ပုတ်လိုက်ပြီး
''ခေါင်းဆောင် ခုကစပြီး ကျုပ်အသက်က ခင်ဗျားအပိုင်ပဲ''
ရွှီရှန်းကျီကမူ ချင်းမန်ကဲ့သို့ တစ်ဇွတ်ထိုးမဆန်ပေ။ ချုံးတလေဆိုလိုက်သည်ကို နားမလည်သေးပေ။ ခေတ္တမျှတွေးပြီးနောက်တွင် ရွှီရှန်းကျီက မေးလိုက်၏။
''ဒီကနေ ဟေးယန်မြို့ကိုလမ်းကြောင်းနှစ်ကြောင်းရှိတယ်။ လမ်းကြောင်းတစ်ခုက မြင်းလှည်းနှစ်စီး ဘေးချင်းယှဉ်သွားနိုင်တဲ့ တရားဝင်လမ်းကြောင်း။ အခြားလမ်းကြောင်းက ကျဉ်းပြီးလေးတိုးတဲ့လမ်းကြောင်း။ အလယ်မှာ တောင်ကြားကျဉ်းကျဉ်းလေးရှိတယ်။ ခြုံခိုတိုက်ရမယ်ဆိုရင်ဘယ်လမ်းကြောင်းက သွားရမယ်ဆိုတာ ဘယ်လိုလုပ်သိမှာလဲ ''
''အဲ့တာခင်ဗျားလာတဲ့လမ်းမဟုတ်လား ဗျူဟားမှူးရွှီ''
ချုံးတလေက အဓိပ္ပာယ်ပါစွာပြုံးပြီး
''သေချာစဉ်းစားပါ ဗျူဟာမှူး။ သူတို့ ဘယ်လမ်းကြောင်းက လာကြမှာလဲ''
ရွှီရှန်းကျီက မျက်မှော်ငကြုတ်ကာ လုံးဝပင်မသုံးသည့်ဦးနှောက်ဆဲလ်များကိုသုံး၍ နောက်ဆုံးတွင်မှ ဆုံးဖြတ်လိုက်သည်။
''သူတို့ တရားဝင်လမ်းကြောင်းကနေ လာလောက်တယ်''
ချုံးတလေက ဟက်ဟက်ပက်ပက်ရယ်မောလိုက်ကာ
''အခု သူတို့ ဘယ်လမ်းကနေ လာမယ်ဆိုတာ သိသွားပြီ''
ရွှီရှန်းကျီမှာ ပို၍ပင် တွေဝေသွားမိသည်။ ၎င်းဘာသာ မသေချာဟုစဉ်းစားနေသော်လည်း ချုံးတလေကမူ ၎င်း၏အကြံပေးမှုကို လုံးဝယုံကြည်နေဟန်ဖော်ပြနေသည်။
''ဘာစဉ်းစားနေတာလဲ ဗျူဟာမှူးရွှီ။ ဒီအခက်အခဲကို ဖြတ်ကျော်နိုင်ပ့ါမလား''
ရွှီရှန်းကျီက သက်ပြင်းချကာ
''အရိုးသားဆုံးပြောရရင် ခေါင်းဆောင် ကျုပ်မှာ မျှော်လင့်ချက်မရှိဘူး''
''ကျွန်တော်လည်း အစကတည်းက ယုံကြည်ချက်မရှိပါဘူး''
ချုံးတလေသည် ရွှီရှန်းကျီ၏ပုခုံးကို ပုတ်ကာ
''ဒါပေမဲ့ အခုတော့ မျှော်လင့်ချက်တစ်စွန်းတစ်စ ရသွားပြီ''
အိမ်သာသုံးစက္ကူတစ်ရွက်နှင့် အတွင်းခံတစ်ထည်သည်ပင် ကိုယ်ပိုင်ရည်ရွယ်ချက်ကိုယ်စီရှိကြသည်။ ချုံးတလေသည် ထိုဉာဏ်နှင့်ပက်သက်ပြီး နားလည်သွားသည်။ ရွှီရှန်းကျီပြောသမျှ အသုံးမဝင်သည်လော။ ၎င်းသည် မမှန်ကန်သောရွေးချယ်မှုများအတွက် လက်နက်ပင်ဖြစ်သည်။ ယခုမှစ၍ ၎င်းနှင့် ရန်ငြိုးရှိသည့်သူမည်သူ့ကိုမဆို ထိုသူများထံသို့ ရွှီရှန်းကျီကို ပို့လိုက်မည်။ ရွှီရှန်းကျီ၏အကြံဖြင့်သာဆိုလျှင် ၎င်းတို့သည် မိသားစုတစ်ကွဲတစ်ပြားဖြစ်ကာ ဆုံးရှုံးမှုကြီးကိုခံစားရမည်မှာ မလွဲဧကန်ပင် ဖြစ်လေ၏။
ထိုသို့တွေးမိကာ ချုံးတလေတစ်ယောက် လန်းဆန်းပေါ့ပါးသွားပေသည်။ လေချွန်ရင်းဖြင့် ၎င်းအခန်းရှိရာသို့ ဦးတည်သွားသည်။
အနာဂတ်ဓားပြကတော်လေးဖြင့် တွေ့ဆုံရန် အချိန်ကျပြီဖြစ်၏။