အခြေခံဓါးပြခံတပ်ခုခံရေးပုံကြမ်း
Vol. 2 Ch. 24
တောင်ပေါ်လမ်းတစ်လမ်းရှိ ကျနေအောက်တွင် လူအုပ်စုတစ်စုသည် မြင်းများကို စီးလာကြသည်။
''ဘယ် ဘယ်-- ညာ ညာ---''
ကောင်းဖေးပေါင်က အဆက်မပြတ် အမိန့်ပေးနေသည်။
''မြင်းပေါ်ကဆင်းပြီး ခြေလျင်ခေါ်လာလို့မရဘူးလား''
ကောင်းဖေးဟူက နောက်ဆုံးတွင် စိတ်မရှည်တော့ပေ။
''မရဘူး။ ကျုပ်က အနည်းဆုံးတော့ မြင်းသမားဖြစ်နေသေးတယ်။ မြင်းပေါ်ကဆင်းလိုက်ရင် လှည်းမောင်းသမားလို့ ထင်သွားကြမှာပေါ့''
ကောင်းဖေးပေါင်က ဖြေလိုက်သည်။
ကောင်းဖေးဟူတစ်ယောက် ပြောစရာစကားမရှိ ဖြစ်သွားပေသည်။
ကောင်းဖေးပေါင်သည် မျက်လုံးတစ်ဖက်တည်းပါသောမြင်းကို စီးကာ အခြားတစ်ကောင်ကို လမ်းပြလာသည်။ တစ်ကောင်ချင်းစီသည် မျက်လုံးတစ်ဖက်စီ ကန်းနေကြသောကြောင့် တစ်လမ်းလုံး ချာချာလည်နေကာ မိုင်အနည်းငယ်မျှသွားပြီးနောက်တွင် ချွေးပြန်နေပြီဖြစ်၏။
နဖူးပေါ်မှ ချွေးသီးများကိုသုတ်ကာ ကျနေကိုကြည့်ကာ သက်ပြင်းအသာချလိုက်မိ၏။
''ဒီလိုစိတ်ခံစားချက်မျိုး ဒီလိုမြင်ကွင်းမျိုးက ကဗျာတောင်စပ်ချင်သွားတယ်''
''ပါးစပ်ပိတ်စမ်း။ မင်းအဆင့်နဲ့ ကဗျာစပ်မှာတဲ့လား''
ကောင်းဖေးဟူက ညီငယ်ကို ဆက်ပြီးသည်းမခံနိုင်တော့ပေ။
''အစ်ကိုကြီး ဒီလောကကြီးထဲမှာ မိုးကြိုးငါးဖြာနည်းလမ်းက တကယ်ရှိတယ်လို့ထင်လား''
ကောင်းဖေးပေါင်က ရုတ်တရက်မေးလာသည်။
ကောင်းဖေးဟူ၏စိတ်ထဲတွင် လက်ကနဲဖြစ်သွားသည်။ ညီဖြစ်သူသည်လည်း ၎င်းကဲ့သို့ပင် အတွေးအတူတူ ဖြစ်သည်ကို သဘောပေါက်သွား၏။
''ရှိတယ်လို့ပြောတာပဲ။ ငါတို့မျက်စိနဲ့ ကိုယ်တိုင်မြင်ခဲ့ရတာပဲ။ ဘယ်လိုလုပ် အတုဖြစ်နိုင်မှာလဲ''
''အဲ့နေ့က ငါတို့က အဝေးကြီးမှာ။ မြူလည်းဆိုင်းနေတာ။ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရဘူး''
''ဗျူဟာမှူးပြန်လာတာ စောင့်ကြတာပေါ့။ သူက အသိကြွယ်တော့ သူသိမှာပါ''
''အခု ဖားပြုတ်ခံတပ်က အစားအသောက်တွေ အတော်လေးရလိုက်တယ်''
ကောင်းဖေးပေါင်က စကားကို လက်စသတ်ကာ အမိန့်ပေးပြန်လေသည်။
''ဘယ် ညာ- ဘယ်---''
ခပ်လှမ်းလှမ်းတွင် လူလေးဦးသည်မူ ခြုံပုတ်ထဲတွင် လှဲလျောင်းနေကြ၏။
လီမိသားစုရွာ၏ပိုင်ရှင်လီကျွမ်းသည် ဆင်းရဲသားပုံစံ စုတ်စုတ်ပြတ်ပြတ်ဝတ်ဆင်ထားပြီး ခြုံပုတ်ထဲတွင် ပုန်းနေကာ သားသုံးဦးကလည်း ၎င်းအတိုင်းပင် ဖြစ်သည်။
''အဖေ ဒီလောကကြီးမှာ တကယ်ပဲ မသေမျိုးတွေရှိတယ်ထင်လား''
အကြီးဆုံးသားက မေးလိုက်လေသည်။
''ဘယ်လိုလုပ် မရှိနိုင်ရမှာလဲ။ မဟုတ်ရင် လီကောရှန်းရဲ့မိသားစုက မြင်းနှစ်ကောင် ဘယ်လိုလုပ် ရလာမှာလဲ။ မသေမျိုးတွေဆီက လက်ဆောင်ပဲဖြစ်မှာပေါ့''
''ဒါပေမဲ့ ကျွန်တော်တို့ စောင့်နေတာ ဒီလောက်ကြာပြီကိုး။ ဘာမသေမျိုးမှ မတွေ့သေးဘူး''
သားအလတ်က စောဒကတက်လိုက်လေသည်။
''စောင့်နေဦး။ ဒီလိုကိစ္စမျိုးက ဇွဲရှိဖို့လိုတယ်''
ပြောနေစဉ်တွင်ပင် အရှေ့မှ မြင်းခွာသံများကို ကြားရပေသည်။ လီကျွမ်း၏မျက်လုံးများ အရောင်တောက်သွား၏။
''သူတို့လာနေပြီ။ နားထောင်ထားကြ။ မင်းတို့သုံးယောက်လုံး ငါလုပ်တာကို ကြည့်ထား''
''ညီလေး စိတ်မတိုပါနဲ့။ ပြန်ရောက်တဲ့အခါကျရင် အမေက ငါတို့အတွက် ဟင်းပွဲတွေနဲ့ ဝိုင်တွေလုပ်ပေးထားမှာ''
''အစ်ကိုကြီး ဒီမြင်းနှစ်ကောင် ရောင်းထွက်မယ်ထင်လား''
''မင်းလောက်တုံးတဲ့သူ ရှိမယ်မထင်ဘူး''
''တောင်ဘုရင် ကျွန်တော်ကို သက်ညှာပေးပါ ကျေးဇူးပြုပြီး---''
ရုတ်တရက်ပင် ပုံရိပ်နှစ်ခုသည် ပြေးထွက်လာကာ ၎င်းတို့နှစ်ဦးရှေ့တွင် ဒူးထောက်ထိုင်လိုက်သည်။
ကောင်းဖေးပေါင်သည် ကြောင်ကြည့်နေမိပြီးနောက်တွင် ဒေါသတကြီးဖြင့် အော်လိုက်လေ၏။
''မင်းတို့က ဘယ်သူတွေလဲ''
''တောင်ဘုရင် ကျုပ်တို့က တောင်အောက်က ဆင်းရဲသားတွေပါ။ ခင်ဗျားမှာ စိုက်ပျိုးရိတ်သိမ်းဖို့ရှိရင် ကျုပ်တို့ကို မြင်းဆယ်ကောင်လောက်ပေးရင် လုပ်ပေး---''
စကားလုံးတစ်လုံးချင်းစီက ကောင်းဖေးပေါင်၏အသည်းနှလုံးထဲသို့ နစ်ဝင်သွားစေသည်။ ၎င်းသည် အစေ့အဆန်များဖြင့် မြင်းကန်းကို လဲလာခဲ့ကာ ယခုတွင် ၎င်းတို့ကို ချင်းနျူးတောင်မှဓားပြများဖြစ်သည်ကို မသိဘဲ ပြက်ရယ်ပြုပြန်လေပြီ။
''ငါ့မှာတော့မြင်းအကန်းနှစ်ကောင်ရှိတယ်။ မင်းက ဆယ်ကောင်လာတောင်းနေတာပဲ''
မြင်းပေါ်မှဆင်းကာ လီကျွမ်းကို မြေကြီးပေါ်သို့ ကန်ချလိုက်ပြီး ၎င်း၏ ဓားဦးက လီကျွမ်း၏လည်မျိုပေါ်သို့ သက်ဆင်းလာသည်။
''ပြောစမ်း။ င့ါကိုရန်စဖို့ မင်းတို့ကို ဘယ်သူလွှတ်လိုက်တာလဲ''
လီကျွမ်းတစ်ကိုယ်လုံး ကျောချမ်းကာ စိမ့်တက်သွားသည်။ ဇောချွေးများပင် ပြန်လာလေသည်။ ၎င်းစီစဉ်ထားသည့်အတိုင်း ဖြစ်မနေပေ။ ၎င်းကျေနပ်ရန်သာ လုပ်ရတော့မည်ဖြစ်၏။
''တောင်ဘုရင် ကျုပ်ကို ချမ်းသာပေးပါ။ ကျုပ်တို့က လူဆင်းရဲတွေပါ။ ကျုပ်တို့မှာ ဘာမှမရှိပါဘူး''
''ခဏလေး''
ကောင်းဖေးဟူက မြင်းပေါ်မှ ဆင်းလာကာ လီကျွမ်း၏မျက်နှာကို ဆိတ်၍ ၎င်းဝတ်ထားသော လျှော်အင်္ကျီ၏အနားကို ဆွဲကာ အောက်မှ ပိုးသားအတွင်းဝတ်ကို ဖော်လိုက်သည်။
''ဘယ်လိုဆင်းရဲသားကများ ဒီလိုမျိုး ပိုးသားကို ဝတ်နိုင်မှာတဲ့လဲ''
လူယုံတစ်ယောက်က ချည်းကပ်လာကာ လီကျွမ်း၏မျက်နှာကို ငေးကြည့်ကာ
''သူဌေး သူ့ကြည့်ရတာက လီမိသားစုရွာက မြေပိုင်ရှင်လီကျွမ်းနဲ့ဆင်တယ်။ ကျုပ်တို့ညီအစ်ကိုတွေ အရင်က သူနဲ့ရင်ဆိုင်ဖူးတယ်။ သူ့နယ်မြေမှာ နံရံအမြင့်ကြီးတွေနဲ့ အစောင့်တွေအများကြီးရှိတယ်။ အဲ့တာကြောင့် သူနဲ့ သွားမရှုပ်ရဲဘူး။ ဟား ဒီနေ့တောင်ပေါ်မှာ ဘာတွေ့တာ အံ့ဩစရာပဲ''
''ဒီနေ့ ငါကောင်းတဲ့ကိစ္စတွေ အများကြီးလုပ်ခဲ့လို့ဖြစ်မယ်။ မသေမျိုးတွေက ငါတို့ကို သနားတာပဲ။ ကောင်းချီးပဲကွ''
ကောင်းဖေးပေါင်တစ်ယောက် သက်ပြင်းချကာ လက်ကိုဝှေ့ယမ်းပြလိုက်ပြီး
''ညီနောင်တို့ သူ့ကို ချုပ်လိုက်။ သူ့မိသားစုကို လာရွေးဖို့ စာရေးပေးလိုက်''
ချုံးတလေ၏စိတ်ထဲတွင် မဲနှိုက်သည့်စက်လေးပေါ်လာကာ အထဲတွင် အလုံးလေးများ လှိမ့်နေသည်။
ချုံးတလေသည် နှလုံးမှာခုန်ထွက်တော့မတတ် ခံစားနေမိသည်။ ယခင်တစ်ခေါက်က စနစ်ချို့ယွင်းခဲ့သည်။ စနစ်က ၎င်းကို ရည်ရွယ်ချက်ရှိရှိ ညစ်ပတ်ကာ မဲနှိုက်ပေးလို့ကျေးဇူးတင်ပါတယ်ဟုသောမဲမျိုးထည့်ထားမည်ကို စိုးရိမ်နေလေသည်။ ၎င်းတွင် ကံဆိုးမှုများ ကျန်နေသေးသည်လားကိုလည်း မသိပေ။ စနစ်ဆီမှ ၎င်းလိုအပ်သည်မှာ လက်နက်တစ်ခုသာဖြစ်ကာ အမြှောက် သို့မဟုတ် တင့်ကား သို့မဟုတ် ဟယ်လီကော်ပတာမျိုး ဖြစ်သည်။ အချက်ပေးသံမြည်လာပြီး အဝိုင်းများစလည်ကာ စိတ်ထဲတွင် ချုံးတလေသည် စနစ်၏အချက်ပေးသံကို ရလိုက်သည်။
''အစပျိုးသူအဆင့် ခံတပ်ခုခံရေးအစီအစဉ်ကို ရရှိလို့ ဂုဏ်ပြုပါတယ်''
အံ့ဩစရာကောင်းစွာဖြင့် ချုံးတလေသည် ထိုဆုမှာ ယခင်ကဆုများနှင့်မတူသည်ကို သတိထားမိသည်။ နောက်ဆုံးတွင် ချုံးတလေသည် စနစ်ဆီမှ ဆုကို ရှာတွေ့သွားသည်။ ဆုသည် ၎င်း၏အိပ်ရာဘေးရှိဗီရိုထဲမှ အစီအစဉ်များပင် ဖြစ်၏။
ခံတပ်၏ခုခံရေးတည်ဆောက်ပုံက လိုအပ်ပေသည်။ ယခင်က ခံတပ်ထဲတွင် လူငါးဦးသာရှိကာ ခိုးစရာလည်း ဘာမှမရှိဘဲ မည်သူကမှလည်း ၎င်းတို့ကို မနှောင့်ယှက်ခဲ့ပေ။ သို့သော်လည်း ယခုတွင်မူ မတူတော့ပေ။ ခံတပ်တွင် အစေ့အဆန်ကျင်ငါးသောင်းခန့်ရှိကာ ချင်းနျူးတောင်ပေါ်တွင်လည်း သူခိုးတစ်သိုက်ရှိနေပေသည်။ ချင်းနျူးတောင်ပေါ်မှ လူမည်မျှက ၎င်းတို့ပိုင်ဆိုင်မှုများကို သွားရေကျနေမည်ကို မသိပေ။
မိုးကြိုးလက်ဝါးကို အားကိုး၍ အခြားသူများကို အရူးလုပ်ခြင်းကလည်း ကြာရှည်အလုပ်ဖြစ်မည်မဟုတ်ပေ။ ဓားပြများထဲတွင် ဉာဏ်ကောင်းသူများမရှိသော်လည်း တစ်ချို့တစ်လေရှိနေသေးသည်။
၎င်းတို့ မရှင်းခံရခင်တွင်ပင် ခံတပ်၏ခုခံရေးစနစ်ကို တည်ဆောက်ရပေမည်။ မဟုတ်လျှင် ချုံးတလေသည် စတိုစောင့်ဖြစ်ကာ အခြားသူအတွက် ထိုပိုင်ဆိုင်မှုများကို စောင့်ကြည့်ပေးနေသကဲ့သို့ ဖြစ်သွားတော့မည်ဖြစ်၏။
စနစ်သည် ၎င်းကို အစီအစဉ်များ ဆုချလိုက်သောကြောင့် ခံတပ်၏ခုခံရေးကို ပြန်တည်ဆောက်နိုင်ပေမည်။ သို့သော်လည်း ထိုသို့လုပ်ခြင်းက အခြားကိစ္စတစ်ခုကိုလည်း ဦးဆောင်သွားသည်။ ခံတပ်တွင် လူမလောက်ခြင်းပင် ဖြစ်၏။
ဟွမ်စန်းယွမ်ကိုပါ ထည့်စဉ်းစားလျှင်ပင် ခံတပ်ထဲ၌ လူခြောက်ဦးသာ ရှိသည်။ လူနည်းနည်းလေးဖြင့် ခံတပ်၏ခုခံရေးကို တည်ဆောက်ရန်မှာလည်း ရယ်ဖွယ်သာကောင်းလှ၏။
ချုံးတလေ၏လက်ထဲတွင် မစ်ရှင်ရှိနေသည်။ လူစုကာ ခံတပ်၏လူဦးရေကို တစ်ရာထိ တိုးရမည်။ ထိုမစ်ရှင်ကို ပြီးမြောက်လျှင် နောက်ထပ်ဆုကို မဲနှိုက်ရန် အခွင့်အရေးရပေမည်။
ထိုအကြောင်းကို စဉ်းစားရင်းဖြင့် ချုံးတလေတစ်ယောက် စတင်ပူပန်လာမိ၏။ ခံတပ်၏တိုးတက်တက်မှုအတွက် လူဦးရေသို့မဟုတ် အလုပ်အင်အားသည် ကန့်သတ်ချက်ရှိနေသည်။ ချုံးတလေသည် စနစ်၏အတွင်းမျက်နှာစာကိုဖွင့်ကာ ခံတပ်၏အချက်အလက်များကို စစ်ဆေးကြည့်လိုက်သည်။
ခံတပ် - ဖားပြုတ်ခံတပ် (ပြိုလဲကျနိုင်သည့်အစပျိုးသူအဆင့်ခံတပ်)
ပိုင်ရှင် - ချုံးတလေ
လူဦးရေ -ခြောက်ယောက်
ကျွမ်းကျင်မှု - စည်းလုံးခြင်း၊ ကုသနိုင်စွမ်း
ညဉ့်နက်သည်အထိ ချုံးတလေတစ်ယောက် ခံတပ်ကို မည်သို့တိုးတက်အောင်လုပ်ရမည်ကို ကြံဆကာ ဦးနှောက်ကို ဖိစီးနှိပ်စက်နေမိ၏။
ဓားပြများသည် လူ့အသိုင်းအဝိုင်းအောက်ခြေတွင်သာ အမြဲတမ်းရှိနေသည်။ မဲနှိုက်သည်မှာ ကျူးကောလျန် သို့မဟုတ် ကျန်းဖေးကဲ့သို့သော အကြံပေးများ ရလျှင် ကောင်းမည်ဟု စဉ်းစားနေမိသည်။ သို့သော်လည်း စနစ်ကသာ ၎င်းတို့ကို ဖန်တီးပေးပါလျှင်လည်း ၎င်းတို့က ဓားပြတစ်ယောက်ကို ကူညီပေးချင်ပါမည်လော။
ကျုံးစန်းသည် အရှင်ကွမ်းခြေရာနင်းကာ ၎င်း၏ဘဝကို ဓားထမ်းရင်းဖြင့် စွန့်လွှတ်သွားခဲ့သည်။ ချုံးတလေသည် မည်သူ၏ဓားထမ်းမှ မဖြစ်ချင်ပေ။
ထိုလောကကြီးတွင် ၎င်း၏နားလည်နိုင်သောအကန့်အသတ်ဖြင့်ဆိုလျှင်ပင် ဖရိုဖရဲကသာ ပို၍များ၍ ဝါးမျိုနေသည်ကို ချုံးတလေသိသည်။ ၎င်းသည် ဉာဏ်မကောင်းလှသော်လည်း ဦးနှောက်ထဲတွင် လွန်ခဲ့သောနှစ်ငါးထောင်က သမိုင်းကြောင်းကို သိထားသည်။ ကျွမ်းကျင်မဟုတ်သော်လည်း သမိုင်း၏ယေဘုယျသဘောတရားကို နားလည်ပေသည်။ မင်းကြီးကို အပြင်က ရုန်မျိုးနွယ်စုက ဝိုင်းထားကာ အတွင်းတွင်လည်း အုပ်စုများကွဲ၍နေသည်။ တဝူသည် အပေါက်ပေါက်ဖြင့် ပျက်စီးနေသောအိမ်ကြီးနှင့်တူ၏။ အလျင်စလို ဖာထေးရန် လိုအပ်နေပေသည်။
နောက်ပိုင်း ချင်၊ ဟန်၊ ဆွေ့၊ ထန်၊ စုန့် မင်းဆက်များသည် မည်သည့်ခေတ်တွင်ပင် ဖြစ်ပါစေ သေကြေပျက်စီးမှုများစွာ ရှိကြစမြဲပင်ဖြစ်၏။ လူများက သေကာ သေကာနေကာ မရပ်မနားသာ သေနေကြ၏။
၎င်းသည် ထိုခံတပ်ကို ပိုင်ဆိုင်သည်ဟုသော ခံစားချက်မျိုးကို ရနေသည်။ ချင်းမန်၊ လင်းရှောင်ယွီ၊ ရွီရှန်းကျီ၊ ရွီလင်းအာတို့၏ပုံရိပ်များက ၎င်းအတွက် မိသားစုများကဲ့သို့ ဖြစ်လာလေသည်။ ထိုခံတပ်ကို ကာကွယ်ပေးချင်သည်။ မည်သူ့ကိုမှ မထိစေလိုပေ။
သို့သော် ၎င်းရထားသောအချိန်အပိုင်းအခြားမှာမူ အမှန်တကယ်ပင် များများစားစားရှိမနေပေ။