← Chapters

မွေးစားသားနဲ့ ဖေကြီး

Vol. 99 Ch. 1293

မွေးစားသားနဲ့ ဖေကြီး

Vol. 99 Ch. 1293

ယဇ်ပလ္လင်ထက်တွင် အမိကမ္ဘာမြေသည် နာကြည်းမုန်းတီးစွာဖြင့် အံတင်းတင်းကြိတ်ထား၏။ သို့သော် မည်မျှပင် ကြိုးစားပါသော်လည်း ဧရာမသားရဲကြီးလုံရှောင်အား မဆင့်ခေါ်နိုင်ချေ။

လုံရှောင်ကား သူမထက် များစွာ အင်အားကြီးမားသည်။ ရှေးတုန်းကတည်းက သူမထက် အစွမ်းထက်ခဲ့လေသည်။

သူမသည် အမိကမ္ဘာမြေ ဖြစ်သည့်အလျောက် ဧရာမသားရဲကြီးများအပေါ် ထိန်းချုပ်နိုင်သဖြင့် ထိုက်ချူက သူမအား လုံရှောင်ကို ရှင်းလင်းသတ်ဖြတ်စေခဲ့သည်။

သို့သော် သူမက လုံရှောင်ကို မသတ်ရန် ရွေးချယ်ခဲ့ကာ ဘိုးဘေးနန်းတော် အမှောင်ထုထဲတွင် ဝှက်ထားလိုက်ရင်း သူမအနာဂတ်အတွက် ကြိုတင်ပြင်ဆင်ခဲ့သည်။

အမိကမ္ဘာမြေတွင် သူမ၏ရည်မှန်းချက်နှင့်သူမ ရှိသည်။ ကောင်းကင်နယ်စားမင်းနှင့် မြေအောက်ဘုံအရှင်သခင်တို့အနေဖြင့် မည်သည်ကိုမျှ ဂရုမစိုက်ဘဲ တသီးတသန့် နေနိုင်ကြသော်လည်း သူမမှာမူ ဘိုးဘေးနန်းတော်၏ ဖန်ဆင်းရှင်များ ပူဇော်ကိုးကွယ်ရာခံရသော ကမ္ဘာမြေအရှင်သခင်မတစ်ပါးအဖြစ် ကြီးပြင်းထားခဲ့သူ ဖြစ်သည်။ ထို့ကြောင့် သူမသည် အနာဂတ်တွင် စကြ၀ဠာအပေါ် အုပ်ချုပ်နိုင်မည့် အာဏာအတွက် ထိုက်ချူနှင့် တိုက်ခိုက်ချင်ခဲ့၏။

သို့သော် နတ်ဘုရားများက ထိုက်ချူကို ပျိုးထောင်မြေမြှောက်ပေးပြီး နဂါးဟန်ကောင်းကင်နတ်ဘုံ တည်ထောင်ကာ နဂါးဟန်ခေတ် ဖြစ်တည်လာခဲ့သည်။ အမိကမ္ဘာမြေလည်း အချို့အရာများမှာ မဖြစ်နိုင်ကြောင်း သိခဲ့ရသဖြင့် ထိုအကြံကို လက်လျှော့ခဲ့ရသည်။

ချုံဧကရာဇ်စစ်ပွဲပြီးနောက် သူမသည် ကောင်းကင်နတ်အရှင်ယွဲ့၊ ကောင်းကင်နတ်အရှင်လင်၊ ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ရှောင်တို့၏ ဝိုင်း၀န်းတိုက်ခိုက်ခြင်း ခံခဲ့ရသဖြင့် လုံရှောင်ကို ဆင့်ခေါ်ဖို့ အချိန်မရဘဲ သေခဲ့ရ၏။

ဘိုးဘေးနန်းတော်၏ ချိတ်တံဆိပ် ကျိုးပျက်သွားသည့်အချိန်မှသာ သူမအတွက် လုံရှောင်ကို ဆင့်ခေါ်ရန် အခွင့်‌အရေး ရတော့သည်။ သို့သော် လုံရှောင်က သူမကို ဂရုပင် မစိုက်ချေ။

“နင်က နှလုံးသားမရှိမှတော့ ငါ့ကိုပါ နှလုံသားမရှိလို့ အပြစ်မတင်နဲ့”

အမိကမ္ဘာမြေက နှာခေါင်းရှုံ့လျက် ပြော၏။ “ငါ နင့်ကို မဆင့်ခေါ်နိုင်ပေမယ့် နင့်ရဲ့ ကလေးတွေ၊ မြေးတွေကို ဆင့်ခေါ်လို့ရတယ်… ဘိုးဘေးနန်းတော် အမှောင်ထုထဲက ဧရာမသားရဲတွေအားလုံး ငါ့အတွက် တိုက်ခိုက်ပေးဖို့ ဘိုးဘေးနန်းတော်ထဲ ဆင့်ခေါ်လို့ရတယ်… နင့်မျိုးဆက်တွေရဲ့ သွေးတွေနဲ့ ငါ ပလ္လင်ပေါ် တက်ထိုင်နိုင်မယ့် လမ်းကို ဖောက်သွားလို့ရတယ်”

သူမက ဘိုးဘေးနန်းတော်အနောက်ရှိ ဧရာမသားရဲများအား ဆက်လက်ဆင့်ခေါ်နေသည်။ သားရဲမျိုးစုံ၊ အရွယ်အစားမျိုးစုံသည် ကောင်းကင်ထက်တွင် ပေါ်လာကြ၏။ သူတို့ကား အင်မတန် ကြီးမားကြပြီး မြေပေါ်သို့ တစ်ကောင်ပြီးတစ်ကောင် ဆင်းသက်လာကြသည်။

ဟင်းလင်းပြင်ထဲတွင် ချင်မူမှာ မျက်လုံးအပြူးသား ဖြစ်နေမိသည်။ ကြီးမားလှသော ဧရာမသားရဲကြီးများသည် ဟင်းလင်းပြင်သားရဲများအား ရှုံးနိမ့်လိမ့်မည်မဟုတ်ပေ။

မှန်ပါသည်။ ဟင်းလင်းပြင်သားရဲများမှာ ဧရာမသားရဲအများစု၏ အားသာချက်တို့အား စုပေါင်းထားခြင်းဖြစ်သည်။ ၎င်းတို့တွင် တိုက်ခိုက်တတ်သော နည်းလမ်း ပိုမိုများပြားသလို ဆန်းပြားပြီး နားလည်ရခက်၏။ ထိုဧရာမသားရဲကြီးများထက် အနည်းငယ်ပို၍ အစွမ်းထက်လေသည်။ မဟုတ်လျှင် ဤနေရာ၌ ဟင်းလင်းပြင်သားရဲများသာ ကျန်ခဲ့လိမ့်မည်မဟုတ်ပေ။

“အရင်တုန်းက ဘိုးဘေးနန်းတော်ထဲက ဖန်ဆင်းရှင်တွေဟာ တော်တော်အန္တရာယ်များတဲ့ ကမ္ဘာ‌မှာ နေထိုင်ခဲ့ရတာပဲ… သူတို့မှာသာ ထိုက်ချူနတ်ကျောက်တုံးရဲ့ စွမ်းအားမရှိရင် ဒီကမ္ဘာမှာ ရှင်သန်နိုင်ဖို့ တော်တော်ခက်ခဲလိမ့်မယ်”

ချင်မူမှာ သက်ပြင်းချလိုက်မိသည်။ ဖန်ဆင်းရှင်တို့သည် ထိုက်ချူကျောက်တုံးကို မတော်တဆ တွေ့ရှိခဲ့သော်လည်း ၎င်းက လူနေမှုအဖွဲ့အစည်းတစ်ခုကို အစပျိုးပေးခဲ့လေသည်။

ထို့နောက်မှစ၍ ဖန်ဆင်းရှင်တို့ ပိုမိုအင်အားတောင့်တင်းလာခဲ့ကြသည်။ သူတို့က ဧရာမသားရဲများအပေါ် ဖြည်းဖြည်းချင်း ထိန်းချုပ်၍ သဘာ၀တရားကို တွန်းလှန်ကာ အုပ်ချုပ်သူအရှင်သခင်များ ဖြစ်လာကြခဲ့၏။

နှောင်းပိုင်းမျိုးဆက်များအတွက် ဖန်ဆင်းရှင်များမှာ ‌ရှေးအကျဆုံး နတ်ဘုရားများဟု ဆိုရပေမည်။

ထိုအခိုက်အတန့်တွင် ချင်မူက တစ်စုံတစ်ခု ခံစားလိုက်ရသဖြင့် ထိုက်ရှီဥကို ကပျာကယာ သယ်ကာ ဟင်းလင်းပြင်အနက်ပိုင်းထဲသို့ တိုး၀င်သွားသည်။

ဝှစ်….

အလွန်တရာ ထူထဲလှသော သစ်မြစ်ကြီးတစ်ချောင်းသည် သူ့မျက်နှာဘေးမှ ဖြတ်သွားပြီး အမြစ်ချွန်များ ဖြူကောင်တစ်ကောင်အလား ဖွားခနဲ ဖြာထွက်လာကြသည်။ မရေမတွက်နိုင်သော အမြစ်များက အရပ်လေးမျက်နှာသို့ ပျံ့နှံ့သွားပြီး ဟင်းလင်းပြင်အလွှာများကို ဖြတ်လျက် ချင်မူ့နောက်မှ လိုက်ပါလာ၏။

“ကောင်းကင်နတ်အရှင်မူ၊ နင် ပုန်းချင်သေးတယ်ပေါ့”

လက်တံတစ်ဖက်က ရုတ်တရက် ပေါ်ထွက်လာကာ အသွေးအသားအဖြစ် ပြောင်းလဲသွားသည်။ မကြာမီ အမိကမ္ဘာမြေအသွင်ဖြင့် အမျိုးသမီးတစ်ဦးသည် ချင်မူနှင့် မလှမ်းမကမ်းတွင် ပေါ်လာ၏။ “လုံရှောင်ရဲ့ နဂါးကြေးခွံတွေက နင့်ခန္ဓာကိုယ်ပေါ် တောက်ပသွားတယ်လေ.. နင်ကတော့ နင့်ကိုယ်နင် သိပ်ကို ပါးပါးနပ်နပ် ပုန်းနိုင်ပြီ ထင်နေမှာပေါ့”

ချင်မူက ထိုက်ရှီဥနှင့်အတူ ဒုတိယမြောက် ဟင်းလင်းပြင်မှ တတိယမြောက် ဟင်းလင်းပြင်၊ ထို့နောက် စတုတ္ထဟင်းလင်းပြင်အထိ ပြေးနေသည်။ သို့သော် ကောင်းကင်တစ်လျှောက် ဖုံးလွှမ်းထားသည့် အမြစ်များက တွန့်လိမ်ကောက်ကွေးနေပြီး သူ့ကို အဆက်မပြတ် တိုက်ခိုက်နေကြ၏။

သစ်မြစ်များပေါ်တွင် အမိကမ္ဘာမြေ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာသည်။ တချို့က သစ်မြစ်များပေါ်တွင် ပေါ်လာပြီး တချို့က သစ်မြစ်များအောက်တွင် တွဲလောင်းခို၍ ချင်မူ့အား အရပ်လေးမျက်နှာမှ တိုက်ခိုက်နေကြ၏။

ချင်မူက အသာအယာ လှုပ်ရှားရင်း အရပ်လေးမျက်နှာမှ ပြေး၀င်လာနေသော ထိုတိုက်ကွက်များကို တည်ငြိမ်အေးဆေးစွာ ရှောင်တိမ်းနေသည်။ အမိကမ္ဘာမြေက ဟင်းလင်းပြင်များကို ဖြတ်သန်းရင်း သူ့အနောက်မှ လိုက်လာချေပြီ။

သူက ဟင်းလင်းပြင်ထဲသို့ ရုပ်ခန္ဓာဖြင့် ၀င်ရောက်လိုက်သဖြင့် သူ့ခန္ဓာကိုယ်တစ်ကိုယ်လုံးမှာ ဟင်းလင်းပြင်ဖြင့် ပေါင်းစည်းသွားသည့်အလား ထင်ရသည်။ သူ့အား ဟင်းလင်းပြင်မှ လုံး၀ မတွန်းကန်ချေ။

သို့သော် အမိကမ္ဘာမြေတွင် သူ့လို စွမ်းအားမျိုး မရှိသောကြောင့် သူမ၏ အားကောင်းလှသော မှော်စွမ်းအင်ဖြင့်သာ ဟင်းလင်းပြင်၏ တွန်းကန်မှုကို ခုခံထားရသည်။ ချင်မူက အမိကမ္ဘာမြေ နောက်ဆုတ်သွားအောင် လုပ်နိုင်မည်ဟု အပြည့်အ၀ ယုံကြည်နေသည်။

“အမိကမ္ဘာမြေ၊ နတ်အရှင်မယန် ဘိုးဘေးနန်းတော်ဆီ ရောက်နေတာ ခင်ဗျား မသိသေးဘူး ထင်တယ်”

ချင်မူက ပြုံးလျက် ပြော၏။ “ကြည့်ရတာ လုံရှောင်ပြောတာ မှန်နေပုံပဲ… ခင်ဗျားဟာ မိစ္ဆာအရိုင်းစိတ် ပေါက်နေပြီ… လုံရှောင်နဲ့ ဧရာမသားရဲကြီးတွေကို ဆင့်ခေါ်ထားတာဆိုတော့ နတ်အရှင်မယန်ဆီက ပုန်းဖို့ ခက်လိမ့်မယ်နော်… ခင်ဗျား သူ့လက်ထဲမှာ သေသွားချင်လို့လား”

အမိကမ္ဘာမြေမှာ ထိတ်လန့်သွားပြီး ဟင်းလင်းပြင်ထဲ ထိုးဖောက်၀င်ရောက်နေသည့် သစ်မြစ်များလည်း ရုတ်ချည်းပျောက်ကွယ်သွားကြသည်။ သူမ၏ခန္ဓာကိုယ်အစစ်က ယဇ်ပလ္လင်ထက်သို့ ချက်ချင်း ဆင်းသက်သွား၏။

ထိုစဉ်မှာပဲ အဆုံးသတ်မြို့ပျက်၏ အသူရာချောက်နက်သည် ယဇ်ပလ္လင်၏ အပေါ် ကောင်းကင်ထက်တွင် ပေါ်လာပြီး သစ်မြစ်လက်တံများကို စုပ်ယူကာ အမှောင်ထုထဲ ဆွဲသွင်းလိုက်ချေပြီ။

ဤသည်ကား နတ်အရှင်မယန်၏ အဆုံးသတ်မြို့ပျက် ကောင်းကင်နတ်သိုင်းပင်။ ကောင်းကင်နတ်သိုင်းက အမိကမ္ဘာမြေ၏ သစ်မြစ်များကို ဆွဲယူ၍ အမိကမ္ဘာမြေအား မြေအောက်တွင် ချုပ်လိုက်ပြီးနောက် မြေကြီးပေါ်သို့ ပြန်ဆွဲထုတ်လိုက်သည်။

အမိကမ္ဘာမြေသည် ချင်မူ့ကို မုန်းတီးလွန်းသည့်အတွက် သစ်မြစ်များ သုံးကာ လိုက်ဖမ်းခဲ့၏။ ယခုတွင် သူမ၏သစ်မြစ်များမှာ အဆုံးသတ်မြို့ပျက် ချောက်နက်ထဲသို့ ဆွဲယူခံနေရသဖြင့် မလွတ်မြောက်နိုင်တော့ပေ။

အမိကမ္ဘာမြေ မြေကြီးပေါ် ဆွဲထုတ်ခံရတော့မည့်အချိန် သစ်မြစ်များက ရုတ်တရက် ပေါက်ကွဲသွား၏။ နတ်အရှင်မယန်၏ ပြိုင်ဘက်မဟုတ်‌ကြောင်း သိသဖြင့် အမိကမ္ဘာမြေမှာ အမြစ်များကို ဖောက်ခွဲကာ ထွက်ပြေးတော့သည်။

အဆုံးသတ်မြို့ပျက်၏ အသူရာချောက်နက်က ပျက်စီးသွားသော သစ်မြစ်များကို ဝါးမြိုရှင်းလင်းပစ်လိုက်သည်။ နတ်အရှင်မယန်၏ ပုံရိပ် ပေါ်လာပြီး သူမက အင်္ကျီလက်စများကို ခါလိုက်ရင်း ကျောနောက်လက်ပစ်ကာ အမိကမ္ဘာမြေ ထွက်ပြေးသွားသော ဦးတည်ရာကို ရှာဖွေနေသည်။

ကောင်းကင်နတ်အရှင်ယန်သည် စကြ၀ဠာကို အုပ်စိုးနိုင်သော အစွမ်း၊ တစ်လောကလုံး၏ သေခြင်းရှင်ခြင်းကို ချုပ်ကိုင်ထားသော ဧကရီအရှင်မတစ်ဦး၏ အာဏာအား ပိုင်ဆိုင်ထား၏။

ထိုအချိန်တွင် အမိကမ္ဘာမြေ ဆင့်ခေါ်ထားသည့် ဧရာမသားရဲကြီးများက ဟိန်းဟောက်လိုက်ရင်း နတ်အရှင်မယန်အား အပြင်းအထန် တိုက်ခိုက်ကြသည်။

နတ်အရှင်မယန်က နှာတစ်ချက်မှုတ်၍ အကြည့်ရုတ်လိုက်သည်။ ထို့နောက် သူမ၏ မျက်၀န်းလှလှလေးများသည် ကမ္ဘာဦးသားရဲများကို ဝေ့ဝဲကြည့်လိုက်၏။

သူမ၏အကြည့် ကျရောက်သွားသည့် နေရာတိုင်းတွင် အဆုံးသတ်မြို့ပျက် အသူရာချောက်နက်များက တစ်ခုပြီးတစ်ခု ပေါ်လာပြီး ထိုဧရာမသားရဲကြီးများအား ချောက်နက်ထဲသို့ ဆွဲယူလိုက်သည်။

ချောက်နက်များထဲမှ သွေးတို့က အဆက်မပြတ် ပန်းထွက်နေကြ၏။ အနှိုင်းမဲ့အောင် အင်အားကြီးမားသည့် ထိုသားရဲကြီးများမှာ သူမအကြည့်မှ မလွတ်မြောက်နိုင်ဘဲ တစ်ကောင်ပြီး တစ်ကောင် သတ်ဖြတ်ခံနေရချေပြီ။

သူမက ဖြည်းဖြည်းချင်း ခေါင်းမော့၍ ဟင်းလင်းပြင်အနက်ပိုင်းထဲသို့ ကြည့်လိုက်သည်။ ချင်မူမှာ မှင်သက်သွားပြီး သူ့ကို တိုက်ခိုက်တော့မည်ဟု ထင်လိုက်မိသဖြင့် ထိုက်ရှီဥကို ချက်ချင်း သိမ်းလိုက်သော်လည်း ထိုခဏတွင် ၁၆ခုမြောက် ဟင်းလင်းပြင်၌ ခေါင်းကြီးကြီး လူငယ်တစ်ဦး ပေါ်လာကြောင်း တွေ့လိုက်ရ၏။ သူက ဘိုးဘေးနန်းတော်၏ လှုပ်ရှားမှုများကို ကြည့်ရှုနေသည်။

ထိုလူငယ်မှာ နတ်အရှင်မယန်၏ အကြည့်က ကြောက်စရာကောင်းလွန်းလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူ မည်သည်မှ မလုပ်နိုင်ခင်မှာပင် အဆုံးသတ်မြို့ပျက် အသူရာချောက်နက်တစ်ခုက ၁၆ခုမြောက် ဟင်းလင်းပြင်တွင် ပေါ်ပေါက်လာပြီး သူ့ကို စုပ်ယူသွားတော့သည်။

၁၆ခုမြောက် ဟင်းလင်းပြင်တွင် ပုန်းခိုနေပါက သူ့အတွက် ဘေးကင်းလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း နတ်အရှင်မယန်၏ အကြည့်က ဟင်းလင်းပြင်အလွှာများကို ဖြတ်သန်းလျက် သူ့ဆီ ရောက်ရှိနိုင်ပေသည်။

“ကောင်းကင်နတ်အရှင်က ထင်ထားတာထက် ပိုပြီး ကြောက်ဖို့ကောင်းတာပဲ”

ထိုလူငယ်မှာ ရှုကျွင်းဖြစ်ပြီး သူ၏မျက်နှာအမူအရာမှာ သွေးဆုတ်ဖြူလျော့နေ၏။ သူ့မှာ လုံရှောင်အတွက် လာခဲ့သော်လည်း အမိကမ္ဘာမြေ လုံရှောင်ကို ဆင့်ခေါ်မရလိမ့်မည်ဟု ထင်မထားခဲ့ပေ။ ယခုတော့ ကံဆိုးသူမောင်ရှင် သူ့ခမျာ ရက်စက်ကြမ်းကြုတ်သော နတ်အရှင်မယန်နှင့် လာတွေ့နေသည်။

ရှုကျွင်း၏ အသိစိတ်အလျဉ်မှာ အားကောင်းသော်လည်း သူ၏ခန္ဓာကိုယ်ကို အားဖြည့်ရာတွင် အသုံးပြုနေရသည်။ သူ့ခန္ဓာကိုယ်ကိုသာ အားမဖြည့်ရပါက ပိုမိုနက်ရှိုင်းသော ဟင်းလင်းပြင်ထဲတွင် ပုန်းခိုနိုင်ပြီး နတ်အရှင်မယန်၏ အကြည့်ကို ကြောက်စရာလိုမည် မဟုတ်ပေ။

ယခုတွင်တော့ သူ ဟင်းလင်းပြင်အနက်ပိုင်းထဲသို့ ထွက်ပြေးချင်လျှင်တောင်မှ ထွက်ပြေးမရနိုင်တော့။

သူ အဆုံးသတ်မြို့ပျက် အသူရာချောက်နက်ထဲ စုပ်ယူခံရတော့မည့်အချိန်တွင် လူရိပ်တစ်ခုက သူ့အရှေ့တွင် ဖျတ်ခနဲ ပေါ်လာ၏။ ၎င်းက ချင်မူပင်။

ချင်မူသည်လည်း နတ်အရှင်မယန်၏ ကောင်းကင်နတ်သိုင်းကို မခုခံနိုင်သဖြင့်‌ ချောက်နက်ထဲ စုပ်ခံလိုက်ရသည်။ မိုးခြိမ်းသံများက ချောက်နက်အတွင်းထဲမှ ထွက်ပေါ်လာပြီး ဧရာမသားရဲကြီးတစ်ကောင်က ပါးစပ်ဟ၍ ဝါးမြိုနေသည့်အလား ထင်ရသည်။

တခဏကြာသော် ချင်မူမှာ အ‌ဆုံးသတ်မြို့ပျက် အသူရာချောက်နက်၏ ဝါးမြိုခံလိုက်ရပုံရသည်။ သွေးတို့က ချောက်နက်ထဲမှ ပန်းထွက်လာ၏။

“ကောင်းကင်နတ်အရှင်မူ…” ရှုကျွင်း၏ စိတ်မှာ တုန်လှပ်ချောက်ချားသွားကာ အသံများ တုန်ရီလာသည်။

ထိုစဉ် သွေးတို့က စီးကျလာရင်း ချင်မူ့အသွင်သဏ္ဍာန် ပြန်ဖွဲ့တည်သွား၏။ သူက လက်ပြနှုတ်ဆက်ရင်း အပြုံးဖြင့် ပြောသည်။ “စိတ်မပူပါနဲ့… နတ်အရှင်မယန်ရဲ့ ကောင်းကင်နတ်သိုင်းက ဒီနေရာမှာ အဲ့လောက် အစွမ်းမထက်ပါဘူး”

ရှုကျွင်းမှာ အံ့ဩမှင်သက်သွား၏။

ရုတ်တရက် ဟင်းလင်းပြင် တုန်ရီသွားပြီး နတ်အရှင်မယန်က သူတို့အရှေ့တွင် ပေါ်လာသည်။ သူမ၏အေးစက်နေသော အကြည့်က သူတို့အပေါ် ကျရောက်လာတော့သည်။

ချင်မူက ရှုကျွင်းဘေးတွင် ရပ်လိုက်ရင်း ပြုံးရွှင်စွာ ပြောသည်။ “အရှင်မ၊ ကျွန်တော်တို့က မဟာမိတ်တွေနော်… အခုလေးတင် လမ်းခွဲနှုတ်ဆက်ခဲ့ကြတာကို… မြင်တာနဲ့ သတ်တော့မလို့လားဗျ”

“ကောင်းကင်နတ်အရှင်မူ၊ နင်နဲ့ ငါက မဟာမိတ် မဟုတ်ဘူး”

နတ်အရှင်မယန်သည် သူ့ခန္ဓာကိုယ်ကို ထွင်းဖောက်၍ သူ့အနောက်ရှိ ‌ခေါင်းကြီးကြီး လူငယ်ကို ကြည့်ချင်နေသည့်အလားပင်။ သူမက ညင်သာစွာ မေး၏။ “ဒီလူငယ်က ဘယ်သူလဲ… သူ့ရဲ့ အသိစိတ်အလျဉ်အခြေခံက မဆိုးဘူး”

“သူက ကျွန်တော့်ရဲ့ မွေးစားသားပါ”

ချင်မူက နောက်လှည့်လိုက်ပြီး ခေါင်းကြီးကြီးလူငယ်၏ လက်ကို ကိုင်လိုက်သည်။ “ဒီကလေး အသိစိတ်အလျဉ်ကောင်းကင်နတ်သိုင်းတွေ ကျင့်ကြံတာ ဆိုပေမယ့် နတ်အရှင်မအရှေ့မှာတော့ အရှက်ကွဲပြီတူပါတယ်”

ရှုကျွင်းမှာ အတော်လေး ကသိကအောက်ဖြစ်နေသော်လည်း အားတင်းလိုက်ရင်း ခေါ်လိုက်သည်။ “ဖေ ကြီး… ဒီနတ်ဘုရားမက…”

“မရိုင်းစမ်းနဲ့”

ချင်မူက ဒေါသထွက်ချင်ယောင်ဆောင်ကာ ဆူလိုက်၏။ “ဒါက ကောင်းကင်နတ်အရှင်ဆယ်ပါးရဲ့ ကောင်းကင်နတ်အရှင်ယန်၊ ကောင်းကင်နတ်ဧကရာဇ်ရဲ့ မိဖုရားပဲ … မင်း ဘာလို့ မနှုတ်ဆက်သေးတာလဲ”

ရှုကျွင်းမှာ အငယ်မှ အကြီးအား အရိုအသေပေးသကဲ့သို့ ဂါဝရပြုလိုက်သော်လည်း စိတ်ထဲတွင် အလွန် အခဲမကြေပေ။ ‘ငါ့အဆင့် တဖြည်းဖြည်း နိမ့်လာနေသလိုပဲဟ…’

All Chapters