← Chapters

တောင်ခံတပ်၏ခြောက်ယောက်မြောက်အဖွဲ့ဝင်

Vol. 2 Ch. 20

တောင်ခံတပ်၏ခြောက်ယောက်မြောက်အဖွဲ့ဝင်

Vol. 2 Ch. 20

လီကောရှန်းသည် ဖားပြုတ်ခံတပ်မှ ထွက်လာသောအခါတွင် အကြီးဆုံးသားနှင့် သားအလတ်က မြင်းတစ်ကောင်ချင်းစီဆွဲကာ လိုက်လာကြပြီး အိပ်မက်မက်နေသည်လားဟုပင် ထင်မှားနေမိ၏။

'''အဖေ ကျွန်တော်တို့ အိပ်မက်မက်နေတာလား။ ဓားပြတွေက တကယ်ပဲ မြင်းနှစ်ကောင်ထည့်ပေးလွှတ်လိုက်တာလား''

လီတက မေးလိုက်၏။

''ဘာဓားပြတွေလဲ။ သူတို့က နတ်ဘုရားတွေ။ ငါတို့ကို သနားနေတဲ့နတ်ွေ''

လီကောရှန်းက သက်ပြင်းရှည်ကြီးချလိုက်လေသည်။

၀

လီတနှင့်လီအာက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ဂျုံခင်းကိုရိတ်သိမ်းပေးကာ မုန့်အနည်းငယ်ဖြင့် မြင်းနှစ်ကောင်ကို လဲလာခဲ့ခြင်းဖြစ်သည်။ နတ်များသာ လုပ်နိုင်သောကိစ္စမျိုး ဖြစ်ပေသည်။

''နတ်ဘုရားတွေကရော ဂျုံရိတ်တယ်လား''

လောကကြီး၏အကြောင်းကို စ၍စဉ်းစားလာပြီဖြစ်သော လီစန်းက စဉ်းစားရင်းမေးလိုက်သည်။

''ဘာတွေပြောနေတာလဲ ကောင်လေး။ နတ်ဘုရားတွေက ဂျုံခင်းကို ရိတ်သိမ်းယုံတင်မကဘူး။ နေ့တိုင်း မုန့်တွေကိုလည်း စားကြသေးတယ်''

ညီနောင်သုံးဦးလုံး အံ့အားသင့်သွားကြသည်။ ၎င်းတို့ဆုံခဲ့သောသူများမှာ အမှန်ပင် နတ်ဘုရားများ ဖြစ်ပေသည်။

လီမိသားစုရွာသို့ ပြန်ရောက်သောအခါ၌ ထိုမြင်းများကို ခြံဝန်းထဲသို့ ဆွဲခေါ်သွားသည်နှင့် တစ်ရွာလည်းက မနေနိုင်တော့ဘဲ လာကြည့်ကြလေသည်။

''သုံးနှစ်သားမြင်းတွေပဲ။ ထယ်ထိုးတဲ့အခါကျရင် င့ါကို ဌားပါဦး''

''ဒီမြင်းမည်းကို ကြည့်ဦး။ ငွေသားနှစ်ဆယ်ထက် မနည်းဘူး။ လောင်လီ ခင်ဗျားက လူချမ်းသာပဲ။ ဒီလောက်ထိကို ဖုံးကွယ်ထားနိုင်တာပဲ''

''လောင်လီ ခင်ဗျားသားကြီးက လက်မထပ်ရသေးဘူးမလား။ ခင်ဗျားအတွက် ရှာပေးမယ်လို့ပြောခဲ့ပေမဲ့ အလုပ်များနေလို့ မေ့သွားတာ''

''အင်း''

လီကောရှန်းသည် ရေတစ်ခွက်သောက်ကာ ၎င်းဘာသာ ကျေနပ်နေလေသည်။

''ဒါက တောင်နတ်ဘုရားဆီက ရတဲ့ ကောင်းချီးပဲ။ ငါလောင်လီက ဘဝမှာ ဘယ်တော့မှ မကောင်းတာ မလုပ်ခဲ့ဖူးဘူး''

ထောင်လွှားသောစိတ်ထားကို ခုခံရန်မှာ မဖြစ်နိုင်သောကြောင့် ထိုနေ့၏စွန့်စားခန်းကို ပြောပြပေသည်။ ၎င်းသည် ကောင်းသည့်ကိစ္စများကိုသာ လုပ်သောကြောင့် နတ်ဘုရားများဆီမှဆုအဖြစ်ရသည်ဆိုသောအကြောင်းသည် ၎င်းကို ရွာထဲတွင် နှစ်ဝက်ခန့်မျှ ဂုဏ်တက်နေစေမည်။ အချို့သောရွာသားများကလည်း ၎င်းကို ယုံကြည်နေကြ၏။ လီကောရှန်း၏မိသားစုသည် ဆင်းရဲသော်လည်း ၎င်းတို့၏စိတ်ထားကောင်းမွန်မှုက နာမည်ကြီးပေသည်။ မည်သူ့ကိုမှ အနိုင်မကျင့်တတ်ကြပေ။ ထင်းရောင်း၍ မည်သည့်မကောင်းသည့်ကိစ္စကိုမှလည်း မကျူးလွန်ဖူးပေ။

လီမိသားစုရွာတွင် လီကျွမ်းဟုသောချမ်းသာသည့်သူတစ်ဦးရှိကာ လယ်ဧကရာချီပိုင်ဆိုင်ထားသည်။ လွန်စွာချမ်းသာသော်လည်း လွန်စွာကပ်စေးကုတ်ပေသည်။ ရွာထဲမှသမီးပျိုများကိုရောင်စားကာ၊ အကြွေးမဆပ်နိုင်လျှင် အိမ်များကိုဖြိုကာသိမ်းတတ်သည်ဟုသော သတင်းများပင်ရှိပေသည်။

ထိုအကြောင်းကို ကြားသောအခါတွင် လီကျွမ်းသည် ၎င်း၏အခြေအနေကို မစဉ်းစားဘဲ မနေနိုင်တော့ပေ။ လီကောရှန်းတွင် ၎င်းကဲ့သို့ပင် သားသုံးယောက်ရှိပေသည်။ နတ်ဘုရားများက ၎င်းကို မြင်းလေးကောင်ပေးသော်လည်း နှစ်ကောင်တည်းသာ ယူခဲ့သည်။ ၎င်းတုံးအလွန်းသောကြောင့်သာဖြစ်မည်ဟု ထင်ခဲ့မိသည်။ ၎င်းသာ ထိုသို့အခြေအနေမျိုး ရမည်ဆိုလျှင် မြင်းအကောင်လေးငါးဆယ်ခန့်ယူလာမိမည်ဖြစ်၏။

ဝံပုလွေတစ်ကောင်သည် အသားစားရန် မိုင်ထောင်ချီခရီးသွားတတ်သော်လည်း ခွေးတစ်ကောင်ကမူ မစင်စားရန်သာ မိုင်ထောင်ချီခရီးနှင်တတ်၏။

ထိုသို့စဉ်းစားရင်းဖြင့် လီကျွမ်းသည် ၎င်း၏သားသုံးဦးကို ထိုညတွင် ဆင့်ခေါ်ခဲ့ပေသည်။

......

လီကောရှန်းနှင့် သားသုံးဦး၏အကူအညီဖြင့် ဖားပြုတ်ခံတပ်မှဂျုံခင်းကြီးကို ရိတ်သိမ်းပြီးသားဖြစ်သွားသည်။ ဂျုံကောက်လှိုင်းစည်းများကို လေ့ကျင့်ရေးကွင်းထဲတွင် သေသပ်စွာ ထပ်ထားပြီး လတ်ဆတ်သောအငွေ့အသက်မျိုး ရစေသည်။ နောက်တွင်မှ အစေ့အဆန်ရအောင် အခြောက်လှန်းရပေမည်။ သို့သော်လည်း ယခုတွင် ဖားပြုတ်ခံတပ်တွင် မြင်းများရှိနေသည်။

ထိုမြင်းများအကြောင်းကို စဉ်းစားမိလျှင် ချုံးတလေတစ်ယောက် ခေါင်းခဲရတော့သည်။ ထိုသို့သာဆက်ဖြစ်နေပါလျှင် မြင်းဇောင်းထဲမှမြင်းများမှာ ငတ်သေတော့မည်ဖြစ်၏။

ညနေဘက်တွင် လင်းရှောင်ယွီတစ်ယောက် ပြန်ရောက်လာပြီး အခြားလူတစ်ဦးကို ခေါ်လာသည်။

''သူဌေး ကျွန်တော်တို့နဲ့ ပူးပေါင်းချင်တဲ့သူရှိတယ်''

''ဘယ်သူလဲ''

ချုံးတလေက ခေါင်းမော့ကြည့်လိုက်သည်။ ထိုလူကို မြင်မိသောအခါတွင် ၎င်းက မှတ်မိသွားသည်။

''ခဏ မင်းမလား''

ဟွမ်စန်းယွမ်မှလွဲ၍ အခြားသူမဟုတ်ပေ။

လတ်တလောတွင် ဟွမ်စန်းယွမ်သည် ဆိုးရွားသောဘဝကို ဦးတည်နေပေသည်။ သေဘေးမှ သီသီလေးလွတ်လာပြီးနောက်တွင် ဟေးယန်မြို့သို့ ပြန်ခဲ့သည်။ ဟန်ဟူကျီ၏သေဆုံးခြင်းနှင့် ရွှယ်ပန်ချွင်းက ဟန်မျိုးနွယ်သစ္စာခံသူများကို လိုက်ရှင်းနေသည်ဟုသောသတင်းကို ကြားသိခဲ့သည်။ ၎င်းကိုလည်း သစ္စာခံသူအဖြစ်ထင်လိုက်ပါလျှင် သေလမ်းသာရှိတော့သည်။ ထို့ကြောင့် တိတ်တဆိတ် ပစ္စည်းများထုတ်ပိုးကာ သစ်ရွက်ကြွေမြို့သို့ ထွက်ပြေးလာခဲ့သော်လည်း ရှောင်ယွီဖြင့် တိုးခဲ့သည်။ အချင်းချင်းစကားပြောဆိုပြီးသောအခါတွင် နှစ်ဦးသား မျက်ရည်ဝဲကာ ရှောင်ယွီက အကြံပေးလိုက်သည်။

''သွးစရာနေရာမရှိဘူးဆိုရင် ဘာလို့ ဖားပြုတ်ခံတပ်ကို မစဉ်းစားမိရတာလဲ''

အချင်းချင်းဇာတ်လမ်းများကို ပြောပြီးနောက်တွင် ချုံးတလေက မေးလိုက်သည်။

''အဲ့လိုဆို ရွှယ်ပန်ချွင်းက ဟန်ဟူကျီကိုသတ်ပြီး မြို့ကို သိမ်းလိုက်တာပေါ့''

''အသေအချာပဲပေါ့။ ဒါပေဲ့လို့ မြို့ထဲမှာတော့ မင်းတို့လူတွေက ဟန်ဟူကျီကို သတ်သွားတယ်လို့ သတင်းလွှင့်ထားတာ။ မင်းကိုတောင် လက်စားချေဖို့လုပ်နေတာ''

''ဘာကွ။ ဖားပြုတ်ခံတပ်မှာ လူလေးငါးယောက်ပဲရှိတာ။ ဘယ်လိုလုပ် သူ့ကိုသတ်ဖို့ လူအားရှိရမှာလဲ''

''ဒါပေမဲ့ ဖားပြုတ်ခံတပ်မှာ လူငါးယောက်ပဲရှိတယ်ဆိုတာကို ဘယ်သူမှမသိဘူး''

ဟွမ်စန်းယွမ်က ဘေးဘီသို့ ကြည့်လိုက်ပြီး

''မင်းတို့ကို အဲ့လောက်လူနည်းမယ်လို့ မထင်ခဲ့ဘူး။ ရွှယ်ပန်ချွင်းသတင်းဖြန့်တာကတော့ ဖားပြုတ်ခံတပ်က ဓားပြထောင်ချီရှိတဲ့ခံတပ်တဲ့။ အားလုံးက သွေးအေးလူသတ်သမားတွေချည်းပဲ။ ဖားပြုတ်ဘုရင်ကလည်း အရမ်းရက်စက်တယ်။ နေ့တိုင်းလူသားစားတယ်ပြောတယ်။ အခုဆို မင်းတို့ခေါင်းတွေအတွက် သူက ဆုကြေးထုတ်ထားတယ်''

ချုံးတလေ၏မျက်လုံးတို့ အရောင်တောက်သွားသည်။

''ဆုကြေးက ဘယ်လောက်လဲ''

''ဖားပြုတ်ဘုရင်ရဲ့ခေါင်းက ငွေသားငါးဆယ်။ ရွှီရှန်းကျီရဲ့ခေါင်းက ငွေသား(၃၅)၊နဲ့ မျက်နှာမည်းမည်းနဲ့သူက---''

ဟွမ်စန်းယွမ်က ချင်းမန်ဘက်သို့ လှည့်ကြည့်ကာ

''မင်းခေါင်းက ငွေသားသုံးဆယ်''

ရွှယ်ပန်ချွင်းက ၎င်းကို ချောက်ချသည်ကို ဒေါသမထွက်သော်လည်း စိတ်ဆိုးနေမိသည်။

''ရွှယ်ပန်ချွင်းက င့ါကို အထင်သေးတာပဲ။ င့ါခေါင်းကို ငွေသားငါးဆယ်ပဲပေးတာပေါ့''

အမှန်တွင် ချုံးတလေသည် ထိုလောက၏ငွေရေးကြေးရေးစနစ်ကို နားမလည်ခြင်းဖြစ်၏။ တဝူတည်ထောင်စဉ်က ကျားနဂါးဒင်္ဂါးသည် ကြေးပြားအဖြစ် ထင်ရှားသည်။ ကြေးပြားတစ်ထောင်လျှင် ငွေစတစ်စဖြစ်ကာ ၎င်း၏ယခင်ဘဝက ဒေါ်လာတစ်ထောင်ဖြင့် တန်ဖိုးတူသည်။ သို့သော် ထိုခေတ်တွင်မူ လယ်စိုက်သော အိမ်တစ်အိမ်၏နှစ်စဥ်ကုန်ကျစရိတ်သည်ပင် ငွေသားသုံးလေးစသာရှိသည်။ (အခုခေတ်နဲ့ဆို ချုံးတလေခေါင်းက ဒေါ်လာငါးသောင်းလောက်တန်နေပြီ)

''ဗျူဟာမှူး ကောင်းဖေးဟူကိုရော ဆုကြေးဘယ်လောက်ထုတ်ထားလဲ''

''သူ့ကို ငွေစ(၁၈၀)ထုတ်ထားတယ်ကြားတယ်''

ရွှီရှန်းကျီသည် ချုံးတလေအဘယ့်ကြောင့်မေးရသည်ကို နားမလည်ပေ။

''ငါ သူ့ထက် သာစေရမယ်''

ချုံးတလေတစ်ယောက် ကြုံးဝါးလိုက်ပေသည်။

ချုံးတလေကိုကြည့်ကာ ရွှီရှန်းကျီနှင့် အခြားသူများမှာ ပြောစရာစကားမရှိတော့သည်အထိ အံ့အားသင့်သွားကြသည်။ ထိုကိစ္စကို ကောင်းသည်ဟု ထင်နေသည်လော။

''သူဌေး ဘဏ္ဍာစိုးဟွမ်က ကျွန်တော်တို့နဲ့ ပူးပေါင်းမလို့ပါ။ သူ့ကို ဘာလို့ဖားပြုတ်ခံတပ်နဲ့ မပူးပေါင်းခိုင်းရမှာလဲ''

လင်းရှောင်ယွီက အကြံပေးလိုက်သည်။

ချုံးတလေက ဟွမ်စန်းယွမ်ကို ကြည့်ကာ စိတ်ထဲတွင် ၎င်း၏အချက်အလက်များ ပေါ်လာသည်။

အမည် - ဟွမ်စန်းယွမ် (သာမန်နာမည်ကြီးဘဏ္ဍာစိုး)

အသက် - (၄၃)နှစ်

ကျွမ်းကျင်မှု - မရှိပါ

ဖုံးကွယ်ထားသောစွမ်းအား - မရှိပါ

ထိုစဉ်တွင် ဟွမ်စန်းယွမ်သည် ဘေးပတ်ဝန်းကျင်ကို လေ့လာကြည့်သည်။ အားလုံးက ချုံးတလေကို စကားပြောပုံကိုအကဲခတ်ကြည့်ကာ ကောလဟဿများကဲ့သို့ ကြောက်စရာမကောင်းသည်ကို တွေ့လိုက်ရသည်။ လူသားမစားသည်မှာ သေချာပေသည်။

''ခင်ဗျား ဖားပြုတ်ခံတပ်ကို သဘောကျရဲ့လား''

''အင်း။ ကျတာပေါ့''

''ဘာကို သဘောကျတာလဲ''

''အမ်---''

ဟွမ်စန်းယွမ်တစ်ယောက် ဖြေရခက်သွားသည်။ ယဉ်ကျေးရန်ကြိုးစားနသော်လည်း ထိုမေးခွန်းကမူ အဖြေရခက်လွန်း၏။

''ခင်ဗျားစိတ်သဘောထားက ကျုပ်တို့ ဖားပြုတ်ခံတပ်ကို အထင်သေးတယ်ဆိုတာ ရှင်းနေတာပဲ။ ကျုပ်တို့က လူနည်းတယ်ဆိုပေမဲ့လို့ တစ်ယောက်ချင်းစီမှာ လူတစ်ရာရဲ့အားမျိုးရှိတယ်။ ဖားပြုတ်ခံတပ်နဲ့ ပူးပေါင်းတာက ထင်သလောက် မရိုးရှင်းဘူး။ လင်းရှောင်ယွီက ခင်ဗျားကို မိတ်ဆက်ပေးတာဆိုမှတော့ ခင်ဗျားအကြောင်းကို စကားလုံးငါးထောင်အစီရင်ခံစာရေးပြပါ။ အဲ့စာကိုဖတ်ပြီးသွားရင် လက်ခံရမလား မခံရဘူးလားဆိုတာကို စဉ်းစားပေးမယ်''

ရွှီရှန်းကျီက ခေါင်းညိတ်ပြလိုက်လေသည်။

''သူဌေးက တကယ်ပဲ စည်းကမ်းတင်းကြပ်တာပဲ''

''စကားလုံးငါးထောင်လား''

ဟွမ်စန်းယွမ်တစ်ယောက် ရေရွတ်လိုက်မိသည်။

''သူဌေး အဲ့လိုသာဆို တစ်သက်လုံးကြာသွားမှာ''

ချုံးတလေသည် ထိုခေတ်က အရေးအသားနှင့်ပက်သက်ပြီးလည်း သိသည့်ပုံမပေါ်ပေ။ စကားကြောရှည်သည်ဟု နာမည်ကြီးသောထိုခေတ်တွင် စကားလုံးငါးထောင်မှာ မည်မျှများသည်ကို ၎င်းမသိသော်လည်း ထောင်သဲ့ချင်း၏စာအုပ်သည်ပင် စကာလုံးငါးထောင်ခန့်သာရှိသည်။

''ငါလည်း အခက်တွေ့နေပြီ။ ဖားပြုတ်ခံတပ်နဲ့ပူးပေါင်းဖို့ ခင်ဗျားရိုးသားမှုကို ပြသနိုင်မဲ့ဟာမျိုးရှိလား''

ချုံးတလေက တည်ငြိမ်စွာဖြင့် အကြံပြုလိုက်သည်။

ဟွမ်စန်းယွမ်သည် တစ်ခုခုမပြောခင်တွင် ခေတ္တမျှစဉ်းစားလိုက်သည်။

''သူဌေး ကျုပ်ကိုယ်ပေါ်မှာ ရတနာမြေပုံရှိတယ်။ ကျုပ်ရဲ့ရိုးသားမှုကို သက်သေပြဖို့ အဲ့တာကို ပေးမယ်ဆိုရင်ရော'’

All Chapters