← Chapters

မြင်းရောင်းခြင်း

Vol. 2 Ch. 22

မြင်းရောင်းခြင်း

Vol. 2 Ch. 22

ကြေညာပေါ်မှစာသားများသည် ရင့်သီးသည်ဟု ကောင်းဖေးဟူဝန်ခံရမည်ဖြစ်သော်လည်း အမှန်ပင် စိတ်ဝင်စားစရာကောင်းလှကာ ၎င်း၏စိတ်သည်ပင် အနည်းငယ်မျှ ရင်ခုန်သွားမိသည်။

ကျားပျံရွာမှကြမ်းတမ်းသောနောက်လိုက်များကမူ သစ်ပင်များပေါ်မှ ကြေညာစာများကို ဖြဲဆုတ်ရန်သာ စိတ်အားထက်သန်နေကြသည်။

''လောင်ပါ ကျုပ်အရင်ဆုံးအဲ့တာကိုမြင်တာ။ ဘာလို့ ကျုပ်ဆီက လုဖို့ ကြိုးစားနေရတာလဲ''

''ဘယ်သူက မင်းဆီက လုနေလို့လဲ။ မင်းမြင်ရင် မင်းအပိုင်ပေ့ါ။ မင်းမှာမြင်းရှိနေပြီးသားပဲ။ ဘာလို့ ငါ့ဆီက လာလုနေရတာလဲ''

''င့ါမြင်းက အသက်ကြီးလှပြီ။ လောင်ပါ မင်းရန်ဖြစ်ခါမှ ငါက ရိုင်းတယ်ဆိုပြီး အပြစ်မပြောနဲ့''

ကောင်းဖေးဟူသည်မူ ရန်ဖြစ်တော့မည့်နှစ်ဦးကို ခွဲလိုက်ရသည်။ တောင်ခံတပ်တွင်မူ ရန်ဖြစ်ခြင်းမှာ သာမန်သာဖြစ်၍ ထည့်တွက်မနေတော့ပေ။ ၎င်း၏ ညီနောင်များ မျက်မှောင်ကြုတ်နေသည်ကို မြင်ကာ အကူအညီမဲ့သွားသည်ဟု ခံစားမိ၏။

''ကောင်းပြီ။ သူတို့တွေ ဘယ်လိုလှည့်ကွက်မျိုး ကစားနေလဲဆိုတာကို သွားကြည့်ကြည့်ရအောင်''

တစ်ချိန်တည်းတွင်ပင် ချင်းနျူးတောင်ဝန်းကျင်မှ တောင်ခံတပ်များသည်လည်း ကြေညာစာများအပြည့်ဖြစ်သွားကာ ခွေးခေါင်းတောင်ကြား၊ တောင်ကုန်းပြောင််၊ ဇီးပန်းပွင့်တောင်ကြားနှင့် အခြားခံတပ်များက အကြိတ်အနယ်ဆွေးနွေးကြတော့သည်။ မြင်းဆိုသည်မှာ ခံတပ်တစ်တပ်၏ တိုက်ခိုက်ရေးအင်အားကို တိုးတက်စေနိုင်သော ဗျူဟာကျလှသည့်လက်နက်များဖြစ်သည်။ ချုံးတလေ၏လက်ရေးကြေညာများသည် ၎င်းတို့၏စိတ်ထဲတွင် တေးသွားကဲ့သို့ပင် ထင်ဟပ်နေသည်။ မြင်းတစ်ကောင်ရှိခြင်းက အင်အား၊ ဂုဏ်သိက္ခာနှင့် အဆင့်အတန်းကို မြှင့်တင်ပေးပြီးသားဖြစ်သည်။

ချင်းနျူးတောင်၊ ဖားပြုတ်ခံတပ်တွင်ဖြစ်၏။

ချုံးတလေသည် ခံတပ်တံခါးဝတွင် စောင့်နေကာ ခပ်လှမ်းလှမ်းရှိလမ်းသို့ မျှော်ကြည့်နေသည်။

''သူဌေး သူတို့လာမယ်ထင်လား''

ရွှီရှန်းကျီက မေးလိုက်၏။

''စောင့်ကြည့်ရတာပေါ့။ ဝါဒဖြန့်တာနဲ့ သဘောပေါက်ဖို့ဆိုတာက အချိန်ယူရတယ်လေ''

''မင်းပြောတာကို နားမလည်ပေမဲ့လို့ ကျိုးကြောင်းဆီလျော်တဲ့ပုံပဲ''

ရွှီရှန်းကျီက ပြန်ပြောလိုက်သည်။

ဟွမ်စန်းယွမ်ကမူ ငေးကြည့်နေရှာသည်။ ၎င်းသည်် ရင်းနှီးနေသောစိတ်မသက်သာမှုကို ခံစားနေမိ၏။ ၎င်း၏သူဌေးအသစ်သည် နောက်ထပ်ဟန်ရွှမ်ကျီများ ဖြစ်နေမည်လော။ ထိုသို့သူများနှင့်ပက်သက်ရန်သာ ကံပါနေသည်လော။

''သူတို့လာပြီ''

ရွှီလင်းအာက ရုတ်တရက်ပင် တောင်ခြေကို လက်ညှိုးညွှန်ပြလိုက်သည်။

လူခုနှစ်ဦး၊ ရှစ်ဦးခန့် တောင်ခြေလမ်းမှ လျှောက်လာသည်ကို မြင်သောအခါတွင် အားလုံး၏မျက်လုံးမှာ အရောင်တောက်သွားပေသည်။ ၎င်းတို့သည် ကျားပျံရွာမှာ ကောင်းဖေးဟူနှင့် ကောင်းဖေးပေါင်တို့ပင် ဖြစ်ကြသည်။ ၎င်းတို့သာမက ထိုအချိန်တွင် တောင်လမ်းမှ လူများစွာ ပေါ်လာလေသည်။ အနီးအနားတောင်များက ခံတပ်များဆီမှသူများဖြစ်ကာ လူနှစ်ဦးသုံးဦးမှ လူဆယ်ဦးအထိ အဖွဲ့အသီးသီးဖြင့် ရောက်လာကြပေသည်။ ချင်းနျူးတောင်ဝန်းကျင်တွင်ရှိသောခံတပ်အားလုံးကလည်း ကိုယ်စားလှယ်များအသီးသီးလွှတ်လိုက်ကြပေသည်။

''မြန်မြန် မြန်မြန်။ အားလုံး အဆင်သင့်ဖြစ်နေပြီ။ ဘာမှမမှားအောင် သေချာလုပ်''

ကောင်းဖေးပေါင်သည်် မျက်လုံးတစ်ဖက်တည်းပါသောမြင်းကို စီးထားဆဲဖြစ်သည်။ မြင်းသည် မျက်လုံးတစ်လုံးကန်းနေကာ လမ်းကြောင်းကို ရှင်းရှင်းလင်းလင်းမမြင်ရသဖြင့် တစ်လမ်းလုံး အဝိုင်းပုံစံသာ ပတ်ချာလည်ပြေးနေသည်။ တစ်လမ်းလုံးထိုမြင်းကို စီးလာနိုင်သည်မှာ အံ့ဩဖွယ်ရာပင် ဖြစ်သည်။

''ဟေး တံခါးမြန်မြန်ဖွင့်။ ငါမြင်းဝယ်ဖို့လာတာ''

''ချင်းမန် မင်း လေးကို ပြင်ထား''

ချုံးတလေက ပြောလိုက်သည်။

''ဟုတ်ကဲ့ ဆရာ''

ချင်းမန်သည် လေးနှင့်မြားကိုပြင်ကာ ကောင်းဖေးပေါင်ကို ချိန်ထားလိုက်သည်။

ကောင်းဖေးပေါင်သည် အမြန်ပင် မြင်းပေါ်မှဆင်းပြီး တံခါးရှေ့တွင်ရပ်လိုက်ကာ

''ဘာလဲ။ မင်းတို့က ဒီမျက်လုံးတစ်လုံးကို အလွတ်မပေးတော့ဘူးလား''

ကောင်းဖေးပေါင်က လည်ချောင်းရှင်းကာ ပြောလိုက်သည်။

''င့ါအစ်ကိုကြီးက နည်းနည်းလေး စိတ်ကြီးတယ် ခေါင်းဆောင်ချုံး။ ကျေးဇူးပြုပြီး စိတ်မတိုပါနဲ့။ ငါတို့က ဒီနေ့ မြင်းဝယ်ဖို့လာခဲ့တာပါ။ မင်းတို့မြင်တဲ့အတိုင်း ငါတို့အစေ့အဆန်တွေ ယူလာတယ်။ အခု မြင်းတွေက ဘယ်မှာလဲ။ အရင်ဆုံး ကြည့်ကြည့်လို့ရမလား''

ထိုသို့ပြောနေစဉ်တွင်ပင် အခြားခံတပ်မှကိုယ်စားလှယ်မျာလည်း ရောက်လာသည်။ ၎င်းတို့သည် ဖားပြုတ်ခံတပ်အပေါက်ဝတွင် စုဝေးကြကာ ရက်စက်ကြမ်းတမ်းသည့်ပုံပေါ်ကြသည်။

ထိုမြင်ကွင်းကို မြင်သောအခါတွင် ချုံးတလေက မျက်မှောင်ကြုတ်၍ ရုတ်တရက်ပင် အော်ပြောလိုက်သည်။

''င့ါမှာ ကောင်းကင်မိုးကြိုးကို ဆင့်ခေါ်နိုင်စွမ်းရှိတယ်''

ခဏအတွင်းတွင်ပင် လုံးဝတိတ်ဆိတ်ငြိမ်သက်သွားသည်။ နောက်လိုက်များအားလုံးလည်း ပါးစပ်ပိတ်သွားကြ၏။

''အမှန်ပဲ။ ဘဏ္ဍာစိုးဟွမ် အားလုံးကို စည်းကမ်းတွေကို ရှင်းပြလိုက်ပါ''

ချုံးတလေက လက်ချလိုက်သည်။ ခံတပ်သည်မြန်မြန်တိုးတက်လာရန် လိုအပ်ပေသည်။

ချုံးတလေ၏စကားလုံးများ အကျိုးသက်ရောက်မှုရှိသည်ကို မြင်သောအခါတွင် ဟွမ်စန်းယွမ်သည်လည်း ယုံကြည်ချက်ရှိလာသည်။ ထိုသို့ဆိုလျှင်၎င်း၏သူဌေးသည် ဉာဏ်ကောင်းပေသေးသည်။

''ဒီတစ်ခေါက် တိတ်တဆိတ်လေလံဆွဲတဲ့နည်းလမ်းကို သုံးမယ်''

''တိတ်တဆိတ်လေလံဆွဲတယ်ဆိုတာ ဘာလဲ''

ကောင်းဖေးပေါင်က မေးလိုက်သည်။

''မိတ်ဆွေတစ်ယောက်ကတော့ တိတ်တဆိတ်လေလံဆွဲတယ်ဆိုတာ ဘာလဲမေးနေပြီ။ ရှင်းပြရတော့မှာပဲ။ အားလုံးပဲ တံခါးမှာ ချိတ်ထားတဲ့အဝတ်နီလေးကို မြင်လား''

အားလုံးက ဟွမ်စန်းယွမ်ညွှန်ပြထားသည့်နေရာသို့ ကြည့်လိုက်ကြသည်။ ဖားပြုတ်ခံတပ်၏ ဂိတ်တံခါးဝတွင် အဝတ်နီလေးချိတ်ဆွဲထားခြင်းဖြစ်၏။

''မြင်းတစ်ကောင်ကို လေလံတင်ဖို့ဆိုရင် အရင်ဆုံး မြင်းကို အဲ့တံခါးနောက်ကို ခေါ်လာမယ်။ ပြီးရင် အားလုံး လေလံဆွဲနိုင်ပြီ။ အမြင့်ဆုံးပေးနိုင်တဲ့သူက နိုင်မယ်''

''မြင်းကိုကြည့်ဖို့ ခွင့်မပြုထားဘူးလား''

''အဲ့နောက်ကမြင်းက မျက်ကန်းတို့ အကျိုးအပဲ့တို့ ဖြစ်နေရင်ရော''

''ငါတို့ဝယ်ထားတဲ့မြင်းကို တိတ်တဆိတ်လဲလိုက်ရင်ရော''

ဓားပြအုပ်ကြီးသည် တဖြည်းဖြည်းအသံဆူညံလာကာ ဟွမ်စန်းယွမ်ပင် ၎င်းတို့ကို ငြိမ်အောင် မလုပ်နိုင်ပေ။

''မိုးကြိုး---''

ဓားပြများအားလုံး ပါးစပ်ပိတ်သွားကြပြန်သည်။ ချုံးတလေတစ်ယောက် ခပ်လှမ်းလှမ်းသို့ ငေးကြည့်လိုက်သည်။ ထိုလှည့်ကွက်သည် အမှန်ပင် အလုပ်ဖြစ်ပေသည်။

''ငါတို့က မြင်းတွေကိုတော့ သေချာပေါက်လဲမှာမဟုတ်ဘူး။ အနီရောင်အဝတ်က ပါးတယ်။ အဲ့တာကြောင့် အဲ့နောက်က လှုပ်ရှားမှုကို မြင်နိုင်တယ်။ ဒါပေမဲ့လို့ မြင်းရဲ့ပုံက မထင်မရှားပဲ။ မြင်းကောင်းဟုတ်မဟုတ်ဆိုတာအတွက်ကတော့ မင်းတို့ကံကောင်းမှုပေါ်မှာပဲမူတည်တယ်။ မင်းတို့ငွေနည်းနည်းလေးသုံးပြီး မြင်းကောင်းနဲ့အဆုံးသတ်သွားတာမျိုးလည်း ဖြစ်နိုင်တယ်။ ဆန့်ကျင့်ဘက်လည်း ဖြစ်သွားနိုင်တယ်။ ဒါက လောင်းကစားတစ်မျိုးပဲ''

ဟွမ်စန်းယွမ်က ဘေးဘီကိုကြည့်ကာ မည်သူမှစကားမပြောသည်ကိုမြင်သောအခါတွင် ခေါင်းညိတ်ပြလိုက်ပြီး

''ဘာမှပြောစရာမရှိဘူးဆိုမှတော့ လေလံပွဲတရားဝင်စပါပြီ။ ပထဆုံးမြင်းကို ခေါ်ထုတ်လာခဲ့ပါ''

အားလုံးသည် အနီရောင်အဝတ်စကို စူးစိုက်ကြည့်နေကြသည်။ မြင်းကို ခေါ်ထုတ်လာသောအခါတွင် အံ့အားသင့်နေကြသော်လည်း မြင်းပုံစံကို ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။

''ပထမမြင်း စဈေးက ဆန်ရှစ်ပြည်''

ဟွမ်စန်းယွမ်သည် လေလံပွဲစသည်ကို အချက်ပြရန်အတွက် ကြေးမောင်းကို တီးလိုက်သည်။

ဓားပြများက အချင်းချင်းပြန်ကြည့်လိုက်ကြသည်။ အချို့သူများက ဖြစ်နေသည်ကို နားလည်ဟန်မပေါ်ပေ။ မြင်းကို မမြင်ရသောကြောင့် အားလုံးက လေလံဆွဲရန် တွန့်ဆုတ်နေကြသည်။ ချုံးတလေသည် ကျောက်တုံးကြီးပေါ်တွင် တင်ပုလ္လင်ချိတ်ထိုင်ကာ အနည်းငယ်မျှစိတ်ပူနေဟန်ပေါက်သည်။ အဆင့်မြင့်လွန်းသည့် ကစားပွဲကို လုပ်ခဲ့ပါသော်လည်း အချည်းနှီးလည်း ဖြစ်သွားနိုင်ပေသည်။

''ပဲရှစ်ပြည်နဲ့ လေလံဆွဲတယ်''

မိန်းကလေးသံထွက်ပေါ်လာသောကြောင့် ချုံးတလေပင် ကြောင်သွားသည်။ ဓားပြမိန်းကလေးပင် ဖြစ်လေ၏။ ချည်အဝတ်ကိုဝတ်ထားပြီး ခေါင်းပေါ်တွင် ကျစ်ဆံမြီးရှည်ကို ခေါင်းပတ်လုပ်၍ပတ်ထားသည်။ သတိထားမိဆုံးသောအသွင်အပြင်မှာ သူမ၏အသားအရေပင်ဖြစ်ကာ ဖြူဖွေးနုဖတ်နေပြီး သွေးကြောများကိုပင် မြင်နိုင်လေသည်။

''အဲ့တာက ဇီးပန်းပွင့်ရွာက ဝံပုလွေဖြူလေးပဲ''

ရွှီရှန်းကျီက တီးတိုးပြောလိုက်သည်။

ချုံးတလေသာမက အခြားသောဓားပြများလည်း သူမဆီမှ အကြည့်မခွာနိုင်ကြပေ။ အချို့က တံတွေးပင် မျိုချနေသေး၏။

''ဘာကြည့်နေတာလဲ။ မင်းအမေမလို့ ကြည့်နေတာလား။ ထပ်ကြည့်ရင် မင်းအဘွားလေးက မင်းပစ္စည်းကိုဖြတ်ပြီး ခွေးစာကျွေးပစ်မယ် ''

ဝံပုလွေဖြူလေးက ခါးမှဓားမြှောင်ကို ဆွဲထုတ်ကာ လေထဲတွင်ရောင်ပြန်ဟပ်သွား၏။

ချုံးတလေသည်ပင် ဂွကြားထဲ၌ အေးစက်သွားကာ အမြန်ပင် မျက်လုံးမှိတ်၍ အသက်မနည်းရှုလိုက်ရသည်။

''မြင်းကောင်းကို ဒီလောက်ဈေးနည်းနည်းနဲ့ ရဖို့ ကျုပ်တို့ ဆုတောင်းပါတယ်။ ဘယ်လောက်တောင် မနာလိုစရာကောင်းလိုက်လဲ''

ကောင်းဖေးပေါင်က ပါးစပ်အုပ်ကာ ရယ်လိုက်မိသည်။ ၎င်းတွေးနေမိသည်မှာ မည်သည့်မြင်းကောင်းမျိုးကို ပဲရှစ်ပြည်ဖြင့်ရနိုင်မည်နည်း။ မြင်းကုန်းနှီးနှင့်ပင် လဲနိုင်မည်မဟုတ်ပေ။

ဓားပြများလည်း အချင်းချင်းတီးတိုးပြောနေကြသည်။ အားလုံးကလည်း အတူတူပင် တွေးနေမိကြ၏။

''ကောင်းပြီ။ ပထမဆုံးမြင်းကို ဇီးပန်းပွင့်တောင်ကြားက ခေါင်းဆောင်ပိုင်က နိုင်သွားပါပြီ။ သူရဲကောင်းလေးလင်း မြင်းကို ထုတ်လာခဲ့ပါ''

ဓားပြများသည် မျှော်လင့်ချက်များများစားစားမရှိသော်လည်း စပ်စုကြည့်ချင်ကြ၏။ သစ်သားတံခါးကို ဖြည်းဖြည်းချင်းဖွင့်လိုက်သောအခါတွင်မူ မြင်းတစ်ကောင်ထွက်လာပေသည်။

အားလုံးပင် မျက်လုံးပြူးကျယ်သွားကြသည်။ အချို့ကမူ ထိုမြင်းကို မြင်ပြီးနောက်တွင် မတ်မတ်ပင် မရပ်နိုင်တော့ဘဲ ရှိကြလေ၏။

All Chapters