← Chapters

စနစ်ချို့ယွင်းခြင်း

Vol. 1 Ch. 6

စနစ်ချို့ယွင်းခြင်း

Vol. 1 Ch. 6

''ဗျူဟာမှူး ရိုးရိုးသားသားပြောရရင် ခင်ဗျားကို အကြွေးတင်နေတယ်လို့ အမြဲခံစားရတယ်။ ခင်ဗျား ဟန်ဟူကျီနဲ့ သွားပူးပေါင်းရင်ရော ဘယ်လိုလဲ။ ကျွန်တော်တို့ တောင်ပေါ်ခံတပ်ရဲ့အခြေအနေကိုလည်း သိသားပဲ။ အဲ့မှာ ခင်ဗျားက သူတို့ကို လမ်းပြပြီး ကျုပ်ခေါင်းကို ခြေနင်းတုံးလုပ်လို့ရတယ်။ အဲ့လိုဆို ခင်ဗျားနဲ့ ခင်ဗျားသမီးအတွက် အသက်အာမခံချက်ရပြီလေ။ ဘယ်လိုထင်လဲ''

ချုံးတလေတစ်ယောက် စဉ်းစားနေသော်လည်း ၎င်းတို့ခံတပ်ကို တိုက်မည့်အန္တရာယ်ကို မည်သို့အောင်မြင်စွာခုခံနိုင်မည်ကို စဉ်းစား၍မရဖြစ်နေသည်။ ၎င်းတို့လေးဦးတည်းဖြင့် ကျင်းတစ်ကျင်းတူးလျှင်ပင် နှစ်ရက်ခန့်ကြာမည်ဖြစ်ကာ မည်သို့ခုခံကြမည်နည်း။ တစ်ခုတည်းသောအဖြေမှာ ရွှီရှန်းကျီကို ပို့လိုက်ပြီး ၎င်း၏ ပြောင်မြောက်လှသောဗျူဟာများကိုအသုံးချ၍ ဗျူဟာများကို အဖျာက်အမှောင့်လုပ်ရန် ဖြစ်သည်။ ရက်အနည်းငယ်ကြာပြီးလျှင် ဟေးယန်မြို့မှသူများက ၎င်းတို့ဘာသာ ရောက်လာကြမည်ကို သဘောပေါက်သည်။ ကံကောင်းလျှင် ဟေးယန်မြို့၏မြုိ့အရှင်အသစ်ဖြစ်လာနိုင်ပေသည်။

ရွှီရှန်းကျီတစ်ယောက်လည်း စဉ်းစားနေပေသည်။ ၎င်းသည် ညတစ်ဝက်ခန့်လောက်ထိပင်ချင့်ချိန်စဉ်းစားနေသည်။ သို့သော်လည်း ဟန်ဟူကျီ၏ရက်စက်မှုကို စဉ်းစားမိကာ ၎င်းနှင့်သွားပေါင်းလျှင်ပင် ပထဆုံးဆုံစဉ်ကတည်းကပင် သတ်ခံရမည်ဖြစ်သည်။ ထို့ကြောင့် ချုံးတလေနားတွင်ကပ်နေခြင်းကသာ မဆိုးလှသည့်ရွေးချယ်မှုဖြစ်ကာ အတော်လေးယုံကြည်ချက်ရှိဟန်တူ၏။

ချုံးတလေ၏ယုံကြည်မှုရှိနေခြင်းများက မည်သည့်နေရာက ရောက်လာသည်ကိုသိလျှင် ရွှီရှန်းကှိအံ့အားသင့်နေပေမည်။

ရွှီရှန်းကျီ၏မျက်နှာက နီရဲသွားကာ ချုံးတလေကို လက်ညှိုးထိုးပြီး

''မင်း မင်း အထင်လွဲနေပြီ။ အရင်ခံတပ်ပိုင်ရှင်က င့ါကို ညီနောင်လိုမျိုး ဆက်ဆံခဲ့တာ။ မင်းသူ့ကို လက်စားမချေပေးဘူးဆိုရင် ငါဘာသာလုပ်မယ်။ ငါတို့ညီအစ်ကိုတွေ သေမှာကိုဂရုမစိုက်ဘူး။ ငါသေသွားရင် မြေအောက်က ခံတပ်ပိုင်ရှင်နောက် လိုက်သွားလိုက်မယ် ''

ဘေးမှကြည့်နေသောချင်းမန်မှာ မျက်လုံးများ အရောင်တောက်နေပေသည်။

ချုံးတလေတစ်ယောက် နောင်တရသွားမိသည်။ ထိုအကြံတစ်ခုတည်းသာ ခေါင်းထဲကထွက်လာသည်။ မည်သည့်အစီအစဉ်ကိုမှ စဉ်းစား၍မရပေ။

''ဗျူဟာမှူး သူတို့က ကျုပ်တို့ကို ငါးရက်လောက် အချိန်ပေးမယ်ထင်လား''

ချုံးတလေက မေးကြည့်လိုက်သည်။

''ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဟေးယန်မြို့ကနေ ဒီကိုရောက်ဖို့ တစ်နေ့နဲ့တစ်ဝက်လောက်ပဲကြာတာ။ အသွားအပြန်ဆို သုံးရက်ထက်မပိုဘူး။ သူတို့က ငါတို့ကို ငါးရက်ကိုပေးမှာမဟုတ်ဘူး''

ရွှီရှန်းကျီက ပြောလိုက်၏။

ချုံးတလေက ခေါင်းညိတ်ပြလိုက်သောကြောင့် အနည်းဆုံး ၎င်းတို့တွင် အချိန်ငါးရက်ရှိသည်။ ထိုအချိန်ငါးရက်သည် နောက်ဆုံးပြင်ဆင်ချိန်ပင်ဖြစ်၏။(ရွှီရှန်းကျီပြောသမျှပြောင်းပြန်ယူတော့တာ)

『တောင်ခံတပ်၏ ပထမဆုံးအကြိမ်ခုခံမှု』

ဓားပြနှလုံးသားမှပေးသောမစ်ရှင်ဖြစ်ပါသည်။ အခက်အခဲအဆင့်မြင့်သည်ဟု ပြောထားပါသည်။ ထို့ကြောင့် ခက်ခဲမှုမြင့်သည်နှင့်အမျှ ဆုကြေးမှာလည်း မက်လောက်စရာပင်ဖြစ်သည်။

''သူဌေး သူဌေး ကျွန်မတို့ဆီကို တိုက်ခိုက်ဖို့ လူတစ်ယောက်ရောက်လာတယ်''

ရွှီလင်းအာတစ်ယောက် အပြေးအလွှားရောက်လာကာ အသက်မနည်းရှု၍ မောဟိုက်နေသည်။

''သူတို့လာတာ အရမ်းမြန်တာပဲ''

ချုံးတလေအံ့အားသင့်နေမိသည်။

''ဘယ်နှစ်ယောက်လဲ''

''တစ်ယောက်တည်း''

ရွှီလင်းအာမှာ ရင်ဘတ်ကိုဖိ၍ ပြောလိုက်သည်။

''တစ်ယောက်တည်းလား''

''ဟုတ်တယ်။ တစ်ယောက်တည်း။ လက်ထဲမှာ လှံကိုင်ထားတယ်။ အတော်လေးလည်းချောတယ်''

ရွှီလင်းအာက ရှက်ရှက်ဖြင့် ပြောလိုက်၏။

'''သွားကြည့်ကြည့်ရအောင်''

ချုံးတလေမှာ တွေဝေသွားမိသည်။ ခံတပ်ကို တစ်ယောက်တည်းလာတိုက်သည်လော။

လေးဦးသား ဝင်ပေါက်ဆီသို့ ဦးတည်လာကြ၏။ ရွှီရှန်းကျီကမူ ၎င်းဘာသာ ညီးတွားနေလေသည်။

''တွေ့လား။ စောစောထွက်သွားဖို့ပြောခဲ့ရဲ့သားနဲ့''

ဘုန်း

လက်တစ်ဖက်က ရွှီရှန်းကျီ၏ပုခုံးပေါ်သို့ ပြင်းထန်စွာ ကျလာကာ ရွှီရှန်းကျီလှည့်ကြည့်လိုက်သောအခါတွင် ချင်းမန်က ၎င်းနောက်တွင် မျှော်စင်ကြီးကဲ့သို့ ရပ်နေသည်ကို တွေ့လိုက်ရသည်။

''ဘာလုပ်တာလဲ''

''နောက်လိုက်ကောင်း ခင်ဗျားပြောတာကို ကြားပြီးပြီ။ ခင်ဗျားက တကယ့်ကို သူရဲကောင်းစစ်စစ်ပဲ''

ချင်းမန်က ရွှီရှန်းကျီ၏ရင်ဘတ်ကို ပုတ်လိုက်ပြီး

''အခုကစပြီး ခင်ဗျားက ကျုပ်ရဲ့ညီနောင်ပဲ''

''အဟွတ် အဟွတ်- - - ဒီမှာတော့ ငါတို့အားလုံး သူရဲကောင်းတွေပဲ''

ရွှီရှန်းကျီသည် နာသွားသောရင်ဘတ်ကို ပွတ်ကာ ၎င်းဘာသာ တွေးနေမိသည်။ ဦးနှောက်မရှိိသည့် ထိူလူရိုင်းဖြင့် မည်သို့မှ ပြောဆိုမဆက်ဆံနိုင်ပေ။

တောင်ခံတပ်ဂိတ်တံခါးရှေ့တွင် လူတစ်ယောက်နှင့်သူ၏မြင်းမှာ ရပ်လျှင် လှံကို ကျစ်ကျစ်ပါအောင်ဆုပ်ထားသည်။

''ဖားပြုတ်ခံတပ်က မကောင်းတဲ့ကောင်တွေ။ ထွက်လာပြီး လာတွေ့ကြစမ်း''

''မိန်းကလေးစူးနည်းနည်းလေး ထိခိုက်တာနဲ့ မင်းတို့အားလုံးသေမယ်''

ချုံးတလေနှင့် ၎င်းတို့အုပ်စု ဂိတ်တံခါးဆီသို့ ရောက်လာသောအခါတွင် မြင်းပေါ်မှလင်းရှောင်ယွီက လှံကိုကိုင်ကာ သစ်သားခြံစည်းရိုးကို လှမ်းထိုးနေသည်ကို တွေ့လိုက်ရသည်။

ချုံးတလေကို မြင်သောအခါတွင်လင်းရှောင်ယွီမှာ ပို၍စိတ်လှုပ်ရှားသွားဟန်တူသည်။

''မင်းတို့လေးယောက် မဟုတ်ဘူး။ မင်းတို့သုံးယောက် ငါက မိန်းမတွေနဲ့မတိုက်ဘူး။ မင်းတို့သုံးယောက် အပြင်ထွက်လာခဲ့ကြ''

ချုံးတလေသည် အစက ဟေးယန်မြို့မှလာသောသူများဟုထင်ခဲ့သော်လည်း လင်းရှောင်ယွီ ဖြစ်နေလေသည်။ ချုံးတလေက ချင်းမန်ကို ပြောလိုက်သည်။

''အစ်ကိုကြီးချင်း အဲ့လူကို မောင်းထုတ်လိုက်စမ်းပါ''

ချင်းမန်မှာ ခံတပ်အပြင်သို့ ထွက်လာသည်။ လင်းရှောင်ယွီက လှံတံကို ကိုင်ကာ

''မင်းလက်နက်ပြန်သွားယူ။ ငါက လက်နက်မပါတဲ့မင်းကို အခွင့်ကောင်းမယူချင်ဘူး''

''လိုလို့လား''

ချင်းမန်သည် ၎င်းကို သာမန်ကာလျှံကာကြည့်ကာ ရှေ့သို့ ရုတ်တရက်ပင် ကျားသစ်တစ်ကောင်နှယ် ခုန်အုပ်လိုက်ပြီး လင်းရှောင်ယွီ၏လှံတံကို စွဲကိုင်ကာ လင်းရှောင်ယွီမှာ မြင်းပေါ်မှာပြုတ်ကျသွားသည်။ ၎င်း၏အင်္ကျီနောက်စကိုဆွဲပြီး အဝေးသို့ လွှင့်ပစ်လိုက်လေသည်။ လင်းရှောင်ယွီမှာ ဆင်ခြေလျှောမှပြုတ်ကျသွားကာ ခပ်ဝေးဝေးမှ အော်သံများသာ ပဲ့တင်သံထပ်၍ ကျန်ခဲ့၏။

''ငါပြန်လာခဲ့မယ်''

''သူတက်လာတာကိုစောင့်နေလိုက်။ သူ့ကို မြင်းယူမသွားစေနဲ့''

ချုံးတလေသည် ခံတပ်သို့ပြန်ရန် ပြင်ကာ ဟေးယန်မြို့၏တိုက်ခိုက်လာမည့်ကိစ္စကို မည်သို့ခုခံရမည်ကို တွေးတောနေလေသည်။ ခြေလှမ်းပြင်လိုက်စဉ်တွင်ပင် ရုတ်တရက်အေးခဲသွားပေသည်။ အကြောင်းရင်းမှာ ၎င်း၏စိတ်ထဲတွင်ပေါ်လာသောစာသားကြောင့်ပင်ဖြစ်၏။

ဒင်----

တောင်ခံတပ်၏ပထမဆုံးအကြိမ်ခုခံခြင်းမစ်ရှင်မှာ အောင်မြင်စွာပြီးဆုံးသွားပါပြီ။

ဆုများမှာ ---

ချုံးတလေ တန့်သွားကာ

''မှားများမှားနေတာလား။ အရမ်းခက်တဲ့မစ်ရှင်က ဒီလောက်နဲ့ပြီးသွားပြီလား။ အဲ့လောက်လွယ်နေတာမဖြစ်သင့်ဘူး။ စနစ်က ဒီလောက်ရိုးရှင်းတဲ့မစ်ရှင်ကိုတော့ ဆုပေးမှာမဟုတ်ဘူး''

ချုံးတလေမှာ ဖြစ်နိုင်ချေတစ်ခုကို စဉ်းစားမိသွားသည်။ စနစ်သည် ပြဿနာတက်သွားခြင်းဖြစ်ပေမည်။ ဆိုလိုသည်မှာ စနစ်ချို့ယွင်းသွားခြင်းပင် ဖြစ်၏။

ချုံးတလေက အစပိုင်းတွင် ပထမဆုံးအကြိမ်ခုခံမှုသည် ယေးယန်မြို့အား ပြန်တိုက်ရန်ဖြစ်သည်ဟု တွေးထားခဲ့သည်။ နှစ်ဖက်ကြားတွင် အားကွာဟမှုက ကြီးမားလှသောကြောင့် လွန်စွာခက်ခဲသည့်မစ်ရှင်ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

သို့သော်လည်း တစ်ခုခုမှားနေပေသည်။ ဟေးယန်မြို့မှ စစ်သည်များအစား ဖြောင့်မတ်မှန်ကန်သည့်စိတ်ထားရှိသည့်လင်းရှောင်ယွီမှာ လက်တစ်ဖက်တည်းဖြင့် ခံတပ်ကို လာတိုက်လိမ့်မည်ဟု မည်သူထင်မည်နည်း။ ထို့ကြောင့် ခက်ခဲသောမစ်ရှင်မှ လွယ်ကူသောမစ်ရှင်ဖြစ်သွားလေသည်။

ချုံးတလေတစ်ယောက် နှလုံးခုန်မြန်လာပေသည်။ မစ်ရှင်ခက်ခဲမှုက လျော့ကျသွားလျှင် ဆုကြေးလျော့သွားရန်မှာ မဖြစ်နိုင်သည်လော။ အက်စ်(S)အဆင့်မစ်ရှင်၊ အီး(E)အဆင့်ခက်ခဲမှုဖြင့် ဆုကြေးမှာ အက်စ်အဆင့်သာဖြစ်သင့်ပေသည်။

ဆုကြေးမှာ - - - -

ယခုတွင် စနစ်သည် ဒေါသထွက်ကောင်းထွက်နိုင်ပေသည်။ ချုံးတလေတစ်ယောက် ဆုကြေးပေးသည်မှာ နှေးကွေးလွန်းသည်ဟု ထင်ကာ ထစ်နေသည်ဟုပင် ထင်မိ၏။ နှလုံးခုန်မြန်နေ၍ ရင်ဘတ်ကိုပင် ဖိထားလိုက်မိ၏။

''မြန်မြန်လုပ်စမ်းပါ။ ဘာအခြေအနေကြီးလဲ။ အချိန်ဆွဲမနေဘဲ တည့်ပဲလုပ်စမ်းပါ''

ဒင်---

ဆုကြေး - ကောင်းမွန်သောသံမဏိလှံတံ

ဒင်---

ဆုကြေး - တောင်ပေါ်ခံတပ်မှ မြင်းများအားလုံးကို အဆင်မြှင့်တင်လိုက်ပါပြီ။

ဒင်---

ဆုကြေး - ရေတွင်းတစ်တွင်း

ဒင်---

ဆုကြေး - တောင်ပေါ်ခံတပ်၏ကုသနိုင်စွမ်း (ခံတပ်အတွင်းတွင် ဒဏ်ရာကုသနိုင်စွမ်းမြင့်တက်လာမှု)

ဒင်---

တောင်ပေါ်ခံတပ်မှလူတစ်ယောက်အတွက် အစွမ်းမြှင့်တင်ခြင်း

ဒင်---

ဆုကြေး - လယ်မြေဆယ်ဧက

ဒင်---

ဆုကြေး - သေတ္တာသေတ္တာကြီးဆယ်လုံး

ချုံးတလေ၏ခြေထောက်များက တုန်ယင်နေကာ မြေကြီးပေါ်သို့ ဘုန်းကနဲလဲကျသွားသည်။ ဖျော့တော့သောမျက်နှာက နီရဲသွားကာ နှလုံးခုန်သံမှာလည်း ဗုံမြည်သံကဲ့သို့ပင် ဖြစ်၏။

''သူဌေး သူဌေး''

ရွှီရှန်းကျီက ၎င်းကိုခေါ်လိုက်သည်။

''ဘာဖြစ်တာလဲ''

''ပေါက်ထွက်တော့မှာ ပေါက်ထွက်တော့မှာ''

ချုံးတလေသည် ၎င်းဘာသာ ညီးတွားနေမိသည်။ နားထဲတွင် ဒင်ဟုသောအသံကိုကြားနေမိကာ ထိုအသံသည် ယခင်က ထိုမျှလောက်နားဝင်မချိုခဲ့ဖူးပေ။ ပျော်ရွှင်ဖွယ်ကောင်းသောတေးသံသာမျိုးနှင့်တူ၏။

ဒင်---

တောင်ခံတပ်၏ဒုတိယအကြိမ်ခုခံခြင်းမစ်ရှင်ကို လက်ခံရရှိပါသည်။ မစ်ရှင်၏ခက်ခဲမှုသည် တောင်ပေါ်ခံတပ်၏လက်ရှိအားထက် ကျော်လွန်နေပါသည်။

နောက်ဆုံးအကြိမ်ပင်ဖြစ်သည်။ ချုံးတလေသည် ထိုဆုကြေးများမှာ ဟေးယန်မြို့အား ခုခံရန်အတွက်ရမည့်အရာများဖြစ်သည်ကို သိသော်လည်း ဟေးယန်မြို့က တိုက်ခိုက်လာဦးမည်ဖြစ်သည်။ ထို့အပြင် ဟေးယန်မြို့၏ သဲကြီးမဲကြီးတိုက်ခိုက်မှုကိုသာ အောင်မြင်ခဲ့လျှင် ဆုကြေးများက ယခုတစ်ခေါက်ကဲ့သို့ ရက်ရောမည်မှာ မသေချာတော့ပေ။

ယခုတွင်မူပျော်နေရန် အချိန်အခါမဟုတ်တော့ပေ။ ဒုတိယအကြိမ်ခုခံမှုမှာ အစစ်အမှန်စိန်ခေါ်မှုဖြစ်ကာ အမှန်တကယ်အကြပ်အတည်းလည်းဖြစ်ပေသည်။

ထိုအချိန်တွင် တောင်ခြေမှ ပုံရိပ်တစ်ခုကို ဖျက်ကနဲမြင်လိုက်ရသည်။ လှံတံကို ကိုင်ထားကာ အဝတ်အစားများက စုတ်ပြဲနေလေ၏။

''ဟားဟား ငါပြန်လာပြီကွ။ မင်းတို့တွေ ငါပြန်ရောက်လာလိမ့်မယ်လို့ ထင်မထားဘူးမလား'’

All Chapters