← Chapters

ကန့်သတ်အရေအတွက်၊အရင်လာသူအရင်ရမယ်

Vol. 2 Ch. 21

ကန့်သတ်အရေအတွက်၊အရင်လာသူအရင်ရမယ်

Vol. 2 Ch. 21

ချုံးတလေသည် ဟွမ်စန်းယွမ်၏အတွေ့အကြုံများကို သုံးသပ်ပြီးနောက် ၎င်းအား အလုပ်ခန့်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။

ဟန်ဟူကျီသည် မရေမတွက်နိုင်သော လယ်မြေဧကများစွာနှင့် ကုန်ပစ္စည်းအရောင်းအဝယ်များကို ပိုင်ဆိုင်ခဲ့သည်။ ထိုအရာအားလုံးကို ဟွမ်စန်းယွမ်က စီမံရခြင်းဖြစ်သည်။ ချုံးတလေ၏အတိတ်ဘဝတွင် ဟွမ်စန်းယွမ်သည် ကုမ္ပဏီတစ်ခု၏ အထွေထွေမန်နေဂျာရာထူးနှင့် အတူတူပင်ဖြစ်သည်။ ၎င်းသည် အတော်လေးအောင်မြင်ခဲ့ပေသည်။ ယခုတွင်မူ ခြေလှမ်းသစ်လှမ်းရန်အတွက် ယခင်နေရာကိုစွန့်လာကာ ချုံးတလေမှာ မျက်ကွယ်ပြုမထားနိုင်ပေ။

အမှန်တွင် ဖားပြုတ်ခံတပ်သည် လတ်တလောအနေအထားဖြင့်ဆိုလျှင် ဟွမ်စန်းယွမ်ကဲ့သို့သောသူမျိုးကို လိုအပ်နေသည်။ အပြိုင်ပြောရလျှင် ချင်းမန်နှင့် လင်းရှောင်ယွီတို့သည် နည်းပညာပိုင်းဆိုင်ရာဝန်ထမ်းများ(ဓားပြတိုက်ရာတွင်)ဖြစ်ပြီး ရွှီလင်းအာသည် ပို့ဆောင်စီမံရေး(မြင်းစာကျွေး)ဖြစ်သည်။ ချုံးတလေသည် ဥက္ကဌဖြစ်ကာအတွေ့အကြုံမရှိဖြစ်နေပြီး ကျွမ်းကျင်မန်နေဂျာတစ်ဦးကို အမှန်တကယ်လိုအပ်နေပေသည်။ ရွှီရှန်းကျီသည်မူ သူသည် ဖားပြုတ်ခံတပ်၏ လာဘ်ကောင်လေးဖြစ်၏။

သို့သော်လည်း ချုံးတလေသည် ထိုသို့စီမံမှုက တန်ဖိုးအတိုင်းအဆမဲ့အရာတစ်ခုဆီသို့ ဦးတည်သွားသည်ကိုမူ မျှော်လင့်မထားမိခဲ့ပေ။

''ဘာရတနာမြေပုံလဲ''

ချုံးတလေက စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်၏။

''အရင်မြို့အရှင် စုဆောင်းထားတဲ့ဟာတွေပါ။ ဟေးယန်မြို့က ထွက်ပြေးလာတုန်းက ဆွဲလာတာ''

ဟွမ်စန်းယွမ်က ပြန်ဖြေလိုက်သည်။ ၎င်းသည် ပြောရင်းဖြင့် အင်္ကျီတွင်းမှ သိုးသားရေမြေပုံကို ဆွဲထုတ်လိုက်ပြီး ချုံးတလေကို ပေးလိုက်သည်။

''လွန်ခဲ့တဲ့နှစ်သုံးဆယ်က ရုန်မျိုးနွယ်စုက တဝူကို ကျူးကျော်ပြီး မင်းကြီးကို သတ်လို့ နယ်မြေကိုသိမ်းခဲ့တယ်။ နောက်ဆုံး သူတို့ထွက်ပြေးသွားတဲ့အခါကျ ရတနာအများကြီးကို ယူသွားခဲ့ပေမဲ့လို့ အကုန်တော့သယ်မသွားနိုင်ဘူး။ အလျင်စလိုမြုပ်ခဲ့ရတယ်။ နေရာတွေကိုတော့ မြေပုံပေါ်မှာမှတ်ထားတယ်''

သိုးသားရေမြေပုံကို ရသောအခါတွင် ချုံးတလေတစ်ယောက် အတော်လေးစိတ်လှုပ်ရှားသွားရသည်။ ၎င်းသည် ထိပ်တန်းအဆင့်ရှေးဟောင်းသိုးသားရေရတနာမြေပုံကိုရရှိကာ ရတနာလိုက်ရှာရမည့်အတွေ့အကြုံမျိုး ရလိမ့်မည်ဟု မျှော်လင့်မထားမိခဲ့ပေ။

''မြေပုံပေါ်မှာ မှတ်ထားတာက ဘယ်နေရာလဲ''

ချုံးတလေက မြေပုံကိုဖြန့်ကာ ပြောလိုက်သည်။

''ငါလည်း မသိဘူး''

''ဘာ မင်းမသိဘူးလား''

''ဒါပေါ့။ ငါသိရင် ရတနာတွေကို တူးပြီးနေတာကြာပြီ''

ဟွမ်စန်းယွမ်က တွေးတောကြံဆကာ ပြောလိုက်သည်။

ထိုအခါမှသာ ချုံးတလေသည် မြေပုံ၏ပြဿနာကို နားလည်သွားပေသည်။ မြေပုံသည် တောတောင်မြစ်ချောင်းများ၏မြေပုံဖြစ်ကာ အလယ်တွင် စက်ဝိုင်းတစ်ခု ဝိုင်းထားသည်။ သို့သော်လည်း ဘာစာမှရေးမထားပေ။ မည်သည့်တောင်၊ မည်သည့်မြစ်ကို ရည်ညွှန်းသည်ကို မသိနိုင်ပေ။ ဝိညာဉ်များပင် ပြောနိုင်လိမ့်မည် မဟုတ်ပေ။

ထိုလောက၏မြေပုံများသည် မတိကျမရေရာပေ။ ရုန်မျိုးနွယ်စု၏မြေပုံပေါ်တွင်ပင် စကားလုံးတစ်လုံးမှ ရေးမထား။ ချုံးတလေသည် ထိုမြေပုံကိုယူကာ တောင်တန်းမြစ်ချောင်းများ၏မြေမျက်နှာသွင်ပြင်နှင့် နှိုင်းယှဉ်ကြည့်ရန်မှာလည်း မဖြစ်နိုင်ပေ။ ရုန်မျိုးနွယ်စုက ဆုတ်ခွာသွားသည့် အတောအတွင်းတွင် ထိုရတနာများကို ချန်ခဲ့သည်ဆိုသည်မှာလည်း လွန်စွာဝေးကွာလှပေသည်။ ရိုးရှင်းစွာပြောရလျှင် ရတနာများက မည်သည့်နေရာတွင်မဆို ရှိနိုင်သည်။ မင်းကြီး၏ပိုင်နက်တွင်မဆိုထားနှင့်၊ ချင်းနျူးတောင်ပေါ်တွင်ပင် မြုပ်ထားနိုင်သည်။ သာမန်ကာလျှံကာပင် တွေ့ကောင်းတွေ့နိုင်ပေသည်။ သို့သော်လည်း ရတနာရှာနိုင်မည့်အခွင့်အရေးသည် ကဲစမ်းမဲနှိုက်ခြင်းထက်ပင် အခွင့်အရေးပို့မမြင့်နိုင်ပေ။

၎င်း၏စိတ်လှုပ်ရှားမှုမှာ တည်ငြိမ်သွားကာ ချုံးတလေသည် ရတနာမြေပုံကိုဘေးချလိုက်ပြီး ပြောလိုက်သည်။

''ဒီမြေပုံက အကူအညီမဖြစ်ဘူး။ ဘဏ္ဍာစိုးဟွမ် ခင်ဗျားရဲ့ထိုက်တန်မှုကို အမြန်သက်သေပြပါ။ အခုတော့ ခင်ဗျားကိုခံတပ်မှာ ယာယီခန့်လိုက်ပြီ။ အခု ခံတပ်က ပြဿနာတစ်ခုနဲ့ ရင်ဆိုင်နေရတယ်။ အဲ့တာကို စမ်းသပ်တာအဖြစ် ယူဆလိုက်ပါ။ အဲ့ပြဿနာကို ဖြေရှင်းနိုင်ရင် ခင်ဗျားရာထူးက အတည်ဖြစ်သွားမယ်''

ဟွမ်စန်းယွမ်ကမူ ယာယီအလုပ်ဆိုသောသဘောကို နားမလည်ပေ။ ဓားပြတစ်ယောက်ဖြစ်လာရန်မှာ ထိုမျှရှုပ်ထွေးသောကိစ္စဖြစ်လိမ့်မည်ဟုလည်း မျှော်လင့်မထားဖူးပေ။ မည်သို့ပင်ဆိုစေကာမူ အခြားရွေးချယ်စရာမရှိသောကြောင့် မေးလိုက်လေသည်။

''ဘာကိစ္စလဲ''

ချုံးတလေသည် မြင်းကိစ္စကို ရှင်းပြလိုက်သည်။ ဟွမ်စန်းယွမ်သည် နားထောင်ပြီးနောက်တွင် ချက်ချင်းပင် ဖြေရှင်းချက်ကို စဉ်းစားမိလေသည်။

''ခံတပ်ရဲ့ ရှေရှည်တိုးတက်မှုကို ထည့်စဉ်းစားရမယ်ဆိုရင် အဲ့မြင်းတွေရဲ့တန်ဖိုးက အရမ်းမြင့်တယ်။ ဒါပေမဲ့လို့ ခံတပ်ရဲ့လက်ရှိအခြေအနေနဲ့ အဲ့မြင်းတွေက ဝန်ထုပ်ဝန်ပိုးထက်မပိုဘူး။ ကျုပ်အမြင်အရဆိုရင် မြန်မြန် ဖျောက်ပစ်လိုက်တာက ပိုကောင်းမယ်။ သစ်ရွက်ကြွေမြို့မှာ ကုန်သည်တွေနဲ့ အဆက်အသွယ်ရှိလား သိချင်ပါတယ် သူဌေး။ မရှိရင်လည်း ခံတပ်အနီးအနားမှာပဲ ရောင်းလို့ရတာပဲ''

''ဗျူဟာမှူး ခင်ဗျားကြားရဲ့လား''

အေးစက်သောအသံဖြင့် ချုံးတလေသည် စိတ်ထဲတွင် လှောင်လိုက်မိသည်။ ဟွမ်စန်းယွမ်၏အားထုတ်မှုနှင့် အသုံးမကျသောအကြံပေးသည် နှိုင်းရက်စရာပင်မရှိပေ။

''ကျုပ်နားထောင်နေပါတယ်''

ရွှီရှန်းကျီက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

''သူ့အကြံကလည်း ကျုပ်စဉ်းစားနေတာနဲ့ တစ်ထပ်တည်းပဲ။ ကျုပ်လည်း အဲ့လိုအဖြေမျိုးကို အကြံပေးမလို့ပဲ။ ဒါပေမဲ့ အနိုင်ပိုင်းခံလိုက်ရတယ်လေ။ ဒီလိုမျိုးက စိတ်တူကိုယ်တူလိုပဲပေါ့''

စိတ်ပျက်ဖွယ်ကောင်းလွန်း၍ ချုံးတလေတစ်ယောက် သွေးအန်မိမတတ်ပင်။ ထိုမျှအရှက်မရှိသောသူကို ယခင်က မမြင်ခဲ့ဖူးပေ။ ထို့နောက်တွင်မူ အစီအစဉ်နှင့်ပက်သက်၍ အသေးစိတ်အချက်အလက်အများကို သေချာတိုင်ပင်ကြပေသည်။

ဖြေရှင်းချက်ရှာတွေ့သည်နှင့် ချုံးတလေသည် ဟွမ်စန်းယွမ်၏ပုခုံးကို ပုတ်လိုက်ကာ

''ခင်ဗျားလုပ်တာမဆိုးဘူး။ အချိန်ခဏအတွင်းပဲ ခင်ဗျားက ဒီမှာ ပုံမှန်သူတစ်ယောက်ဖြစ်လာမယ်လို့ ခံစားမိတယ်။ ဆက်ကြိုးစားထား''

''အင်း''

ဟွမ်စန်းယွမ်က ခေါင်းညိတ်ပြလိုက်ပြီး ၎င်းဘာသာ စဉ်းစားနေမိသည်။ ရုတ်တရက်မည်သို့ စိတ်လှုပ်ရှားနေမိသနည်း။

-----

ချင်းနျူးတောင်၊ ကျားပျံရွာ။

''ငါ့မြင်းလေး''

ကောင်းဖေးဟူသည် မျက်လုံးတစ်ဖက်တည်းရှိသောမြင်းကိုကြည့်ကာ သက်ပြင်းအခါခါ ချနေမိသည်။

''အစ်ကိုနှစ် ခင်ဗျားမြင်းက ကန်းသွားပြီ။ တိုက်ပွဲအတွက်လည်း အသုံးမဝင်တော့ဘူး။ ရွာထဲမှာ ပစ္စည်းဆွဲဖို့ပဲ သုံးလို့ရတော့မှာ။ စိတ်မပျက်ပါနဲ့။ အခွင့်အရေးရရင် ဒီထက်ကောင်းတဲ့အကောင် ရှာပေးမယ်''

''ဪ ကျုပ်ကို ခင်ဗျားမြင်းပေးလိုက်ပ့ါလား အစ်ကိုကြီး။ အဲ့လိုဆို ညီအစ်ကိုသံယောဇဥ်ကိုရင်ထဲမှာ တကယ်ခံစားမိမှာ''

''မင်းအတွေးလွန်နေပြီ''

ကောင်းဖေးဟူက ပြန်ပြောလိုက်သည်။

မြင်းတစ်ကောင်သည် မည်သည့်ခံတပ်တွင်မဆို လွန်စွာရှားပါးသောအရင်းအမြစ်ဖြစ်သည်။ ချင်းနျူးတောင်ကို ချုပ်ကိုင်ထားသော ကျားပျံရွာ၏အင်အားဖြင့်ဆိုလျှင်ပင် စုစုပေါင်းမြင်းငါးကောင်သာ ရှိသည်။ အားလုံးသည် ၎င်းတို့၏မြင်းများကို ဇနီးဖြစ်သူများထက် ပို၍တန်ဖိုးထားကြသည်။ ကောင်းဖေးဟူ၏မြင်းသည် ချင်းမန်၏မြားကြောင့် မျက်လုံးတစ်ဖက်ကန်းသွားကာ ကြည့်ရသည်မှာ လွန်ခဲ့သောရက်ပိုင်းကမှ တစ်ခုလပ်ဖြစ်သွား၍ စိတ်ပျက်နေပုံပေါက်နေသည်။

ဒင်---ဒင်----

''သတင်းကောင်း သတင်းကောင်း''

ထိုအသံက ရုတ်တရက်ပင် ကျားပျံရွာအပြင်မှ ပဲ့တင်သံထပ်လာကာ ကောင်းဖေးဟူနှင့်ကောင်းဖေးပေါင်ကို ငြိမ်ကျသွားသည်။

''အစ်ကိုကြီး တစ်ယောက်ယောက်က ကျွန်တော်တို့ရွာကို တိုက်ခိုက်တော့မလို့လား''

''သွားကြည့်ကြည့်ရအောင်''

ရွာတံခါးဖွင့်ပြီး ကျားပျံရွာအဖွဲ့သားများက အပြင်သို့ထွက်လာပြီး မြင်ကွင်းတွင် လူတစ်ယောက်ပင်မရှိသော်လည်း အသံကိုသာကြားနေရသည့် ကွင်းပြင်အလွတ်ကို ကြည့်နေကြသည်။ သို့သော်လည်း အနီးအနားသစ်ပင်များတွင် စာရွက်ဖြူများစွာ ပျံ့ကြဲနေသည်ကို တွေ့ရပေသည်။

''အာ ဒါကဘာလဲ''

ကောင်းဖေးဟူက မျက်မှောင်ကြုတ်ပြီး စာမျက်နှာထိပ်ရှိ စကားလုံးကိုကြည့်လိုက်သည်။

''ကြေညာ''

ထိုနေရာမလှမ်းမကမ်းမှ သစ်ပင်ကြီးနောက်တွင် ချုံးတလေက မောင်းကို ကိုင်ထားကာ လင်းရှောင်ယွီက ဂျုံကော်များကို ရောထွေးကိုင်ထားသည်။

''မင်းဂျုံကော်တွေက ကပ်ပြီးပြီလား''

''ပြီးပြီ။ သူဌေးကရော''

'''သွားကြမယ်။ နောက်ခံတပ်တစ်ခုဆီကို''

ကောင်းဖေးဟူနှင့်အဖွဲ့သည် သစ်ပင်ကြီးအောက်တွင် စုနေကာ အဖြူရောင်စာရွက်ကို စိတ်လှုပ်ရှားစွာဖြင့် ငေးကြည့်နေကြသည်။

''ဒါက ဘာပြောတာလဲ။ သူဌေး ကျယ်ကျယ်လေးဖတ်ပြပါဦး''

''အင်း။ ဘာပြောထားသလဲဆိုတာ ကျုပ်တို့ကို ပြောပြပါ''

၎င်းတို့သည် အရိုင်းအစိုင်းများသာ ဖြစ်သည်။ ကျားပျံရွာတွင် စာတတ်သောလူအရေအတွက်မှာ အကန့်အသတ်ရှိသည်။ စာတတ်သောကောင်းဖေးဟူသည် ၎င်းရှေ့မှ ကြေညာစာရွက်ကို အံ့ဩမှင်သက်စွာ ငေးကြည့်နေသည်။

''သတင်းကောင်း သတင်းကောင်း''

''မြင်းမရှိလို့ ဒုက္ခရောက်နေပါသလား။ အပေါင်းအသင်းတွေက မြင်းစီးပြီး ခင်ဗျားက ခြေလျင်လျှောက်ရလို့ စိတ်ဓာတ်ကျနေပါသလား''

''ဒီလောကကြီးထဲ ခင်ဗျားမှာ မြင်းမရှိရင် ဘယ်မိန်းကလေးကမှ ခင်ဗျားကို လှည့်ကြည့်မှာမဟုတ်ပါဘူး''

''ဒီလိုအခွင့်ကောင်းရှိတုန်း ဘာလို့ တွန့်ဆုတ်နေမှာလဲ။ အခြားသူတွေက ခင်ဗျားသဘောကျတဲ့မိန်းကလေးနဲ့ လယ်ကွင်းတွေဖြတ်ပြီး မြင်းပြိုင်နေလောက်ပြီ။ ခင်ဗျားက ဘာကိုစောင့်နေမှာလဲ''

''သတင်းကောင်း- ကျွန်တော်တို့ခံတပ်မှာ စစ်မြင်းတွေကို အရေအတွက်နဲ့ ရောင်းပေးနေပါတယ်။ အကုန်မြန်လို့ အရင်လာသူအရင်ရမယ်''

''မှတ်ချက် -ရောင်းချိန်အတောအတွင်းတွင် အပိုဈေးလျော့ခြင်းကို ခံစားနိုင်ပါသည်''

ကောင်းဖေးဟူသည် မှတ်ချက်ကို နောက်တစ်ခေါက်ပြန်ကြည့်လိုက်သည်။ သို့သော်လည်း ထိုသို့ပါဝင်ရန် ထူးဆန်းသောနာကျင်ခြင်းကို ခံစားနေရပါသနည်း။ အမှန်ပင် မျှခြေပျက်မိပေသည်။

''အစ်ကိုနှစ် ဘာလုပ်တာလဲ။ ဘာလို့ သစ်ပင်ကို မှီထားရတာလဲ''

ကောင်းဖေးဟူက မေးလိုက်မိသည်။

ကောင်းဖေးပေါင်က သစ်ပင်မှကြေညာစာရွက်ကို ခွာလိုက်သည်။ ၎င်းက မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် ပြန်ဖြေလိုက်သည်။

''အစ်ကိုကြီး အပိုလျော့ဈေးတဲ့နော်'’

All Chapters