← Chapters

အပိုင်း (၄၇၈) – ခြယ်လှယ်ထားသော လေလံပွဲရောက်ခြင်း

Vol. 005 Ch. 478

အပိုင်း (၄၇၈) – ခြယ်လှယ်ထားသော လေလံပွဲရောက်ခြင်း

Vol. 005 Ch. 478

ရှီမာယူယူနှင့် တခြားသူများသည် တံခါးဘက်သို့ကြည့်လိုက်ရာ ချူချောင်ထန်နှင့် လျှန်ဟုန်တို့သည် အပြင်မှ ဝင်လာကြလေသည်။

“ခင်ဗျားတို့ ဘယ်လိုလုပ်ဒီရောက်နေတာလဲ”

“ငါတို့အပြင်မှာရှိတုန်း မင်းနာမည် ခေါ်သံကြားလိုက်လို့ မင်းတို့များ ဒီမှာရှိမလားလို့ ဝင်ကြည့်တာ  တကယ်ပဲ မင်းဖြစ်နေမယ်လို့ ထင်မထားဘူး” ချူချောင်ထန်သည် လျှောက်လာရင်း ပြောလေသည်။

“အစ်ကိုကြီးချူ ခင်ဗျားက အလယ်ပိုင်းဒေသကို ပြန်မသွားသေးဘူးလား”

“အစ်ကိုကြီးလျှန်ဇီက ငါ့ကို အစိမ်းရောင်နန်းတော်မှာ ခဏတည်းခိုင်းထားလို့လေ၊ အဲတော့ ငါလည်း ခဏလောက် ခရီးဖင့်နေတာ” ချူချောင်ထန် ပြောလေသည် “ဒါပေမဲ့ ငါ အလယ်ပိုင်းဒေသကို ချက်ချင်းတော မပြန်နိုင်သေးဘူး”

“ဘာလို့လဲ”

“ရွန်းယွမ်ဆိုင်က နောက်၂လနေရင် အလယ်ပိုင်းမှာ အကြီးဆုံးလေလံပွဲလုပ်မှာလေ င့ါဆရာနဲ့လည်း မနေ့ကပြောပြီးပြီ သူက အလယ်ပိုင်းဧရိယာကိုလာပြီး သူနဲ့လာတွေ့စေချင်နေတယ်” ချူချောင်ထန်  ပြန်ဖြေ  လေသည် “မင်းတို့ကရော အလယ်ပိုင်းဧရိယာကို ဘယ်တော့သွားမှာလဲ စောစောသွားမယ်ဆိုရင် အတူတူ သြး ရအောင်”

ဘေဂုံထန်သည် နံပါတ်ပြားအား ကြည့်ကာပြောလိုက်သည် “နောက် ရက် ၂၀လောက်မှ သွားဖြစ်မယ်”

“မင်းတို့က တန်းစီထားတာလား” လျှန်ဇီသည် ရင်းနှီးသော နံပါတ်ပြားကိုကြည့်ကာ ပြောလေသည် “မင်းတို့လာရင် င့ါကိုလာရှာပါလို့ ပြောတယ်မလား ငါအကုန်စီစဉ်ပေးလို့ရပါတယ် ဒီရောက်တာ ဘယ်လောက် ကြာနေပြီလဲ”

“ရက်နည်းနည်းတော့ကြာပြီ” ရှီမာယူယူ ပြောလိုက်သည် “လူကြီးမင်းတို့ အစိမ်းရောင်နန်းတော်ရဲ့ အတားအဆီးက ဝင်ဖို့ မြင့်လွန်းနေတယ်၊ ကျွန်တော်တို့ တွေ့ချင်တိုင်းတွေ့လို့မရဘူးလေ”

“မင်းတို့က ငါတို့အစိမ်းရောင်နန်းတော်ကို တော်တော်ဖိနှိပ်ထားတာပဲ” ချူချောင်ထန်သည် ပြုံးပြီးပြော  လေသည်။

“အဲလိုပဲဆိုပါဆိုတော့” ရှီမာယူယူ ပခုံးတွန့်လေသည် “ပြီၤးတော့ ကျွန်တော်တို့က လူကြီးမင်းတို့ အစိမ်း  ရောင်နန်းတော်ကို ရန်စသလိုဖြစ်ထားတာ လူကြီးမင်းတို့ကိုလာရှာရင် ပြဿနာရှာသလိုဖြစ်နေမှာပေါ့”

“မင်းက ရှားရင်ရင်နဲ့ တခြားသူတွေကို ပဋိပက္ခဖြစ်အောင် လုပ်ထားတာလား” လျှန်ဇီသည် မျက်နှာချင်း ဆိုင်စားပွဲမှ ခုံကို ဆွဲပြီးထိုင်လေသည်။

“ဟုတ်တယ် ရှားမျိုးနွယ်ကလူတွေ အခုပဲ ကျွန်တော့်ကိုလာရှာထားတာ မတွေ့ဘူးလား” ယူယူသည်  ပြောလေသည်။

“အဲဒါ ရှားကျုံးနဲ့ ဝူရှောင်ရှောင်လက်ချက်ပဲဖြစ်ရမယ်” လျှန်ဇီသည် စဉ်းစားကြည့်လေသည် “ဒုနန်းတော် သခင်က ရှားရင်ရင်နဲ့ တခြားသူတွေကို အကျဉ်းချထားတယ် အဲတော့ ငါတို့အစိမ်းရောင်နန်းတော်က မျှတပါ တယ်”

“အဲဒါလည်းကြားပါတယ်၊ ရှားကျုံးက ဒုနန်းတော်သခင်ကိုသွားရှာလို့ အကြိမ်းခံရတာလည်း ကြားတယ်” ချူချောင်ထန်သည် ပြီးခဲ့သည့်ရက်များတွင် အစိမ်းရောင်နန်းတော်တွင် နေကာ ထိုသတင်းမျိုးမှာ ရင်းနှီးသား ဖြစ်  လေသည်။

ရှားရင်ရင်နဲ့ တခြားသူတွေက အကျဉ်းချခံထားရတယ်ဟုတ်လား။ ယူယူ၏ မျက်လုံးများပင့်တက်သွား သည်။ ဒါကတော့ သူမ ထင်မထားတာ အမှန်ပဲ။

“ဒုနန်းတော်သခင်က ရှားကျုံးကို ကြိမ်းမောင်းပြီး အစိမ်းရောင်နန်းတော်ကလူတွေ ဘာပြဿနာမှ မရှာ ဖို့ပြောလိုက်သေးတယ် အဲဒါကြောင့် ရှားကျုံးတို့လုပ်တဲ့ကိစ္စကို ငါတို့ကို အပြစ်တင်လို့မရဘူး” လျှန်ဇီသည် ဝမ်း နည်းဟန် ပြုကာ ရှီမာယူယူအား ကြည့်လေသည်။

“လူကြီးမင်းတို့ ဒုနန်းတော်သခင်က တော်ပေမယ့် နောက်လာမယ့်မျိုးဆက်တွေကတော့ လူကြီးမင်းတို့ နာမည်ဖျက်မှာပဲ၊ လူကြီးမင်းတို့ အတွင်းပိုင်းကတော့ သိပေမယ့် အပြင်ကလူတွေအားလုံးကတော့ လူငယ်တွေ  ပြတာကိုပဲမြင်ရတာလေ” ရှီမာယူလင်း ပြောလေသည်။

“အဲအချက်ကတော့ တကယ်မကောင်းဘူး အစိမ်းရောင်နန်းတော်မှာမွေးလာတဲ့ ကလေးတွေက တကယ်ပဲ ဘဝင်မြင့်ကြတယ်၊ ဒါပေမယ့် အဲဒါလည်း နည်းနည်းပဲရှိတာပါ အများစုကတော့ ကောင်းကြပါတယ်” လျှန်ဇီပြောလေသည်။

ရှီမာယူယူ ပခုံးတွန့်လေသည်။ သူမနှင့် ဘာမှမဆိုင်သောကြောင့် ဘာမှတ်ချက်မှ မပေးတော့ပေ။ သူတို့ သည် ထိုအကြောင်းနှင့်ပတ်သက်၍ ငြင်းခုံရန်မလိုပေ။

တည်းခိုဆောင်မှလူများသည် အဖြစ်အပျက်များကိုမြင်သောအခါ ချွေးပျံကြသည်။ လျှန်ဇီသည် နန်းတော်သခင်ဖြစ်သည်ကို အားလုံးသိကြသည်။ သို့သော် အခုသူပြောသည်ကို နားထောင်ကြည့်သောအခါ သူ သည် တစ်ဖက်လူမှာ သူ့အဖွဲ့ကို အပြစ်မတင်စေလိုသည့်သဘောနှင့် အစိမ်းရောင်နန်းတော်၏ အပြစ်ကို လွတ်  အောင် ကြိုးစားနေသည့်ပုံပင်။

ထို့ကြောင့်ပင် အားလုံးသည် သူတို့၏ သရုပ်မှန်ကို သိချင်နေကြသည်။ သူမတွင် ရှားရင်ရင်နှင့် တခြားသူများကဲ့သို့ အရည်အချင်းရှိသူများပင်မရှိသော အထွတ်အထိပ်သားရဲ ၃ကောင်အပါအဝင် စာချုပ်သားရဲ များရှိနေသည် ကိုတွေးလိုက်သောခါ သူတို့သည် အလွန်အင်အားကောင်းမည်ဟု ခံစားရသည်။

“အစ်ကိုကြီးချူ ခင်ဗျားပြောတဲ့ လေလံပွဲက တကယ်ပဲကြီးတာလား၊ ခင်ဗျားဆရာတို့တောင်သွားချင် တယ်ဆိုတော့လေ၊ အဲလိုဆိုရင် တခြားနယ်မြေကလူတွေလည်းလာကြမှာပဲ” ရှီမာယူယူ မေးလိုက်သည်။

“ဒီလိုပွဲမရှိတာ တော်တော်ကြာပြီလို့ကြားတယ် လေလံပွဲက ပစ္စည်းတွေလည်း အဆင့်မြင့်ကြတယ်တဲ့ ဥပမာဆိုရင် အညံ့ဆုံးဝိညာဉ်လက်နက်ဆိုရင် အံ့ဖွယ်အဆင့်လောက်ပေါ့ ပြီးရင် တခြားကောင်းပြီးရှားတဲ့ ပစ္စည်း  တွေရှိသေးတယ်” လျှန်ဇီ ပြောလိုက်သည် “တိုင်းပြည်တိုင်းက လာတက်ချင်တဲ့သူတွေလည်းရှိမှာပဲ ငါတို့ အစိမ်း  ရောင်နန်းတော်ကလည်း ဖိတ်စာရထားတယ်၊ ဖိတ်စာမရတဲ့သူတွေက သွားလို့မရဘူး”

“သူတို့က လေလံပွဲလုပ်ဖို့ကို ဘာလို့အလယ်ပိုင်းဧရိယာကိုရွေးတာလဲ အပြင်ပိုင်းဧရိယာကို လာလုပ်လို့ ရတာပဲ” ရှီမာယူယူ နားမလည်တော့ပေ။

“သူတို့က လူငယ်မျိုးဆက်တွေလည်း လက်တွဲခေါ်မယ်ပြောတယ်၊ ဒီတစ်ခေါက်က လူငယ်မျိုးဆက်တွေ က အကုန်စီစဉ်တာဆိုပဲ သူတို့တွေက နောက်ဆိုရင် ရွန်းယွမ်ဆိုင်ကို အုပ်ချုပ်မယ့်သူတွေဖြစ်မယ်” လျှန်ဇီ ပြော  လေသည် “လူငယ်မျိုးဆက်တွေက အပြင်ပိုင်းဧရိယာတွေကို အုပ်ချူပ်တဲ့သူတွေလို့ပြောကြတယ်”

“ယူယူ မင်းတို့ လေလံပွဲကို သွားကြမှာလား” ချူချောင်ထန် မေးလေသည်။

“ကြည့်ရဦးမှာပဲ အချိန်ရှိမလားလို့ ကြည့်ရဦးမယ်” ရှီမာယူယူ ပြောလိုက်သည်။

ပြည်နယ်မျိုးစုံကို ဖိတ်ကြားထားသည်ဆိုလျှင် လူအများကို ဆွဲဆောင်ထားစေမှာတော့ အမှန်ပင်။ သို့သော် သူတို့သည် အရင်ဆုံးလူများကို သွားကယ်ရဦးမည်။ ဘယ်လိုအခြေအနေမျိုးဖြစ်လာမည်ကို မသိနိုင်  ပေ။

သူတို့သာ အချိန်ဆွဲလိုက်ပါက အခြေအနေဆိုးသွားမလား။

“အခြေအနေက ရှုပ်နေတယ်ဆိုရင် ငါတို့လေလံပွဲသွားပြီးမှ သွားကြမလား” ဘေဂုံထန် ပြောလိုက် သည် “မဟုတ်လည်း ငါတို့် နှစ်ပေါင်းများစွာ စောင့်ပြီးနေပြီ ၂လလောက်ကတော့ အများကြီး မကွာသွားလောက်ပါဘူး”

ရှီမာယူယူ လေလံပွဲအား စိတ်ဝင်စားနေသည်ကို သူမ သိသည်။ သူမကြောင့်နှင့် အနှောင့်အယှက်မဖြစ်  စေလိုပေ။

“ဒီက အခြေအနေတွေစောင့်ကြည့်ပြီးမှ ဆုံးဖြတ်ကြတာပေါ့” ရှီမာယူယူ ပြောလေသည်။

“ကောင်းပြီ”

“မင်းတို့တွေ ဘာတွေပြောနေကြတာလဲ” ချူချောင်ထန်သည် နားမလည်တော့ပေ။

“ကျွန်တော်တို့် ပြောပြလည်း မသိပါဘူး” ရှီမာယူယူသည် ညှိုးနွမ်းစွာ ကြည့်လိုက်ပြီးနောက် လျှန်ဇီအား ကြည့်ကာ ပြောလေသည် “လူကြီးမင်းက ကျွန်တော်တို့ ဒီနေရာကနေ အခုပဲထွက်သွားဖို့ကို ကူညီပေးနိုင်လား”

“ရတာပေါ့” လျှန်ဇီသည် ပြုံးပြီး ပြောလေသည် “ငါတို့အခုပဲသွားလို့ရတယ်”

“ပိုက်ဆံရှင်းလိုက်ဦးမယ်” ဝူရန်ဖေသည် မတ်တတ်ရပ်ကာ ကောင်တာသို့သွားပြီး ထိုရက်များအတွက် ကုန်ကျစရိတ်များကို ရှင်းလေသည်။

ဆိုင်ရှင်မာလောင်သည် တွက်ချက်ကာ ပြောလေသည် “ခင်ဗျားတို့က ကောင်းကင်အခန်းမှာ လေးခန်း က အလယ်အလတ်အဆင့်ကျောက် ၁၅တုံးပါ၊ ၉ရက်နေတာဆိုတော့ အားလုံးပေါင်း အလယ်အလတ်အဆင့်  ကျောက်၅၄၀ကျပါတယ်”

“ဒီမှာပါ” ဝူရန်ဖေသည် အလယ်အလတ်အဆင့်ကျောက် ၅၄၀တုံးကို မျက်စိတ်တစ်မှိတ်အတွင်းပေး လိုက်လေသည်။

သူတို့သည် အချိန်တိုင်း ပစ္စည်းများကို သယ်ပိုးသွားသဖြင့် အခန်းထဲတွင် ဘာမှမကျန်ပေ။ သူတို့သည် တည်းခိုဆောင်မှ ထွက်ကာ ဖြတ်လမ်းတည်ဆောက်မှုရှိရာ နေရာသို့ သွားကြလေသည်။

ဖြတ်လမ်းတည်ဆောက်မှုသည် မြို့အတွင်းရှိရာ သူတို့နေသည့် နေရာနှင့် သိပ်မဝေးပေ။ သူတို့သည် နာရီဝက်လမ်းလျှောက်ပြီးနောက်တွင် ရောက်လေသည်။

“နန်းတော်ခေါင်းဆောင်လျှန် စစ်ဆေးဖို့လာတာလား” အလုပ်သမားတစ်ယောက်သည် လျှန်ဇီအား မြင် သည်နှင့် ပြေးလာလေသည်။

ထိုဖြတ်လမ်းတည်ဆောက်မှုတွင် တာဝန်ကျသူများမှာ အစိမ်းရောင်နန်တော်မှ လူများမရှိပေ။ ထို့ကြောင့် ထိုတည်ဆောက်မှုမှာ သူတို့ပိုင်ဆိုင်မှုမဟုတ်ပေ။

“မဟုတ်ဘူး” လျှန်ဇီ ပြောလေသည် “မိတ်ဆွေတွေကိုခေါ်လာပေးတာ သူတို့က အလယ်ပိုင်းဧရိယာ ကိုသွားချင်ကြလို့”

“နန်းတော်သခင် အခုတော့ သုံးလို့မရသေးပါဘူး” အလုပ်သမားပြောလေသည် “ဖြတ်လမ်း တည်ဆောက်မှုက ဒီမနက်ပဲပျက်သွားလို့ အဲဒါကို ပြင်ဖို့ သခင်ကြီးဟောင်ကို ရှာနေတုန်းမို့လို့ပါ”

“ပျက်သွားတာလား သခင်ကြီးဟောင်က ဘာပြောလဲ”

“ဒါပြင်ဖို့ ၃ရက်လောက် လိုတယ်လို့ သခင်ကြီးဟောင်ပြောပါတယ်” ထိုလူက ပြောလေသည်။

လျှန်ဇီသည် လှည့်ပြီး ရှီမာယူယူနှင့် တခြားသူများကို ပြောလိုက်သည် “သခင်ကြီးဟောင်က တည်ဆောက်မှုသခင်ကြီးပဲ ၃ရက်အချိန်ယူရမယ်လို့ သူပြောရင် အမှန်ပဲ၊ မင်းတို့အခန်းတွေ အပ်ပြီးပြီဆိုတော့ ဒီ ၂ရက်ကို အစိမ်းရောင်နန်းတော်မှာ လိုက်နေရင်ဘယ်လိုလဲ”

အိပ်မက်လေးသည် ရှီမာယူယူ၏ လက်ကို အသာဆွဲဆိတ်လေရာ ရှီမာယူယူသည် ခေါင်းငုံ့ပြီး သူမအား ကြည့်လိုက်လေသည်။ သူမ ခေါင်းညိတ်ကာ “ကောင်းပါပြီ ကျွန်တော်တို့ နန်းတော်သခင်လျှန်ကိုပဲ ဒုက္ခပေးရ  တော့မှာပဲ”

“ယူယူ မင်းလည်း တည်ဆောက်မှုသခင်ပဲ ဒီဖြတ်လမ်းတည်ဆောက်မှု ဘာဖြစ်တာလဲဆိုတာ မကြည့် ချင်ဘူးလား” ချူချောင်ထန် မေးလိုက်သည်။

All Chapters