ကျောက်တုံးတွင်းထဲ ဝင်ခြင်း
Vol. 99 Ch. 1294
နတ်အရှင်မယန်၏ အကြည့်က ရှုကျွင်းအပေါ် ကျရောက်လာသည်။ သူမက ခပ်ပြတ်ပြတ် ပြော၏။ “နင့်မွေးစားသားရဲ့ ခေါင်းက တော်တော်ကြီးတာပဲ…. မိတ်ဆွေဟောင်းတစ်ယောက်ကိုတောင် သတိရသွားမိတယ်”
ရှူကျွင်းက ခေါင်းငုံ့မြဲ ငုံ့ထားကာ မည်သည့်စကားမှ မပြောရဲချေ။
ကောင်းကင်နတ်ဧကရီသည် အမှန်တကယ် သူ့ကို မြင်ခဲ့ဖူး၍ ရင်းနှီးလေသည်။
ချင်မူက နွေးထွေးစွာ ပြုံးလိုက်ရင်း မေး၏။ “ဘယ်မိတ်ဆွေဟောင်းကိုများ သတိရသွားတာလဲဗျ… ကျွန်တော်လည်း သိရင် သိလောက်မှာ”
နတ်အရှင်မယန်က ခေါင်းရမ်းသည်။ “သူ သေသွားတာ ကြာပြီ…. နင် သူ့ကို တွေ့ဖူးဖို့က မဖြစ်နိုင်ဘူး… ကောင်းကင်နတ်အရှင်မူ၊ နင့်မွေးသားစားက မဆိုးပေမယ့် နင့်နောက်ကို လိုက်တာကတော့ နှမြောစရာပဲ.. နင့်မှာ အစွမ်းအစ ဘာမှမရှိတော့ သူ့ကို သင်ပေးနိုင်တာ မရှိဘူးမလား…. ငါ့ကို ပေးလိုက်လေ”
ချင်မူက ရယ်သည်။ “ပေးဖို့က မဖြစ်နိုင်ဘူးဗျာ*
ရှုကျွင်း၏ နှလုံးသားများမှာ တင်းကြပ်နေပြီး ချင်မူက ဆက်ပြောနေသည်။ “ဒါပေမဲ့ ခင်ဗျားရဲ့ ကြောင်ဖြူကတော့ မနာလိုဖြစ်နေတော့မှာပဲနော်… ကောင်းကင်နတ်အရှင်ရှောင်လည်း သိသွားရင် ကျွန်တော့်ကို သေတဲ့အထိ ရိုက်သတ်လောက်တယ်”
နတ်အရှင်မယန်က နှာတစ်ချက်မှုတ်၍ စကားပြောတော့မည့်အချိန်တွင် ရုတ်တရက် ဘိုးဘေးနန်းတော် ကောင်းကင်ထက်ရှိ အက်ကွဲကြောင်းဆီသို့ မော့ကြည့်သည်။
ချင်မူလည်း တစ်စုံတစ်ခု ခံစားရသဖြင့် ချက်ချင်း မော့ကြည့်လိုက်မိသည်။ ကောင်းကင်ရတနာရထားလှည်းသည် အက်ကွဲကြောင်းထဲမှ ထွက်လာပြီး အက်ကွဲကြောင်းထံ ပျံသန်းနေသည့် သင်္ဘောတန်းတစ်တန်းဆီသို့ ဦးတည်နေကြောင်း တွေ့လိုက်ရသည်။
“ရှေးဟောင်းနတ်ဘုရားဘုရင် ရောက်လာပြီ”
နတ်အရှင်မယန်က အပြုံးမဟုတ်သော အပြုံးတစ်ခုဖြင့် ပြော၏။ “ပြီးခဲ့တဲ့ နှစ်အတောအတွင်းမှာ ဟင်းလင်းပြင်သားရဲတွေက အုပ်စုဖွဲ့ပြီး ရတနာတိုက်တွေဆီ သယ်ပေးနေတဲ့ သင်္ဘောတွေကို တိုက်ခိုက်ခဲ့ကြတယ်…. ငါတို့ရဲ့ ကျောက်တုံးတွင်းတွေက တူးလို့ရတဲ့ ရတနာတွေကို ခေါင်းပုံဖြတ်ပြီး ခိုးယူနေတာပေါ့…. ကြည့်ရတာ ရှေးဟောင်းနတ်ဘုရားဘုရင်တော့ တရားခံ ရှာတော့မယ့်ပုံပဲ”
ချင်မူ့ရင်ထဲ ဒိန်းခနဲ ခုန်သွား၏။ နဂါးချီလင် ဟင်းလင်းပြင်သားရဲမိခင်ကို စီးလျက် ကင်းထောက်နေသည့် မြင်ကွင်းကို သူ ပြန်သတိရသွားသည်။ ပြီးတဲ့သည့် နှစ်များအတွင်း နဂါးချီလင် မည်သည့်အရာများ လုပ်နေခဲ့မှန်း သူ နောက်ဆုံးတော့ သဘောပေါက်သွားခဲ့လေပြီ။
ကောင်းကင်နတ်အရှင်ဆယ်ပါးသည် ဘိုးဘေးနန်းတော်ထဲတွင် ကိုယ်ပိုင်ပိုင်နက်များ ရှိကြ၏။ ထိုက်ချူ၊ ထိုက်ရှီနှင့် ထိုက်စု ကျောက်တုံးတွင်းများသာ ကောင်းကင်နတ်အရှင်ရှောင်၊ ကောင်းကင်နတ်အရှင်ကုန်းနှင့် နတ်အရှင်မယန်တို့လက်ထဲ ရောက်သွားသော်လည်း အခြားကျောက်တုံးတွင်းများမှာလည်း ပေါ့သေးသေး မဟုတ်ချေ။
နဂါးချီလင်ကား ဟင်းလင်းပြင်သားရဲမိခင်အား ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ဘိုးဘေးနန်းတော်ထဲတွင် သောင်းကျန်းခဲ့သည်မှာ သိသာလှချေသည်။ ကောင်းကင်နတ်အရှင်ဆယ်ပါး၏ ပိုင်နက်ရှိ ရတနာသင်္ဘောများ ဘိုးဘေးနန်းတော်ထဲမှ ထွက်သွားတိုင်း ဟင်းပြင်းသားရဲများဖြင့် ဝိုင်းလုနေလိမ့်မည်။
ဤတစ်ကြိမ်တွင် ရှေးဟောင်းနတ်ဘုရားဘုရင်က နဂါးချီလင်အတွက် ထောင်ချောက်ဆင်ထားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
'ဖက်တီးနဂါးတော့ကွာ မရင့်ကျက်သေးဘူးပဲ’
ချင်မူမှာ စိတ်ထဲတွင် စိုးရိမ်ပူပန်နေသော်လည်း သူ၏ မျက်နှာအမူအရာက မပြောင်းလဲချေ။ “ဟင်းလင်းပြင်သားရဲမိခင်ကို ထိန်းချုပ်ပြီး ကောင်းကင်နတ်အရှင်ဆယ်ပါးရဲ့ ရတနာသင်္ဘောတွေကို ဓားပြတိုက်နေတာ မဟာဧကရာဇ်ပဲ ဖြစ်ရမယ်…. အရှင်မ၊ မဟာဧကရာဇ်က ကျွန်တော်တို့အကြားမှာ ပုန်းနေတာပါ… ဒီပုဂ္ဂိုလ်က ရက်စက်ကောက်ကျစ်ပြီးတော့ ပါးနပ်တယ်… သူ့အပိုင်ရတနာသင်္ဘာတွေကိုပါ ဓားပြတိုက်ပြပြီး လိမ်နေတာဖြစ်ရမယ်”
နတ်အရှင်မယန်က အနိမ့်အမြင့်မရှိသော လေသံဖြင့် ပြန်ဖြေသည်။ “ရှေးဟောင်းနတ်ဘုရားဘုရင် လှုပ်ရှားနေမှတော့ ငါတို့ကြားမှာ ပုန်းနေတဲ့ မဟာဧကရာဇ်ကို ရှာနိုင်မှာပါ…”
ချင်မူ့လည်ဂုတ်မှာ ချွေးသီးချွေးပေါက်များဖြင့် ရွှဲနစ်နေတော့သည်။
ရှေးဟောင်းနတ်ဘုရားဘုရင်သာ နဂါးချီလင်ကို ဖမ်းမိသွားပါက ကောင်းကင်နတ်အရှင်ဆယ်ပါးသည် နောက်ကွယ်မှ ကြိုးကိုင်သူက ချင်မူဟု ကောက်ချက်ချကြလိမ့်မည် မဟုတ်ပါလော။
ထိုအချိန်တွင် ကောင်းကင်နတ်အရှင်ဆယ်ပါးကား မဟာဧကရာဇ်နာမည်ကို ချင်မူ့ခေါင်းပေါ် ပုံချကာ သူ့ကို သတ်ရန် အကြောင်းပြချက်ကောင်းကောင်း ရသွားမည်ဖြစ်သည်။ သူတို့သည် မဟာဧကရာဇ်က ကောင်းကင်နတ်အရှင်မူကို မွေးခဲ့၍ ကလဲ့စားချေရန် ချင်မူ့ကို သတ်ခဲ့ရပါသည်ဟုပင် အကြောင်းပြချက် ပေးနိုင်၏။
ထိုသို့ဖြစ်လာပါက သူ့အနေဖြင့် မတရားခံရလျှင်တောင်မှ တုံ့ပြန်နိုင်စွမ်း ရှိမည်မဟုတ်ပေ။
ရုတ်တရက် ရှေးဟောင်းနတ်ဘုရားဘုရင်၏ ရထားလှည်းက သင်္ဘောတန်းဆီသို့ မသွားဘဲ ပြန်လှည့်၍ ဘိုးဘေးနန်းတော်ထဲသို့ တန်းတန်းမတ်မတ် ဦးတည်လာသသည်။
“ရှေးဟောင်းနတ်ဘုရားဘုရင် အမိကမ္ဘာမြေကို တွေ့သွားပြီ”
ချင်မူနှင့် နတ်အရှင်မယန်တို့မှာ ရင်ခုန်စိတ်လှုပ်ရှားနေကြသည်။ အမိကမ္ဘာမြေသာလျှင် ရှေးဟောင်းနတ်ဘုရားဘုရင် သင်္ဘောတန်းကို လက်လျှော့နိုင်သော အကြောင်းအရင်း ဖြစ်၏။
ရွှမ်တုထဲရှိ ရှေးဟောင်းနတ်ဘုရားဘုရင်၏ အင်အားမှာ အမိကမ္ဘာမြေကြောင့် အခြေယိုင်နဲ့ကာ လုံးလုံးလျားလျား ပျောက်ကွယ်ခဲ့ရသည်မဟုတ်လော။
ရှေးဟောင်းနတ်ဘုရားဘုရင်မှာ ထိုအင်အားကို လက်ရှိအတိုင်းအတာအထိ ရောက်အောင် နှစ်ရှည်လများစွာ စုဆောင်းခဲ့ရသည်။ သူ အမိကမ္ဘာမြေအပေါ် မည်မျှမုန်းတီးနေမှန်း ခန့်မှန်း၍ပင် မရနိုင်ချေ။
ချင်မူမှာတော့ စိတ်အေးလက်အေး သက်ပြင်းခိုးချလိုက်သည်။
ဝီ….
ဟင်းလင်းပြင်ထဲတွင် ချောက်နက်တစ်ခု ဖွဲ့တည်လာပြီးနောက် နတ်အရှင်မယန်က ၎င်းထဲသို့ ၀င်ရောက်ပျောက်ကွယ်သွားတော့သည်။
ချင်မူ့မျက်ဝန်းများ အရောင်လက်သွား၏။ နတ်အရှင်မယန်သည် ရှေးဟောင်းနတ်ဘုရားဘုရင်နောက်မှ လိုက်သွားခြင်း ဖြစ်ပေလိမ့်မည်။
ရှုကျွင်းလည်း သက်ပြင်းချလိုက်၏။ သူက ချင်မူ့ကို ကြည့်ကာ မကျေမနပ် ပြောသည်။ “ဖေကြီးတဲ့လား”
ချင်မူက တည်ကြည်လေးနက်စွာ သတိပေးလိုက်သည်။ “သတိထားဦး…. နတ်အရှင်မယန်က အဝေးကြီး မရောက်လောက်သေးဘူး”
ရှုကျွင်းမှာ အံ့အားသင့်သွားပြီး ဒေါသကို ချုပ်တည်းမြိုသိပ်လိုက်ရသည်။ “သူ ငါ့အပေါ် အသာစီးရရင်တောင် ငါ သေမှာမဟုတ်ဘူး… ထားလိုက်”
တခဏကြသော် ချင်မူကား မျက်နှာပျက်သွားပြီး မာန်မဲကြိမ်းမောင်းတော့သည်။ ။ “နောင်တော်နတ်ဘုရင်၊ ဘယ်လောက်တောင် နမောနမဲ့နိုင်တာလဲ… ကျွန်တော့်ကြောင့်သာ မဟုတ်ရင် ခင်ဗျား သေတာကြာပြီ… အမိကမ္ဘာမြေကြောင့် သေရင်သေ ၊ မသေရင် နတ်အရှင်မယန်ကြောင့် သေမှာ … ခင်ဗျားဘာသာ ဘယ်လောက် ဂရုမစိုက်ပါစေ ကိစ္စမရှိဘူး… ဒါပေမဲ့ ကျုပ်ကိုပါ ဆွဲထည့်မိတော့မလို့”
ရှုကျွင်းက ချက်ချင်း မျက်နှာငယ်ဖြင့် တုံ့ပြန်လေသည်။ “ငါ မှားတာ ငါသိပါတယ်ကွာ… မင်းလည်း ငါ့အပေါ် အခွင့်ကောင်းယူသွားတာပဲလေ… ငါ ဖေကြီးလို့တောင် ခေါ်ပေးခဲ့တာကို”
ချင်မူက စိတ်ထိန်းလိုက်ရင်း ပြောသည်။ “နောက်တစ်ကြိမ်ဆိုတာ ရှိလာတော့မှာ မဟုတ်ဘူး”
ရှုကျွင်းလည်း ခေါင်းတဆတ်ဆတ် ညိတ်ပြီးနောက် ရုတ်တရက် သတိရသွားသည်။ ‘ငါ သူ့ကို ပြန်ချေပမလို့ကို စကားဖြတ်ပြောခံလိုက်ရတာပဲဟ… ဒီကောင်စုတ်လေးကတော့ တဖြည်းဖြည်း ပြောရဆိုရ ပိုခက်လာပြီ…’
ချင်မူက မေး၏။ “ခင်ဗျားလည်း လုံရှောင်ကြောင့် ဒီကို အပြေးရောက်လာတာလား”
ရှုကျွင်းက ခေါင်းညိတ်သည်။ “အဲ့ဒါ နတ်ဘုရင်ပိုယန်ရဲ့ စီးတော်ယာဉ်လေ… တကယ်တော့ စီးတော်ယာဉ်လို့တောင် ခေါ်ဖို့မသင့် ဘူး.. လုံရှောင်ရဲ့ အတိုက်အခိုက်စွမ်းရည်က ပိုယန်ထက် အများကြီးပိုမြင့်တယ်… သူက ဧရာမသားရဲကြီးအားလုံးရဲ့ ဘိုးဘေးပဲ… ဧရာမသားရဲကြီးတွေကြားမှာ ရှေးဟောင်းနတ်ဘုရားလို့တောင် ပြောလို့ရတယ်….. ဒီဧရာမသားရဲကြီးက ကမ္ဘာဦးဘုံရဲ့ အစောင့်အရှောက် ဖြစ်ခဲ့တာမလို့ ရှေးဟောင်းနတ်ဘုရားတွေတောင် သူ့ကို ကြောက်ခဲ့ကြတာပေါ့… သူ အသက်ရှင်နေလိမ့်မယ်တောင် ထင်မထားဘူး…. ငါ လောဘကြီးခဲ့မိတာပါ… သူ့ကိုများ ထိန်းချုပ်နိုင်မလားဆိုပြီး ဒီကို အပြေးလာခဲ့မိတယ်”
ချင်မူက ခေါင်းတတွင်တွင် ရမ်းသည်။ “ထိန်းချုပ်မယ်တဲ့လား.. မဟာဧကရာဇ်တောင် လုပ်နိုင်မှာမဟုတ်ဘူး…. ခင်ဗျားရဲ့ လက်ရှိအသိစိတ်အလျဉ်အဆင့်နဲ့သာဆို ဘယ်လိုမှ ထိန်းချုပ်နိုင်မှာမဟုတ်ဘူး”
ရှုကျွင်းက သက်ပြင်းချ၏။ သူ့မှာ လုံရှောင်ကို လွှတ်မပေးလိုသေးပေ။
‘ဒါပေမဲ့ လုံရှောင် ပေါ်လာတာက ငါ့ကို စိုးရိမ်မကင်း ဖြစ်စေတယ်… ဒီကမ္ဘာလောကတွေနောက်မှာ ဘာတွေပုန်းနေသလဲ ငါ မသိဘူး… အမိကမ္ဘာမြေသာ အမှောင်ထုထဲက ဧရာမသားရဲကြီးတွေကိုသာ ဆင့်ခေါ်လိုက်ရင် သေချာပေါက် ဘိုးဘေးနန်းတော်ထဲမှာ သွေးချောင်းစီးတိုက်ပွဲ ဖြစ်လာတော့မှာ…. သူက ဧရာမသားရဲကြီးတွေရဲ့ အင်အားတွေနဲ့ ကောင်းကင်နတ်အရှင်ဆယ်ပါးရဲ့ ပိုင်နက်ကို ဖျက်ဆီးပြီး ကောင်းကင်နတ်အရှင်ဆယ်ပါးရဲ့ ကံကြမ္မာကို ဖိနှိပ်ထားနိုင်တယ်…’’
ချင်မူမှာ တွေးမိသည်နှင့် ကြက်သီးတဖြန်းဖြန်း ထသွားမိသည်။
မရေမတွက်နိုင်သော ဧရာမသားရဲကြီးများ သေဆုံးသွားလျှင် ယခင်ခေတ်များမှ သိုင်းပညာရှင်များသည် ၎င်းတို့ဆီမှ စွမ်းအင် ခိုးယူခဲ့ပါက ချိတ်တံဆိပ်သည် သေချာပေါက် လျော့ရဲလာပေလိမ့်မည်။
ထိုအချိန်တွင် ထိုက်ယီသည် တဖန် အကျပ်အတည်း ကြုံတွေ့ရဦးမည်ဖြစ်သည်။ ယခင်ခေတ်မှ သိုင်းပညာရှင်များပင်လျှင် ထွက်ကောင်း ထွက်လာနိုင်ကြလိမ့်မည်။
“အဲ့လိုကိစ္စမျိုးကြောင့် ထိုက်ယီတော့ ခေါင်းကိုက်တော့မှာပဲ”
သူ့မှာ ခေါင်းရမ်းမိလိုက်သည်။ “နောင်တော်နတ်ဘုရင်၊ ဟင်းလင်းပြင်ကနေ ဖြတ်သွားပြီး ဖက်တီးနဂါးကို ရှေးဟောင်းနတ်ဘုရားဘုရင် ဘိုးဘေးနန်းတော်ထဲ ရောက်နေတဲ့အကြောင်း သတိပေး,ပေးပါ… သူ့ကို ရှေ့မကြည့်နောက်မကြည့် မလုပ်နဲ့လို့ မှာလိုက်ဦး”
ရှုကျွင်းက ထွက်သွား၏။
ချင်မူလည်း စိတ်အေးအေးထား၍ တခဏ စဉ်းစားတွက်ချက်နေပြီးနောက် ဟင်းလင်းပြင်ထဲမှ ထွက်လာသည်။
“အခု နတ်အရှင်မယန်က ရှေးဟောင်းနတ်ဘုရားဘုရင်နဲ့ သွားတွေ့ပြီး ထိုက်ရှီကျောက်တုံးတွင်းထဲမှာ မရှိဘူးဆိုတော့ ငါ ဒီအခွင့်အရေးကို အသုံးချပြီး ထိုက်ရှီမူလကျောက်တုံးကို ယူရမယ်”
မကြာမီ သူ ထိုက်ရှီကျောက်တုံးတွင်းဆီ ပြန်ရောက်လာ၏။ ရှို့ဟုန်စုက တအံ့တဩ မေးလေသည်။ “ရက်နည်းနည်းလေးပဲ ပြင်ဆင်ရသေးတာကို ကောင်းကင်နတ်အရှင်က ကျောက်တုံးတွင်းထဲက ထူးဆန်းမှုတွေကို ရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီလား”
ချင်မူက ခေါင်းရမ်း၍ သက်ပြင်းချသည်။ “ယုံကြည်ချက်မရှိပါဘူး…. ဒါပေမဲ့ မကြိုးစားကြည့်ရင် ဖြောင့်ဖြောင့်သေနိုင်မယ် မထင်လို့လေ”
ရှို့ဟုန်စုက ပြုံးလျက် ပြောသည်။ “ဒီကျောက်တုံးတွင်းက ကြည့်လိုက်ရင် မကြီးပေမယ့် တကယ်တော့ အရမ်းကြီးပြီး အန္တရာယ်များတယ်… သတိထားပါ ကောင်းကင်နတ်အရှင်.. ကျောက်တုံးတွင်းထဲက ရတနာတွေက အသိစိတ်ရှိတယ်… အထူးသဖြင့် နတ်ကျောက်တုံးတွေပေါ့…. သူတို့က အသွင်သဏ္ဍာန်ပဲ ရှိပြီး ဒြပ်ထုမရှိဘဲ လျှောက်သွားနေကြတာဆိုတော့ ရှာဖို့မလွယ်ဘူး…ကျောက်တုံးရိုင်းတွေက ပိုလို့တောင် ရှားပါးသေးတယ်… ကျွန်မ ဒီနေရာကို စောင့်ကြပ်နေတဲ့အတောအတွင်း ကျောက်တုံးရိုင်းတွေကို သုံးခါတွေ့ခဲ့ရပေမယ့် အကြိမ်တိုင်း ထွက်ပြေးသွားကြတာ…”
ချင်မူက ကျေးဇူးတင်လိုက်သဖြင့် ရှို့ဟုန်စုက ထွက်ခွာသွားသည်။
ချင်မူ ကျောက်တုံးတွင်းထဲသို့ ၀င်လိုက်သည့်အခါ သူ့အရှေ့တွင် အဖြူရောင်မြူများကို တွေ့လိုက်ရသည်။ မြူများထဲတွင် လူရိပ်အချို့ ရပ်နေကြသည်။ သူတို့တွင် အသွင်သဏ္ဍာန်ရှိသော်ငြား ဒြပ်ထုမရှိပေ။ ကျောက်တူးနေရင်း ကျောက်တုံးတွင်းနှင့် တစ်သားတည်း ဖြစ်သွားကြသည့် ကျောက်တူးသမားတို့ ဖြစ်ပေလိမ့်မည်။
ချင်မူက ရှေ့တက်သွားလိုက်ရာ မြူထဲမှ လူရိပ်များသည် ပါးစပ်များ ဟ၍ သူ့အား စိုက်ကြည့်နေကြောင်း တွေ့လိုက်ရသည်။
ချင်မူက စိတ်ထဲမထားဘဲ ရှေ့ဆက်သွား၏။ သူက မြူတချို့ကို ဖြတ်သွားပြီးနောက် တုံ့ခနဲ ရပ်ကာ အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။ “ရှောင်ချီ၊ မင်းလည်း ရောက်နေတာပဲ… ငါ့ကို ကျောက်တုံးတွင်းထဲ လိုက်ပို့မလို့လား”
သူ့အနောက်တွင် ကြောင်ဖြူတစ်ကောင်က တိတ်ဆိတ်စွာ လျှောက်လာရင်း ထွက်လာသည်။