← Chapters

နောက်ကျနေသောကျား

Vol. 2 Ch. 16

နောက်ကျနေသောကျား

Vol. 2 Ch. 16

အမည် - ရွှယ်ပန်ချွင်း (နာမည်ကြီးထိပ်တန်းအဆင့်ဗျူဟာမှူး)

အသက် - (၅၂)နှစ်

ကျွမ်းကျင်မှု - ခုတ်ပိုင်းဓားသွား(၇)ချောင်း

ဖုံးကွယ်ထားသောစွမ်းအား - မရှိပါ

ချုံးတလေသည် ချုံထဲသို့ တိုးဝင်သွားပြီး အနာဂတ်လူသတ်သမား၏ ရက်စက်မှုကို မျက်မြင်ကိုယ်တွေ့ကြုံနေသည်။ လျင်မြန်၍ပိုင်နိုင်သောခုတ်ပိုင်းခြင်းက စနစ်ကိုအကူအညီခေါ်ပြီး အချက်အလက်တောင်းကြည့်နသော ချုံးတလေကို တုန်လှုပ်သွားစေသည်။ မျှော်လင့်ထားသည့်အတိုင်းပင် ပြိုင်ဘက်သည် ထိပ်တန်းအဆင့်ဗျူဟာမှူးဖြစ်၏။

ထိပ်တန်းအဆင့်သို့ ရောက်နေသောမည်သူမဆို သိမ်နုတ်သူမျိုးမဟုတ်သည်ကို ချုံးတလေသိသည်။ နာမည်မကြီးသော ထိပ်တန်းအဆင့်ဓားပြချင်းမန်သည်ပင် တစ်ယောက်တည်းဖြင့်လူတစ်ရာကို တိုက်ခိုင်နိုင်သည်။ ထိပ်တန်းအဆင့်ဗျူဟာမှူးသာဆိုလျှင် ထိပ်တန်းအဆင့်ဓားသမားထက် များစွာ ကြောက်စရာကောင်းနေပေလိမ့်မည်။

ရွှယ်ပန်ချွင်းက ရုတ်တရက်ပင် ၎င်းရှိရာနေရာသို့ တစ်ချက်ကြည့်လိုက်ကာ ချုံးတလေတစ်ယောက် ကျောရိုးထဲထိပင် စိမ့်တက်သွားသည်။ ယခုတွင် ၎င်းသည်သာ် ထိုသို့ဗျူဟာမှူးနှင့်ကြုံရလျှင် အဆုံးသတ်သွားမည်မှာ သေချာပေါက်ပင် ဖြစ်၏။

ရုတ်တရက် ရွှယ်ပန်ချွင်းသည် မြင်းပေါ်မှ ဆင်းပြီး ဟန်ရွှမ်ကျီ၏အလောင်းကို ကောက်၍ ၎င်းတို့လာရာလမ်းသို့ လက်ညှိုးညွှန်ပြလိုက်သည်။

''ပြန်ကြမယ်''

အမိန့်တစ်ချက်တည်းဖြင့် မြင်းတစ်ရာတို့က နောက်လှည့်သွားသည်။ လျင်မြန်စွာဖြင့် ရောက်လာပြီး အမြန်ပင် ထွက်ခွာသွားကြသည်။

ထိုအခါမှသာ ချုံးတလေသည် ချုံထဲမှထက နဖူးပေါ်မှ ချွေးများကို သုတ်လိုက်သည်။ ထိုခေတ်တွင် ရွှီရှန်းကျီကဲ့သို့ ပေါ့ပေါ့တန်တန်မဟုတ်သော ဗျူဟာမှူးများလည်း ရှိပေသေးသည်။

ချုံးတလေတစ်ယောက် သက်ပြင်းချလိုက်စဉ်တွင်ပင် တစ်ခုခုကို သတိရသွားကာ မြေကြီးပေါ်သို့ လေးလံစွာခြေချပြီး သက်ပြင်းရှည်ချလိုက်မိ၏။

''င့ါဓား''

ဒင်---

သင်သည် (၁၁)ကြိမ်မြောက်တောင်ခံတပ်ကိုခုခံခြင်းမစ်ရှင် ပြီးမြောက်သွားပါပြီ။ ကံစမ်းမဲနှိုက်ရန် အခွင့်အရေးတစ်ကြိမ်ရပါသည်။ ယခုနှိုက်ချင်ပါသလား။

''အခုတော့ မနှိုက်သေးဘူး။ တောင်ခံတပ်ကို ပြန်ရောက်မှ လုပ်ကြမယ်''

ချုံးတလေက မြင်းကုန်းနှီးကိုဆွဲ၍ မြင်းပေါ်တက်ကာ ၎င်း၏ပုဆိန်ကို ကိုင်ထားသည်။ အနည်းဆုံးတွင် စနစ်ကမျှတစွာဖြင့် ၎င်းကို မဲနှိုက်ရန် အခွင့်အရေးပေးသည်ကိုပင် ကျေနပ်နေမိ၏။ မဲနှိုက်ခြင်းသည် စွန့်စားရာကျကာ ချုံးတလေ၏ကံကောင်းမှုကလည်း လတ်တလောတွင် ဆိုးဝါးနေပေသည်။

ညချမ်းအချိန်အခါ၊ ဟေးယန်မြို့၊ မြို့အရှင်စံအိမ်တွင် ဖြစ်၏။

ကြီးမားလှသောအိပ်ရာထက်တွင် ကျောက်စိမ်းဖြူကဲ့သို့ နူးညံ့လှသော ခန္ဓာကိုယ်နှစ်ခုရှိနေသည်။ အရပ်အမြင့်အတူတူ၊ ပုံပန်းအသွင်အပြင်အတူတူဖြင့် သွေးဆောင်းဖြားယောင်းတတ်သောမျက်ဝန်းများကလည်း အတူတူပင် ဖြစ်၏။

ထိုနှစ်ဦးသည် ဟေးယန်မြို့အရှင်က မျက်နှာသာအပေးဆုံးဖြစ်သော အစေခံနှစ်ဦးဖြစ်သည်။ ယခုတွင်မူ အမွေးများချွတ်ထားသော သိုးငယ်လေးများကဲ့သို့နှယ် အိုမင်းပြီးအဆီပိတ်နေသောခန္ဓာကိုယ်၊ မြူကဲ့သို့ ဖြူဖွေးနေသောဆံပင်နှင့် အရေးအကြောင်းထနေသောမျက်နှာပိုင်ရှင်၏အောက်တွင် အတူတကွ ဇိမ်ခံအနားယူနေကြသည်။

ကြေးမီးအိမ်တိုင်သည် မီးစာဆီအပြည့်ပင်ဖြစ်ကာ အခန်းသည် နေ့သဖွယ် လင်းလက်တောက်ပနေသည်။ အိပ်ရာကြီးထက်တွင် အနီရောင်စောင်သည် ယောက်ယက်ခတ်နေကာ ဆွဲဆောင်လှသောတီးတိုးငြီးသံတို့က မှုန်ရီဝိုးတဝါး ပဲ့တင်သံထပ်နေသည်။

''မြို့အရှင် မြို့အရှင်''

စူးရှသောငိုသံက ရွှယ်ပန်ချွင်းဇွတ်တိုးဝင်လာမှုနှင့်အတူ ထိုးဖောက်လာသည်။ ၎င်းသည် ဟန်ရွှမ်ကျီကို အလောင်းကို ပိုက်ထားပြီး ဘုန်းကနဲမြည်သံနှင့်အတူ ဒူးထောက်ထိုင်လိုက်သည်။

''မြို့အရှင် သခင်လေး သူသေသွားပြီ''

''ဘာ''

ဟန်ဟူကျီတစ်ယောက် အံ့ဩမှင်သက်နေမိကာ အဝတ်ဗလာဖြင့် အိပ်ရာထက်မှဆင်းလာပြီး ရွှယ်ပန်ချွင်းမှာ သွေးများစိုရွှဲနေသည်ကို တွေ့လိုက်ရသည်။ ခါးမှဓားကလည်း သွေးများစီးကျနေပြီး သားဖြစ်သူ၏လည်ပင်းထက်တွင် သေသွားစေသောဒဏ်ရာရှိကာ မျက်လုံးအပြူးသားဖြင့် သေနေခြင်းဖြစ်၏။

မျက်နှာဝိုင်းဝိုင်းထက်တွင် ချွေးများ ပြန်လာပြီး ဝဖီးသောခန္ဓာကိုယ်သည် နာကျင်မှု၊ ဒေါသတို့ဖြင့် တုန်ယင်နေလေသည်။

ရွှယ်ပန်ချွင်းက ခေါင်းကို ငုံ့ထားသည်။ ရုတ်တရက်ပင် အေးစက်သောအကြည့်တို့က မျက်လုံးထဲတွင် အရောင်ဟပ်သွားသည်။ ဓားရိုးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး အပေါ်သို့ အမြန်ပင် ခုတ်ပိုင်းပစ်လိုက်၏။ ဝှစ်ကနဲတိုက်ခိုက်မှုနှင့်အတူ ဟန်ဟူကျီ၏ဗိုက်တွင် ဒဏ်ရာတစ်ခု ဖြစ်ပေါ်လာသည်။ ၎င်းသည် နောက်သို့ယိုင်သွားပြီး အခန်းထဲမှ တိုင်ကြီးကိုမှီကာ ရွှယ်ပန်ချွင်းကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေမိ၏။

''မင်းဖြစ်နေတာလား''

''ဟုတ်တယ်။ ကျွန်တော်ပဲ''

ယခုတွင် ရွှယ်ပန်ချွင်းသည် ဓားကို တင်းကြပ်စွာ ဆုပ်ကိုင်ပြီး မတ်တပ်ထလိုက်သည်။ ထိုအချိန်တွင် အမူအရာက ခက်ထန်လှပြီး ယခင်ကဲ့သို့ သတိထား၍နေတတ်သောအမူအကျင့်မျိုးလည်း မရှိတော့ပေ။

''မြို့အရှင် ခင်ဗျားဒီနေရာမှာ နေနေတာ ကြာလှပြီ။ အခု ကျွန်တော်ယူရမယ့်အချိန်ကျပြီ''

ပြောပြီးလျှင် ပြောပြီးချင်းပင် ခန္ဓာကိုယ်ကို တစ်ပတ်လှည့်၍ မြို့အရှင်ကို ခုတ်ပိုင်းပစ်လိုက်သည်။ အဝတ်ဗလာဖြင့် ဟန်ဟူကျီသည် နောက်သို့ ယိုင်သွားကာ ကြေးမီးအိမ်တိုင်ဖြင့် ဝင်တိုက်မိသည်။ ၎င်းသည် မြေကြီးပေါ်တွင် ရုန်းကန်ပြီး မီးအိမ်တိုင်ကို ကိုင်ကာ ရောက်လာသည့်ခုတ်ချက်ကိုတားပြီး ရွှယ်ပန်ချွင်းကို တွန်းလိုက်လေ၏။

''ဘာကြောင့်လဲ ဘာကြောင့်လဲ''

ဟန်ဟူကျီက အသက်မနည်းရှုကာ ကြေးမီးအိမ်တိုင်ကိုသုံးပြီး ၎င်းဘာသာ ကြိုးစားထသည်။

''မြို့အရှင် ဖရိုဖရဲတွေက ဖြစ်နေပြီ။ မင်းကြီးကလည်း မထိန်းချုပ်နိုင်တော့ဘူး။ မရေမတွက်နိုင်တဲ့သူရဲကောင်းတွေက အနားမယူရဘူး။ အာဏာကိုသိမ်းဖို့ အချိန်ကျတာကြာပြီ။ အဲ့တာကို ခင်ဗျားက အပျော်အပါးမှာ နစ်မြုပ်ပြီး စည်းစိမ်ထဲမှာ အကျဉ်းကျနေတုန်း။ ခင်ဗျားက လောကကြီးကို မသိမ်းဘူးဆိုရင် ကျုပ်က သိမ်းမယ်''

ထိုစကားလုံးများနှင့်အတူ ရွှယ်ပန်ချွင်းသည် ခုတ်ချက်တစ်ခုကို လွှဲခုတ်ကာ အခန်းထဲတွင် ဓားရောင်ဖြင့်လင်းသွားသည်။ အိပ်ရာပေါ်မှ အမြွှာနှစ်ယောက်မှာ ကြောက်၍တုန်နေကာ နူးညံ့ကာ သိမ်မွေ့သည်ဟု ထင်ခဲ့မိသောရွှယ်ပန်ချွင်းမှာ ကြောက်စရာကောင်းသောအတွင်းအားမျိုးကို ပိုင်ဆိုင်ထားပေ၏။

''မင်းက အခွင့်ရေးကို ဆုပ်ကိုင်ချင်နေတယ်။ မင်းနဲ့မတန်ဘူးကွ''

ဟန်ဟူကျီက ကြေးမီးအိမ်တိုင်ကို ဝှေ့ယမ်းကာ ရှေ့သို့တက်လာသည်။ ၎င်း၏ခန္ဓာကိုယ်သည် ဝဖီးနေကာ အသားများက လှုပ်နေပြီး လှုပ်ရှားမှုတိုင်းက အံ့ဩသင့်စရာကောင်းစွာ ရက်စက်ကြမ်းကြုတ်လှ၏။ ထိုအချိန်တွင် ၎င်းသည် အဝတ်ဗလာဖြစ်နေကာ စိတ်ဆိုးနေသောဝက်သိုးနှင့်တူပေသည်။

တောတောင်ထဲတွင် ဆိုရိုးစကားရှိသည်။ ပထမသည် ဝံ၊ ထို့နောက်တွင်ကျား၊ နောက်ဆုံးတွင်ဝက်ဝံဟု ပြောတတ်ကြသည်။ ၎င်းကို ဝက်သိုးဟုခိုင်းနှိုင်းသည်မှာ မလွန်ပေ။

ဖြန်း---

ကြေးမီးအိမ်တိုင်က ရွှယ်ပန်ချွင်း၏ရင်ဘတ်ဖြင့် ခိုက်မိသွားသည်။ ၎င်းသည် နောက်သို့ယိုင်သွားကာ ပါးစပ်မှ သွေးများအန်ကျလာသည်။

''ခင်ဗျားနာမည်အတိုင်းပဲ မြို့ကိုနှစ်သုံးဆယ်လောက်ထိန်းလာခဲ့တာ။ ခင်ဗျားက ကျားလို ရက်စက်တာပဲ''

''မင်းလက်ခံတာကို ငါမလိုဘူး။ ငါက အခြားသူတွေကို ခြောက်ဖို့ အဲ့ဂုဏ်ပုဒ်ကို သုံးတယ်များထင်နေလား''

ဟန်ဟူကျီသည် ရွှယ်ပန်ချွင်းကို အထင်သေးသည့်အကြည့်ဖြင့်ကြည့်ကာ

''မင်းကဘာလဲ။ ငါသာ မင်းကို မြေတောင်မမြှောက်ပေးဘူးဆိုရင် တောထဲမှာပဲ ထင်းခုတ်နေရဦးမှာ။ စာအုပ်နည်းနည်းလေးဖတ်လိုက်တာနဲ့ လောကကြီးကို သိမ်းနိုင်မယ်လို့မထင်နဲ့။ မင်းကြီးတောင် ဒီလောကကြီးကို မသိမ်းနိုင်ရင် မင်းတိုက်ခိုက်ရမဲ့အလှည့်မဟုတ်သေးဘူး''

ရွှယ်ပန်ချွင်းက အံကြိတ်ကာ လက်ထဲမှဓားရိုးကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ ဟန်ဟူကျီကမူ နေရာတွင် ရပ်ကာ ကျိန်ဆဲနေဆဲဖြစ်၏။

''မင်းက င့ါရဲ့ အစောင့်ခွေးထက်မပိုဘူး။ မင်းဘာမှမလုပ်နိုင်ဘူး။ မင်းဘာသာသခင်ဖြစ်လာဖို့ကို အိပ်မက်မက်နေလိုက်။ င့ါခြေထောက်ကမှ မင်းထက်ဉာဏ်ကောင်းဦးမယ်။ မင်းက တုံးအလွန်းပြီး ကြိုးစားရင် ဘာမဆိုဖြစ်နိုင်မယ်ထင်နေတဲ့အရူးတစ်ယောက်သာသာပဲ''

''တကယ်တော့ မြို့အရှင်က အရမ်းကို ပါရမီထူးပါတယ်။ ပန်ချွင်း လေးစားမိပါတယ်''

''အာကျယ်မနေနဲ့။ မင်းမှာ ပါရမီမရှိဘူးလို့ငါပြောသားပဲ။ တိုင်းပြည်တစ်ပြည် လောကကြီးတစ်ခုလုံးမပြောနဲ့။ မြို့တစ်မြို့ကိုကိုင်တွယ်ဖို့တောင်အရည်အချင်းမရှိဘူး။ သေအောင်ကြိုးစားလည်း မင်းရမှာမဟုတ်ဘူး။ င့ါတစ်သက်လုံး မင်းတွေ့ခဲ့ဖူးတဲ့မိန်းမတွေထက် ပိုများတဲ့မိန်းမတွေနဲ့ အိပ်ခဲ့ဖူးတယ်။ လူအများကြီးကို သတ်ခဲ့ဖူးတယ်။ သေခြင်းလား။ ဘာသေခြင်းလဲ။ မင်းက ကိုယ့်ဘာသာသေအောင်ကြိုးစားပြီး သနားနေတဲ့ အရူးသာသာပဲ ''

''သတ်''

ရွှယ်ပန်ချွင်း၏အကြည့်များက ပွက်ပွက်ဆူနေကာ ရုတ်တရက်ပင် ရှေ့သို့ ဓားဖြင့် ခုန်အုပ်လိုက်သည်။

''လာစမ်း''

ဟန်ဟူကျီကလည်း ပြန်အော်လိုက်၏။

ရုတ်တရက်ပင် အမြွှာလေးများသည် အမဲလိုက်တော့မည့်ကျားသစ်များကဲ့သို့ ခုန်အုပ်လိုက်ကြသည်။ တစ်ယောက်က လည်ပင်းကို သိုင်းဖက်ထားပြီး တစ်ဦးက ပေါင်ကိုဖက်ထားသည်။ ၎င်းတို့ဆံထိုးများက ဟန်ဟူကျီ၏ခန္ဓာကိုယ်ထဲသို့ ရက်စက်စွာ စိုက်ဝင်သွားသည်။

ဟန်ဟူကျီမှာ နာကျင်လွန်းသဖြင့်အော်မိကာ ခန္ဓာကိုယ်ကို ခါ၍ ထိုမိန်းကလေးများကို ခါချလိုက်ရသည်။ သို့သော် ထိုအချိန်တွင် ရွှယ်ပန်ချွင်း၏ဓားသည် သူ၏နှလုံးသားထဲသို့ စိုက်ဝင်နေပြီးဖြစ်သည်။

ဟန်ဟူကျီ၏မျက်ဝန်းအိမ်တို့ ပြူးကျယ်သွားသည်။ ခန္ဓာကိုယ်သည် ယိမ်းခါနေကာ နောက်သို့ လန်ကျသွား၏။

ရွှယ်ပန်ချွင်းက ဒူးထောက်ပြီး ၎င်း၏မျက်လုံးများကိုကြည့်ကာ ပြောလိုက်သည်။

''ကျွန်တော်က အရှင့်လောက်မတော်တာကို သိပါတယ်။ ဒါပေမဲ့ ကြိုးစားကြည့်ချင်တယ်။ ဒီနေ့လိုမျိုး တစ်ခုခုများ စီစဉ်နိုင်မလားလို့ပေါ့''

''ဟေး ဟေး----''

ဟန်ဟူကျီ၏နှုတ်က တစ်ခုခုကိုပြောရန် ကြိုးစားနသေော်လည်း မသဲကွဲပေ။ ရွှယ်ပန်ချွင်းက မျက်မှောင်ကြုတ်ပြီး နားကို ဟန်ဟူကျီ၏နှုတ်နားသို့ ကပ်ကာ နားထောင်လိုက်သည်။

''ဟေးယန်မြို့က မင်းကြီးရဲ့တံခါးဝပဲ။ မဟုတ်ဘူး။ ရုန်မျိုးနွယ်စုကို မပြိုကွဲစေနဲ့။ တဝူမင်းဆက်က---''

ရွှယ်ပန်ချွင်းက ရပ်ကာ ဟန်ဟူကျီကို စိတ်ရှုပ်ထွေးစွာဖြင့်ကြည့်လိုက်သည်။ ဟန်ဟူကျီသည်မူ ထာဝရအတွက် ဘေးသို့ ခေါင်းငိုက်ကျသွားပြီဖြစ်လေသည်။

ရွှယ်ပန်ချွင်းတစ်ယောက် အခန်းထဲမှ ထွက်သွားပြီး ကျားတံဆိပ်တုံးကို ကိုင်ကာ မြို့တွင်းမှစစ်သည်များကို အမိန့်ပေးသည်။ ထိုနေ့ညတွင် မြို့အရှင်၏စံအိမ်မှာ ပြာအတိပြီးသွားလေတော့၏။

All Chapters