ကြီးပွားရေးလမ်းကြောင်း
Vol. 2 Ch. 23
မြင်းသည် မြင်းဖြူဖြစ်ကာ မြင်းကုန်းနှီး အပြည့်အစုံတပ်ဆင်ထားပြီး ခန္ဓာကိုယ်ပေါ်တွင် ကြမ်းတမ်းသောအမွေးအမျှင်တစ်ကြောင်းပင် မရှိပေ။ ခေါင်းအစအမြီးအဆုံး စင်းလုံချောဖြစ်၏။ နှစ်ပေါင်းများစွာ တောင်ဓားပြလုပ်လာသောဓားပြများသည်ပင် ထိုသို့မြင်းကောင်းမျိုးကို ယခင်က မမြင်ဖူးခဲ့ကြပေ။
ကောင်းဖေးပေါင်တစ်ယောက်သည်မူ မေးစေ့မှာ မြေကြီးနှင့် ထိမတတ်ပင်ဖြစ်သည်။ မြင်းဖြူသည် ယခင်က ၎င်းခိုးယူရန်ရှုံးနိမ့်ခဲ့သောမြင်းပင်ဖြစ်၏။ အံ့ဩသင့်စရာကောင်းစွာဖြင့် ဖားပြုတ်ခံတပ်က ထိုမြင်းကို လေလံတင်ခဲ့ကာ ဈေးကမူ ပဲရှစ်ပြည်စာသာ ဖြစ်ခဲ့သည်။
သာမန်ဈေးတွင် ထိုမြင်းမျိုးကို ငွေစငါးစခြောက်စဖြင့် ရောင်းမည်ကို အားလုံးသိထားကာ ပုံမှန်မြင်းတစ်ကောင်သည်ပင် များစွာပေးရပြီး စစ်မြင်းဆိုလျှင် အနည်းဆုံး ငွေစနှစ်ဆယ်မှသုံးဆယ်အထိပင် ဖြစ်သည်။ ထိုမျှကောင်းသောမြင်းဖြူမျိုးဆိုလျှင် ငွေစငါးဆယ်ခြောက်ဆယ်ခန့် ကုန်ကျမည်ဖြစ်၏။
လူများစွာတို့က မနာလိုဖြစ်ကြကာ ထိုသို့အခြေအနေကိုသာ သိပါလျှင် ၎င်းတို့သည် မြင်းကို အတင်းရယူကြမည်ဖြစ်သည်။
''အဲ့လိုဆို ဓားပြတွေကို ပြန်ဓားပြတိုက်ချင်တာလား။ င့ါဓားက သဘောတူမယ်ထင်လား''
ဝံပုလွေဖြူလေးက အားလုံးကို အေးစက်စွာကြည့်ကာ သူမရင်ဘတ်ထဲမှ စာပိုင်းကို ထုတ်ယူလိုက်ပြီး
''ဒီမှာ (၈၀)ရာခိုင်နှုန်းလျော့ဈေးသုံးလို့ရတယ်လို့ပြောထားတယ်။ အဲ့တာကိုသုံးလို့ရမလား''
''ကောင်းပြီလေ။ ငါတို့စကားကို ငါတို့တည်ရမှာပေါ့။ သုံးလို့ရပါတယ်''
ဟွမ်စန်းယွမ်က ရယ်ကာ
''ချင်းမန် ခေါင်းဆောင်ပိုင်ကို ပဲနှစ်ကီိလိုပြန်ပေးလိုက်ပါ''
ထိုလောကတွင် ရှစ်ပြည်သည် ကီလိုတစ်ရာဖြင့် ညီမျှသည်။ ချင်းနျူးတောင်ကဲ့သို့ ဖွံ့ဖြိုးမှုနည်းသောနေရာမျိုးတွင် လူများသည် ပစ္စည်းကို ပစ္စည်းဖြင့်သာ ရောင်းဝယ်ကြသည်။ အစားအသောက်သည် ငွေရေးကြေးရေးထက် ပို၍တန်ဖိုးကြီးပေသည်။
ထိုသို့ဖြင့် မြင်းဖြူလေး၏တန်ဖိုးသည် ပဲစေ့ရှစ်ဆယ်ကီလိုဖြစ်သွားပေသည်။ အပေးအယူဖြစ်ပြီးနောက်တွင် ဝံပုလွေဖြူလေးက ဝေ့လည်ကြောင်ပတ်လုပ်မနေပေ။ သူမသည် မြင်းပေါ်သို့တက်ကာ ပြောလိုက်သည်။
''ကောင်မလေး သွားကြမယ်''
မသွားခင်တွင် သူမသည် ခပ်လှမ်းလှမ်းမှ ချုံးတလေကို အီစီကလီအကြည့်မျိုးဖြင့်ကြည့်ကာ
''ကျေးဇူးတင်ပါတယ်''
ချုံးတလေ၏စိတ်သည်မူ ဝံပုလွေဖြူလေး၏ပုံရိပ်နောက်တွင် ကပ်ပါသွားရှာသည်။ အကြည့်ပင် မလွှဲနိုင်ကာ စိတ်တွင်းမှ သူမကဖြူဖွေးနေတာပဲဟု တတွတ်တွတ်ရွတ်နေမိ၏။
ဝံပုလွေဖြူလေ၏မြင်ကွင်းသည် ဓားပြများ၏ငွေပေးချေရန်ဆန္ဒကို နှိုးဆွပေးလိုက်လေသည်။
''ဟေး င့ါရဲ့လျော့ဈေးစာရွက် ဘယ်မှာလဲ''
''အမ်-- ငါတော့ တင်ပါးကိုသုတ်လိုက်ပြီထင်တယ်''
''သေစမ်း။ ဘယ်လိုလုပ် မင်းက ဒီလောက်အသုံးမကျရတာလဲ''
''ကြည့်ရတာ ကောင်းကောင်းသုံးလိုက်တဲ့ပုံပါပဲ''
''လောင်ပါ ငါ့စာရွက်ပြန်ပေး''
''ဘာမင်းဟာလဲ။ ငါ့ဟာကိုး။ ဒီစာရွက်ကိုယူထားတာ ငါလေ''
''ငါတို့က ညီနောင်တွေလေ။ မျှသင့်တာပေါ့။ မြင်းရရင် အပြန်ကျစီးသွားလို့ရတယ်''
အားလုံးသည် ဆင်းရဲကြကာ ခက်ခဲသောဘဝကို အသားကျနေသူများဖြစ်၏။ ၎င်းတို့အတွက် လျော့ဈေး(၂၀)ရာခိုင်နှုန်းသည် စဉ်းစားစရာကောင်းလှသောအစားအသောက်ပမာဏပင်ဖြစ်သည်။ အများစုကမူ ထို(၂၀)ရာခိုင်နှုန်းကို မည်သို့တွက်ချက်ရမည်ကို မသိပေ။
ထိုသို့အခြေအနေမျိုးတွင် ဒုတိယမြင်းကို အမြင့်ဆုံးဈေးဖြင့် လေလံဆွဲသည်။ သို့သော်ငြားလည်း ဒုတိယမြင်းက သန်မာသည်။ ဂရုတစိုက်တွက်ချက်ကြည့်လျှင် ငွေထက်ပင် ပို၍တန်ဖိုးရှိသေး၏။
ထိုသည်မှာလည်း ချုံးတလေ၏အစီအစဉ်ပင်ဖြစ်သည်။ အစပိုင်းတွင် အားလုံး၏စိတ်အားထက်သန်မှုကို နှိုးဆွရန် မြင်းကောင်းများဖြင့် စတင်ရန် စီစဉ်ထားခြင်းဖြစ်၏။ ဒဏ်ရာရ၍ ပှိန်လှီနေသောမြင်းများကိုမူ အလယ်တွင် ရောထည့်ထားသည်။
အားလုံးသည် ၎င်း၏အစီအစဉ်အတိုင်းဖြစ်နေသည်ကိုမြင်သည်နှင့် ချုံးတလေသည် ရွှီရှန်းကျီဘက်သို့လှည့်ကာ ဝံပုလွေဖြူလေးအကြောင်းကို စုံစမ်းသည်။
ရွှီရှန်းကျီ၏ပြောကြားချက်အရဆိုလျှင် ဝံပုလွေဖြူလေးသည် ဓားပြဖြစ်မလာခင်တွင် သူမ၏မိသားစုက သိုင်းပညာလေ့ကျင့်ခြင်းဖြစ်သည်။ သူမသည် ငယ်ငယ်ရွယ်ရွယ်ဖြင့် သိုင်းပညာထူးချွန်ခဲ့ကာ အသွားနှစ်ဖက်ဓားများတွင် ထူးချွန်ခဲ့သည်။ တောင်ခြေတွင် သူမသည် စေ့စပ်ပြီးဖြစ်သော်လည်း ၎င်းတို့လက်မထပ်ခင်တွင်ပင် ခင်ပွန်းက ဆုံးပါးသွားခဲ့သည်။ နောက်ပိုင်းတွင် သူမသည် ကမ္ဗည်းတိုင်ဖြင့်သာ လက်ထပ်ခဲ့လေသည်။ ရလဒ်အနေဖြင့် ဝံပုလွေဖြူလေး၏ နမိတ်မကောင်းသောသူဟု မှတ်ယူခဲ့ကြသည်။ အားလုံးသည် သူမသည် ခင်ပွန်းကိုသတ်သူဟု ပြောဆိုကြသည်။ ထို့ကြောင့် သူမ၏ဝမ်းကွဲများဆီကလည်း အနိုင်ကျင့်ခံခဲ့ရသည်။ တစ်ညတွင် ယောက္ခထီးက သူမကုတင်ပေါ်သို့ တက်ရန် ကြိုးစားခဲ့ကာ သူမက ထိုလူကို ဓားဖြင့်ထိုးကာ ဇီးပန်းပွင့်တောင်ကြားသို့ ထွက်ပြေးလာခဲ့သည်။
''ဇီးပန်းပွင့်တောင်ကြားက ဓားပြတွေအားလံးက မိန်းမတွေပဲလို့ ပြောတာလား''
ချုံးတလေက တစ်ခုခုကို အာရုံစိုက်မိသွားသည်။
''ဇီးပန်းပွင့်တောင်ကြားကဓားပြတွေရဲ့ အကြောင်းတွေက ဝံပုလွေဖြူလေးနဲ့အတော်လေးဆင်တူကြတယ်။ အချို့က ခင်ပွန်းသေတဲ့မုဆိုးမတွေ။ အချို့ကကျ ခင်ပွန်းရဲ့မိသားစုက စွန့်ပစ်သွားတဲ့သူတွေ''
''ဟေး ဒီလောက်အရေးကြီးတဲ့သတင်းကို အရင်က ဘာလို့မပြောရတာလဲ''
ချုံးတလေတစ်ယောက် ဒေါသထွက်နေလေသည်။ ချင်းနျူးတောင်ပေါ်တွင် ထိုမျှကောင်းသောနေရာရှိနေမည်ဟု မျှော်လင့်မထားမိခဲ့ကာ နောင်တွင် ၎င်းသည် ဇီးပန်းပွင့်တောင်ကြားဖြင့် နီးစပ်အောင်ကြိုးပမ်းကာ တောင်ခံတပ်များကြားတွင်သွေးသောက်ညီနောင်ဖွဲ့ပြီး အချင်းချင်းကူညီရိုင်းပင်းကြမည်ဟု ဆုံးဖြတ်ချက်ချလိုက်လေသည်။
''ဇီးပန်းပွင့်တောင်ကြားအကြောင်းကို ချင်းနျူတောင်ပေါ်က ဓားပြတွေအားလုံး သိတာပဲ။ ဘာလို့ ခေါင်းဆောင် မသိရတာလဲ''
ရွှီရှန်းကျီက ပြောလိုက်သည်။
''ချင်းနျူးတောင်ပေါ်မှာ ဇီးပန်းပွင့်တောင်ကြားနဲ့ပက်သက်ချင်ကြတဲ့သူတွေရှိတာပဲ။ ဒါပေမဲ့လို့ သူတို့ကို ကပ်ဘေးလိုမျိုး၊ သားရဲတိရစ္ဆာန်လိုမျိုး ဆက်ဆံခံရတယ်။ ခေါင်းဆောင်မှာလည်း အဲ့လိုအတွေးမျိုးမရှိဖို့ အကြံပေးလိုက်မယ်။ အသုံးဝင်မှာမဟုတ်ဘူး''
''ငါတော့ လက်မခံနိုင်ဘူး။ လက်မခံဘူး။ မင်းတို့အားလုံးက ရည်ရွယ်ချက်ရှိရှိလုပ်ကြတာပဲ''
ထိုအချိန်တွင် ကောင်းဖေးပေါင်သည် အပြင်မှ ရုတ်တရက်အော်လိုက်လေသည်။ ချုံးတလေက ခေါင်းလှည့်ကာ မျက်လုံးကန်းနေသောမြင်းက ကောင်းဖေးပေါင်ဘေးတွင် ရပ်နေသည်ကို မြင်လိုက်ရသည်။ အစက ၎င်းတွင် မျက်လုံးကန်းနေသောမြင်းရှိကာ ယခုတွင် နောက်တစ်ကောင်ပါရှိလာသည်။ အားလုံးသည် အချိုးကျနေကာ တစ်ကောင်က ညာဘက်ဖြစ်ပြီး တစ်ကောင်က ဘယ်ဘက်ဖြစ်၏။
''ဘာဖြစ်တာလဲ''
ချုံးတလေက မေးလိုက်လေသည်။ ကျားပျံရွာကို မထိခိုက်စေချင်ပေ။ ဟွမ်စန်းယွမ်သည် မျက်လုံးကန်းနေသောမြင်းဆိုသည်ကို သိရဲ့သားဖြင် အဘယ့်ကြောင့် ကောင်းဖေးပေါင်ကို မတားရသနည်း။
''သူ့ကိုတားဖို့ လုပ်ပါသေးတယ်။ ဒါပေမဲ့ သူက သူ့အပိုင်လိုမျိုးလုပ်နေတာကိုး။ သူ့လေလံကြေးကို ချက်ချင်းမြင့်ပစ်တာ''
ဟွမ်စန်းယွမ်ကလည်း ပြောစရာစကားပျောက်ဆုံးနေ၏။
''မဟုတ်ဘူး။ ငါတော့ ထည့်မတွက်ဘူး။ မင်းတို့တွေ ရည်ရွယ်ချက်ရှိရှိ င့ါကို ကန်းနေတဲ့မြင်းကို ရောင်းတာပဲ''
ကောင်းဖေးပေါင်က ပြန်ခံပြောလိုက်သည်။
ကောင်းဖေးပေါင်တစ်ယောက် ယူကျုံးမရဖြစ်နေသည်။ ဟွမ်စန်းယွမ်က ၎င်းကိုတားရန် မြင်သောအခါတွင် ဖားပြုတ်ခံတပ်က မြင်းကောင်းကို မရောင်းချင်၍ဟုသာ တွေးခဲ့မိသည်။ ထို့ကြောင့် လေလံကြေးကိုပါ တိုးလိုက်လေသည်။ သို့သော်လည်း ရလဒ်မှာမူ - - -
ချုံးတလေလည်း မကူညီနိုင်ပေ။ ထို့ကြောင့် လက်မြှောက်ပြပြီး
''အရင်ကတည်းက စည်းကမ်းလုပ်ထားတာကို အားလုံးသဘောတူပြီးသားပဲ။ ဒုတိယခေါင်းဆောင်က ဒါကို ထည့်မတွက်ရင် အားလုံးငွေပေးချေထားတာလည်း အလဟဿဖြစ်မယ်''
''ဒါတော့ လက်မခံနိုင်ဘူး''
''ယောင်္ကျားဆိုတာ စကားတည်ရမယ်။ ငါတို့ စကားကို ဘယ်လိုလုပ် မတည်ဘဲနေနိုင်မှာလဲ''
''ကံဆိုးသွားယုံသက်သက်ပါပဲ''
ဖားပြုတ်ခံတပ် လေလံဆွဲကာရောင်းချသောမြင်းများအားလုံးနီးပါးသည် ထိပ်တန်းအဆင့်ဖြစ်ကာ အချို့သည်သာ အို၍ဒဏ်ရာရထားသောအကောင်များဖြစ်သည်။ ထို့ကြောင့် အားလုံးသည် လေလံပွဲ၏ရလဒ်ကို တိတ်တဆိတ်ကျေနပ်နေကြသည်။ ချုံးတလေက လေလံပွဲကို ဖျက်သိမ်းမည့်အကြောင်း ကြေညာသောအခါ၌ မည်သူကမှ ထိုသို့လုပ်ရန် ဆန္ဒမရှိပေ။
အားလုံးက မကျေနပ်ကြပေ။ ကျားပျံရွာသည် အားကြီးသော်လည်း လူများစွာကို ဆန့်ကျင့်၍မရနိုင်ပေ။
''သူတို့ကို အစားအစာတွေပေးလိုက်။ ငါတို့တော့ပြန်ပြီ''
ကောင်းဖေးဟူက ချုံးတလေကို အေးစက်စွာကြည့်၍ ပြောလို်ကသည်။
ကောင်းဖေးဟူ၏အခြေအနေဖြင့်ဆိုလျှင် ကောင်းဖေးပေါင်က ဘာမျှထပ်မပြောရဲတော့ပေ။ အင်္ကျီထဲမှ လက်ကမ်းကြေညာစာကို ထုတ်ယူလိုက်ပြီး
'မှတ်ထား။ ငါ့ကို (၈၀)ရာခိုင်နှုန်းလျော့ဈေးပေးရမယ်''
ကျားပျံရွာမှသူများ ပြန်သွားသည်ကို မြင်သောအခါတွင် ဟွမ်စန်းယွမ်က ရယ်လိုက်မိသည်။
''ဆက်သွားကြမယ်။ သွားကြမယ်''
အနှစ်ချုပ်ရလျှင် လေလံပွဲသည် ကျေနပ်အားရဖွယ်ကောင်းသောအခြေအနေဖြင့် အဆုံးသတ်ခဲ့ကာ ဧည့်သည်အားလုံးလည်း ဝမ်းသာနေကြသည်။ ခံတပ်မှ ဓားပြများသည် မြင်းတစ်ကောင်နှစ်ကောင်ဆီ ရကြကာ အစားအသောက်များသာမက၊ လက်နက်များ၊ သံချပ်ကာများ၊ ရွှေငွေရတနာများပါ ဖလှယ်ကြသည်။ မည်သို့ပင်ဖြစ်စေ ဟွမ်စန်းယွမ်သည် လွန်စွာအသိပညာကြွယ်လှ၏။ ထိုပစ္စည်းများ၏တန်ဖိုးကို တစ်ချက်တည်းကြည့်ယုံဖြင့် တွက်ချက်နိုင်သည်။
အဆုံးသတ်တွင်မူ မြင်းတိုင်းကို ရှစ်ပြည်နီးပါးဖြင့် ရောင်းချခဲ့ကာ တန်ဖိုးသည် ပုံမှန်ဈေးကွက်တန်ဖိုးထက်နိမ့်သည်။ အခြားစကားဖြင့်ဆိုရလျှင် ခံတပ်သည် ပုံမှန်ဈေးတွင် မြင်းဝယ်ရန် ငွေရှိလျှင် ဖားပြုတ်ခံတပ်ဆီမှ ဝယ်ရန်မလိုပေ။
ညနေခင်းတွင် မြင်းအားလုံး ရောင်းကုန်သွားသည်။ တစ်နေ့တာဝင်ငွေကို ရေတွက်ကြည့်သောအခါ၌ စုစုပေါင်း မြင်း(၇၆)ကောင်ကို လက်နက်များ၊ အခြားပစ္စည်းများအပါအဝင် အစားအသောက်ပြည်ငါးရာခန့်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။
အစေ့အဆန်တစ်ပြည်သည် ကီလိုတစ်ရာဖြင့် ညီမျှသည်။ အစေ့အဆန်ငါးရာသည် ကီလိုငါးသောင်းပင်ဖြစ်သည်။ လက်ရှိဖားပြုတ်ခံတပ်အတွက် လွန်စွာများပြားသောပမာဏပင် ဖြစ်၏။ ဖားပြုတ်ခံတပ်သည် ယခင်က ထိုမျှများပြားသောအစားအသောက်များကိုမတွေ့ခဲ့ဖူးပေ။ ယခုတွင်မူ ဆန်များသာမက ဂျုံများ၊ ပဲပိစပ်များ၊ နှံစားပြောင်းများဖြင့်အလျှံအပယ်ပင် ဖြစ်သည်။
ဟွမ်စန်းယွမ်နှင့် လင်းရှောင်ယွီတို့သည် ခရီးနှံ့စပ်ကာ အသိပညာကြွယ်ဝသည်။ ရွှီရှန်းကျီ၊ ရွှီလင်းအာနှင့် ချင်းမန်တို့သည်မူ ထိုမြင်ကွင်းကို ငေးမောကြည့်နေကာ ကြီးမားလှသောပျော်ရွှင်မှုကြီးထဲသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားမိလေသည်။
ချုံးတလေသည် ရုတ်တရက်ပင် တစ်စုံတစ်ခုကို နားလည်သွားသည်။ တိုက်ပွဲသည် ချမ်းသာကြွယ်ဝမှုကို လုယူရန် အကောင်းဆုံးနည်းလမ်းပင်ဖြစ်သည်။ အစားအသောက်ကီလိုငါးသောင်းသည် မည်မျှကြာကြာစိုက်ပျိုးမှ ထိုမျှရနိုင်မည်ကို မည်သူသိိမည်နည်း။
ချုံးတလေသည် ကံစမ်းမဲနှိုက်ရန် အခွင့်အရေးတစ်ခါရှိသေးသည်ကို အမှတ်ရသွားသည်။ ထိုစဉ်က ကံဆိုးနေသောကြောင့် မနှိုက်ရဲခဲ့ပေ။
ယနေ့သည်မူ နေ့ကောင်းရက်မြတ်ဖြစ်ကာ ကောင်းကင်တွင်လည်း ကြယ်များဖြင့် ပြည့်နှက်နေသည်။ ချုံးတလေသည် ကံစမ်းမဲနှိုက်ရန် ဆုံးဖြတ်လိုက်လေ၏။