← Chapters

နာမည်ကြီးစစ်သူကြီး၏ကျရှုံးခန်း

Vol. 1 Ch. 15

နာမည်ကြီးစစ်သူကြီး၏ကျရှုံးခန်း

Vol. 1 Ch. 15

ဟန်ရွှမ်ကျီသည် မြေကြီးပေါ်သို့ လဲကျသွားပြီး ၎င်း၏စစ်သည်များက ဖရိုဖရဲထွက်ပြေးနေသည်ကိုမြင်သောအခါတွင် ထိတ်လန့်သွားပေသည်။

''သခင်လေး ပြေးတော့''

ဟွမ်စန်းယွမ်က ၎င်းကို မတ်တပ်ရပ်ရန် ကူညီပေးလိုက်ပြီး

''အခြေအနေက ကယ်လို့မရတော့ဘူး။ ထွက်ပြေးဖို့တော့ အချိန်ရှိသေးတယ်''

နားကွဲမတတ်ပေါက်ကွဲသံများနှင့် ဝဲပျံနေသောကျောက်စိုင်ကျောက်ခဲများက နှလုံးခုန်နှုန်းကို မြန်စေပေသည်။ ကျသွားသောသူများကလည်း ၎င်းဘေးတွင်ပင်ဖြစ်ကာ သွေးများက ၎င်းမြင်ကွင်းအတွင်းတွင်သာ ဖြစ်၏။

'''ဟုတ်တယ် ထွက်ပြေးကြမယ်''

ဟန်ရွှမ်ကျီက ထလိုက်ပြီး

''သမိုင်းက နာမည်ကြီးစစ်သူကြီးတိုင်းမှာ ကျဆုံးတာနေ ပြန်ထလာတွေပဲ။ ဒီခက်ခဲမှုက င့ါကို ရှုံးသွားစေမှာမဟုတ်ဘူး။ ဘဏ္ဍာစိုးဟွမ် ငါ့ရဲ့စစ်ရေးအောင်မြင်မှုကို မင်းက သက်သေခံပေးပါ။ ဒါက မင်းရဲ့ဂုဏ်သိက္ခာပဲ''

ဟွမ်စန်းယွမ်က မျက်တောင်ခတ်ပြီး ဟန်ရွှမ်ကျီကို အံ့ဩစွာဖြင့် ခေတ္တမျှကြည့်လိုက်သည်။ ပေါက်ကွဲသွားသောမီးက ၎င်း၏ဆုံးဖြတ်ချက်ချလိုက်သောမျက်နှာတွင် ရောင်ပြန်ဟပ်နေသည်။

''မင်းဘာသာပဲ သေလိုက်တော့''

ဟွမ်စန်းယွမ်သည် ၎င်းကို ကန်ထုတ်ကာ ထွက်ပြေးသွားပြီး ထိုသို့အရူးမျိုးကို အဖော်ပြုပေးခဲ့သည်ကိုပင် နောင်တရခဲ့မိသည်။

ဆိုရိုးစကားရှိပေသည်။ ရှုံးနိမ့်သွားသောစစ်သည်များသည် ပြိုကျလာသောတောင်ကဲ့သို့ပင်။ ၎င်းတို့၏တိုက်ခိုက်ရန်စိတ်ဆန္ဒကို ဖျက်ဆီးလိုက်သည်နှင့် အားလုံးသည် တိုက်ပွဲ၏ရလဒ်မဟုတ်ဘဲ အသက်ရှင်ရန်ကိုသာ စဉ်းစားကြပေသည်။

တောင်ကြားလမ်းအထက်တွင် ချုံးတလေသည် ဖောက်ခွဲရေးသေတ္တာများအားလုံးကို လွှင့်ပစ်ကာ နောက်ဆုံးတွင် မြေကြီးပေါ်သို့ လဲကျသွားပြီး အမောတကောဖြင့် အသက်ရှုနေသည်။

''သူဌေး ကျုပ်တို့နိုင်ပြီ''

ရွှီရှန်းကျီက စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်သည်။

''ငါတို့နိုင်ပြီလား''

ချုံးတလေတစ်ယောက် မယုံနိုင်ပေ။ ၎င်းတို့သည် ငါးရက်လုံး မရပ်မနား အလုပ်လုပ်ခဲ့ကာ နေ့စဉ် လေးနာရီမျှသာ ခက်ခက်ခဲခဲအိပ်ခဲ့ရသည်။ ကြိုးစားအားထုတ်မှုသည် ခေတ္တမျှသာဖြစ်သော်လည်း အောင်မြင်မှုရောက်လာသောအခါတွင်မူ လက်တွေ့ဆန်လှသည်။

''သူဌေး ထတော့''

ရွှီရှန်းကျီက အော်ပြောလိုက်သည်။

''ငါတို့နိုင်သွားပြီမဟုတ်လား''

ချုံးတလေက အားအင့်ဖျော့တော့စွာဖြင့် ပြောလိုက်၏။

''ခဏလောက် နားလို့မရဘူးလား''

''ကျုပ်တို့ ဘာလုပ်ရမှာလဲ။ အောင်ပြီ အောင်ပြီ---''

ရွှီရှန်းကျီက အော်ပြောလိုက်၏။

ချုံးတလေသည် ရွှီရှန်းကျီ၏စိတ်နေသဘောထားကို အတော်လေးသဘောမကျပေ။ တောင်ခြေတွင် ရတနာများဖြစ်သော ဓားများ၊ လှံများ၊ စစ်သည်ချပ်ဝတ်တန်ဆာများ၊ ရိက္ခာများ၊ မြင်းများပင် ရှိနေသည်။ ချင်းမန်သည် ချုံးတလေက ၎င်းကို မြင်းတစ်ကောင်ပေးမည်ဟု ကတိပေးခဲ့စဉ်က သွားရေတမြားမြားဖြင့်ပင် ဖြစ်၏။

ချုံးတလေသည် လက်ထဲမှ ပုဆိန်ကိုဆွဲကိုင်ပြီး မြင်းပေါ်မှဆင်းလာကာ အော်ပြောလိုက်သည်။

''လင်းအာ ဗုံတီးတော့''

ရွှီရှန်းကျီသည် လှည်းကို အသင့်ပြင်လိုက်ပြီး လင်းရှောင်ယွီက အစောင့်အဖြစ်လုပ်ကာ ရွှီလင်းအာက အနီရောင်ဝတ်စုံဝတ်ပြီး စစ်ဗုံကိုစတင်တီးခတ်လိုက်ကာ ဗုံသံသည် ကောင်းကင်တိုင်အောင် မြည်ဟီးသွားတော့သည်။

ဗုံမြည်သံသည် ချုံးတလေ၏ရင်ဘတ်ထဲတွင် ခုန်မြည်နေကာ ၎င်း၏ကိုယ်တွင်းမှ သူရသတ္တိအားကို ထုတ်လွှင့်ပေးနေသည်။ လက်ထဲမှပုဆိန်သည်ပင် ပို၍ပေ့ါပါးလာပြီး လက်မြှောက်ကာ အော်လိုက်မိသည်။

''အောင်ပြီ''

၎င်းတို့ ဆင်ခြေလျှောအတိုင်း ဆင်းသွားကြသည်။ ဆင်ခြေလျှောအထက်မှတိုက်ပွဲသည်မူ ချင်းမန်ကအသာစီးရခြင်းဖြင့် အဆုံးသတ်သွားသည်။

ချင်းမန်သည် လူတစ်ရာကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သော်လည်း စစ်သည်များက တစ်ရက်နှင့်တစ်ည ချီတက်လာခဲ့ခြင်းဖြစ်ကာ ၎င်းတို့မှာ ပင်ပန်းနေကြပြီဖြစ်သည်။ ၎င်းတို့ခေါင်းဆောင် သေဆုံးသွားမှုကလည်း ရိုက်ချက်ကြီးဖြစ်သွားစေသည်။ ထို့ကြောင့် တိုက်ခိုက်သည့်ဝိညာဥ်နှင့် တိုက်ခိုက်သည့်အင်အားကြားတွင် ချင်းမန်က ၎င်းတို့ကို နှိပ်ကွပ်လိုက်နိုင်သည်။ ချင်းမန်ကိုယ်တိုင်သည်ပင် ထူးချွန််သောတောင်ဓားပြတစ်ယောက် ဖြစ်လာပေသည်။

''တိုက်ကြ။ ငါတို့နိုင်ပြီ''

ပဲ့တင်သံထပ်နေသောဗုံသံနှင့်အတူ ချုံးတလေသည် လက်ထဲမှ ပုဆိန်ကို ဝှေ့ယမ်းပြီး ပြေးသွားသည်။ ချင်းမန်သည် လူတစ်ရာကို အနိုင်တိုက်လိုက်နိုင်သည်ကို မြင်သောအခါတွင် ကျေနပ်အားရမှုအပြည့်ဖြင့်

''တစ်ယောက်တည်းနဲ့တစ်တပ်ပဲ''

ကုလားအုတ်နောက်ကျောမှ ပြေလျော့သွားသောကောက်ရိုးစည်းကဲ့သို့ပင်။ တပ်သားများ၏တိုက်ခိုက်လိုစိတ်သည် အစိတ်စိတ်အမွှာမွှာဖြစ်သွားကာ နေရာအနှံ့သို့ ထွက်ပြေးသွားကြပေသည်။

''အသက်ရှင်ချင်တယ်ဆိုရင် မြင်းပေါ်ကဆင်းခဲ့ကြ။ ငါတို့က မြင်းကိုပဲလိုချင်တာ။ လူတွေကိုမဟုတ်ဘူး''

ချုံးတလေက အော်ပြောကာ ၎င်းတို့မြင်းများကို ကြည့်လိုက်သည်။ ထိုမြင်းအားလုံးကိုသာ ဓားပြတိုက်နိုင်လျှင် ချမ်းသာတော့မည်ဖြစ်၏။

ရွှီရှန်းကျီကလည်း မျက်လုံးအရောင်တောက်သွားပြီး

''သူဌေးက သူ့ကိစ္စကို သူသိတာပဲ''

၎င်းကလည်း အော်ပြောလိုက််သည်။

''အသက်ချမ်းသာချင်ရင် မြင်းပေါ်ကဆင်း။အသက်ချမ်းသာချင်ရင် မြင်းပေါ်ကဆင်း''

မြင်းတပ်သားများတွင် တိုက်ခိုက်လိုစိတ်မရှိကြတော့ပေ။ ၎င်းသည် ချုံးတလေ၏လူဦးရေထက် အရေအတွက်များသော်လည်း ချင်းမန်တိုက်ခိုက်သည်မှာ ရပ်သွားသည်ကို မြင်သောအခါ၌ မြင်းပေါ်မှကဆင်းလိုက်ကြပြီး အရပ်မျက်နှာအနှံံ့သို့ ထွက်ပြေးသွားကြသည်။

''ဗျူဟာမှူး၊ ချင်းမန် မြင်းတွေကိုသိမ်း။ ရှောင်ယွီ င့ါနောက်လိုက်ခဲ့။ ဓားသွားရှာကြမယ်''

လူတိုင်းတွင် အိပ်မက်ကိုယ်စီရှိသည်။ လင်းရှောင်ယွီက သူရဲကောင်းဖြစ်ချင်ကာ ဟန်ရွှမ်ကျီက စစ်သူကြီးဖြစ်လိုသည်။ အဖြူရောင်ဝတ်ရုံကိုခြုံကာ ဓားကိုဝှေ့ယမ်း၍ မြင်းတစ်ကောင်ဖြင့် လောကတစ်ခွင်ကို လှည့်လည်သွားရခြင်းသည်လည်း ချုံးတလေ၏အိပ်မက်ပင် မဟုတ်ပါလော။

တောထဲတွင်ပုန်းနေသောဓားပြများက မနာလိုဖြစ်နေကြပေသည်။ ဟေးယန်မြို့မှ စစ်သည်တစ်ထောင်ကို ချင်းနျူးတောင်ရှိ မည်သည့်ခံတပ်ကမှ ခုခံနိုင်မည်မဟုတ်ပေ။ မဟာမိတ်ဖွဲ့ရန်စဉ်းစားခြင်းက ပို၍ပင်ဝေးသေး၏။

ထိုအချိန်တွင် အော်သံတစ်ခုထွက်ပေါ်လာပြီး သူခိုးအုပ်စုတို့သည် ပျာယာခတ်သွားကြသည်။ နလပိန်းတုံးအကြည့်များဖြင့် အချင်းချင်းကြည့်ကာ ဖြစ်နေသည်ကို နားမလည်နိုင်ကြပေ။

အတော်ကြာသောအခါတွင် ဟေးယန်မြို့မှ စစ်သည်များသည် တောင်ကြားလမ်းထဲမှ အရူးသဖွယ် ပြေးထွက်လာကြသည်။ ထိုသူခိုးအုပ်စုများမှာ ပို၍ပဟေဠိဖြစ်သွားပြီး မည်သူကမူ ဖြစ်နေသည်များကို မသိပေ။

''အစ်ကိုကြီး ဘာတွေဖြစ်နေတယ်ထင်လဲ။ ဖားပြုတ်ခံတပ်က လူတစ်ထောင်ကို တောင့်ခံနိုင်မှာတဲ့လား''

ကောင်းဖေးပေါင်က မေးလိုက်၏။

''ငါလည်း မသိဘူး''

ညီဖြစ်သူထက် ဉာဏ်ပိုမသာသော ကောင်းဖေးဟူက ပြန်ဖြေလိုက်သည်။

ကောင်းဖေးပေါင်က ခေါင်းခါကာ သက်ပြင်းချလိုက်မိ၏။

''ဘဝက တကယ်ကို ခန့်မှန်းလို့မရဘူးပဲ''

ဖြန်း---

ကောင်းဖေးဟူက ၎င်း၏ခေါင်းကို ရိုက်လိုက်သည်။

''မင်းလိုတောင်ဓားပြက ဘာလို့ ဘဝအကြောင်း ညီးနေရတာလဲ။ ငါတို့အလုပ်က အဲ့ကောင်တွေကို ဓားပြတိုက်ဖို့ဆိုတာ မေ့သွားပြီလား''

''ဟုတ်တယ် ဟုတ်တယ်။ ညီနောင်တို့ အဲ့ကောင်တွေကို ဓားပြသွားတိုက်ကြမယ်''

ဘေးနားပတ်ဝန်းကျင်တွင် ပုန်းခိုနေသောဓားပြများအားလုံးသည် ရုတ်တရက်ပင် နားလည်သွားကြ၏။ တောင်ပေါ်ဓားပြများသည် ဓားပြတိုက်ခြင်းမဟုတ်လျှင် ဘာလုပ်နိုင်ဦးမည်နည်း။ ၎င်းတို့လက်ထဲမှလက်နက်များ၊ ခန္ဓာကိုယ်ပေါ်က ရိက္ခာခြောက်များ၊ ၎င်းတို့ဝတ်ထားသောချပ်ဝတ်တန်ဆာများ အားလုံးပင်မဟုတ်လော။ ခြေထောက်တွင်စီးထားသောဖိနပ်၊ ဆံပင်ကိုချည်ထားသောခေါင်းစည်းစ၊ ၎င်းတို့ဝတ်ထားသောအဝတ်များလည်းပါသည်။ ဓားပြများ မည်မျှဆင်းရဲသည်ကို သင်သိပါသည်လော။ တစ်မိသားစုလုံး ဘောင်းဘီတစ်ထည်ကိုသာ မျှဝတ်ကြသည်ဆိုသည်မှာ မကြားဖူးခြင်းမျိုးမဟုတ်ပေ။

ကျားပျံရွာ၊ ဇီးပန်းပွင့်တောင်ကြား၊ ခွေးခေါင်းတောင်ကုန်းနှင့် တောင်ကုန်းပြောင်၊ အားလုံးသည် ယနေ့တွင် လူများများစားစား ခေါ်မလာခဲ့ကြပေ။ လူနှစ်ဆယ်သုံးဆယ်ခန့်သာ ခေါ်ခဲ့ကြသည်။ သို့သော်လည်း အတူတကွစုပေါင်းလိုက်လျှင် အရေအတွက်က ကြောက်ခမန်းလိလိပင်။

ဟေးယန်မြို့မှသူများကလည်း ရှုံးနေပြီးဖြစ်ကာ ယခုတွင် ထိုဓားပြများသည် အနာကိုအုံလာသောယင်ကောင်များနှယ်ပင် ဖြစ်၏။

ဓားကြီးများ၊ လှံများ၊ ဝံပုလွေစွယ်များ၊ ပေါက်ပြားများနှင့် တံစဉ်များ။ လိုအပ်သောလက်နက်တိုင်းရှိနေပေသည်။ ထိုအဖွဲ့သည် ဝရုန်းသုန်းကားဖြင့် ပြေးဝင်လာကြ၏။

''လက်နက်တွေပေးစမ်း''

''ဒီနှစ်တွေထဲမှာ ဖိနပ်အသစ်ကို မဝယ်ရသေးဘူး။ မင်းဖိနပ်ပေးစမ်း''

''ဘောင်းဘီချွတ်စမ်း''

မျက်ရည်ရွဲလဲဖြင့် စစ်သားများက

''အစ်ကိုကြီး ကျွန်တော်က အဲ့လိုလူမျိုးမဟုတ်ပါဘူး။ ခင်ဗျားလိုချင်တာ အားလုံးပေးပါ့မယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ဟိုနေရာလေးကိုတော့ ချန်ခဲ့ပေးလို့ရမလား''

''သေလိုက်ပါ့လား။ ငါက မင်းဟိုဟာကို ဘာလို့လိုချင်ရမှာလဲ။ မင်းဘောင်းဘီပဲ လိုချင်တာ''

ဟန်ရွှမ်ကျီသည် အမောတကောဖြင့် ကြောက်လန့်စွာ ထွက်ပြေးသွားသည်။ပိုဆိုးသည်မှာ ပုဆိတ်ကိုင်ထားသော ဓားပြတစ်ယောက်က ၎င်းနောက်မှ လိုက်လာခြင်းပင်ဖြစ်၏။

ပါးစပ်မှလည်း တစ်ခုခုကိုအော်ပြောကာ လိုက်လာနေသည်။

''ငါ့ဓား ငါ့ဓား----င့ါဓား''

မျက်ရည်ရွဲလဲဖြင့် ဟန်ရွှမ်ကျီတစ်ယောက် စဉ်းစားနေမိသည်။ အဘယ့်ကြောင့်အော်နေရပါသနည်း။ လူများစွာရှိသည့်အထဲမှ အဘယ့်ကြောင့် ၎င်းနောက်သို့ လိုက်လာနေရသနည်း။

အရှေ့ခပ်လှမ်းလှမ်းမှ မြင်းခွာသံများကို ကြားလိုက်ရသည်။ တောင့်တင်းခိုင်မာသောလူတစ်ရာသည် မြင်းများကိုစီးကာ ကျောက်တုံးကဲ့သို့ ခိုင်မာသောအမူအရာမျိုးဖြင့် ရောက်လာကြသည်။

ဦးဆောင်လာသောသူသည် အဖြူရောင်အဝတ်ကိုဝတ်ထားကာ ခါးတွင် ဓားမြှောင်ပါသည်။ စိတ်နေသဘောထားကလည်း တစ်မူထူးခြားနေသည်။ လူတစ်ထောင်သည် ချုံးတလေတစ်ဦးတည်းကြောင့် ထွက်ပြေးသွားရသည်။ သို့သော်လည်း ထိုလူတစ်ရာနှင့် တွေ့သောအခါတွင်မူ ချုံးတလေမှာ ချက်ချင်းပင် မြက်ထဲတွင် ပုန်းနေလိုက်သည်။

''လှံကိုပြင်ပြီး ဓားမြှောင်ကိုအသင့်အနေအထား''

ထိုသူက အေးစက်စွာဖြင့် အမိန့်ပေးလိုက်သည်။

ရွှီ---

တစ်သံတည်းထွက်လာသောဓားမြှောင်ဆွဲထုတ်သံက လေထဲတွင် ပျံ့နှံ့သွားသည်။ ဓားမြှောင်တစ်ရာကို ၎င်းတို့လက်ထဲတွင် စွဲစွဲမြဲမြဲကိုင်ထားကာ မည်သည့်ဓားပြကမှ မချည်းကပ်ရဲကြပေ။ အားလုံးတွင် တူညီသောခံစားချက်ရှိကြ၏။ ထိုဓားမြှောင်တစ်ရာဖြင့်ဆိုလျှင် ချင်းနျူးတောင်မှ မည်သည့်ဓားပြအဖွဲ့ကိုမဆို နှိမ်နင်းနိုင်မည်ဖြစ်၏။

ထိုမြင်ကွင်းကိုမြင်သောအခါတွင် ဟန်ရွှမ်ကျီသည် ကယ်တင်ခံလိုက်ရသကဲ့သို့ပင် ခံစားမိ၏။ မည်သည့်အရာကိုမှ ဂရုမစိုက်တော့ဘဲ အော်ဟစ်ကာ အပြေးသွားတော့သည်။

''အကြံပေးရွှယ် ကျွန်တော့်ကိုကယ်ပါဦး။ အကြံပေးရွှယ် ကျွန်တော့်ကိုကယ်ပါဦး။ သူတို့ ကျွန်တော့်ကို အနိုင်ကျင့်နေကြတယ်။ သူတို့ ကျွန်တော့်ကို အနိုင်ကျင့်နေကြတယ် ''

ဓားမြှောင်ကို အသာမြှောက်ကာ လေထဲတွင် ဖြတ်သန်းသွားသောအခါ၌ အေးစက်သောရောင်ပြန်ထင်ဟပ်သွားကာ ဟန်ရွှမ်ကျီ၏လည်ပင်းကို ပြတ်သွားပေသည်။

၎င်းသည် အနည်းငယ်မျှ ယိမ်းယိုင်သွား၍ ကြောင်အမ်းကာ ဝတ်စုံဖြူဝတ်ထားသောထိုသူကို ကြည့်နေမိ၏။ အဆုံးတွင်မူ စကားတစ်လုံးပင် မထွက်နိုင်ဘဲ မြေကြီးပေါ်သို့ ဘုန်းကနဲလဲကျသွားသည်။

ထိုသို့ဖြင့် နာမည်ကြီးစစ်သူကြီး၏လမ်းစဉ်မှာ အဆုံးသတ်သို့ ရောက်ရှိသွားလေတော့၏။

All Chapters