← Chapters

အနာဂတ်ဓါးပြကတော်လေး(၂)

Vol. 1 Ch. 5

အနာဂတ်ဓါးပြကတော်လေး(၂)

Vol. 1 Ch. 5

အရှေ့ဘက်တဲထဲတွင်မူ ဖယောင်းတိုင်မီးအလင်းသည် အလယ်တွင်ရှိသောအိပ်ရာထက်တွင် ထိုင်နေသော အနီရောင်မင်္ဂလာဝတ်စုံဝတ်ထားသည့်မိန်းမပျိုလေးပေါ်တွင် အလင်းရောင်ခပ်နွေးနွေး ကျရောက်နေသည်။ အငြိမ်မနေသောဖယောင်းတိုင်မီးက မိန်းမပျို၏ပါးမို့နီနီရဲရဲကို ပို၍အရောင်အဆင်းတောက်ပစေ၏။ နူးညံ့သောနှာခေါင်းနှင့် ကျောက်စိမ်းကဲ့သို့ ချောမွေ့သောမျက်နှာနှင့်အတူ သူမ၏ဆံကေသာည် ပုခုံးထက်သို့ ရေတံခွန်တစ်စင်းနှယ် ဖြာကျနေ၏။

ချုံးတလေ၏စိတ်ထဲတွင် ခံစားချက်တစ်မျိုး ထွက်ပေါ်လာသည်။ မည်မျှအေးချမ်းသောမိန်းကလေးဖြစ်သနည်း။ ရှေးခေတ်တွင်ပင် ထိုမျှလှပသောမိန်းကလေး ရှိသည်။ သူမသည် ထိုနေရာတွင် ထိုင်နေကာ ကြည့်လဲသောအကြည့်များက သန့်စင်ကာ ရေခဲကဲ့သို့ပင်ဖြစ်၏။ စိတ်ထဲတွင် မကျေမနပ်ဖြစ်လာကာ လောဘတက်လာမိ၏။

ကောက်ကျစ်သောအတွေးက ချုံးတလေ၏စိတ်ထဲတွင် ရုတ်တရက်ပေါ်ပေါက်လာသည်။ ထိုမိန်းကလေးသည် မိမိအပိုင်ဖြစ်၏။ ခံတပ်ရှိမည်သူကမှ ၎င်းကို မတားနိုင်ပေ။ အားလုံးသည်လည်း ထိုမိန်းကလေးက ဓားပြကတော်ဖြစ်လာမည်ဟု သဘောတူထားပြီးဖြစ်သည်။ အရှေ့ဘက်တဲထဲတွင် အိပ်ရာထက်၌ ထိုမိန်းကလေးရှိနေကာ မိမိစိတ်တိုင်းကျ ထိုမိန်းကလေးကို လွတ်လပ်စွာ ပြုမူ၍ရသည်။

ထိုသို့တွေးတောနေစဉ်တွင်ပင် ချုံးတလေတစ်ယောက် ဂဏှာမငြိမ်ဖြစ်လာလေသည်။ အကန့်အသတ်အဟန့်အတားမရှိဘဲ၊ လူကျင့်ဝတ်နှင့်စည်းမျဉ်းများကိုမြန်မြန်ဆန်ဆန်ပင် ရိုက်ချိုးပစ်လိုက်သည်။ ယခင်ဘဝက မကောင်းသည့် မည်သည့်ကိစ္စကိုမှ မလုပ်ခဲ့ဖူးပေ။ သို့သော်လည်း ထိိန်းမနိုင်သိမ်းမရဖြစ်နေသည့်လောကသို့ ဝင်ရောက်လာမိသောအခါ၌ မကောင်းသည့်အတွေးများက အထိန်းအကွပ်မဲ့ စတင်ပေါက်ဖွားလာလေသည်။

ဒင်---

လူငယ်လေး သင့်တွင် ကြင်နာတတ်သည့်စိတ်ရှိခြင်းက ဓားပြကတော်အား သိမ်းပိုက်ခြင်းဟုသော ဒုတိယအဆင့်မစ်ရှင်ကို ပွင့်သွားစေပါသည်။ အကြမ်းဖက်သည့်အပြုအမူမပါဘဲ စူးရင်းမိန်းကလေး၏နှလုံးသားကို ခံစားသွားအောင်လုပ်ပါ။

ချုံးတလေတစ်ယောက် မျက်လုံးပြူးကျယ်သွားသည်။

''ငါက ဘယ်အချိန်တုန်းကများ ကြင်နာတတ်တဲ့စိတ်ရှိသွားတာလဲ။ မှန်အောင်လုပ်စမ်းပါ။ ကိုယ်ကျင့်တရားဆိုတာက အခြားသူတွေကို ဝေဖန်တဲ့လက်နက်တစ်ခုသက်သက်ပဲ။ ကိုယ့်ဘာသာထိန်းချုပ်ထားရမဲ့အရာမျိုးမဟုတ်ဘူး''

ဒင်---

စစ်မှန်သောယောင်္ကျားသည် လောကကြီးကိုသိမ်းပိုက်ကာ မိန်းကလေး၏နှလုံးသားကိုအနိုင်ရရန် စိတ်ဆန္ဒပြင်းပြလျက်ရှိသည်။ လူငယ်လေး အကောင်းဆုံးကြိုးစားလိုက်ပါ။

မင်းဘိုးအေပဲ။ ငတုံးစနစ်က ဘာတွေလာကစားနေတာလဲ။ ဆယ်ကျောက်သက်စကားတွေနဲ့ ကစားနေတာ တော်လောက်ပြီကွ---။

သို့သော်လည်း စနစ်က သတ်မှတ်လိုက်ပြီဖြစ်သော်ကြောင့် အားသုံးရန်မှာ မဖြစ်နိုင်တော့ပေ။ အသက်ပြင်းပြင်းရှုကာ သွက်လက်ဖျတ်လတ်ကာ ချောမောသောအမူအရာမျိုးကို ပြန်ပြင်လိုက်သည်။

လိမ်ညာခြင်းကမူ အကြမ်းဖက်ခြင်းမဟုတ်ပေ။

''ညတာကရှည်ပြီး အိပ်ဖို့ကလည်း ရှောင်တိမ်းလို့မရပြန်ဘူး။ ငါတစ်ယောက်တည်းအိပ်မပျော်ဘူးမှတ်နေတာ။ စူးရင်းလည်း အတူတူပဲနဲ့တူတယ်''

စူးရင်းက မျက်လုံးလေးအပြူးသားဖြင့် ပြောလိုက်သည်။

''ကျွန်မမိသားစုက ချိုးယဲ့မြို့တော်မှာ လေးပင်လယ်ကုန်သည်အဖွဲ့ကို ပိုင်တယ်။ ရှင်ကျွန်မကို လွှတ်ပေးဖို့ဆန္ဒရှိရင် ရွှေလည်းရနိုင်မယ် ပစ္စည်းလည်းရနိုင်မယ်။ ကျွန်မလည်း ဟေးယန်မြို့အရှင်ရဲ့ အနာဂတ်ဇနီးလောင်းဆိုတာကို ဆက်ထိန်းထားနိုင်မယ်။ ကျွန်မကိုထိခိုက်အောင်လုပ်မယ်ဆိုရင်တော့ နောက်ဆက်တွဲကို ရှင်နားလည်မှာပါ''

ချိုးယဲ့မြို့သည် ဟေးယန်မြို့အပြင် ဖားပြုတ်ခံတပ်ဖြင့် အနီးဆုံးဖြစ်သည်။ စူးရင်းသည် သူမ၏တန်ဖိုးကို ချုံးတလေကို အသာဖော်ပြလိုက်ပြီး ငါးစာချယုံမက အကျိုးဆက်ဖြင့်ပါ ခြိမ်းခြောက်လိုက်သေးသည်။

''အထင်လွဲနေပြီ အထင်လွဲနေပြီ''

ချုံးတလေက ထိတ်ထိတ်ပျာပျာဖြင့် ၎င်း၏ပုံရိပ်ကို ထိန်းရန် ကြိုးပမ်းလိုက်သည်။

''မိန်းကလေးစူးရင်းက ကျုပ်ကို အခြားဓားပြတွေလိုမျိုး တွေးနေတာပဲ။ ဒါပေမဲ့ ဒီတစ်ခေါက်က ဟေးယန်မြို့အရှင်နဲ့ ရန်ငြိုးရှိလို့ပါ။ ဒီကိစ္စပြီးတာနဲ့ မင်းကို ဘေးကင်းကင်းနဲ့ ပြန်ပို့ပေးမှာပါ''

''မှားနေပြီ''

စူးရင်းက တည်ငြိမ်စွာဖြင့်ပင် ပြန်ဖြေလိုက်သည်။

''တစ်ယောက်ယောက်က လိမ်နေရင် ကျွန်မက သိတဲ့အရည်အချင်းမျိုးရှိတယ်။ ရှင့်မျက်လုံးထဲမှာ ရမ္မက်နဲ့လောဘကလွဲလို့ ဘာမှမမြင်ဘူး။ ရှင်ကလည်း အခြားယောင်္ကျားတွေနဲ့ ဘာမှမထူးခြားဘူး။ ကျွန်မ ရှင့်ကို ပြောလိုက်မယ်။ ကျွန်မကို အန္တရာယ်မပေးနဲ့။ ကျွန်မတို့ ကိစ္စအကုန်လုံးကို ညှိနှိုင်းလို့ရတယ်''

ချုံးတလေတစ်ယောက် ပြောစရာစကား ပျောက်ဆုံးသွားသည်။ မိန်းမလှလေးသည် ဦးနှောက်မရှိဟု မကြာခဏပြောတတ်ကြသည်။ ထိုမိန်းကလေးကမူ ခြွင်းချက်ဖြစ်ပေသည်။ စူးရင်းကို အာရုံစိုက်ကာ သူမ၏အချက်အလက်များကို ကြည့်လိုက်သည်။

အမည် - စူးရင်း (ကုန်သည်မိသားစုမှ သာမန်ကုန်သည်)

အသက် - (၁၇)နှစ်

ကျွမ်းကျင်မှု - မရှိပါ

ဖုံးကွယ်ထားသောစွမ်းအား - မွေးရာပါစူးစမ်းလေ့လာနိုင်စွမ်း

သူမ၏ မွေးရာပါစူးစမ်းလေ့လာနိုင်စွမ်းကြောင့် အလိမ်ဖော်နိုင်သည်လော။ ချုံးတလေတစ်ယောက် စိတ်ပျက်သွားမိသည်။ သူမကို လိမ်၍ရသည့်ပုံမပေါ်ပေ။

ချုံးတလေမှာ နောက်ဆုံးကြိုးပမ်းအားထုတ်မှုလုပ်ရန် ဆုံးဖြတ်လိုက်သည်။

''မိန်းကလေးစူးရင်း မင်းအကြည့်တွေကို ငါသိပါတယ်။ မင်းမျက်လုံးထဲမှာ ငါက ရက်စက်တဲ့ဓားပြတစ်ယောက်ထက်မပိုဘူး။ ဒါပေမဲ့ အေးအေးချမ်းချမ်းသာနေနိုင်မယ်ဆိုရင် ဘယ်သူက ဓားပြလုပ်ဖို့ ရွေးမှာတဲ့လဲ။ ဟိုးအရင်တုန်းက ငါကလည်း အိပ်မက်တွေနဲ့ကောင်လေးတစ်ယောက်ပါ''

''အိပ်မက်တွေနဲ့ကောင်လေး''

စူးရင်းမှာ တွေဝေသွားဟန်ရှိကာ ချုံးတလေ၏စကားများကို နားလည်ရန် ခက်ခဲနေသည့်ပုံပေါ်သည်။

ချုံးတလေက မျက်နှာကြွက်သားနှင့်အသက်ရှုပုံကို ထိန်းကာ စိတ်အားထက်သန်စွာဖြင့် သရုပ်ဆောင်လိုက်၏။ အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန်လျှောက်ကာ တစ်ခါတစ်ရံတွင် လက်ကိုလွှဲယမ်းပြီး စိတ်ပျက်နေဟန်ဖြင့် သက်ပြင်းအခါခါ ချပြသည်။

''ဒီလက်တွေက တစ်ခါက ပညာရှိတွေရဲ့စာအုပ်ကို ကိုင်ခဲ့ဖူးတယ်။ ချင်းဖုန်းဓားကိုလည်း ဆုပ်ကိုင်ခဲ့ဖူးတယ်။ သိုင်းပညာနဲ့စာပေကိုကျွမ်းကျင်ချင်ခဲ့တယ်။ ပြီးတော့ နန်းတွင်းစာမေးပွဲမှာ ယှဉ်ပြိုင်ချင်ခဲ့တာ။ ဘာလို့ လက်ထဲကဓားနဲ့ ပြည်နယ်ငါးဆယ်ကို မသိမ်းပိုက်နိုင်ရမှာလဲလို့ တစ်ခါကမေးခွန်းထုတ်ခဲ့ဖူးတယ်။ ငါက ဝေးဝေးလံလံကိုခရီးထွက်ခဲ့တော့ ပြည်သူလူထုက တိရစ္ဆာန်လို ခံစားနေရပြီး စစ်သည်တွေကကျ သားရဲဘီလူးစီးနေတဲ့မကောင်းဆိုးဝါးတွေလိုပဲ။ ပညာရှိတွေရဲ့စကားက ပုံရိပ်ယောင်သာသာပဲဖြစ်လို့ ဘာလို့ဒီလောကကြီးက ဒီလိုဖြစ်နေရတာလဲလို့ မေးခွန်းထုတ်ခဲ့တယ်။ အဲ့တော့ ငါ့မှာအိပ်မက်တစ်ခုရှိလာခဲ့တယ်။ ခံစားနေရတဲ့လူထုကိုကယ်တင်ပြီး အပ်ချည်ကြိုးတစ်ချာင်းမှာ တွဲလောင်းခိုနေတဲ့ပြည်သူတွေကို ကယ်မယ်။ ဒီလောကကြီးကို အစိတ်စိတ်အမွှာမွှာလုပ်ပြီး လောကအသစ်တစ်ခုထူထောင်မယ်လို့ စိတ်ကူးခဲ့တယ်။ င့ါအိပ်မက်က အားလုံးအတွက် အိမ်တစ်လုံးကိုသေချာစေပြီး လယ်သမားတိုင်းအတွက် လယ်တစ်ကွက်သေချာစေဖို့ပဲ''

နောက်ဆုံးတွင် ချုံးတလေသည် စူးရင်းဆီသို့ လက်ကို ဆန့်ထုတ်လိုက်ပြီး စိတ်ခံစားချက်ပြင်းထန်နေသောအကြည့်မျိုးဖြင့် ငေးကြည့်ကာ

''အခု ဒီလက်တွေနဲ့လုပ်ချင်တဲ့အရာက မိန်းကလေးရဲ့လက်တွေကို ဆုပ်ကိုင်ထားဖို့ပဲ။ မိန်းကလေးစူးရင်း ဒီအိပ်မက်ကိုအကောင်အထည်ဖော်ဖို့ ငါနဲ့အတူပူးပေါင်းဖို့ ဆန္ဒရှိလား''

''မဟုတ်သေးဘူး''

စူးရင်းက မျက်တောင်လေးခတ်ကာ ဆက်ပြောလိုက်သည်။

''ရှင့်စကားတွေက မှားနေတယ်ဆိုပေမဲ့လို့ ရှင်ကျွန်မကို မထိခိုက်စေချင်ဘူးဆိုတာကို ခံစားမိတယ်။ ဘာကြောင့်လဲဆိုတာတော့ ကျွန်မမသိဘူး''

နဖူးသို့ အကူအညီမဲ့စွာရိုက်လိုက်မိကာ ချုံးတလေသည် မည်သည့်နေရာတွင်မှားသွားသည်ကို စဉ်းစားနေမိသည်။ ၎င်း၏သရုပ်ဆောင်ချက်က သိမ်းသွင်းရန်အထိ မလုံလောက်၍လော မဟုတ်လျှင်လည်း အိုဗာဖြစ်သွား၍လော။

အဘယ့်ကြောင့် မနာကျင်စေချင်ရသနည်း။ ထိုမေးခွန်းကိုမဖြေနိုင်ပေ။ စနစ်ဘက်သို့သာ မိုက်ကရိုဖုန်းကို ပေးလိုက်မိသည်။

''ရှင်ကျွန်မကို နာကျင်အောင် မလုပ်သေးသရွေ့ ဘာမဆိုတောင်းဆိုလို့ရတယ်''

စူးရင်းက ပြောလိုက်သည်။

ချုံးတလေသည် စူးရင်းဖြင့်မျက်နှာချင်းဆိုင်ထိုင်လိုက်သည်။ အခန်းထဲသို့ ဝင်လာစဉ်ကတည်းက ယခုမှစ၍ ရိုးသားသောစကားများကို စပြောရတော့သည်။

''အပြင်လောကအကြောင်းကို ပြောပြလို့ရမလား''

ကိုယ်တိုင်အတွေ့အကြုံမရှိဘဲဖြင့် ချုံးတလေမှာ ထိုလောကကြီး၏ သတင်းအချက်အလက်များကိုသိရှိနိုင်ရန် မဖြစ်နိုင်ပေ။ ကောလာဟသဆိုသည်မှာ အတင်းအဖျင်း၏ကိုလွှင့်ခြင်းသာသာ သာဖြစ်သည်။ အကွာအဝေးတိုလေးဆိုလျှင်ပင် အမှောင်ထဲတွင်ရှိနေသည်နှင့်တူ၏။ အချို့သူများက တစ်သက်လုံး ရွာထဲမှမထွက်ဖူးကြဘဲ အုပ်ချုပ်သူပြောင်းလျှင်ပင် ဘာမှမသိဘဲ ထောင်လွှားနေလေသည်။(ရွှီရှန်းကျီကို ပြောချင်တာ)

သို့သော် ပြည်နယ်မျိုးစုံသို့ ခရီးလှည့်လည်သွားလာနေသောသူကမူ ခရီးကောင်းကောင်းထွက်ရခြင်း၏အကျိုးကျေးဇူးကို နားလည်ပေမည်။

၎င်း၏လက်ရှိနေရာမှာ တဝူမင်းဆက်တွင်ဖြစ်သည်။ ထိုအကြောင်းမှလွဲ၍ ချုံးတလေသည် ဤလောကနှင့်ပက်သက်၍ ဘာမှသိမထားပေ။

၎င်းသည် ထိုလောကနှင့်ပက်သက်ပြီး သတင်းအချက်အလက်ရရန် လိုအပ်သည်။ မည်သို့စားသည်၊မည်သို့ဝတ်သည်၊ မည်သည့်စာအုပ်များဖတ်သည်၊ မည်သို့သောဖျော်ဖြေမှုမျိုးကိုသုံးသည်နှင့် မည်သို့သောယဉ်ကျေးမှု၊ ကိုးကွယ်မှုများ ရှိသည်ကို သိရန်လိုအပ်သည်။ အသေးအမွှားလေးသည်ပင် အရေးကြီးသည်ကို ချုံးတလေသိသည်။

ထိုခေတ်က သတင်းအတွက်မူ ခရီးလှည့်လည်သွားရသောကုန်သည်များသည် ပို၍ဗဟုသုတပိုများပေသည်။ ၎င်းရှေ့မှမိန်းကလေးသည် ကုန်သည်တစ်ဦး၏သမီးဖြစ်သည်။

ထိုအခွင့်အရေးမှာ အဖိုးဖြတ်၍မရပေ။

အတော်ကြာစကားပြောပြီးနောက်တွင် ချုံးတလေသည် အခန်းထဲမှထွက်သွားကာ ခံတပ်ထဲရှိ အခန်းတစ်ခန်းထဲတွင် အနားယူရန် ထွက်သွား၏။

စူးရင်းသည် အခန်းထဲတွင် တစ်ဦးတည်းထိုင်ကာ အနီရောင်ဖယောင်းတိုင်အလင်းရောင်က သူမလက်ပေါ်တွင် တောက်ပနေသည်။ သူမသည် ရေထဲသို့ လက်ချောင်းလေးနှစ်ကာ သစ်သားစားပွဲပေါ်တွင် စာကြောင်းနှစ်ကြောင်းကို ရေးလိုက်သည်။

''ဓားတစ်ချောင်းကိုင်ပြီး ဘာလို့ ပြည်နယ်ငါးဆယ်ကို မသိမ်းပိုက်နိုင်ရမှာလဲ''

သူမ တွေဝေသွားပေသည်။ စူးရင်းသည် ထိုစာကြောင်းကို ကြည့်လိုက်မိသည်။ ဓားဆိုသည်မှာမည်သို့အရာနည်း။ လွန်စွာချွန်ထက်သောလက်နက်ဖြစ်ပေမည်။ ပြည်နယ်များသည်လည်း မည်သည့်နေရာတွင်ရှိသနည်း။ မင်းကြီးတွင်ပင်ပြည်နယ်(၁၃)ခုသာပိုင်ဆိုင်ကာ ပြည်နယ်ငါးဆယ်က မည်သည့်နေရာက ရောက်လာသနည်း။

ပို၍တွေးမိလေလေ ပို၍တွေဝေလာလေလေဖြစ်သည်။ သူမဘာသာ ညီးတွားလိုက်မိ၏။

''သူ့စကားတွေက လုံးဝမှားနေတယ်ဆိုပေမဲ့လို့ လှလှပပ ပြောတတ်သေးသားပဲ။ ဓားပြတစ်ယောက်ပါးစပ်ကနေ ထွက်လာတာနဲ့ကိုမတူဘူး- - - -'’

All Chapters